19/05/2026
JLPT စာမေးပွဲဖြေဖို့ ရက်ပေါင်း ၄၇ ရက်ပဲကျန်တော့တယ်နော... စာတွေရနေကြပြီလား ???
School
19/05/2026
JLPT စာမေးပွဲဖြေဖို့ ရက်ပေါင်း ၄၇ ရက်ပဲကျန်တော့တယ်နော... စာတွေရနေကြပြီလား ???
12/05/2026
🇯🇵 JLPT Exam ကို Confidence အပြည့်နဲ့ ဖြေချင်လား?
အလုပ်အကိုင်အခွင့်အလမ်း ပိုကောင်းချင်လား?
Japan Study / Work Plan ရှိနေပြီလား?
✨ အခုဆို JLPT N1 / N2 New Classes ဖွင့်လှစ်လိုက်ပါပြီ!
📚 Available Courses
🔥 N1 Grammar + Reading Class
👉 Advanced Level Japanese ကို သေချာတက်ချင်သူများအတွက်
🔥 N1 Grammar + Vocabulary + Kanji Class
👉 Vocabulary & Kanji အားနည်းနေသူများအတွက် အထူးသင့်တော်
🔥 N2 Grammar + Reading Class
👉 Reading Speed & Grammar Skill ကို မြှင့်ချင်သူများအတွက်
🔥 N2 Grammar + Vocabulary + Kanji Class
👉 Vocabulary & Kanji အားနည်းနေသူများအတွက် အထူးသင့်တော်
⏰ Class Schedule for all classes
📅 Sat & Sun (start on 11 July 2026)
🇲🇲 Myanmar Time — 6:00 PM ~ 8:00 PM
🇯🇵 Japan Time — 8:30 PM ~ 10:30 PM
🇹🇭 Thailand Time — 6:30 PM ~ 8:30 PM
💡 Small Group Learning
💡 Friendly Teaching Style
💡 JLPT Exam Focus
💡 Practical Japanese Skills Included
📌 Seats Limited — Enroll Now!
သင့်ရဲ့ Japanese Level ကို Next Stage တက်ဖို့ အခုပဲ Join လိုက်ပါ 🇯🇵✨
Phone / Viber : 09 951 840 557
08/08/2025
ဂျပန်မှာ တက္ကသိုလ်တတ်ဖို့ ပြင်ဆင်နေသူများ တတ်ရောက်သင့်ပါတယ်ရှင် 🇯🇵👍
08/08/2025
"ဂျပန်ရောက်ရင် မဖြစ်မနေ စားသင့်တဲ့ အရသာ!" “TokyoShoyuRamen”
東京醤油ラーメン(とうきょうしょうゆラーメン)(တိုကျို ဂျပန်ရိုးရာပဲငံပြာရည်ခေါက်ဆွဲ)
တိုကျိုမှာရှိတဲ့ နာမည်ကြီး ဟင်းလျာတွေထဲက တစ်ခုဖြစ်တဲ့ “တိုကျို ဂျပန်ရိုးရာပဲငံပြာရည်ခေါက်ဆွဲ” ဟာ ဂျပန်ရိုးရာ ပဲငံပြာရည်ကို အခြေခံထားသော အရည်ပြုတ်ကို ထူးခြားချက်အဖြစ်သုံးပြီး ချက်ပြုတ်ပြင်ဆင်သော ခေါက်ဆွဲဟင်းတစ်မျိုးဖြစ်ပါတယ်။ တိုကျိုခေါက်ဆွဲရဲ့ မူရင်းပုံစံလို့လည်းဆိုကြပါတယ်။ ဂျပန်အရသာစစ်စစ်ခေါက်ဆွဲဟင်းတစ်မျိုးဖြစ်ပြီး အလယ်အလတ်အရွယ်အစားရှိတဲ့ ပါးပါးတွန့်တွန့် ခေါက်ဆွဲလေးများကို အသုံးပြုကာ ပြင်ဆင်ချက်ပြုတ်ကြတာ များပါတယ်။ ဂျပန်နိုင်ငံရဲ့ ခေါက်ဆွဲဆိုင်တော်တော်များများမှာ ရရှိနိုင်ပြီး တစ်ဆိုင်နဲ့ တစ်ဆိုင်တော့ အရသာအနည်းငယ်စီ ကွာလေ့ရှိပါတယ်။
"တိုကျိုမှာ အရသာမတူတဲ့ဆိုင်တွေအများကြီးရှိလို့ နှစ်သက်ရာ ဆိုင်လေးကို ရှာဖွေစမ်းသပ်ကြည့်ပါ!"
東京醤油ラーメンは、醤油ベースのスープを特徴とするラーメンの一種です。東京ラーメンの原型とも言われ、和風だし、中細縮れ麺が使われることが多いです。多くのお店で提供されており、それぞれに異なる味わいがあります。
とうきょうしょうゆラーメンは、しょうゆべーすのスープをとくちょうとするラーメンのいっしゅです。とうきょうラーメンのげんけいともいわれ、わふうだし、ちゅうぼそちじれめんがつかわれることがおおいです。おおくのおみせでていきょうされており、それぞれにことなるあじわいがあります。
#ဂျပန်ခရီးစဉ် ြိုက်
09/06/2025
N3 (အပြင်အတန်း) အတန်းသစ်
Vob(語彙)+Grammar(文法)+Reading(読解)+Listening(聴解)
🥰Start on 21 June 2025
🥰သင်တန်းချိန် - စနေ နှင့် တနင်္ဂနွေ (မနက် 10 နာရီ မှ 12 နာရီ အထိ)
🍁သင်တန်းကာလ - 4 months
🍁သင်တန်းကြေး - 250,000 Kyats
🍁သင်တန်းလိပ်စာ - သုမင်္ဂလာအိမ်ယာ, သင်္ယန်းကျွန်းမြို့နယ်, ရန်ကုန်။
🍁ဖုန်းနံပါတ် - 09 250 079 403
09/06/2025
JLPT examနီးနေပြီမို့ Reading များများလေ့ကျင့်ချင်သူများ အောက်ကlinkကနေ စာပိုဒ်တွေအများကြီးလေ့ကျင့်လို့ရတယ်နော။
https://j-test.jp/wadai
読解の練習、頑張ってね!
今月の話題 | J.TEST実用日本語検定 ★★ 「毎月の読解問題」 今話題のトピックを毎回2つ掲載します。(教室用のため解答はありません) NEW! ★2025年6月3日更新(2025年3,4,5月分)★計228トピック [download id="8700"]「山火事」「オンラインカジノ」 [download id="8697...
30/05/2025
28/05/2025
စာဖတ်ရင်းနဲ့ လက်ဆောင်တွေလည်းရမှာမို့ Joinကြမလား 皆さんရေ
【Sura Suraတဒို့ခုပွဲ မိတ်ဆက်ခြင်း】
ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင် လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပပေးမှာ ဖြစ်ပါတယ်။
「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့် စာအုပ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အများအပြားဖတ်ရှုသည့် လေ့လာနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်သည့် Readingအတန်းချိန်နှင့်မတူဘဲ တဒို့ခုမှာဆိုရင် မိမိတို့နှစ်သက်တဲ့စာအုပ်ကို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါတယ်။ N5 levelမှ N1 Levelအထိ မည်သူမဆို ပါဝင်ဖတ်ရှုနိုင်ပါတယ်။ ပါဝင်သူများကို 「တဒို့ခုစာဖတ်ကဒ်」ပြုလုပ်ပေးမှာ ဖြစ်ပြီး စာဖတ်ကဒ်တွင် အမှတ်များ စုဆောင်း၍ အမှတ်(3)ခုပြည့်တိုင်းတစ်ကြိမ် လက်ဆောင်ပစ္စည်းများကို ထုတ်ယူနိုင်ပါတယ်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှာ ဂျပန်ဘာသာစာအုပ်များကို အများအပြားဖတ်ရှုနိုင်ရန် အသင့်ပြင်ဆင်ပြီး စောင့်မျှော်လျှက်ရှိပါတယ်။ အတူတူ ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာကြည့်ကြရအောင်!
ကျင်းပမည့်နေ့ရက် နှင့် အချိန် : ၂၀၂၅ခုနှစ် မေလ ၃၀ရက်နေ့ (သောကြာနေ့) နံနက် ၁၀:၀၀ မှ ၁၁:၃၀အထိ
ကျင်းပမည့်နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ
အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ပါဝင်ကြေး : အခမဲ့။
လျှောက်ထားနိုင်သည့်သူများ : ဂျပန်ဘာသာစကားလေ့လာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။
လျှောက်ထားရမည့်ပုံစံ : အောက်ဖော်ပြပါ Microsoft Form မှတဆင့် လျှောက်ထားပေးပါ။
https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOeCGB-qQ4RhAlunZyAqPrSlUQ1ZQTVgzSTFLTEtBVlhRMlczV1lDU1NGTS4u
လျှောက်လွှာပိတ်ချိန် : ၂၀၂၅ခုနှစ် မေလ ၂၈ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် နေ့လည် (၁၂)နာရီ
သတ်မှတ်ဦးရေ : ၃၀ဦး
*လျှောက်ထားသူများပြားသောအချိန်မျိုးတွင် လျှောက်လွှာဖောင်ကို စော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသဖြင့် နား လည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921
★ Japan Foundation Yangon၏ Facebook Link:https://www.facebook.com/JFYangon
📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖
【すらすら多読会のご案内】
ミャンマーに住む日本語学習者のみなさん、こんにちは。
国際交流基金ヤンゴン日本文化センターでは、毎月月末の金曜日に「すらすら多読会」を行っています。「多読」とは簡単な日本語で書かれた本を楽しくたくさん読む勉強法です。読解の授業と違って、多読では自分の好きな本を自由に読みます。N5レベルからN1レベルまでだれでも参加できます。 スタンプが3つ集まった人にはプレゼントがあります🎁。初めて参加の人ももちろん大歓迎です。みんなで楽しく日本語で本を読みましょう。
■実施日時: 2025年5月30日(金)10:00~11:30
■場所:The Japan Foundation, Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon, Myanmar
■参加費:無料
■対象:日本語学習者
■参加申込:下記の Microsoft Forms よりお申込ください。
https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOeCGB-qQ4RhAlunZyAqPrSlUQ1ZQTVgzSTFLTEtBVlhRMlczV1lDU1NGTS4u
■申込締切:2025年5月28日(水)午後12時(ミャンマー時間)
■定員30名
*申込者が多い場合、早めに締め切ることがございます。ご了承ください。
★ヤンゴン日本文化センター電話番号:01-430920・ 01-430921
★ヤンゴン日本文化センターFacebookページ:https://www.facebook.com/JFYangon
#国際交流基金
N3 (အပြင်အတန်း)
June 21 ရက်နေ့စမည်။
သင်တန်းချိန် - စနေ နှင့် တနင်္ဂနွေ (မနက် 10 နာရီ မှ 12 နာရီ အထိ)
သင်တန်းကာလ - 4 months
သင်တန်းကြေး - 250,000 Kyats
သင်တန်းလိပ်စာ - သုမင်္ဂလာအိမ်ယာ, သင်္ယန်းကျွန်းမြို့နယ်, ရန်ကုန်။
ဖုန်းနံပါတ် - 09 250 079 403
ဘာတွေသင်ပေးမှာလည်း ?
N3 Level' Vob(語彙)+Grammar(文法)+Reading(読解)+Listening(聴解)အကုန်သင်ပေးမှာပါ
စာတွေသေချာနားလည်ပါ့မလား?
စိတ်မပူနဲ့နော်...YUFL ကနေ Japanese Major နဲ့ ဘွဲ့ရထားသော စာသင်သက်အတွေ့အကြုံများစွာရှိသော ဆရာမကိုယ်တိုင်သင်ပေးမှာမို့ သတ်မှတ်ထားတဲ့ လူဦးရေ မပြည့်ခင် ဖုန်းဆက်ပြီး စာရင်းပေးလိုက်တော့နော်...
みなさん、いっしょにがんばりましょう!
19/05/2025
ဂျပန်နိုင်ငံမှာ ကျောင်းတတ်ခြင်းဖြင့် ဘယ်လိုအားသာချက်တွေရရှိနိုင်သလဲ?
ဂျပန်နိုင်ငံတွင် ကျောင်းတက်ခြင်းသည် ကမ္ဘာ့အဆင့်မီ ပညာရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာအခွင့်အလမ်းများစွာကို ရရှိစေပြီး အောက်ပါအားသာချက်များစွာကိုလည်း ရရှိနိုင်ပါသည်။
1. ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်
အရည်အသွေးမြင့် တက္ကသိုလ်များစွာရှိခြင်း (တိုကျို တက္ကသိုလ်၊ ကျိုတို တက္ကသိုလ်၊ အိုဆာကာတက္ကသိုလ် စသည်တို့သည် QS World Rankings တွင် အဆင့်မြင့်မားသောတက္ကသိုလ်များဖြစ်ကြသည်။)
နည်းပညာနှင့် အင်ဂျင်နီယာဘာသာရပ်များတွင် အထူးကျော်ကြားခြင်း (ဥပမာ: Robotics, AI, Automotive Engineeringစသောပညာရပ်များတွင် ကမ္ဘာထိပ်တန်းတွင်ရှိနေသည်)
သုတေသနအခွင့်အလမ်းများ များစွာရှိခြင်း
2. ပညာသင်ဆုနှင့် ငွေကြေးအထောက်အပံ့များ
MEXT Scholarship (ဂျပန်အစိုးရပညာသင်ဆု) ကဲ့သို့သော ပညာသင်ဆုများလည်းရှိသလို တက္ကသိုလ်အလိုက် သီးသန့်ပညာသင်ဆုများစွာရှိခြင်း
3. လုပ်ငန်းခွင် အခွင့်အလမ်းကောင်းများ, များစွာရှိခြင်း
ဂျပန်ဘာသာစကားတတ်ကျွမ်းပါက IT, Engineering, Business, Tourism စသည့်နယ်ပယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းများခြင်း
ကျောင်းပြီးပြီးနောက် အလုပ်အတွက် Visa (特定技能ビザ Skilled Worker Visa / 就労ビザWork Visa) ရရှိရန် လွယ်ကူခြင်း
လစာကောင်းမွန်ခြင်း (ဥပမာ: IT နယ်ပယ်တွင် ပျမ်းမျှလစာ ¥ 4 - 8 million/နှစ်)။
4. ဘဝအတွေ့အကြုံကောင်းများ နှင့် ယဉ်ကျေးမှုမြင့်မားခြင်း
လုံခြုံပြီး သန့်ရှင်းသောပတ်ဝန်းကျင်ဖြစ်ခြင်း (ဂျပန်သည် ကမ္ဘာ့အဆင့် ၁၀ အတွင်း လုံခြုံသောနိုင်ငံဖြစ်သည်။)
အဆင့်မြင့် အခြေခံအဆောက်အအုံများရှိခြင်း (အမြန်ရထား၊ ဆေးရုံ၊ စာကြည့်တိုက်များ)။
စနစ်တကျရှိသော လူနေမှုစနစ်ရှိခြင်း (အချိန်တိကျမှု၊ အလုပ်လုပ်ကိုင်မှုစည်းကမ်းရှိခြင်း)။
5. နိုင်ငံတကာမှ ကျောင်းသားများနှင့် ချိတ်ဆက်နိုင်ခြင်း
ဂျပန်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကျောင်းသားပေါင်းများစွာ လာရောက်၍ ကျောင်းတက်နေကြတာဖြစ်သောကြောင့် နိုင်ငံတကာမှကျောင်းသားများနှင့် မိတ်ဆွေဖွဲ့နိုင်ပြီး၊ နိုင်ငံတကာ အလုပ်အကိုင်ကွန်ယက်များကို တည်ဆောက်နိုင်ခြင်း --- စသော များစွာသော အကျိုးကျေးဇူးများကို ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်းဖြင့် ရရှိနိုင်ပါသည်။
ဒါ့အပြင့်ဂျပန်နိုင်ငံသည် ကျောင်းသားများအတွက် ကျောင်းတက်နေစဉ်တွင်လည်း တရားဝင် အချိန်ပိုင်းအလုပ်(တစ်ပတ်လျှင် အများဆုံး 28 နာရီ (ကျောင်းပိတ်ရက်များတွင် တစ်နေ့ 8 နာရီထိ လုပ်နိုင်သည်))လုပ်ကိုင်ခွင့်ပေးထားခြင်းကြောင့် ကျောင်းတက်နေစဉ်မှာလည်း မိမိ၏ စားသောက်နေထိုင်စရိတ်ကို မိမိဘာသာ ရှာဖွေ၍ အထောက်အပံ့ဖြစ်စေနိင်ပါတယ်။ (ဂျပန်နိုင်ငံ၏ တစ်နာရီလုပ်ခလစာသည် ပျမ်းမျှအားဖြင့် ၁နာရီ= ယမ်းငွေ ၁၀၀၀ -- ၁၈၀၀ ကြားဖြစ်ပါသည်။ လုပ်ငန်းအမျိုးအစားနှင့် နေရာဒေသပေါ်မူတည်၍ကွဲလွဲမှုရှိသည်။ ဂျပန်ယမ်းငွေ ၁ကျပ်သည် မြန်မာငွေ ၂၉ကျပ်ခန့်ဖြင့်ညီမျှပါသည်။)
အနာဂတ်အတွက် အခြေခံကောင်းတွေကို NICO NIHON နဲ့ အတူတည်ဆောက်ဖို့ N5,N4,N3,N2အတန်းများနှင့် One by Oneအတန်းများဖွင့်လှစ်သင်ကြားပေးနေတာမို့ သိချင်သည်များရှိပါက +95 9 951 840557 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင်။
19/05/2025
ဂျပန်ကို ကျောင်းနဲ့သွားဖို့ဆို ဘယ်လိုအချက်တွေ အရင်ဆုံးပြင်ဆင်ထားရမလဲ 🧐
အထက်တန်းအောင် (သို့) GCE A-level,GEDစသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ (သို့) ၁၂နှစ်တာပညာရေးပြီးဆုံးထားရပါမယ်
ဂျပန်ဘာသာစကားကို N5 level သို့မဟုတ် N4 level ဖြေဆိုအောင်မြင်ထားရပါမယ်။
မိမိအောင်မြင်ထားသော ဂျပန်စာ level မြင့်ရင်မြင့်သလို Scholarship အခွင့်အလမ်းတွေလည်းပိုများပါတယ်။
ကျောင်းဝင်ခွင့်အင်တာဗျူးတွေမှာ ဂျပန်လို အနည်းငယ် စကားပြောမေးမြန်းခြင်း၊ ဂျပန်ဘာသာစကားစွမ်းရည် စစ်ဆေးခြင်းတို့လည်းရှိတတ်တာကြောင့် မိမိသင်ကြားတတ်မြောက်ထားသော level၏စကားပြောစွမ်းရည်၊ဖတ်ရှုနားလည်နိုင်ေသာစွမ်းရည်ရှိအောင် ပြင်ဆင်ထားဖို့လည်းလိုပါတယ်။
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |