Diamond Pharmacist's Aide and Nurse's Aide Training Center

Diamond  Pharmacist's Aide and Nurse's Aide Training Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Diamond Pharmacist's Aide and Nurse's Aide Training Center, School, Yangon.

22/05/2024

FYI

For 2023
18/08/2023

For 2023

ကိုယ့်လူနာမှာ ဆီးပိုက် တပ်ထားခြင်း( Catheter insertion ) လုပ်ထားတဲ့အခါမှာ လူနာကို care လုပ်​ပေး​နေတဲ့ Caregiver တ​စ်​ယော...
18/10/2022

ကိုယ့်လူနာမှာ ဆီးပိုက် တပ်ထားခြင်း( Catheter insertion ) လုပ်ထားတဲ့အခါမှာ လူနာကို care လုပ်​ပေး​နေတဲ့ Caregiver တ​စ်​ယောက်အ​နေနဲ့ ဘာ​တွေသိရမလဲ?

✅Caregiver ကဒါ​တွေသိမှ လူနာ ဆီးလမ်း​ကြောင်းပိုးဝင်တာ ကာကွယ်နိုင်ပါမယ် ။✅

🧐Catheter ဘယ် size ကိုထည့်ထားတာလဲ
🧐Catheter အမျိုး အစား
🧐ယိုစိမ့်မှူ Leakage ရှိမရှိ ​Water fill ဘ​လောက်ထည့်ထားတာလဲ
🧐Catheter blockage ရှိလား(အနည် sediment )
​ခေါက်​နေလား
🧐Catheter ထဲကတဆင့်ထွက်လာတဲ့ ဆီးအ​ရောင်က normal ဟုတ်မဟုတ်
🧐အနည်/​သွေး ပါ​နေလား
🧐Catheter outlet ​နေရာ​တွေ သန့်​ရှင်းမှူရှိ မရှိ
🧐Catheter စထည့်ထားတဲ့ date (1 month/45 days)
🧐Catheter ထည့်ထားရဲ့နဲ့ တနာရီ urine output အနည်းဆုံးဘ​လောက်ထွက်ရမလဲ (normal 30cc/hr)
🧐Perianal area သန့်ရှင်းရဲ့လား
🧐ဆီးအိတ် လဲထားတဲ့ရက် Urine bag's changed date (once per week )
🧐ဆီးအိတ်ထဲမှာပြည့်​နေတဲ့ ဆီး​တွေကို စနစ်တကျ ဘယ်လို​ဖောက်ထုတ်မလဲ (3 places to wipe )
🧐Catheter ကို mobilization ကတဆင့် လူနာဆီးအိမ်ထဲမှာ trauma မရ​အောင် trauma ​ကြောင့် bleeding မရ​အောင် ဘယ်လိုထားမလဲ fix လုပ်ထားရမယ်
🧐Contact transmission of infection မရ​အောင် ဘလိုလုပ်ရမလဲ urine bag ကို ဆီးအိမ် level အထက်မမြင့်ရဘူး urine bag က floor ​တွေ​ပေါ်မှာ ကျ​မ​နေရဘူး။
🧐patient မှာ အခြား complain ​တွေရှိ​နေလား

09/10/2022
🚨 သူနာပြုအကူ သင်တန်းဆင်း လက်မှတ် ရှိထားပြီးသားသူတွေအနေနဲ့ Singapore နိုင်ငံရဲ့ Nursing home မှာ Healthcare Assistant လျှ...
18/09/2022

🚨 သူနာပြုအကူ သင်တန်းဆင်း လက်မှတ် ရှိထားပြီးသားသူတွေအနေနဲ့ Singapore နိုင်ငံရဲ့ Nursing home မှာ Healthcare Assistant လျှောက်လို့ ရပါတယ် 🚨
Healthcare assistant ရာထူးနဲ့ လုပ်သက် ၂ နှစ်လောက် ကြာလာတဲ့အခါ စင်္ကာပူက ITE လိုကျောင်းမှာ အလုပ်ကထောက်ခံချက်နဲ့ part time တက်လို့ရပါတယ် များသောအားဖြင့် အလုပ်ရှင်က ထားပေးကြပါတယ်
အချို့က bond ထိုးခိုင်းပါတယ် အချို့ကတော့ မထိုးခိုင်းပါဘူး အလုပ်ရှင်ပေါ်မူတည်ပါတယ်
ကျောင်းပြီးသွားတဲ့ အခါ သူနာပြုအကူ ရာထူးနဲ့ အလုပ်လုပ်လို့ ရပါပြီ

HCA ရဲ့ လုပ်ရတဲ့ တာဝန်တွေ အနေနဲ့ကတော့ (တစ်နေရာနဲ့ တစ်နေရာ ကွားခြားမှု အနည်းငယ် ရှိနိုင်ပါတယ်ရှင်)
1. Assisting in bathing
လူနာရေချိုးချိန်မှာ ကူရပါတယ် မိန်းကလေးတွေကတော့ ရေကူချိုးပေးရပါတယ် (ပုံမှန်အားဖြင့် nurse aide ကပဲ ချိုးပေးရတာပါ) ယောက်ျားလေးတွေကတော့ လူနာ သယ်ပေး မ ပေးရပါတယ် အရမ်းဝ တဲ့ လူနာတွေ ဆိုရင်တော့ မိန်းကလေးလဲ ကူသယ်ရပါတယ်

2. Cleaning the ward (sweeping and mopping)
တံမြက်စည်းလှည်း တာတို့ ကြမ်းတိုက်တာတို့ စသဖြင့် ward သန့်ရှင်းရေးနဲ့ ပါတ်သက်တာတွေ လုပ်ရပါတယ်

3. Distribution of food
လူနာတွေကို အစာကျွေးတဲ့အချိန်မှာ လူနာပေါ် မူတည်ပြီး သူစားတဲ့ diet ကို လိုက်ချပေးရပါတယ် မချပေးခင်လဲ ထမင်းစားစားပွဲ ခုံ စသဖြင့် ပြင်ဆင်ထားပေးဖို့ လိုပါတယ်

4. Assisting in feeding
ခွံ့ကျွေးဖို့ လိုတဲ့ လူနာတွေကို ထမင်း ကူကျွေးပေးရပါတယ် များသောအားဖြင့် ကျွေးဖို့ အရမ်းခက်တဲ့ လူနာ အစာမျိုဖို့ခက်တဲ့လူနာ တွေကို သူနာပြုအကူက ကျွေးတာများပါတယ်

5. Collecting Utensils
အစာကျွေးပြီးရင် ပန်းကန်တွေ ခွက်တွေ သိမ်းတာ မစားတဲ့ အစားအစာ မကုန်တဲ့ အစားအစာတွေ စနစ်တကျ စွန့်ပစ်တာတွေ လုပ်ရပါတယ်
အဝတ်အစား အိပ်ရခင်း တို့ဆိုရင်လည်း အဝတ်သန့်နဲ့ မသန့်တဲ့ အဝတ်တွေကို သေချာခွဲပြီး laundry ပို့ရပါတယ်

6. Skin care
အသက်ကြီးတဲ့ အဖိုးအဖွားတွေမှာ ရေဓာတ်ဆုံးရံှုးတာ အသားခြောက်တာ အသားကြမ်းတာ အရေပြား ယားယံတာ တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် Moisturizer လိမ်းပေးရတာ ယားနာ ရှိတဲ့ လူနာတွေကို ဆေးလိမ်းပေးရတာတွေ လုပ်ပေးရပါတယ် များသောအားဖြင့် မိန်းကလေး HCA တွေ လုပ်တာများပါတယ်

7. Taking vital signs
vital signs တွေဖြစ်တဲ့ သွေးပေါင်ချိန် နှလုံးခုန်နှုန်း ကိုယ်အပူချိန် အောက်ဆီဂျင် % တွေယူပြီး နေ့စဉ် မှတ်တမ်းတင်ရပါတယ်

8. Personal care and hygiene
လူနာရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ပါတ်သက်တာတွေ လုပ်ပေးရပါတယ် ဥပမာ လက်သည်းခြေသည်း ညှပ်ပေးတာ ဆံပင်ညှပ်ပေးတာ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ရိတ်ပေးရတာ မျိုးတွေ လုပ်ပေးရပါတယ်

9. Diaper changing
အဖိုးအဖွားတွေ ရဲ့ diaper လဲပေးရပါတယ် သူနာပြုအကူနဲ့တူတူလုပ်ရပါတယ်

10. Collect & Dispose Garbage
ward ထဲက အမှိုက် စွန့်ပစ်ပစ္စည်းတွေ နဲ့ သုံးပြီးသား diaper တွေကို သေချာထုပ်ပိုးပြီး စနစ်တကျ ပစ်ရပါတယ်

11. Attend the needs
လူနာတွေရဲ့ လိုအပ်ချက်အရ လူနာက ခေါ်တဲ့အခါ သူတို့ လိုအပ်တာလေးတွေ လုပ်ပေးရပါတယ် ဥပမာ သောက်ရေတောင်းတာ မီးပိတ်ခိုင်းတာ ပန်ကာ ဖွင့်ခိုင်းတာ စသဖြင့်ပေါ့

12. Preparing for medical appointment /visitation
လူနာက ဆေးရုံရက်ချိန်း ရှိလို့ ဖြစ်ဖြစ် ဧည့်သည် လာတွေ့ဖို့ ရှိလို့ဖြစ်ဖြစ် လူနာကို Diaper ကြိုလဲပေးထားရတာ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ပေးရတာမျိုး ပြငဆင်ပေးရပါတယ်

13. Exercises
လူနာတွေ အိပ်ရာထဲ နေတာ ကြာလာတဲ့အခါ လှုပ်ရှားမှုမရှိရင် ချိမသွားအောင် အပြင်ထွက် လမ်းကူလျှောက်ပေးရတာ လေ့ကျင့်ခန်း လုပ်ပေးရတာမျိုးတွေရှိပါတယ် များသောအားဖြင့် training ပေးပါတယ်

14. Cleaning equipments and resident utensil
လူနာကုတင် အဝတ်ဘီရို စတာတွေကို သန့်ရှင်းရေး လုပ်ပေးရပါတယ် ward ထဲ အသုံးပြုတဲ့ စားပွဲ ပန်ကာ စတာတွေကိုလည်း သတ်မှတ်ထားတဲ့ အချိန် ကာလအလိုက် သန့်ရှင်းရေး လုပ်ရပါတယ်

15. Transferring patients
HCA တစ်ယောက်အနေနဲ့ လူနာကို စနစ်တကျနဲ့ ကျွမ်းကျင်စွာ ရွှေ့တတ်ဖို့ သယ် တတ်ဖို့ လိုပါတယ် ကျွန်မနောက်ပိုင်း ပို့စ်တွေမှာ သေချာ ထပ်ပြောပြပေးပါမယ်ရှင်

16. Checking needs for daily routine
ကိုယ့်နေ့တိုင်း အသုံးပြုမယ့် ပစ္စည်း ရှိမရှိ စစ်ဆေးပြီး လိုတာဖြည့်ပေးရပါတယ် ဥပမာ ရေချိုးဆပ်ပြာ ကုန်နေလာ ဓါတ်ခဲ အားနည်းနေပြီလား လက်ဆေးရည် အလုံအလောက်ရှိရဲ့လား စသဖြင့် စစ်ဆေးပြီး လိုတာဖြည့်ရပါတယ်

17. Assignment given by Nurse
HCA က ကိုယ့်အပေါ်က သူနာပြုအကူ သူနာပြုအုပ် တွေ အလျဉ်းသင့် သလို ခိုင်းတဲ့ အလုပ်တာဝန်တွေကို လုပ်ပေးရပါတယ်

ဒီလောက်ဆိုရင်တော့ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် HCA အလုပ် လုပ်ဖို့ အခွင့်အလမ်း ရှိတာ သိလောက်ပြီ ထင်ပါတယ်ရှင် အများစုက မိန်းကလေးတွေပဲ အလုပ်ရကြတယ် ထင်နေလို့ပါ

ပြီးတော့ အလုပ် အင်တာဗျူး ဖြေကတည်းက ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း မေးစေချင်ပါတယ်ရှင် ဒါမှလဲ ကိုယ့်အလုပ်ကို သေချာသိပြီး စိတ်ချမ်းချမ်းသာသာ အလုပ်လုပ်နိုင်မှာပါ

အားလုံးပဲ အဆင်ပြေကြပါစေရှင်
Crd- dr_mya_phone

06/09/2022

“စင်္ကာပူကို အကူသူနာပြုနဲ့ သွားမယ်ဆိုရင်”

စက်ာပူကို အကူသူနာပြုနဲ့ သွားမယ်ဆိုရင်
ဘိုးဘွားရိပ်သာ (Nursing home) တွေမှာ HCA (Health Care Assistant)အလုပ်နဲ့ အိမ်တွေမှာနေပြီး လူနာကြည့်ရတဲ့ Home Caregiver ဆိုပီး နှစ်ခုရှိပါတယ်။

🔹ပထမဆုံး လူနာအိမ်မှာနေပြီး ကြည့်ရတဲ့ Home Caregiver ကိုအရင် ပြောကြည့်ကြရအောင်

သူက လူနာတယောက်ထဲကိုပဲ ကြည့်ရတာ အဘိုး သို့မဟုတ် အဘွားပေါ့ ။

တချို့ကျတော့ အဘိုးအဘွား၂ယောက်လုံး ကြည့်ပေးရတတ်တယ်။
လစာက နေစားငြိမ်း စင်္ကာပူဒေါ်လာ( ၆ဝဝ ) ကနေ
ကိုယ့်ရဲ့ လုပ်သက်ပေါ်မူတည်ပြီး ၇၀၀-၈၀၀$ လောက်ထိ ရနိုင်ပါတယ်။ တပတ်တရက် နားရတယ်။

နားရက် အများစုက တနင်္ဂနွေဖြစ်ပြီး တချို့က စနေနဲ့လည်းရောပေးတတ်တယ်။

လူနာနဲ့ပတ်သတ်ပြီး အောက်ခြေသိမ်းအကုန် လုပ်ပေးရပါတယ်။

အားသာချက်က လူနာတယောက်ထဲကိုပဲ ကြည့်ရမယ် ဒီလူနာရှင်တွေနဲ့ပဲ ဆက်ဆံရမယ်။

လူနာရှင်တွေနဲ့ရော လူနာနဲ့ပါအဆင်ပြေနိုင်ဖို့ရာ ကိုယ့်ကံတရားပေါ်လည်း မူတည်သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူနာအိမ်မှာနေနိုင်တယ်၊ ကိုယ့်မှာလည်း လုပ်သက်ရှိတယ်(လုပ်သက်မရှိလည်းရ) ဆိုရင် Home Caregiver လုပ်လို့ အဆင်ပြေနိုင်ပါတယ်။

နေစားငြိမ်း တလကို ဒေါ်လာ ၆၅၀ လောက်ရနိုင်ပါတယ်။ စာချုပ်က၂နှစ်ပါ။

🔹နောက်တခုက ဘိုးဘွားရိပ်သာ...
သူကကျတော့ အဘိုးအဘွားတွေ အများကြီးကြည့်ရမယ်။ Ward တွေအများကြီးရှိတဲ့အတွက် အလှည့်ကျ ကြည့်ရမယ် ။ Ward တခုကို လူနာ ( ၁၈ / ၂၀ ) လောက်ရှိနိုင်တယ်။

အဘိုးတွေသက်သက် အဘွားတွေသက်သက်ထားတာပါ။

Home Caregiver မှာတုန်းက လူနာတယောက်ထဲရေချိုးပေးရတာ ၊ ဘိုးဘွားရိပ်သာမှာတော့ တယောက်ထဲမဟုတ်ပါ ကိုယ်ကျတဲ့ ward မှာရှိတဲ့လူနာတွေကို အကုန်လုပ်ပေးရမှာပါ။

လစာကတော့ နေစားငြိမ်းတာရှိသလို မငြိမ်းတာလည်းရှိတယ်။

တချို့က အခြေခံလစာဒေါ်လာ ၅၀၀ $၆၀၀နဲ့နေစားငြိမ်း။ အချိန်ပိုကြေးမပါသေးပါ။

တချို့ကျတော့ အခြေခံလစာကို ဒေါ်လာ ၅၀၀/၆၀၀ပေးကြတယ်။

အားသာချက်က ဂျူတီချိန်ပဲ လူနာတွေနဲ့ထိတွေ့ရမယ် ဂျူတီပြီးရင် ကိုယ်ပိုင်ချိန်ပဲ လွပ်လပ်တယ်ပေါ့နော်။

နားရက်ကတော့ တပတ်တရက်ပါ။ တခြားသူတွေနဲ့
အလှည့်ကျနားရတာကြောင့် Sunday အမြဲမရပါဘူး။

၂ခုယှဉ်ကြည့်တဲ့အခါ အားသာချက်၊အားနည်ချက်လေးတွေတော့ ရှိကြတယ်။ ပင်ပမ်းခံနိုင်ဖို့တော့ လိုပါတယ်။
အလုပ်တိုင်းက Stress ရှိပါတယ်။

ဘာပဲလုပ်လုပ် ကိုယ့်ဆန္ဒအဓိကပါ ကိုယ်လုပ်တဲ့အလုပ်ပေါ် ပျော်ရွှင်ကျေနပ်နေဖို့ကအဓိကပါ။

crd

2022 အတွက် Nurse aide ​ခေါ်စာ
02/09/2022

2022 အတွက် Nurse aide ​ခေါ်စာ

02/09/2022

Your happiness is our happiness.
We are so proud to be a Health Care Assistant for you.
Crd.VC

28/08/2022
စင်ကာပူ (ပြည်ပ) သွားချင်လို့ ဘာလုပ်ရမလဲ?၁။ ဆေးစစ်ပါ ပြည်ပ ထွက်ပြီး အလုပ်လုပ်ဖို့ ပထမဆုံးခြေလှမ်းသည် ဆေးစစ်သင့်ပါသည်။ ဆေး...
03/08/2022

စင်ကာပူ (ပြည်ပ) သွားချင်လို့ ဘာလုပ်ရမလဲ?

၁။ ဆေးစစ်ပါ
ပြည်ပ ထွက်ပြီး အလုပ်လုပ်ဖို့ ပထမဆုံးခြေလှမ်းသည် ဆေးစစ်သင့်ပါသည်။ ဆေးစစ်တာ အောင်မှ သာလျှင် ဆက်လက်ပြီး Passport စာအုပ်လုပ်ပါ။

၂။ Passport စာအုပ်လျှောက်ရန်ဖြစ်ပါသည်။

၃။ တတိယ အဆင့်တွင် ဘယ်နိုင်ငံရွေးချယ်မလဲ။ မလေးနှင့် ထိုင်းဆိုရင် ဘာတွေလိုအပ်မလဲ။ လစာ ဘယ်လောက်ရမလဲ။ စလုံးသွားမယ်ဆိုရင် ဘာတွေလိုအပ်မလဲ။ ငွေကြေးဘယ်လောက်ကုန်မလဲ။ ဒီအဆင့်မှာ စုံးစမ်းဖို့ လိုအပ်ပါပြီး။ ကိုယ်စုံးစမ်းပြီး ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး လိုအပ်တာတွေ စလုပ်ရတော့မည်။ ဥပမာ မလေးသွားရင် မလေးဘာသာစကား သိပ်တတ်ဖို့ မလို့။ သင်တန်းတက်ဖို့မလို။ ထိုင်းလည်း ထိုနည်းတူပဲ။ သို့သော် စလုံးသွားဖို့ ဆုံးဖြတ်ချက်ခရင် အောက်က အချက်လက်တွေကို ဆက်ဖတ်ပါ👇🏻

၄။ စလုံးသွားဖို့ ဆုံးဖြတ်လိုက်ရင် ကျားများအတွက် အရင်ရှင်းပြပေးမယ်

(က) WP နှင့် Spass နှစ်မျိုးခွဲလိုပါသည်။ WP အလုပ်က လစာ နည်းလို့ အဆင့်နိမ်တယ်လို့ နားလည်လွယ်အောင် ရှင်းပြလိုက်မယ်။ WP အလုပ်မှာ ဆောက်လောက်ရေး၊ သင်္ဘောကျင်း၊ ဆေးသုတ်၊ ပိုက်ပြင် စသည်ဖြင့် အလုပ်လုပ်ရပြီး သူတို့ရဲ့ လစာသည် စလုံးဒေါ်လာ ၁၀၀၀ အောက်မှာ အများအားဖြင့် ရှိပါသည်။ ဒီလို အလုပ်များကို လျှောက်လို သူများသည် တရုတ်န သို့ အင်္ဂလိပ် ဘာသာစကား သိပ်ပြီး ကျွမ်းကျင်ဖို့ မလိုပါ။ သို့သော် ထမင်းစားရေသောက် အဆင့်လောက်တော့ ပြောနိုင်ရင်တော့ ပိုကောင်းတယ်။ ကုန်ကျ စရိတ်ကတော့ သင်တန်းကြေး စလုံးဒေါ်လာ ၂၅၀၀ လောက်ရှိမယ်။ သင်းတန်းက စင်ကာပူ နိုင်ငံ အသိမှတ်ပြုတဲ့ သင်တန်းကျောင်းမှာ တက်ရမှာ ဖြစ်ပြီး၊ မြန်မာပြည် တပြည်လုံးမှာ ၂ နေရာမှာပဲ ရှိပါတယ်။ သင်တန်းကြေးကလည်း စလုံးဘက်က သတ်မှတ်ပေးလို့ထင်တယ် စျေးကြီးတယ်။ နောက်ပြီး သင်တန်းပြီးဆုံးပါက အလုပ်ချိတ်ခ ထပ်ပြီး Agency တွေကို ထပ်ပေးဖို့လို ပါတယ်။ တရားဝင် အေဂျင့်ခသည် စင်ကာပူဒေါ်လာ ၂၂၀၀ လောက်ရှိမယ်။

(ခ) Spass အလုပ်သည် ပိုပြီး လစာကောင်းပါသည်။ အနည်းဆုံး စလုံး ဒေါ်လာ ၁၆၀၀ လောက်ရှိမယ်။ အများဆုံးက ၃၀၀၀ လောက်ပေါ့။ Spass အလုပ်သည် ကျား၊ မ လျှောက်လို့ရပါတယ်။ တရုတ် (သို့) အင်္ဂလိပ်လို့ ကောင်းကောင်း ပြောတတ်ရမည်။ လုပ်ငန်း အတွေ့ကြုံရှိသူတွေအတွက် ပိုပြီးသင့်တော် ပါတယ်။ အကုန်ကျစရိတ်ကတော့ အများဖြင့် စလုံးဒေါ်လာ ၄၀၀၀-၅၀၀၀ လောက်တော့ ရှိမယ်။ အနည်းငယ် နည်းနိုင်သလို ၊ များလည်း များနိုင်ပါတယ်။ ကျောင်းပညာလက်မှတ် အနည်းဆုံး ဆယ်တန်းအောင်လည်း ရပါတယ်။ ဘွဲ့လက်မှတ်မပါပဲ လျှောက်လို့ ရပါတယ်။

၅။ မိမိသိထားတဲ့ အလုပ်ရှာဖွေရေး အေဂျင့်တွေကို စပြီး ဆက်သွယ်လို့ရပါပြီ။

၆။ တခြားလိုအပ်ချက်များ
(က) ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ စာရွက်
(ခ) ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ ဘာဘာပြန်
(ဂ) ဘွဲ့လက်မှတ်၊ ဘာသာပြန်
(ဃ) CV ဖောင်

Address

Yangon

Telephone

+959783053230

Website

Alerts

Be the first to know and let us send you an email when Diamond Pharmacist's Aide and Nurse's Aide Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Diamond Pharmacist's Aide and Nurse's Aide Training Center:

Shortcuts

Share

Category