New Links Education

Website

New Links Education ဘယ်နိုင်ငံကနေမဆို တက်ရောက်နိုင်မယ့် ကလေးငယ်များအတွက် 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐎𝐧𝐥𝐢𝐧𝐞 သင်တန်းများ ဖွင့်လှစ်ပေးထားပါတယ်💙✨

02/09/2026

ဘယ်နိုင်ငံကနေမဆို ကလေးတွေရဲ့ အင်္ဂလိပ်စာနဲ့ မြန်မာစာတိုးတက်စေဖို့ 𝗡𝗟𝗘မှ 𝗢𝗻𝗹𝗶𝗻𝗲 𝗭𝗼𝗼𝗺 𝗖𝗹𝗮𝘀𝘀 များ ဖွင့်လှစ်ပေးထားပါပြီ 🌏💛

𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 မှာ အသက် ( 𝟰 )နှစ်မှ ( 𝟭𝟲 )နှစ်အထိ ကလေးများရဲ့ပညာရေးကို အိမ်ကနေပဲ စနစ်တကျ ဆက်လက်လေ့လာလို့ရနေပါပြီ✅

📚 𝗘𝗻𝗴𝗹𝗶𝘀𝗵 စာရေးဖတ်ပြောဆိုသင်တန်းများ

𝗢𝘅𝗳𝗼𝗿𝗱 𝗖𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺ကို အသုံးပြုပြီး အတွေ့အကြုံရှိ ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမများက ကလေးတွေရဲ့ အသက်အရွယ်နဲ့ 𝗟𝗲𝘃𝗲𝗹 အလိုက် စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

✔️ 𝗣𝗵𝗼𝗻𝗶𝗰𝘀 & 𝗘𝗮𝗿𝗹𝘆 𝗥𝗲𝗮𝗱𝗶𝗻𝗴
✔️𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗟𝗲𝘃𝗲𝗹 𝟭-𝟲
✔️𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 / 𝗪𝗿𝗶𝘁𝗶𝗻𝗴 / 𝗚𝗿𝗮𝗺𝗺𝗮𝗿 သီးသန့်အတန်းများ
✔️𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗘𝘅𝗮𝗺 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻 သင်တန်းများကို 𝗟𝗲𝘃𝗲𝗹 တဆင့်ချင်းစီ တက်နိုင်အောင် သင်ကြားပေးနေပါတယ်

━━━━━━━━━━━━━

🇲🇲 𝗠𝘆𝗮𝗻𝗺𝗮𝗿 စာသင်တန်းများ

သားသားမီးမီးတို့အတွက်
✔️ 𝗚𝗿𝗮𝗱𝗲 𝟭 မှ 𝗚𝗿𝗮𝗱𝗲 𝟱 အထိ မြန်မာစာသင်ရိုးအတန်းများကိုလည်း တက်ရောက်နိုင်ပါတယ်။

━━━━━━━━━━━━━

𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻မှာ ဘာတွေစိတ်ချရလဲဆို

✅ အတန်းမအပ်ခင် ကလေးရဲ့ လက်ရှိအခြေအနေကို စစ်ဆေးပေးပြီး သင့်တော်တဲ့အတန်းကို မိဘတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးရွေးချယ်ပေးပါတယ်

✅ သူငယ်ချင်းတွေနဲ့ တက်ချင်သူများအတွက် 𝗚𝗿𝗼𝘂𝗽 𝗖𝗹𝗮𝘀𝘀 အတန်းတွေရှိသလို သီးသန့်သင်ယူချင်သူများအတွက်လဲ 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝟭-𝗼𝗻-𝟭 𝗖𝗹𝗮𝘀𝘀 တွေထားရှိပေးလို့ ကလေးနဲ့ သင့်တော်တဲ့ သင်ယူမှုပုံစံကို ရွေးချယ်နိုင်ပါတယ်

🌏 ဘယ်နိုင်ငံမှာပဲ ရောက်နေပါစေ အိမ်မှာနေရင်း သားသားမီးမီးတို့အတွက် အရည်အသွေးရှိတဲ့ ပညာရေးကို ဆက်လက်ရရှိနိုင်ပါတယ် 💛

━━━━━━━━━━━━━

🔰သင်တန်းကြေးမှာ ၁ လကို 𝟲𝟱,𝟬𝟬𝟬 𝗞𝘀 သာ ကျသင့်တာမို့

📩 သားသားမီးမီးတို့နဲ့ သင့်တော်တဲ့ 𝗖𝗹𝗮𝘀𝘀 ကို သိရှိလိုပါက

𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ “𝗡𝗟𝗘” လို့ ရေးထားခဲ့ပါ ၊𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကနေ တစ်ဆင့်လာရောက်ဆက်သွယ်ပေးသွားပါမယ် 💌

ထပ်မံပြီး အသေးစိတ်သိရှိလိုပါက
📩 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (သို့မဟုတ်)
☎️ +959 666 553 616 ( 𝗩𝗶𝗯𝗲𝗿 /𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 ) မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။



#𝗞𝗶𝗱𝘀𝗘𝗻𝗴𝗹𝗶𝘀𝗵



ကလေးတွေရဲ့ အင်္ဂလိပ်စာ တိုးတက်ဖို့ တစ်နေ့ ဘယ်လောက်လေ့ကျင့်ပေးသင့်လဲ? ⏰💛“တစ်ပတ်တစ်ခါ အချိန်အကြာကြီး သင်ပေးတာက ပိုကောင်းလာ...
21/08/2026

ကလေးတွေရဲ့ အင်္ဂလိပ်စာ တိုးတက်ဖို့ တစ်နေ့ ဘယ်လောက်လေ့ကျင့်ပေးသင့်လဲ? ⏰💛

“တစ်ပတ်တစ်ခါ အချိန်အကြာကြီး သင်ပေးတာက ပိုကောင်းလား ❓”

“ဒါမှမဟုတ် နေ့တိုင်း အချိန်နည်းနည်းစီ လေ့ကျင့်ပေးတာက ပိုထိရောက်လား ❓”

ဒီလိုမေးခွန်းတွေကို မိဘတော်တော်များများ စိတ်ဝင်စားကြပါတယ်။

ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ အချိန်အများကြီး တစ်ခါတည်း သင်ယူတာထက် နေ့စဉ် ပုံမှန်ထိတွေ့လေ့ကျင့်ပေးခြင်း က ပိုအရေးကြီးပါတယ် 🌱

ဒါဆို ကလေးတွေအတွက် အင်္ဂလိပ်စာကို ဘယ်လိုပုံစံနဲ့ လေ့ကျင့်ပေးသင့်လဲဆိုတာ ကြည့်လိုက်ရအောင် 👇

━━━━━━━━━━━━━━━

🕐 တစ်နေ့ ၁၅ မိနစ်မှ မိနစ် ၂၀ လောက်နဲ့ စတင်ပါ

ကလေးငယ်တွေဟာ အာရုံစူးစိုက်နိုင်ချိန် သိပ်မရှိသေးတာကြောင့် အချိန်အကြာကြီး ထိုင်ပြီး လေ့ကျင့်ခိုင်းတာထက် တိုတိုတောင်းတောင်းနဲ့ ပုံမှန်လေ့ကျင့်ပေးတာက ပိုသင့်တော်ပါတယ်။

တစ်နေ့ကို ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် စာဖတ်ခြင်း၊ စကားလုံးလေ့ကျင့်ခြင်း ဒါမှမဟုတ် အသံနားထောင်ခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။

အရေးကြီးတာက အချိန်ကြာကြာလုပ်ဖို့ထက် ပုံမှန်လုပ်ဖြစ်ဖို့ ပါ 💛

━━━━━━━━━━━━━━━

🗣️ အင်္ဂလိပ်စာကို နေ့စဉ်ဘဝထဲ ထည့်သွင်းပေးပါ

ဘာသာစကားဆိုတာ အလွတ်ကျက်ရုံနဲ့ ကျွမ်းကျင်လာတာမျိုး မဟုတ်ပါဘူး။ မကြာခဏ ကြားရ၊ ပြောရ၊ ဖတ်ရ၊ အသုံးပြုရင်းနဲ့ တဖြည်းဖြည်း ရင်းနှီးလာတာပါ။

ဒါကြောင့် တစ်ပတ်ကို ၄ ရက်၊ ၅ ရက်လောက် အင်္ဂလိပ်စာနဲ့ ထိတွေ့နိုင်အောင်—

▪️ စကားလုံးအသစ်လေးတွေ လေ့ကျင့်ပေးခြင်း
▪️ ပုံပြင်စာအုပ်လေးတွေ ဖတ်ပေးခြင်း
▪️ အင်္ဂလိပ်သီချင်းလေးတွေ နားထောင်ခြင်း
▪️ နေ့စဉ်သုံး စကားလုံးလေးတွေ ပြောဆိုခြင်း

စတာတွေကို လွယ်လွယ်ကူကူ ပြုလုပ်ပေးနိုင်ပါတယ်။

━━━━━━━━━━━━━━━

🔄 “မေ့လိုက်၊ ပြန်စလိုက်” မဖြစ်အောင် ပုံမှန်ထိတွေ့ပေးပါ

ကလေးတွေဟာ အင်္ဂလိပ်စာနဲ့ ရက်ပေါင်းများစွာ ဝေးကွာသွားရင် အရင်သင်ထားတာတွေကို ပြန်နွှေးဖို့ အချိန်ယူရတတ်ပါတယ်။

ဒါကြောင့် တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက် အချိန်အကြာကြီး လေ့ကျင့်တာထက် နေ့စဉ် အချိန်နည်းနည်းစီနဲ့ ပုံမှန်ထိတွေ့ပေးတာက သင်ယူထားတဲ့အရာတွေကို ဆက်လက်မှတ်မိနိုင်ဖို့ ပိုမိုအထောက်အကူဖြစ်စေပါတယ် 🌱

━━━━━━━━━━━━━━━

💡 အိမ်မှာ လွယ်လွယ်ကူကူ လေ့ကျင့်ပေးနိုင်တဲ့ နည်းလမ်းများ

📚 တနင်္လာ & ဗုဒ္ဓဟူး

၁၅ မိနစ်ခန့် ပုံပြင်စာအုပ်ဖတ်ခြင်း သို့မဟုတ် 𝗣𝗵𝗼𝗻𝗶𝗰𝘀 လေ့ကျင့်ခြင်း

🎧 အင်္ဂါ & ကြာသပတေး

ကားစီးချိန်၊ အနားယူချိန်တွေမှာ အင်္ဂလိပ်သီချင်းများ၊ 𝗔𝘂𝗱𝗶𝗼𝗯𝗼𝗼𝗸𝘀 များ နားထောင်ခြင်း

🎨 သောကြာ & စနေ/တနင်္ဂနွေ

အင်္ဂလိပ်လို ကာတွန်းများ ကြည့်ခြင်း၊ စကားလုံးဂိမ်းများ ကစားခြင်း သို့မဟုတ် အပြန်အလှန် လေ့လာနိုင်တဲ့ 𝗢𝗻𝗹𝗶𝗻𝗲 သင်ခန်းစာများ လေ့လာခြင်း

အချိန်အများကြီး မလိုပါဘူး။ နေ့စဉ် နည်းနည်းစီ၊ ပုံမှန်လေး လေ့ကျင့်ပေးနိုင်ဖို့က အဓိကပါ 💛

━━━━━━━━━━━━━━━

သားသားမီးမီးတို့က အင်္ဂလိပ်စာကို တစ်ပတ်မှာ ဘယ်နှစ်ရက်လောက် လေ့ကျင့်ဖြစ်ကြလဲ ❓

နေ့စဉ် အလေ့အထလေး လုပ်ထားသလား၊ ဒါမှမဟုတ် စနေ/တနင်္ဂနွေမှ အဓိက လေ့ကျင့်ဖြစ်သလားဆိုတာ 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ မျှဝေပေးခဲ့ပါဦးနော်👇

━━━━━━━━━━━━━━━

🎓 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 – 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺

စိတ်ဖိစီးမှုမရှိဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အင်္ဂလိပ်စာကို ပုံမှန်လေ့လာနိုင်ဖို့ 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗟𝗶𝘃𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗭𝗼𝗼𝗺 သင်တန်းများမှာ—

📚 ပုံပြင်ပြောခြင်း
🎮 ပျော်စရာဂိမ်းများ
🗣️ စကားပြောလေ့ကျင့်မှုများ
🔤 𝗣𝗵𝗼𝗻𝗶𝗰𝘀 လေ့ကျင့်မှုများ

စတဲ့ အပြန်အလှန်ပါဝင်နိုင်တဲ့ လေ့လာမှုများမှတစ်ဆင့် ကလေးတွေရဲ့ 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တစ်ဆင့်ချင်း တည်ဆောက်ပေးနေပါတယ် 💛

━━━━━━━━━━━━━━━

ဗဟုသုတများအပြင် ပညာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များ၊ သင့်တော်တဲ့ သင်တန်းများနဲ့ ပညာရေးအခွင့်အလမ်းတွေကို လက်မလွှတ်စေဖို့ အောက်က 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗙𝗼𝗹𝗹𝗼𝘄 & 𝗝𝗼𝗶𝗻 လုပ်ထားပေးပါနော် 👇

🔗 𝗧𝗶𝗸𝗧𝗼𝗸 – tiktok.com/.links.educ

🔗 𝗘𝗺𝗮𝗶𝗹 – [email protected]

🔗 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – t.me/newlinkseduboard
🔗 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/share/1EH77PGEMq/

📩 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺 အကြောင်း အသေးစိတ်သိရှိလိုပါက 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗣𝗮𝗴𝗲 (သို့မဟုတ်) +959 666 553 616 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#𝗡𝗲𝘄𝗟𝗶𝗻𝗸𝘀𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻
#𝗬𝗼𝘂𝗻𝗴𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀
#𝗞𝗶𝗱𝘀𝗘𝗻𝗴𝗹𝗶𝘀𝗵
#𝗘𝗻𝗴𝗹𝗶𝘀𝗵𝗙𝗼𝗿𝗞𝗶𝗱𝘀
#𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴𝗧𝗶𝗽𝘀

ကလေးငယ်တွေအတွက် အိမ်စာဆိုတာ တကယ်လိုအပ်ရဲ့လား❓📚ကျောင်းဆင်းပြီးတဲ့နောက် အိမ်မှာ အိမ်စာအများကြီး လုပ်ရတာက ကလေးကို ပိုတော်လာ...
19/08/2026

ကလေးငယ်တွေအတွက် အိမ်စာဆိုတာ တကယ်လိုအပ်ရဲ့လား❓📚

ကျောင်းဆင်းပြီးတဲ့နောက် အိမ်မှာ အိမ်စာအများကြီး လုပ်ရတာက ကလေးကို ပိုတော်လာစေသလား၊ ဒါမှမဟုတ် သင်ယူမှုကို စိတ်ပျက်သွားစေသလား❓

တကယ်တော့ ကလေးငယ်တွေအတွက် အရေးကြီးတာက အိမ်စာအများကြီးလုပ်တာ မဟုတ်ဘဲ မှန်ကန်တဲ့ သင်ယူမှုအလေ့အထ ကို တည်ဆောက်ပေးနိုင်ဖို့ပါ 💛

ဒါဆို ကလေးတွေအတွက် ထိရောက်တဲ့ အ‌လေ့ကျင့်ကောင်းလေးတွေ တူတူ ကြည့်လိုက်ရအောင်👇

━━━━━━━━━━━━━━━

⭐ ကလေးရဲ့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အိမ်စာအချိန်ကို သတ်မှတ်ပါ ⏱️

ပညာရေးကျွမ်းကျင်သူများက အတန်းတစ်တန်းစီအတွက် တစ်နေ့လျှင် ၁၀ မိနစ်ခန့် အချိုးအတိုင်း အိမ်စာလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဥပမာ—

📖 Grade 1 – ၁၀ မိနစ်
📖 Grade 2 – ၂၀ မိနစ်

အချိန်အကြာကြီး Worksheet တွေ ထပ်ခိုင်းတာထက် တိုတိုနဲ့ ထိရောက်တဲ့ လေ့ကျင့်မှုက ပိုအကျိုးရှိပါတယ်။

━━━━━━━━━━━━━━━

⭐ ပမာဏထက် အရည်အသွေးကို ဦးစားပေးပါ 🎯

ထပ်ခါထပ်ခါ ရေးခိုင်းတဲ့ အိမ်စာတွေထက်—

📚 ပုံပြင်စာအုပ်ဖတ်ခြင်း
🎲 စကားလုံးဂိမ်းကစားခြင်း
🎨 ပုံဆွဲခြင်း

လိုမျိုး ပျော်စရာကောင်းပြီး အပြန်အလှန် သင်ယူနိုင်တဲ့ လေ့ကျင့်မှုတွေက ကလေးတွေအတွက် ပိုထိရောက်ပါတယ်။

━━━━━━━━━━━━━━━

⭐ ကစားချိန်နဲ့ အနားယူချိန်ကိုလည်း တန်ဖိုးထားပါ 🧸

ကလေးတွေရဲ့ ဦးနှောက်ဟာ—

✨ ကစားချိန်
✨ ကိုယ်လက်လှုပ်ရှားချိန်
✨ လုံလောက်တဲ့ အိပ်စက်ချိန်

တွေမှာ သင်ယူထားတာတွေကို ပိုမိုကောင်းမွန်စွာ မှတ်သားနိုင်ပါတယ်။ဒါကြောင့် အိမ်စာကြောင့် ကစားချိန်ကို အမြဲလျှော့မပစ်သင့်ပါဘူး။

━━━━━━━━━━━━━━━

⭐ အလေ့အထကောင်းကို တည်ဆောက်ပေးပါ 🌱

အသက်ငယ်တဲ့ ကလေးတွေအတွက် အိမ်စာရဲ့ ရည်ရွယ်ချက်က အချက်အလက်တွေ အလွတ်ကျက်ဖို့ မဟုတ်ပါဘူး။

နေ့စဉ် အချိန်မှန် လေ့လာတတ်တဲ့ အလေ့အထ၊ တာဝန်ယူစိတ်နဲ့ သင်ယူလိုစိတ်ကို တဖြည်းဖြည်း တည်ဆောက်ပေးဖို့ပဲ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━

💡 မိဘတွေ အိမ်မှာ ဘယ်လို ကူညီပေးနိုင်မလဲ

✔️ နေ့တိုင်း ၁၀–၁၅ မိနစ်ခန့် ပုံမှန် စာလေ့လာချိန်ထားပေးပါ။

✔️ အဖြေမှန်တာထက် ကြိုးစားမှုကို ပိုပြီး ချီးကျူးပေးပါ။

✔️ စာဖတ်ခြင်းနဲ့ လေ့ကျင့်ခန်းတွေကို ဂိမ်းလေးတွေလို ပျော်စရာဖြစ်အောင် ဖန်တီးပေးပါ။

━━━━━━━━━━━━━━━

💬 မေမေ၊ ဖေဖေတို့ရေ...

သားသားမီးမီးတို့ အိမ်စာလုပ်တဲ့အချိန်က ပျော်ပျော်ရွှင်ရွှင် လုပ်ဖြစ်ကြလား❓ ဒါမှမဟုတ် အချိန်တိုင်း အခက်အခဲတွေ ရှိနေပါသလား❓

𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ အတွေ့အကြုံလေးတွေ မျှဝေပေးခဲ့ပါဦး 💛

🎓 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 – 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺

𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗟𝗶𝘃𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗭𝗼𝗼𝗺 သင်တန်းများမှာ ကစားရင်း၊ ဆွေးနွေးရင်း၊ လက်တွေ့လေ့ကျင့်ရင်း သင်ယူနိုင်တဲ့ 𝗜𝗻𝘁𝗲𝗿𝗮𝗰𝘁𝗶𝘃𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 ပုံစံနဲ့ ကလေးတွေရဲ့ 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ကို စနစ်တကျ တည်ဆောက်ပေးနေပါတယ် 💛

ဗဟုသုတများ၊ ပညာရေးသတင်းအချက်အလက်များနဲ့ သင့်တော်တဲ့ သင်တန်းများကို အချိန်မီ သိရှိနိုင်ဖို့ 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗢𝗳𝗳𝗶𝗰𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 များကို 𝗙𝗼𝗹𝗹𝗼𝘄 & 𝗝𝗼𝗶𝗻𝗻လုပ်ထားပေးပါနော်👇

🔗 𝗧𝗶𝗸𝗧𝗼𝗸 – tiktok.com/.links.educ

🔗 𝗘𝗺𝗮𝗶𝗹 – [email protected]

🔗 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – t.me/newlinkseduboard

🔗 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/share/1EH77PGEMq/

📩 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺 အကြောင်း အသေးစိတ်သိရှိလိုပါက 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗣𝗮𝗴𝗲 (သို့မဟုတ်) +၉၅၉ ၆၆၆ ၅၅၃ ၆၁၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#𝗡𝗲𝘄𝗟𝗶𝗻𝗸𝘀𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻
#𝗬𝗼𝘂𝗻𝗴𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀
#𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴𝗧𝗶𝗽𝘀
#𝗛𝗼𝗺𝗲𝘄𝗼𝗿𝗸
#𝗞𝗶𝗱𝘀𝗘𝗻𝗴𝗹𝗶𝘀𝗵

မိဘတွေ အင်္ဂလိပ်စာ အားနည်းတာက ကလေးရဲ့သင်ယူမှုကို ထိခိုက်စေနိုင်သလား ❓💭“ကိုယ့်ရဲ့ 𝗚𝗿𝗮𝗺𝗺𝗮𝗿 ကလည်း မပြည့်စုံဘူး…”“အသံထွက်ကလည...
17/08/2026

မိဘတွေ အင်္ဂလိပ်စာ အားနည်းတာက ကလေးရဲ့သင်ယူမှုကို ထိခိုက်စေနိုင်သလား ❓💭

“ကိုယ့်ရဲ့ 𝗚𝗿𝗮𝗺𝗺𝗮𝗿 ကလည်း မပြည့်စုံဘူး…”

“အသံထွက်ကလည်း မပီဘူး…”

“ကလေးကို အင်္ဂလိပ်လို ပြောပေးရင် ကိုယ့်အမှားတွေ ကလေးဆီ ကူးသွားမလား…”

ဒီလို စိုးရိမ်မှုမျိုးက မိဘအများစုမှာ ရှိတတ်ပါတယ် 💛 ဒါပေမဲ့ ကလေးရဲ့ အင်္ဂလိပ်စာ သင်ယူမှုကို ပံ့ပိုးပေးဖို့ မိဘကိုယ်တိုင် အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ ဆရာတစ်ယောက် ဖြစ်နေစရာ မလိုပါဘူး ❗

မိဘတွေရဲ့ အားပေးမှု၊ နေ့စဉ် စကားပြောပေးမှု၊ အတူတူ စာဖတ်ပေးမှုနဲ့ သင်ယူရတာကို ပျော်စရာကောင်းအောင် ဖန်တီးပေးနိုင်ခြင်းကလည်း ကလေးရဲ့ ဘာသာစကားသင်ယူမှုအတွက် အရေးကြီးပါတယ် 🌱

ဒါဆို မိဘတိုင်း သိထားသင့်တဲ့ အချက် (၄) ချက်ကို ကြည့်လိုက်ရအောင်👇

━━━━━━━━━━━━━━━

1️⃣ မိခင်ဘာသာစကားကလည်း အရေးကြီးပါတယ် 🗣️

ကလေးနဲ့ အင်္ဂလိပ်လိုပဲ အမြဲပြောပေးရမယ်ဆိုတဲ့ စည်းကမ်းမရှိပါဘူး။ မိဘအနေနဲ့ ကိုယ်အဆင်ပြေပြီး သဘာဝကျကျ ပြောနိုင်တဲ့ မိခင်ဘာသာစကားနဲ့—

▪️ ပုံပြင်ပြောပြပေးခြင်း
▪️ နေ့စဉ်အကြောင်းအရာတွေကို စကားပြောပေးခြင်း
▪️ သီချင်းဆိုပေးခြင်း
▪️ ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင် အပြန်အလှန် ဆက်ဆံပေးခြင်း

တို့က ကလေးရဲ့ စကားလုံးနားလည်မှု၊ တွေးခေါ်နိုင်စွမ်းနဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းကို အားပေးနိုင်ပါတယ်။

မိခင်ဘာသာစကားကို ကောင်းစွာ အသုံးပြုနိုင်ခြင်းကလည်း နောက်ထပ် ဘာသာစကားတွေ သင်ယူရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ် 💛

━━━━━━━━━━━━━━━

2️⃣ ဆရာတစ်ယောက်လို မဟုတ်ဘဲ “အတူတူ လေ့လာသူ” အဖြစ် ပါဝင်ပါ 📚

မိဘတွေက စကားလုံးတိုင်းကို သိထားဖို့ မလိုပါဘူး။ ကလေးနဲ့အတူ စာဖတ်နေစဉ် မသိသေးတဲ့ စကားလုံးတစ်လုံး တွေ့လာရင်—

💬 “ဒီစကားလုံးကို မေမေ/ဖေဖေလည်း သေချာမသိသေးဘူး။ အတူတူ ရှာကြည့်ရအောင်နော်…”

လို့ ပြောပေးနိုင်ပါတယ်။

ဒီလို အတူတူ ရှာဖွေလေ့လာပေးခြင်းက ကလေးကို သင်ယူမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ နားလည်စေနိုင်ပါတယ်။

━━━━━━━━━━━━━━━

3️⃣ မှန်ကန်တဲ့ အသံထွက်အတွက် အရည်အသွေးကောင်းတဲ့ 𝗔𝘂𝗱𝗶𝗼 တွေကို အသုံးပြုပါ 🎧

ကိုယ့်ရဲ့ အသံထွက်အတွက် အလွန်အမင်း စိုးရိမ်နေစရာ မလိုပါဘူး။

ကလေးကို သဘာဝကျတဲ့ အင်္ဂလိပ်အသံတွေ ကြားရအောင်—

🎵 ကလေးသီချင်းများ
📖 𝗔𝘂𝗱𝗶𝗼𝗯𝗼𝗼𝗸𝘀
🎧 အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ပုံပြင်အသံဖိုင်များ
🔤 စနစ်ကျတဲ့ 𝗣𝗵𝗼𝗻𝗶𝗰𝘀 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀

တို့ကို အသုံးပြုပေးနိုင်ပါတယ်။

အရေးကြီးတာက ကြည့်ရှုရုံ၊ နားထောင်ရုံသာ မဟုတ်ဘဲ ကလေးနဲ့အတူ စကားပြောခြင်း၊ မေးခွန်းမေးခြင်းနဲ့ ပြန်လည်လေ့ကျင့်ပေးခြင်းပါပဲ။

━━━━━━━━━━━━━━━

4️⃣ အိမ်ကို စိတ်ဖိစီးမှုမရှိတဲ့ သင်ယူရာနေရာအဖြစ် ဖန်တီးပါ 💛

ဘာသာစကားအသစ်တစ်ခု သင်ယူရာမှာ ယုံကြည်မှုနဲ့ လေ့ကျင့်ခွင့်က အရေးကြီးပါတယ်။

ကလေး အင်္ဂလိပ်လို ပြောတဲ့အခါ အမှားလေးတွေ ပါလာရင် ချက်ချင်း အပြစ်တင်တာ၊ ဖိအားပေးတာမျိုး မလုပ်ဘဲ—

💬 “ကောင်းတယ်နော်၊ နောက်တစ်ခါ ဒီလိုလေး ပြောကြည့်ရအောင်…”

ဆိုပြီး နူးညံ့စွာ လမ်းညွှန်ပေးပါ။

အိမ်မှာ အင်္ဂလိပ်စာ လေ့လာရတာကို စိတ်ဖိစီးစရာ မဖြစ်ဘဲ ပျော်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာစေဖို့ အားပေးပေးပါ 🌱

━━━━━━━━━━━━━━━

💬 မေမေ၊ ဖေဖေတို့ရေ…

သားသားမီးမီးတို့ကို အိမ်မှာ အင်္ဂလိပ်စာ လေ့ကျင့်ပေးတဲ့အခါ ကိုယ့်ရဲ့ 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗦𝗸𝗶𝗹𝗹 အတွက် စိုးရိမ်မိတာမျိုး ရှိပါသလား ❓

ကလေးရဲ့ အင်္ဂလိပ်စာ အခြေခံကို စနစ်တကျ တည်ဆောက်ပေးချင်ပါသလား ❓

🎓 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 – 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺

𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗟𝗶𝘃𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗭𝗼𝗼𝗺 သင်တန်းများမှတစ်ဆင့် ကလေးတွေရဲ့ 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တစ်ဆင့်ချင်း တည်ဆောက်ပေးနေပါတယ် 💛

ဗဟုသုတများအပြင် ပညာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များ၊ သင့်တော်တဲ့ သင်တန်းများနဲ့ ပညာရေးအခွင့်အလမ်းတွေကို လက်မလွှတ်စေဖို့ အောက်က 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗙𝗼𝗹𝗹𝗼𝘄 & 𝗝𝗼𝗶𝗻 လုပ်ထားပေးပါနော်👇

🔗 𝗧𝗶𝗸𝗧𝗼𝗸 – tiktok.com/.links.educ

🔗 𝗘𝗺𝗮𝗶𝗹 – [email protected]

🔗 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – t.me/newlinkseduboard

🔗 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/share/1EH77PGEMq/

📩 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺 အကြောင်း အသေးစိတ်သိရှိလိုပါက 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗣𝗮𝗴𝗲 (သို့မဟုတ်) +၉၅၉ ၆၆၆ ၅၅၃ ၆၁၆ မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#𝗡𝗲𝘄𝗟𝗶𝗻𝗸𝘀𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻
#𝗬𝗼𝘂𝗻𝗴𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀
#𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴𝗧𝗶𝗽𝘀
#𝗞𝗶𝗱𝘀𝗘𝗻𝗴𝗹𝗶𝘀𝗵
#𝗘𝗻𝗴𝗹𝗶𝘀𝗵𝗙𝗼𝗿𝗞𝗶𝗱𝘀

ကလေးတွေကို ဖုန်းနဲ့ တီဗီ ဘယ်လောက်ကြာကြာ ပေးကြည့်သင့်သလဲ ❓ 👀ဒီနေ့ခေတ်မှာ စမတ်ဖုန်း၊ တက်ဘလက်နဲ့ တီဗီစတဲ့ 𝗦𝗰𝗿𝗲𝗲𝗻 တွေဟာ ကလေး...
15/08/2026

ကလေးတွေကို ဖုန်းနဲ့ တီဗီ ဘယ်လောက်ကြာကြာ ပေးကြည့်သင့်သလဲ ❓ 👀

ဒီနေ့ခေတ်မှာ စမတ်ဖုန်း၊ တက်ဘလက်နဲ့ တီဗီစတဲ့ 𝗦𝗰𝗿𝗲𝗲𝗻 တွေဟာ ကလေးတွေရဲ့ နေ့စဉ်ဘဝမှာ မလွဲမသွေ ပါဝင်လာနေပါပြီ။မိဘတွေအနေနဲ့ ကလေးကို ပညာရေးဆိုင်ရာ 𝗩𝗶𝗱𝗲𝗼 တွေကြည့်ဖို့၊ စာသင်ဖို့ ဖုန်းပေးရင်း 𝗦𝗰𝗿𝗲𝗲𝗻 𝗧𝗶𝗺𝗲 အလွန်အကျွံ ဖြစ်သွားမှာကိုလည်း စိုးရိမ်ရတတ်ပါတယ်။

ဒါဆို သားသားမီးမီးတို့ကို 𝗦𝗰𝗿𝗲𝗲𝗻 ဘယ်လောက်ကြာကြာ အသုံးပြုခွင့်ပေးသင့်လဲ? 🤔

ကလေးရဲ့ အသက်အရွယ်၊ ဖွံ့ဖြိုးတိုးတက်မှု၊ အိပ်စက်မှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို ထည့်သွင်းစဉ်းစားပြီး အသက်အရွယ်အလိုက် အကြံပြုချက်တွေကို ကြည့်လိုက်ရအောင်👇

━━━━━━━━━━━━━━━

👶 အသက် ၁ နှစ်အောက် — 𝗦𝗰𝗿𝗲𝗲𝗻 𝗧𝗶𝗺𝗲 မပေးသင့်ပါ

ဒီအရွယ်က ကလေးငယ်တွေဟာ လူတွေနဲ့ မျက်နှာချင်းဆိုင် ဆက်ဆံခြင်း၊ ကစားခြင်းနဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင် စူးစမ်းလေ့လာခြင်းကနေ အကောင်းဆုံး သင်ယူကြပါတယ်။

━━━━━━━━━━━━━━━

👦 အသက် ၁ နှစ်မှ ၂ နှစ်အထိ — အလွန်ကန့်သတ်ပြီး မိဘနဲ့အတူ ကြည့်ပါ

𝗦𝗰𝗿𝗲𝗲𝗻 အသုံးပြုချိန်ကို တတ်နိုင်သမျှ လျှော့ချပေးပြီး အသုံးပြုမယ်ဆိုရင် အရည်အသွေးကောင်းတဲ့ ပညာရေးဆိုင်ရာ အကြောင်းအရာတွေကို မိဘနဲ့အတူ ကြည့်ပေးပါ။

📚 𝗦𝗰𝗿𝗲𝗲𝗻 ကြည့်ချိန်ထက် စကားပြောခြင်း၊ စာအုပ်ဖတ်ခြင်း၊ ကစားခြင်းနဲ့ လူတွေနဲ့ တိုက်ရိုက်ဆက်ဆံခြင်းကို ပိုဦးစားပေးသင့်ပါတယ်။

━━━━━━━━━━━━━━━

👧 အသက် ၂ နှစ်မှ ၅ နှစ်အထိ — တစ်နေ့လျှင် ၁ နာရီထက် မပိုစေပါနဲ့

အရည်အသွေးကောင်းပြီး အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ပညာရေးဆိုင်ရာ အကြောင်းအရာတွေကို ရွေးချယ်ပေးပါ။

💛 မိဘများအတွက် အကြံပြုချက်

ကလေးကို တစ်ယောက်တည်း ကြည့်ခိုင်းတာထက် အတူတူ ကြည့်ပေးပြီး—

💬 “ဒီပုံထဲမှာ ဘာတွေ့လဲ?”
💬 “ဒီဇာတ်ကောင်က ဘာလုပ်နေတာလဲ?”

စတဲ့ မေးခွန်းလေးတွေ မေးပေးပါ။

ဒီလို အတူတူကြည့်ပြီး ဆွေးနွေးပေးခြင်းက 𝗦𝗰𝗿𝗲𝗲𝗻 ပေါ်က အကြောင်းအရာတွေကို လက်တွေ့ဘဝနဲ့ ဆက်စပ်နားလည်လာဖို့ ကူညီပေးနိုင်ပါတယ်။

━━━━━━━━━━━━━━━

🧒 အသက် ၆ နှစ်နှင့်အထက် — မိသားစုနဲ့ ကိုက်ညီတဲ့ စည်းကမ်းတွေ သတ်မှတ်ပါ

အသက် ၆ နှစ်အထက် ကလေးတွေအတွက် အချိန်ကန့်သတ်ချက်တစ်ခုတည်းထက် 𝗦𝗰𝗿𝗲𝗲𝗻 အသုံးပြုပုံနဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုကို ပိုမိုဂရုစိုက်သင့်ပါတယ်။

━━━━━━━━━━━━━━━

𝗦𝗰𝗿𝗲𝗲𝗻 အသုံးပြုမှုကြောင့်—

• အိပ်စက်ချိန် မလျော့သွားစေဖို့
• ကိုယ်လက်လှုပ်ရှားမှု မနည်းသွားစေဖို့
• ကျောင်းစာနဲ့ မိသားစုအချိန် မထိခိုက်စေဖို့
• အပြင်ကစားခြင်းနဲ့ အခြားဝါသနာတွေကို မပျောက်ကွယ်စေဖို့

မိသားစုအလိုက် ရှင်းလင်းတဲ့ စည်းကမ်းလေးတွေ သတ်မှတ်ပေးပါ 🌱

━━━━━━━━━━━━━━━

💛 အိမ်မှာ စတင်လုပ်ဆောင်နိုင်တဲ့ ကျန်းမာတဲ့ 𝗦𝗰𝗿𝗲𝗲𝗻 အလေ့အထ (၃) ချက်

1️⃣ ထမင်းစားချိန်မှာ 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰 𝗗𝗲𝘃𝗶𝗰𝗲𝘀 တွေကို မသုံးပါနဲ့

မိသားစုအတူ ထမင်းစားချိန်မှာ တီဗီပိတ်ထားပြီး ဖုန်းနဲ့ တက်ဘလက်တွေကို ဘေးမှာထားပါ။

ဒီအချိန်ကို မိသားစုဝင်တွေအချင်းချင်း စကားပြောပြီး အချိန်ပေးဖို့ အသုံးပြုပါ။

━━━━━━━━━━━━━━━

2️⃣ အိပ်ခန်းကို 𝗦𝗰𝗿𝗲𝗲𝗻-𝗙𝗿𝗲𝗲 𝗭𝗼𝗻𝗲 အဖြစ် ထားပါ

အိပ်ချိန်မှာ ဖုန်း၊ တက်ဘလက်နဲ့ အခြား 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰 𝗗𝗲𝘃𝗶𝗰𝗲𝘀 တွေကို အိပ်ခန်းထဲ မထားဘဲ အပြင်မှာ အားသွင်းပေးပါ။

━━━━━━━━━━━━━━━

4️⃣ မအိပ်မီ အနည်းဆုံး ၁ နာရီအသုံးမပြုပါနဲ့

အိပ်ရာဝင်ချိန်မတိုင်ခင် 𝗦𝗰𝗿𝗲𝗲𝗻 တွေကို ပိတ်ပြီး စာအုပ်ဖတ်ခြင်း၊ ပုံပြင်ပြောခြင်း ဒါမှမဟုတ် အေးအေးဆေးဆေး စကားပြောခြင်းတို့ကို အစားထိုးလုပ်ဆောင်ပေးပါ 📖

𝗦𝗰𝗿𝗲𝗲𝗻 𝗧𝗶𝗺𝗲 ကို လုံးဝပိတ်ပင်ဖို့ထက် အချိန်၊ အကြောင်းအရာနဲ့ အသုံးပြုပုံကို မျှတအောင် စီမံပေးခြင်း က ပိုအရေးကြီးပါတယ်💛

━━━━━━━━━━━━━━━

💬 မေမေ၊ ဖေဖေတို့ရေ…

အိမ်မှာ သားသားမီးမီးတို့ရဲ့ 𝗦𝗰𝗿𝗲𝗲𝗻 𝗧𝗶𝗺𝗲 ကို ဘယ်လို စီမံပေးလေ့ရှိပါသလဲ?

🎓 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 – 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺

ကလေးတွေရဲ့ စွမ်းရည်ကို တိုးတက်စေမယ့် အကျိုးရှိပြီး အပြန်အလှန် သင်ယူနိုင်တဲ့ ပညာရေးပုံစံကို ရှာဖွေနေပါသလား?

𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ တိုက်ရိုက် 𝗢𝗻𝗹𝗶𝗻𝗲 𝗭𝗼𝗼𝗺 သင်တန်းများမှာ 𝗦𝗰𝗿𝗲𝗲𝗻 ကို ကြည့်ရှုရုံသက်သက် မဟုတ်ဘဲ—

🗣️ ဆရာ/ဆရာမများနဲ့ တိုက်ရိုက် စကားပြောခြင်း
🎵 သီချင်းဆိုခြင်း
📚 စာဖတ်ခြင်း
🙋‍♀️ မေးခွန်းဖြေခြင်း
👫 သူငယ်ချင်းများနဲ့ အပြန်အလှန် လေ့လာခြင်း

တို့ကို ပါဝင်လုပ်ဆောင်ရတဲ့ 𝗜𝗻𝘁𝗲𝗿𝗮𝗰𝘁𝗶𝘃𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 ပုံစံနဲ့ သင်ကြားပေးနေပါတယ်။

━━━━━━━━━━━━━━━

ဗဟုသုတများအပြင် ပညာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များ၊ သင့်တော်တဲ့ သင်တန်းများနဲ့ ပညာရေးအခွင့်အလမ်းတွေကို လက်မလွှတ်စေဖို့ အောက်က 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗙𝗼𝗹𝗹𝗼𝘄 & 𝗝𝗼𝗶𝗻 လုပ်ထားပေးပါနော်👇

🔗 𝗧𝗶𝗸𝗧𝗼𝗸 – tiktok.com/.links.educ

🔗 𝗘𝗺𝗮𝗶𝗹 – [email protected]

🔗 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – t.me/newlinkseduboard

🔗 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/share/1EH77PGEMq/




သားသားမီးမီးတို့ကို အိမ်မှာတင် စာဖတ်သွက်ပြီး ပိုမိုကျွမ်းကျင်လာစေဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၅) ချက် 📚💛မိဘတိုင်းက သားသား...
05/08/2026

သားသားမီးမီးတို့ကို အိမ်မှာတင် စာဖတ်သွက်ပြီး ပိုမိုကျွမ်းကျင်လာစေဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၅) ချက် 📚💛

မိဘတိုင်းက သားသားမီးမီးတို့ကို စာကို ချောချောမွေ့မွေ့၊ ယုံကြည်မှုရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ဖတ်နိုင်စေချင်ကြပါတယ်။ဒါပေမဲ့ စာဖတ်ချိန်ကို အကြာကြီးထားတာ၊ အတင်းအကျပ် ဖိအားပေးတာမျိုးက ကလေးတွေအတွက် စိတ်ပျက်စရာ ဖြစ်စေနိုင်ပါတယ်။

တကယ်တော့ စာဖတ်စွမ်းရည် တိုးတက်လာဖို့ အရေးကြီးတာက နေ့စဉ် ပုံမှန်လုပ်ပေးနိုင်တဲ့ သေးငယ်တဲ့ အလေ့အထလေးတွေပါပဲ 🌱

ဒီနေ့ကစပြီး အိမ်မှာတင် ကလေးရဲ့ စာဖတ်နှုန်းနဲ့ စာဖတ်ကျွမ်းကျင်မှုကို တိုးတက်စေဖို့ လွယ်ကူပြီး အသုံးဝင်တဲ့ နည်းလမ်း (၅) ချက်ကို ကြည့်လိုက်ရအောင်👇

━━━━━━━━━━━━━━━

1️⃣ နေ့စဉ် အတူတူ အသံထွက်ဖတ်ပေးပါ 🗣️

တစ်နေ့ကို ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် သားသားမီးမီးတို့နဲ့အတူ စာဖတ်ပေးပါ။မိဘက စကားလုံးတွေကို သေသေချာချာ အသံထွက်ဖတ်ပြပေးခြင်းက ကလေးတွေကို စာကြောင်းရဲ့ စီးဆင်းပုံ၊ ဖတ်နှုန်းနဲ့ မှန်ကန်တဲ့ အသံထွက်တွေကို သဘာဝကျကျ သင်ယူနိုင်စေပါတယ်။

━━━━━━━━━━━━━━━

2️⃣ လက်ညှိုးလေးနဲ့ လိုက်ထောက်ပြီး ဖတ်ပေးပါ 👇

စာဖတ်တဲ့အခါ စာကြောင်းတစ်ကြောင်းချင်းစီကို လက်ညှိုးလေးနဲ့ အသာအယာ လိုက်ထောက်ပြီး ဖတ်စေပါ။ဒီနည်းလမ်းက ကလေးရဲ့ အာရုံစူးစိုက်မှုကို အထောက်အကူပြုပြီး စာကြောင်းကျော်ဖတ်မိတာကို လျှော့ချပေးနိုင်ပါတယ်။ စကားလုံးတွေကို ပိုမိုလွယ်ကူစွာ မှတ်မိလာဖို့လည်း ကူညီပေးပါတယ်။

━━━━━━━━━━━━━━━

3️⃣ မကြာခဏတွေ့ရတဲ့ စကားလုံးတွေကို လေ့ကျင့်ပေးပါ (𝗦𝗶𝗴𝗵𝘁 𝗪𝗼𝗿𝗱𝘀) 🔖

“𝗧𝗵𝗲၊ 𝗮𝗻𝗱၊ 𝘄𝗮𝘀၊ 𝗯𝗲𝗰𝗮𝘂𝘀𝗲” စတဲ့ စကားလုံးတွေကို စာအုပ်တွေထဲမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ဒီလို စကားလုံးလေးတွေကို 𝗙𝗹𝗮𝘀𝗵𝗰𝗮𝗿𝗱𝘀 တွေ၊ စကားလုံးဂိမ်းလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ပေးပါ။စကားလုံးတွေကို မြင်တာနဲ့ ချက်ချင်း မှတ်မိလာတဲ့အခါ စာဖတ်ရတာ ပိုမိုသွက်လက်လာနိုင်ပါတယ်။

━━━━━━━━━━━━━━━

4️⃣ ကလေးကြိုက်တဲ့ စာအုပ်ကို ကိုယ်တိုင် ရွေးချယ်ခွင့်ပေးပါ 📖

ရုပ်ပြစာအုပ်၊ ရောင်စုံပုံပြင်စာအုပ် ဒါမှမဟုတ် ဒိုင်နိုဆောအကြောင်း ဗဟုသုတစာအုပ်ပဲဖြစ်ဖြစ် ကလေးစိတ်ဝင်စားတဲ့ အကြောင်းအရာကို ရွေးချယ်ခွင့်ပေးပါ။ကိုယ်တိုင်ရွေးချယ်ထားတဲ့ စာအုပ်ကို ဖတ်ရတဲ့အခါ ကလေးတွေက ပိုမိုစိတ်ဝင်စားပြီး တက်တက်ကြွကြွ ဖတ်ချင်စိတ် ဖြစ်လာနိုင်ပါတယ်။

━━━━━━━━━━━━━━━

5️⃣ “နောက်ထပ် ဘာဖြစ်မယ်လို့ ထင်သလဲ?” လို့ မေးပေးပါ 🛎️

စာဖတ်နှုန်းတစ်ခုတည်း မဟုတ်ဘဲ ဖတ်ထားတဲ့ အကြောင်းအရာကို နားလည်ဖို့လည်း အရေးကြီးပါတယ်။စာဖတ်နေစဉ် ခဏရပ်ပြီး—

💬 “ဒီဇာတ်ကောင်က အခု ဘာဆက်လုပ်မယ်လို့ ထင်လဲ?”

💬 “နောက်ထပ် ဘာဖြစ်လာနိုင်မလဲ?”

ဆိုတဲ့ မေးခွန်းလေးတွေ မေးပေးကြည့်ပါ။
ဒီလိုမေးပေးခြင်းက ကလေးရဲ့ တွေးခေါ်နိုင်စွမ်းကို အားပေးပြီး စာဖတ်ခြင်းကို ပိုမိုစိတ်ဝင်စားဖွယ်ကောင်းစေပါတယ် 🧠

━━━━━━━━━━━━━━━

အခုလိုဗဟုသုတများအပြင် ပညာရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ သင့်တော်တဲ့ သင်တန်းတွေကို လက်မလွှတ်စေဖို့ အောက်က 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗼𝗳𝗳𝗶𝗰𝗮𝗹 𝗰𝗵𝗮𝗻𝗻𝗲𝗹 လေးတွေကို 𝗳𝗼𝗹𝗹𝗼𝘄 & 𝗷𝗼𝗶𝗻 လေးလုပ်ထားပေးလို့ရပါတယ် 👇

🔗 𝗧𝗶𝗸𝘁𝗼𝗸 - tiktok.com/.links.educ

🔗 𝗘𝗺𝗮𝗶𝗹 - [email protected]

🔗 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/newlinkseduboard

🔗 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -https://www.facebook.com/share/1EH77PGEMq/

📩 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺 အကြောင်း အသေးစိတ်သိရှိလိုပါက 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗣𝗮𝗴𝗲 (သို့မဟုတ်) +959 666 553 616 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။



သားသားမီးမီးတို့ စာအုပ်စဖတ်တော့မယ်ဆိုရင် မိဘတွေ ဘာတွေ ကြိုသိထားသင့်လဲ❓ 🧠✨သားသားမီးမီးတို့ စာအုပ်လေးကို ကိုင်ပြီး စကားလုံ...
04/08/2026

သားသားမီးမီးတို့ စာအုပ်စဖတ်တော့မယ်ဆိုရင် မိဘတွေ ဘာတွေ ကြိုသိထားသင့်လဲ❓ 🧠✨

သားသားမီးမီးတို့ စာအုပ်လေးကို ကိုင်ပြီး စကားလုံးတွေ စတင်ဖတ်ပြလာတဲ့ အချိန်ဟာ မိဘတိုင်းအတွက် ဝမ်းသာကြည်နူးစရာ အခိုက်အတန့်လေးတစ်ခုပါပဲ 💛

ဒါပေမဲ့ ကလေးတွေ စာဖတ်တတ်လာဖို့ဆိုတာ စာလုံးတွေကို မှတ်မိရုံနဲ့ မပြီးပါဘူး။ အသံတွေကို နားထောင်ခြင်းကနေ စတင်ပြီး အက္ခရာတွေ၊ စကားလုံးတွေ၊ စာကြောင်းတွေရဲ့ အဓိပ္ပာယ်ကို တစ်ဆင့်ချင်း နားလည်လာရတဲ့ သင်ယူမှုခရီးတစ်ခု ဖြစ်ပါတယ် 📖🌱

ဒါကြောင့် မိဘတွေအနေနဲ့ ကလေးရဲ့ စာဖတ်သင်ယူမှု အဆင့်တွေကို နားလည်ထားရင် ဖိအားမပေးဘဲ၊ သားသားမီးမီးတို့ရဲ့ သင်ယူနှုန်းနဲ့ ကိုက်ညီအောင် ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်မှာပါ ✨

အခုတော့ ကလေးတွေ စာဖတ်တတ်လာဖို့ ဖြတ်သန်းရတဲ့ အဓိက အဆင့် (၄) ဆင့်ကို အတူတူ ကြည့်လိုက်ရအောင်နော် 👇

━━━━━━━━━━━━━━━

1️⃣ အသံများကို သတိပြုမိခြင်း (𝗣𝗵𝗼𝗻𝗲𝗺𝗶𝗰 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀) 👂

စာလုံးတွေကို မဖတ်ခင်မှာ ကလေးတွေဟာ အသံတွေကို နားထောင်ရင်း စတင်လေ့လာကြပါတယ်။

စကားလုံးတစ်လုံးမှာ ပါဝင်တဲ့ အသံတွေ၊ ကာရန်တူတဲ့ အသံပုံစံတွေ၊ အသံတစ်ခုချင်းစီ ဘယ်လိုပေါင်းစပ်ထားသလဲဆိုတာကို တဖြည်းဖြည်း သတိပြုမိလာကြပါတယ်။

💡 မိဘများအတွက် အကြံပြုချက်

ကလေးနဲ့အတူ စကားလုံးဂိမ်းလေးတွေ ကစားပေးပါ။ ကလေးသီချင်း၊ ကဗျာလေးတွေ ရွတ်ဆိုပေးပြီး နေ့စဉ်တွေ့ရတဲ့ ပစ္စည်းတွေရဲ့ အစအသံကိုလည်း အလေးပေး ပြောပြပေးနိုင်ပါတယ်။

ဥပမာ — “𝗕𝗮𝗹𝗹” က /𝗯/ အသံနဲ့ စတင်တယ်

━━━━━━━━━━━━━━━

2️⃣ အသံနဲ့ အက္ခရာတွေကို ဆက်စပ်သင်ယူခြင်း (𝗣𝗵𝗼𝗻𝗶𝗰𝘀) 🔤

အသံတွေကို နားလည်လာတဲ့အခါ ကလေးတွေဟာ အဲဒီအသံတွေကို သက်ဆိုင်ရာ အက္ခရာတွေနဲ့ တွဲဖက်သင်ယူကြပါတယ်။

ဥပမာ — 𝗔 က /æ/ အသံ၊ 𝗕 က /𝗯/ အသံ ထွက်တယ်ဆိုတာကို နားလည်လာခြင်းပါ။

ဒီအဆင့်က စကားလုံးတွေကို အသံပေါင်းဖတ်တတ်လာဖို့ အရေးကြီးတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ် 🌱

💡 မိဘများအတွက် အကြံပြုချက်

ပုံပြင်စာအုပ်တွေ၊ မုန့်ဗူးတွေ၊ ဆိုင်းဘုတ်တွေမှာ ပါတဲ့ အက္ခရာလေးတွေကို ကလေးနဲ့အတူ ရှာဖွေကြည့်ပေးပါ။

━━━━━━━━━━━━━━━

3️⃣ စကားလုံးတွေကို မှတ်မိပြီး စာဖတ်သွက်လာခြင်း (𝗪𝗼𝗿𝗱 𝗥𝗲𝗰𝗼𝗴𝗻𝗶𝘁𝗶𝗼𝗻 & 𝗙𝗹𝘂𝗲𝗻𝗰𝘆) 🚀

လေ့ကျင့်မှုများလာတာနဲ့အမျှ ကလေးတွေဟာ စာလုံးတစ်လုံးချင်းစီကို အသံပေါင်းဖတ်နေစရာမလိုဘဲ မကြာခဏတွေ့ရတဲ့ စကားလုံးတွေကို မြင်တာနဲ့ မှတ်မိလာကြပါတယ်။

ဒီလိုနဲ့ စာဖတ်နှုန်းက ပိုမိုသွက်လက်လာပြီး သဘာဝကျကျ ဖတ်တတ်လာပါတယ် 📖✨

💡 မိဘများအတွက် အကြံပြုချက်

ကလေးနဲ့အတူ တစ်နေ့ကို ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ပုံမှန်စာဖတ်ပေးပါ။ နေ့စဉ် အနည်းငယ်စီ လေ့ကျင့်ပေးခြင်းက ကလေးရဲ့ စာဖတ်စွမ်းရည်နဲ့ ယုံကြည်မှုကို တဖြည်းဖြည်း တိုးတက်လာစေပါတယ် 💛

━━━━━━━━━━━━━━━

4️⃣ စာရဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခြင်း (𝗥𝗲𝗮𝗱𝗶𝗻𝗴 𝗖𝗼𝗺𝗽𝗿𝗲𝗵𝗲𝗻𝘀𝗶𝗼𝗻) 💡

စာဖတ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က စာလုံးတွေကို ဖတ်နိုင်ဖို့တင် မဟုတ်ဘဲ၊ ဖတ်လိုက်တဲ့ အကြောင်းအရာကို နားလည်ပြီး ကိုယ်ပိုင်အတွေးအမြင်နဲ့ ဆက်စပ်စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။

စာဖတ်ခြင်း ပိုမိုသွက်လက်လာတာနဲ့အမျှ ကလေးတွေဟာ ပုံပြင်ရဲ့ အဓိပ္ပာယ်ကို နားလည်ခြင်း၊ မေးခွန်းတွေ မေးခြင်းနဲ့ နောက်ထပ် ဘာဖြစ်နိုင်မလဲဆိုတာ တွေးခေါ်ခြင်းတို့ကို ပိုမိုလုပ်ဆောင်လာနိုင်ပါတယ် 🧠✨

💡 မိဘများအတွက် အကြံပြုချက်

စာဖတ်ပြီးနောက်—

💬 “ဒီဇာတ်ကောင်က ဘာလို့ ဒီလိုလုပ်ခဲ့တာလို့ ထင်လဲ?”
💬 “နောက်ထပ် ဘာဖြစ်မယ်လို့ ထင်လဲ?”
💬 “ဒီပုံပြင်ထဲက ဘာကို အကြိုက်ဆုံးလဲ?”

စတဲ့ ပွင့်လင်းမေးခွန်းလေးတွေ မေးပေးပါ။ ဒီလိုမေးပေးခြင်းက ကလေးရဲ့ နားလည်နိုင်စွမ်းနဲ့ တွေးခေါ်နိုင်စွမ်းကို ပိုမိုဖွံ့ဖြိုးလာစေပါတယ် 💡

━━━━━━━━━━━━━━━

🎓 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 – 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺

ကလေးတွေအတွက် အင်္ဂလိပ်စာကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ဝင်စားစွာ သင်ယူနိုင်မယ့် သင်တန်းကို ရှာဖွေနေပါသလား?

𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺 မှာ—

✨ ပျော်စရာကောင်းတဲ့ 𝗣𝗵𝗼𝗻𝗶𝗰𝘀 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀
📚 အသက်အရွယ်နဲ့ ကိုက်ညီတဲ့ 𝗦𝘁𝗼𝗿𝘆𝘁𝗲𝗹𝗹𝗶𝗻𝗴 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀
🗣️ 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 & 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗮𝗰𝘁𝗶𝗰𝗲
🎨 ကလေးများ စိတ်ဝင်စားစေမယ့် 𝗜𝗻𝘁𝗲𝗿𝗮𝗰𝘁𝗶𝘃𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴
👩‍🏫 ဂရုစိုက်လမ်းညွှန်ပေးတဲ့ ဆရာ/ဆရာမများ

တို့မှတစ်ဆင့် ကလေးတွေရဲ့ 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၊ စာဖတ်စွမ်းရည်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တစ်ဆင့်ချင်း တည်ဆောက်ပေးနေပါတယ် 🌱💫

━━━━━━━━━━━━━━━

ဗဟုသုတများအပြင် ပညာရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ သင့်တော်တဲ့ သင်တန်းတွေကို လက်မလွှတ်စေဖို့ အောက်က 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ 𝗼𝗳𝗳𝗶𝗰𝗮𝗹 𝗰𝗵𝗮𝗻𝗻𝗲𝗹 လေးတွေကို 𝗳𝗼𝗹𝗹𝗼𝘄 & 𝗷𝗼𝗶𝗻 လေးလုပ်ထားပေးလို့ရပါတယ် 👇

🔗 𝗧𝗶𝗸𝘁𝗼𝗸 - tiktok.com/.links.educ

🔗 𝗘𝗺𝗮𝗶𝗹 – [email protected]

🔗 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/newlinkseduboard

🔗 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -https://www.facebook.com/share/1EH77PGEMq/

📩 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺 အကြောင်း အသေးစိတ်သိရှိလိုပါက 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗣𝗮𝗴𝗲 (သို့မဟုတ်) +959 666 553 616 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။




‎🌕  မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေရှင့်🙏‎‎ဝါဆိုလပြည့်နေ့ အခါသမယတွင် လူကြီးမင်းတို့နှင့် မိသားစုဝင်အားလုံး ကိုယ်စိ...
29/07/2026

‎🌕 မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေရှင့်🙏
‎
‎ဝါဆိုလပြည့်နေ့ အခါသမယတွင် လူကြီးမင်းတို့နှင့် မိသားစုဝင်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စိတ်ချမ်းမြေ့ကာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း 𝐍𝐞𝐰 𝐋𝐢𝐧𝐤𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🏻✨








‎

📢 WE'RE HIRING!မကြာခင်ဖွင့်လှစ်တော့မယ့် New Links Education Team နဲ့ လက်တွဲလုပ်ဖို့ Online English Teachers များကို ဖိတ်...
26/07/2026

📢 WE'RE HIRING!

မကြာခင်ဖွင့်လှစ်တော့မယ့် New Links Education Team နဲ့ လက်တွဲလုပ်ဖို့ Online English Teachers များကို ဖိတ်ခေါ်ပါတယ် 💙

📍 လျှောက်ထားနိုင်မယ့် Positions များ

1)🔵Jolly / Oxford Phonics Teacher
2)🔵Young Learners English Teacher (Starters, Movers & Flyers)
3)🔵 Cambridge English Teacher (KET, PET & FCE)
4)🔵 YL Mathematics Teacher
5)🔵 Placement Test Advisors ( Flexible Time )

______________________

📍 Requirements

🔵 BA, MA ဘွဲ့တခုခုရရှိထားသူများ ( တက္ကသိုလ်တက်ရောက်နေဆဲသူများလဲ လျှောက်ထားနိုင်ပါတယ် )
🔵 Teaching Certificate ရှိထားသူများ (TESOL, TEFL, CELTA, TKT, Jolly Phonics Training, or Other Relevant Certifications )
🔵 English Pronunciation ကောင်းမွန်ပြီး E to E သင်ကြားပေးနိုင်သူများ
🔵 ကျောင်း / ကလေးနှင့် မိဘများကြား Effective Communication Skills ကောင်းမွန်သူများ
🔵 Teaching Experiences ရှိထားသူများ
🔵 Teaching Technology Aids တွေကောင်းစွာ အသုံးပြုနိုင်သူများ ( Zoom and Google Workspace, Docs, PPT, Canvas etc. )
🔵 စာသင်ဖို့ Laptop/ Tablet နှင့်တကွ Stable Internet Connection ရှိထားသူများ
🔵 ကျောင်းသားတွေရဲ့ Levels & Goals ပေါ်မူတည်ပြီး Lesson Plans ရေးဆွဲပြင်ဆင်နိုင်သူများ

__________

📍 Work Mode ( Work From Home )

🔹Online (Zoom / Telegram )
🔹Part Time Job
🔹Weekdays တွေမှာ 6-9 Pm ကြားအချိန်အားလပ်သူ
🔹Weekends ဆိုရင် 9 Am -8 Pm ကြားအချိန်အားလပ်သူ

__________

🔸 Supportive & Working Environment နှင့် အလုပ်တွဲလုပ်နိုင်ပြီး
🔸Experience များစွာ မရှိသေးပါကလဲ ကျောင်းဘက်က Training ပေးသွားမှာဖြစ်ပါတယ်

__________

📩 How to Apply
1️⃣ Updated CV/Resume
2️⃣ Self-introduction Video or A 3–5 Minute Teaching Demonstration Video
3️⃣ Copies of Academic Transcripts and Any other Teaching / English Certificates

🔴 Email Subject မှာ ကိုယ်လျှောက်ထားမယ့် Positions ကို သေချာဖော်ပြပြီး Expected Salary Rate လေး ထည့်ရေးပေးဖို့ အရေးကြီးပါတယ်

ဒီအချက်တွေ ပြည့်စုံပါက New Links Education ရဲ့ Official Email
📧 [email protected] သို့ ပေးပို့လျှောက်ထားပေးနိုင်ပါတယ်

Responsible, Punctual, and Well-organized ဖြစ်ပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သော ဆရာ/ဆရာမများကို အထူးဖိတ်ခေါ်ပါတယ်🥰








🎉 𝗚𝗥𝗔𝗡𝗗 𝗢𝗣𝗘𝗡𝗜𝗡𝗚 🎉𝗪𝗲𝗹𝗰𝗼𝗺𝗲 𝘁𝗼 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 !ယနေ့ဟာ 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 အတွက် အလွန်အဓိပ္ပာယ်ရှိတဲ့ နေ့လေးတစ်နေ့ပါ💙💛က...
25/07/2026

🎉 𝗚𝗥𝗔𝗡𝗗 𝗢𝗣𝗘𝗡𝗜𝗡𝗚 🎉

𝗪𝗲𝗹𝗰𝗼𝗺𝗲 𝘁𝗼 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 !

ယနေ့ဟာ 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 အတွက် အလွန်အဓိပ္ပာယ်ရှိတဲ့ နေ့လေးတစ်နေ့ပါ💙💛

ကျွန်တော်တို့ရဲ့ 𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗢𝗻𝗹𝗶𝗻𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗖𝗲𝗻𝘁𝗿𝗲 ကို
𝗝𝘂𝗹𝘆 𝟮𝟱, 𝟮𝟬𝟮𝟲 ( 𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆 )မှာ တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ် 🥳

𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻က ကလေးများအတွက် ပျော်ရွှင်စွာ သင်ယူနိုင်ပြီး ယုံကြည်မှုရှိရှိ English အသုံးပြုနိုင်စေမယ့် Learning Environment တစ်ခုကို ဖန်တီးပေးသွားမှာပါ🥰

👧 အသက် (၄) နှစ်မှ (၁၈) နှစ်ထိကလေးငယ်များ
🌍 ဘယ်နိုင်ငံကနေမဆို Zoom မှတစ်ဆင့် တက်ရောက်နိုင်မှာပါရှင့်🥰

"𝗘𝗻𝗴𝗹𝗶𝘀𝗵 ကို စာမေးပွဲအတွက်သာ မဟုတ်ဘဲ၊ ယုံကြည်မှုရှိရှိ ပြောနိုင်၊ နားလည်နိုင်၊ အသုံးချနိုင်တဲ့ 𝗦𝗸𝗶𝗹𝗹 တစ်ခုဖြစ်လာစေဖို့" ရည်ရွယ်ထားပါတယ်

''𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻''

သင်တန်းအကြောင်းအသေးစိတ်ကို :
𝗡𝗲𝘄 𝗟𝗶𝗻𝗸𝘀 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 သို့မဟုတ်
☎️ +𝟵𝟱𝟵 𝟲𝟲𝟲 𝟱𝟱𝟯 𝟲𝟭𝟲 (𝗩𝗶𝗯𝗲𝗿 / 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺)
မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။








Address

Yangon

Alerts

Be the first to know and let us send you an email when New Links Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share