30/10/2020
🙏အားလုံးပဲမင်္ဂလာပါခင်ဗျာ။
🗞️ဆရာဦးအောင်သက်နိုင် M.A (TEFL) ရဲ့ Effective English Grammar! online class (Batch -02) ကိုစတင်ဖွင့်လှစ်ပါတော့မယ်။
🗞️Batch -01 မှ သင်တန်းသားများလည်း ကျေနပ်အားရမှုရှိသလို ထပ်မံမေးမြန်းမှုများလည်း ရှိသောကြောင့် ယခု Batch - 02 ကိုထပ်မံဖွင့်လှစ်ခြင်းဖြစ်ပါသည်။
🗞️သင်ကြားသည့် သင်ရိုးပုံစံကို ကယ်လီဖိုးနီးယား တက္ကသိုလ်၏ Grammer သင်ကြားမှုပုံစံအတိုင်း ရေးဆွဲထားပြီး Grammar ကြောက်သူများပင် ပိုင်ပိုင်နိုင်နိုင်၊ Confident ရှိရှိ ရေးနိုင် ပြောနိုင်သွားမှာဖြစ်ပါတယ်။
တက်ရောက်သင့်သူများ -
✔️ အင်္ဂလိပ်စာနှင့် ထိတွေ့မှုရှိသည့် လုပ်ငန်းခွင်များမှ ဝန်ထမ်းများ။
✔️ နိုင်ငံခြားစာမေးပွဲများဖြေဆိုမည့်သူများ။
✔️ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသားကျောင်းသူများ။
✔️ အင်္ဂလိပ်စာစိတ်ဝင်စားသူများ တက်ရောက်သင့်ပါသည်။
သင်ကြားမည့်ပုံစံ -
အဆင်ပြေသည့်အချိန် တက်ရောက်နိုင်စေရန် တစ်ပတ်လျင် သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်တွင် Facebook Learning group မှ သင်ခန်းစာ video file များ၊ လေ့ကျင့်ခန်းများ၊ test များ တင်၍ သင်ကြားပြီး၊
Live Learning အတွက် သောကြာနေ့ည ၇ နာရီမှ ၉ နာရီအထိ Zoom application ဖြင့် တိုက်ရိုက်သင်ကြားခြင်း၊ မရှင်းလင်းသည်များကို မေးမြန်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
FB Learning group မှာရော Zoom Live learning မှာပါ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ သိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးနိုင်မှာဖြစ်ပြီး၊ သင်ခန်းစာများအတွက် Exam များလည်းဖြေဆိုရမှာ ဖြစ်ပါတယ်။
🕐 သင်တန်းကာလ -
သင်တန်းကာလကတော့
၆-၁၁-၂၀၂၀ မှ ၂၇-၁၂-၂၀၂၀
အထိ နှစ်လခန့်ကြာမြင့်မှာ ဖြစ်ပါတယ်။
🏛️သင်တန်းပြီးဆုံးသွားပေမယ့် video များ၊ course materials များကို ၆ လ အထိ တင်ပေးထားမှာ ဖြစ်သည့်အတွက် မကြေညက်သည်များရှိပါက အပြန်ပြန်အလှန်လှန် အချိန်ယူ လေ့လာနိုင်ပါသည်။
သင်တန်းကြေး -
၂ လစာအတွက် - ၄၀၀၀၀ ကျပ် (တစ်လချင်းစီ ခွဲသွင်းနိုင်သည်။)
✔️ (ပထမတစ်ပတ် အခမဲ့ အစမ်းတက်ရောက်နိုင်ပါသည်။)
(သင်တန်းကြေးကို bank acc. များ၊ wave money, OK $, CB pay, AYA pay, KBZ pay အဆင်ပြေရာဖြင့် သွင်းနိုင်ပါသည်။)
🚜 Stay at home ကာလမှာ မိမိရဲ့ အင်္ဂလိပ်စာကို ထိထိရောက်ရောက် အဆင့်မြှင့်တင်လိုက်ပါ။
တက်ရောက်လိုပါက messanger မှ Hello ဟုရိုက်၍ ဆက်သွယ်လိုက်ပါ။
SYNC for Education!