𝐈𝐋𝐒 𝐆𝐞𝐫𝐦𝐚𝐧𝐲

𝐈𝐋𝐒 𝐆𝐞𝐫𝐦𝐚𝐧𝐲

Share

Your gateway to world-class education in Germany 🇩🇪

12/05/2026

Public ကျောင်းမှ ပိုကောင်းတာလား? Private ကျောင်းကရော တက်ရတာ တန်ရဲ့လား? ဘယ်လမ်းကြောင်းက ကိုယ့်အတွက် အမှန်ကန်ဆုံးဖြစ်မလဲ အတူတူ ကြည့်ရအောင်!" 🏫

ဂျာမနီမှာ ကျောင်းတက်ဖို့ ပြင်ဆင်တော့မယ်ဆိုရင် Public နဲ့ Private ကြားမှာ ဘယ်ဟာရွေးရမလဲဆိုတာ တကယ့်ကို ခေါင်းစားရတဲ့ ကိစ္စတစ်ခုပါပဲ။ တစ်ခုချင်းစီမှာ သူ့အားသာချက်နဲ့သူ ရှိနေတာမို့ ဘယ်ဟာကကိုယ့်အတွက် ပိုအကိုက်ညီဆုံး ဖြစ်မလဲ?

🏫 Public University

🌟Tuition Fee အခမဲ့ဖြစ်ပြီး Semester Fee (ယူရို ၃၀၀ ဝန်းကျင်) သာ ပေးဆောင်ရပါမယ်။

🌟ဂျာမန်လိုသင်တဲ့ Program တွေအပြင် 100% English Taught Programs တွေလည်း အစုံအလင်ရှိပါတယ်။

🌟ကျောင်းသားဦးရေ ကန့်သတ်ချက်ရှိတာကြောင့် ဝင်ခွင့်ပြိုင်ဆိုင်မှု ပြင်းထန်တတ်ပါတယ်။

🌟ကျောင်းစာ Grade ကောင်းပြီး ဂျာမန်စာအတွက် အချိန်ပေးနိုင်သူတွေ၊ ဘတ်ဂျက်ကို အတတ်နိုင်ဆုံး ချွေတာချင်သူတွေအတွက်ပါ။

🏫 Private University

🌟ဝင်ခွင့် (Admission) ရဖို့ ပိုလွယ်ပြီး ပိုမြန်ပါတယ်။ အင်္ဂလိပ်စာနဲ့ တိုက်ရိုက်တက်လို့ရတဲ့ ဘာသာရပ်တွေ များတာကြောင့် ဂျာမန်စာအတွက် အချိန်အကြာကြီး စောင့်စရာမလိုပါဘူး။

🌟ကျောင်းလခ နည်းနည်းပေးရပါမယ်။ ဒါပေမဲ့ ကျောင်းသားဦးရေ နည်းလို့ ဆရာတွေနဲ့ အနီးကပ်ရှိပြီး အလုပ်အကိုင်လမ်းကြောင်းအတွက် ပိုပြီး ဝန်ဆောင်မှုပေးနိုင်ပါတယ်။

🌟အချိန်ကုန်သက်သာချင်သူတွေ၊ မြန်မြန်ဆန်ဆန် ကျောင်းတက်ပြီး အလုပ်ခွင်ထဲ ဝင်ချင်သူတွေအတွက်ပါ။

Public တက်တာက "ငွေ" ကို ချွေတာတာဖြစ်ပြီး၊ Private တက်တာက "အချိန်" ကို ချွေတာတာပါ။ ဒီနှစ်ခုမှာ ကိုယ့်အတွက် ဘယ်အရာက ပိုတန်ဖိုးရှိလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။
လမ်းကြောင်းဝေခွဲမရဖြစ်နေရင် ILS Germany မှာ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးပြီး ကိုယ့် Profile နဲ့ အကိုက်ညီဆုံး Roadmap ကို အတူတူ ဆွဲကြည့်လိုက်ရအောင်! 🤗

အသေးစိတ်ကို သိရှိလိုပါက Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ🙌🏼
📞 Thai Phone Number - 0986674104
📍 Thailand Address - 7th Floor, Wannasorn Building, Phayathai Road, Ratchathewi, Bangkok.
📞 Myanmar Phone Number - 09786029908
📍 Myanmar Office Address - 9th Floor, Office Tower 1, Times City, Kamayut, Yangon.
📩 Mail - [email protected]

06/05/2026

"ကျောင်းပြီးရင် အလုပ်ရဖို့လွယ်လား? Ranking မြင့်မှ စိတ်ချရမယ်ဆိုတဲ့ အယူအဆက တကယ်ရော မှန်ရဲ့လား?" 🧐💼

ဂျာမနီမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ မိဘတွေနဲ့ ကျောင်းသားတွေ အမေးအများဆုံး မေးခွန်းတစ်ခုက "ဘယ်ကျောင်းက Ranking ပိုမြင့်လဲ?" ၊ "နာမည်ကြီးကျောင်းမှ အလုပ်ရမှာလား?" ဆိုတာပါပဲ။

တကယ်တော့ ဂျာမနီရဲ့ အလုပ်အကိုင်စျေးကွက်က တခြားနိုင်ငံတွေနဲ့ မတူတဲ့ Reality တစ်ခု ရှိနေပါတယ်နော်။

✅ 1.Quality အဆင့်တူပဲ

ဂျာမနီက အစိုးရတက္ကသိုလ် (Public University) တိုင်းဟာ အစိုးရရဲ့ တင်းကျပ်တဲ့ အရည်အသွေးစစ်ဆေးမှုအောက်မှာ ရှိတာပါ။ ဒါကြောင့် ဘယ်မြို့ကကျောင်းပဲတက်တက် သင်ကြားရေးစနစ်နဲ့ ရရှိမယ့်ဘွဲ့ရဲ့ တန်ဖိုးက အတူတူပါပဲ။ ဂျာမနီမှာ "နာမည်ကြီးကျောင်း" ဆိုတာထက် "ကိုယ့်ဘာသာရပ်မှာ ကျွမ်းကျင်တဲ့ကျောင်း" ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

✅ 2. အလုပ်ရှင်တွေက ဘာကို အဓိကကြည့်တာလဲ?

ဂျာမနီက ကုမ္ပဏီကြီးတွေဟာ Ranking နံပါတ်ကိုကြည့်ပြီး အလုပ်ခန့်တာမျိုး မဟုတ်ပါဘူး။ သူတို့ အလေးထားတာက...

Practical Skills

ကိုယ်တကယ် ဘာတွေလုပ်တတ်သလဲ?

Language

လုပ်ငန်းခွင်ထဲမှာ ရေရေလည်လည် ဆက်သွယ်ပြောဆိုနိုင်သလား?

Internship

ကျောင်းတက်နေစဉ်အတွင်း လုပ်ငန်းခွင်အတွေ့အကြုံ ဘယ်လောက်ရှိသလဲ? ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

✅ 3.နေရာဒေသရဲ့ အားသာချက်

Ranking မြင့်တဲ့ကျောင်းကို လိုက်ရှာနေတာထက် ကိုယ်တက်မယ့် ဘာသာရပ်နဲ့ဆိုင်တဲ့ ကုမ္ပဏီကြီးတွေပေါတဲ့ မြို့ကို ရွေးချယ်တာက ကျောင်းပြီးရင် အလုပ်ရဖို့ ပိုလွယ်ကူစေပါတယ်။

"ဂျာမနီမှာ အောင်မြင်ဖို့က တက်တဲ့ကျောင်း Ranking ကောင်းဖို့ထက် လမ်းကြောင်းမှန်ဖို့နဲ့ ကိုယ့်ရဲ့ အရည်အချင်း (Skill) ရှိဖို့က ပိုအရေးကြီးပါတယ်!"

ကိုယ့်ရဲ့ Profile နဲ့ဆိုရင် ဘယ်လိုကျောင်းမျိုး၊ ဘယ်လိုမြို့မျိုးက အလုပ်အကိုင် အခွင့်အလမ်း အများဆုံးဖြစ်မလဲဆိုတာ ILS Germany မှာ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးလိုက်ပါနော်။ 🤗

အသေးစိတ်ကို သိရှိလိုပါက Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ🙌🏼

📞 Thai Phone Number - 0986674104

📍 Thailand Address - 7th Floor, Wannasorn Building, Phayathai Road, Ratchathewi, Bangkok.

📞 Myanmar Phone Number - 09786029908

📍 Myanmar Office Address - 9th Floor, Office Tower 1, Times City, Kamayut, Yangon.

📩 Mail - [email protected]

04/05/2026

"ဂျာမနီသွားမယ်ဆိုရင်... ဘာလင် (Berlin) က ပိုမိုက်မလား? မြူးနစ် (Munich) က ပိုအဆင်ပြေမလား?"✨

ဂျာမနီမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ မြို့ရွေးရတာဟာ ကျောင်းရွေးရတာထက်တောင် ပိုခေါင်းစားတတ်ကြပါတယ်နော်။ အထူးသဖြင့် နာမည်ကြီး မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဘာလင် နဲ့ မြူးနစ် ကြားမှာ ဘယ်မြို့က ကိုယ့်အတွက် ပိုအကိုက်ညီဆုံး ဖြစ်မလဲ?

Berlin - "The Creative Capital"

🌟Vibe

အရမ်းကို လွတ်လပ်ပြီး ပွင့်လင်းတဲ့ မြို့ကြီးပါ။ နိုင်ငံတကာက ကျောင်းသားတွေ အများဆုံးရှိသလို Startup ကုမ္ပဏီတွေလည်း ပေါတာမို့ IT နဲ့ Digital Media သမားတွေအတွက် အခွင့်အလမ်း အများကြီး ရှိပါတယ်။

🌟နေထိုင်စရိတ်

မြူးနစ်နဲ့ ယှဉ်ရင် အဆောင်ခနဲ့ စားစရိတ်က နည်းနည်းလေး ပိုသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အဆောင်ရှာရတာတော့ တော်တော်လေး စိန်ခေါ်မှု ရှိပါတယ်နော်။

🌟Language

ဘာလင်မှာက အင်္ဂလိပ်လို ပြောနိုင်သူ အရမ်းများလို့ အစပိုင်းမှာ ဂျာမန်စာ အားနည်းသေးရင်တောင် နေရထိုင်ရတာ အဆင်ပြေပါတယ်။

Munich - "The Economic Hub"

🌟Vibe

အရမ်းကို သန့်ရှင်းသပ်ရပ်တဲ့ မြို့ပါ။ BMW, Siemens လိုမျိုး ကမ္ဘာကျော် ကုမ္ပဏီကြီးတွေရဲ့ ရုံးချုပ်တွေရှိတာမို့ Engineering နဲ့ Business သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းက ထိပ်တန်းပါပဲ။

🌟နေထိုင်စရိတ်

ဂျာမနီမှာ နေထိုင်စရိတ် အကြီးဆုံးမြို့လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ Part-time အလုပ်တွေမှာ ရနိုင်တဲ့ လုပ်အားခကလည်း တခြားမြို့တွေထက် ပိုများတတ်ပါတယ်။

🌟Lifestyle

ပတ်ဝန်းကျင် အလှအပကို ကြိုက်တယ်၊ ပိုပြီး Safe ဖြစ်တဲ့ ခံစားချက်မျိုးကို လိုချင်တယ်ဆိုရင်တော့ မြူးနစ်က နံပါတ် (၁) ပါပဲ။

ဘယ်မြို့က ပိုကောင်းလဲဆိုတာထက် "ကိုယ့်ရဲ့ Profile နဲ့ ဘယ်မြို့က ပိုကိုက်ညီမလဲ" ဆိုတာက ပိုအရေးကြီးပါတယ်။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ဝါသနာ၊ တက်မယ့်ဘာသာရပ်နဲ့ Budget အပေါ်မူတည်ပြီး အကိုက်ညီဆုံးမြို့ကို ILS Germany က သေချာလေး တိုင်ပင်ရွေးချယ်ပေးနေပါတယ်နော်။

🌟 ဂျာမနီရဲ့ ဘယ်မြို့မှာ ကျောင်းတက်ချင်လဲ? Comment မှာ ရေးခဲ့ပါဦး။ အကိုက်ညီဆုံး လမ်းကြောင်းကို အတူတူ ရှာဖွေကြည့်ရအောင်!

အသေးစိတ်ကို သိရှိလိုပါက Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ🙌🏼

📞 Thai Phone Number - 0986674104

📍 Thailand Address - 7th Floor, Wannasorn Building, Phayathai Road, Ratchathewi, Bangkok.

📞 Myanmar Phone Number - 09786029908

📍 Myanmar Office Address - 9th Floor, Office Tower 1, Times City, Kamayut, Yangon.

📩 Mail - [email protected]

01/05/2026

ဂျာမနီနိုင်ငံမှာ ကျောင်းတက်ရင်း ဝင်ငွေရှာနိုင်တဲ့ Ausbildung Program တက်မယ်ဆို ILS က အကောင်းဆုံး ကူညီပေးပါရစေနော်။

✨ Ausbildung နဲ့ဆိုရင်
❖ Healthcare & Nursing
❖ Hospitality, Tourism & Culinary
❖ Technical & Engineering
❖ Business & Office Administration
❖ Construction, Manufacturing & Skilled Trades ပညာရပ်တွေကို

⏳ ၃ နှစ် ကြာ ဒီပလိုမာတက်ရင်း စာတွေ့ + လက်တွေ့ အလုပ်လုပ်ပြီး လစဉ်ဝင်ငွေရှာနိုင်မှာ ဖြစ်ပါတယ်။

🌟 Ausbildung Program ကို လျှောက်ထားဖို့ German Language Proficiency B1 Level လိုအပ်ပြီး ပညာအရည်အချင်းကတော့ အထက်တန်းအောင်ပြီးတာနဲ့ လျှောက်ထားနိုင်ပါတယ်နော်။

✨ Ausbildung ကို စိတ်ဝင်စားတဲ့ကျောင်းသားလူငယ်တွေအတွက် ILS Germany ဒီ Program နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိတ်ရှင်းပြပေးပြီး လျှောက်ထားလိုသူတွေအတွက် Visa Reject မရှိသလောက်နည်းအောင် ပြင်ဆင်လျှောက်ထားပေးပါတယ်။

ကျောင်းကိစ္စ၊ Visa ကိစ္စ၊ ဘာသာစကားကိစ္စ စိတ်ပူဖို့မလိုအောင် German Language ကို အချိန်တိုအတွင်း B1, B2 Level အထိရောက်အောင် သင်ကြားနိုင်တဲ့ သင်တန်းတွေနဲ့ပါ ချိတ်ဆက်ပေးပြီး အင်တာဗျူး💯 အောင်မြင်ဖို့အတွက်ပါ သေချာ စနစ်တကျ ပြင်ဆင်လေ့ကျင့်ပေးတာဖြစ်လို့

🎓 ဂျာမနီနိုင်ငံမှာ Ausbildung တက်မယ်ဆိုရင် ILS Germany မှာပဲ လာရောက်စုံစမ်းတိုင်ပင်လိုက်ပါ။

📞 Thai Phone Number - 0986674104

📍Thailand Address - 7th Floor, Wannasorn Building, Phayathai Road, Ratchathewi, Bangkok.

📞 Myanmar Phone Number - 09786029908

📍Myanmar Office Address - 9th Floor, Office Tower 1, Times City, Kamayut, Yangon.

Mail - [email protected]

01/05/2026

"ကိုယ့်ရဲ့ အိပ်မက်တွေအတွက် နေ့စဉ်မမောမပန်း ကြိုးစားနေကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်" 🛠️✨

ဘဝတစ်ခု တိုးတက်ဖို့အတွက် အခြေခံအကျဆုံးနဲ့ အမွန်မြတ်ဆုံးအရာဟာ "ကြိုးစားအားထုတ်မှု" ပဲ ဖြစ်ပါတယ်။ 🌸

မိသားစုအတွက်ဖြစ်စေ၊ ကိုယ့်ရဲ့ အနာဂတ် ရည်မှန်းချက်တွေအတွက်ဖြစ်စေ နေ့စဉ်မမောမပန်းဘဲ တာဝန်ကျေပွန်စွာ လုပ်ကိုင်နေကြသူတိုင်းဟာ တကယ်ကို လေးစားဖို့ကောင်းတဲ့သူတွေပါပဲ။ 👏✨

အထူးသဖြင့် ဂျာမနီမှာ ပညာသင်ဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့အတွက် လက်ရှိအလုပ်တွေကြားထဲကနေ အချိန်လုပြီး ကြိုးစားပြင်ဆင်နေကြသူတွေရဲ့ စိတ်ဓာတ်ကို ILS Germany မှ အသိအမှတ်ပြု ဂုဏ်ပြုလိုက်ပါတယ်။ 🇩🇪🎓

ဒီနေ့လို အလုပ်သမားနေ့မှာ...
ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်ပြီး အားသစ်အင်သစ်တွေ ပြည့်ဝပါစေ။ စိုက်ထုတ်လိုက်တဲ့ အင်အားတိုင်းဟာလည်း အောင်မြင်မှုအသီးအပွင့်တွေအဖြစ် အမြန်ဆုံး ပြောင်းလဲနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။ 🙏💛

30/04/2026

"ဂျာမနီမှာ ပညာသင်ဖို့ စဉ်းစားနေပြီဆိုရင်... ဘယ်လမ်းကြောင်းက ကိုယ့်အတွက် အကိုက်ညီဆုံး ဖြစ်မလဲ?" ✨

ဂျာမနီနိုင်ငံဟာ အရည်အသွေးမြင့် ပညာရေးစနစ်ကြောင့် ကမ္ဘာ့ထိပ်တန်းမှာ ရှိနေတာပါ။ ဒါပေမဲ့ ရွေးချယ်စရာ လမ်းကြောင်းတွေ များလွန်းလို့ ဘယ်ကစရမလဲ ဝေခွဲမရဖြစ်နေတဲ့ ကျောင်းသားတွေနဲ့ မိဘတွေအတွက် ILS Germany ကနေ အဓိက လမ်းကြောင်း (၃) ခုကို ရှင်းပြပေးချင်ပါတယ်နော်။

🏫Public University
ဒါကတော့ ဂျာမနီရဲ့ အကောင်းဆုံးနဲ့ ဂုဏ်အရှိဆုံး လမ်းကြောင်းပါပဲ။တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ World-class တက္ကသိုလ်တွေဖြစ်လို့ ရရှိမယ့်ဘွဲ့ဟာ ခိုင်မာတဲ့ Career အတွက် အကောင်းဆုံး အာမခံချက်ပါပဲ။ကျောင်းလခ လုံးဝပေးစရာမလိုတာကြောင့် ဘတ်ဂျက်ကို အထိရောက်ဆုံး သုံးစွဲပြီး ထိပ်တန်းပညာရေးကို ရယူနိုင်မှာပါ။

🏫Private University
အချိန်ကို တန်ဖိုးထားပြီး လမ်းကြောင်းသစ်ကို မြန်မြန်စတင်ချင်သူတွေအတွက်ပါ။အစိုးရကျောင်းတွေထက် ဝင်ခွင့်သတ်မှတ်ချက်တွေ ပိုမိုလွယ်ကူတာကြောင့် ကျောင်းလက်ခံစာ (Admission Letter) ကို ပိုပြီး မြန်မြန်ဆန်ဆန် ရရှိနိုင်ပါတယ်။အင်္ဂလိပ်ဘာသာစကားနဲ့ တိုက်ရိုက်တက်လို့ရတဲ့ ဘာသာရပ်တွေ အများကြီးရှိတာမို့ ဘာသာစကားအတွက် အချိန်အကြာကြီး စောင့်နေစရာ မလိုတော့ပါဘူး။

🛠️Ausbildung
လက်တွေ့လုပ်ငန်းခွင်ထဲကို ချက်ချင်းခြေလှမ်းချချင်တဲ့ ကျောင်းသားတွေအတွက် အကိုက်ညီဆုံးပါ။ကျောင်းတက်နေစဉ်မှာတင် လစဉ် ထောက်ပံ့ကြေး (Stipend) ရရှိမှာဖြစ်လို့ မိဘကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကိုယ့်အားကိုယ်ကိုးနိုင်ပါတယ်။ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်ထဲ တိုက်ရိုက်ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်း အရှိဆုံးဖြစ်လို့ အလုပ်အကိုင်အတွက် စိတ်အေးရဆုံး လမ်းကြောင်းပါပဲ။

🤔 သင်ကော ဘယ်လမ်းကြောင်းကို စိတ်ဝင်စားဆုံးလဲ?
အောက်က Comment မှာ "1", "2" ဒါမှမဟုတ် "3" လို့ ရေးပေးသွားခဲ့ပါဦး။ ILS ရဲ့ ကျွမ်းကျင်ပညာရှင်တွေက သင့်ရဲ့ အခြေအနေနဲ့ အကိုက်ညီဆုံး လမ်းကြောင်းကို အခမဲ့ အကြံပြုပေးသွားမှာပါ ...

💡 ဘာကြောင့် ILS Germany ကိုရွေးချယ်သင့်တာလဲ?
ILS Germany ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ (Time City) နှစ်နိုင်ငံလုံးမှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ ခိုင်မာတဲ့ Agency တစ်ခုဖြစ်ပါတယ်။
ကျောင်းသားတစ်ဦးစီရဲ့ လိုအပ်ချက်တွေအလိုက် သင့်လျော်တဲ့ Pathway ကို ရွေးချယ်နိုင်ဖို့ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်တွေက အသေးစိတ်ရှင်းပြတိုင်ပင်ဆွေးနွေးပေးမယ့်အပြင် ဗီဇာလျှောက်ထားမှုကအစ အနီးကပ် Coaching ပေးသွားမှာဖြစ်လို့ မြန်ဆန်တိကျ စိတ်ချရမှာဖြစ်ပါတယ်။

🌟 အချိန်ကို အကျိုးရှိရှိ အသုံးချပြီး သင့်ရဲ့ ဂျာမနီအိပ်မက်ကို အခုပဲ ILS နဲ့အတူ စတင်လိုက်ပါ။

အသေးစိတ်ကို သိရှိလိုပါက Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ🙌🏼

📞 Thai Phone Number - 0986674104
📍 Thailand Address - 7th Floor, Wannasorn Building, Phayathai Road, Ratchathewi, Bangkok.
📞 Myanmar Phone Number - 09786029908
📍 Myanmar Office Address - 9th Floor, Office Tower 1, Times City, Kamayut, Yangon.
📩 Mail - [email protected]

30/04/2026

"သဗ္ဗညုတ မြတ်စွာဘုရားရှင်၏ နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့တွင် အေးချမ်းသာယာရှိကြပါစေ" ✨🙏

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးမြတ်လှတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ 🌸✨

မြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်းနဲ့ ပရိနိဗ္ဗာန်စံဝင်ခြင်းဆိုတဲ့ ထူးခြားတဲ့ ဖြစ်ရပ်ကြီး (၄) ခုလုံးဟာ ဒီကဆုန်လပြည့်နေ့မှာပဲ တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့တာပါ။ 🌟

ဒီနေ့လို မင်္ဂလာရှိတဲ့ အချိန်အခါမှာ...

ညောင်ရေသွန်းလောင်း ကုသိုလ်ယူရင်း အပူအပင်တွေ ကင်းဝေးကာ စိတ်နှလုံးအေးချမ်းကြပါစေ။ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ပြီး လိုလားတောင့်တတဲ့ ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ILS Germany မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏💛

ရည်မှန်းထားတဲ့ ပညာရေးခရီးလမ်းတွေမှာလည်း အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုပန်းတိုင်ကို အမြန်ဆုံး လှမ်းနိုင်ကြပါစေ။ 🎓

29/04/2026

🇩🇪 Germany ကို သွားချင်တဲ့ လူငယ်တွေ စိုးရိမ်တတ်တဲ့ မေးခွန်းက “German ဘာသာစကား ဘယ် Level ရောက်ပြီလဲ?” ဆိုတာပါပဲ။

တကယ်တော့ ဂျာမနီမှာ 🎓 ကျောင်းတက်ဖို့အတွက် ဂျာမန်ဘာသာစကားကို သေချာပေါက်တတ်ထားဖို့ မလိုအပ်ပါဘူးနော်။

🏫 ကိုယ်ရွေးချယ်တဲ့ Public ဒါမှမဟုတ် Private University နဲ့ Program အလိုက် Language Requirement က ကွာခြားသွားနိုင်ပါတယ်။

စာသင်နှစ်အစအဆုံး၊ မေဂျာအားလုံးကို 🔠 Full English Language နဲ့ သင်တဲ့ တက္ကသိုလ်တွေ နဲ့ Program တွေလည်း ရှိသလို German + English တွဲသင်တာတွေလည်းရှိပါတယ်။

ဒါကြောင့် 🌟 OSSD, IGCSE, Grade 12 ဒါမှမဟုတ် Bachelor ပြီးထားတဲ့ ကျောင်းသားတွေအနေနဲ့ ကိုယ်ကျွမ်းကျင်ရာ ဘာသာစကားအလိုက် စိတ်ပူစရာမလိုဘဲ Bachelor / Master Program လျှောက်နိုင်ပါတယ်။✨

🇩🇪 Germany မှာ 100% English Taught Program နဲ့ ကျောင်းတက်မယ်ဆိုရင် IELTS/TOFEL/PTE စတဲ့ English Proficiency Proof လိုအပ်ပါတယ်။

🌟 ILS Germany ရဲ့အားသာချက်က
Fully English Program ကို ရွေးချယ်ချင်တဲ့ ကျောင်းသားတွေအတွက် သင့်တော်တဲ့ Private / Public Universities များစွာနဲ့ ချိတ်ဆက်ထားတာဖြစ်လို့ နှစ်သက်ရာကို ရွေးချယ်နိုင်မှာပါ။

🇩🇪 German Language ကို အခုကတည်းက စသင်ချင်သူတွေအတွက်လည်း ILS က သတ်မှတ်ကာလတို အတွင်းမှာ လိုချင်တဲ့ Level ရောက်အောင် Language Preparation ဝန်ဆောင်မှုကိုပါ စီစဉ်ပေးပါသေးတယ်🤩

ဒီတော့ ဘာသာစကားပိုင်းမှာ နောက်ဆံမတင်းရတဲ့ ဂျာမနီ ပညာရေးလမ်းကြောင်းအတွက်ဆို ILS ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါ။

📞 Thai Phone Number - 0986674104

📍Thailand Address - 7th Floor, Wannasorn Building, Phayathai Road, Ratchathewi, Bangkok.

📞 Myanmar Phone Number - 09786029908

📍Myanmar Office Address - 9th Floor, Office Tower 1, Times City, Kamayut, Yangon.

Mail - [email protected]

22/04/2026

🌍 ၂၀၂၆ မှာ UK လို နိုင်ငံတွေရဲ့ ဗီဇာစည်းမျဉ်းတွေ ခက်ခဲလာလို့ စိုးရိမ်နေရပြီလား?

တံခါးတစ်ခု ပိတ်သွားပေမယ့်... ပညာရေးစနစ် အားအကောင်းဆုံးနဲ့ အခွင့်အလမ်းတွေ အပြည့်ရှိနေတဲ့ "ဂျာမနီ" နိုင်ငံကတော့ အိပ်မက်ရှိတဲ့ လူငယ်တွေအတွက် အမြဲတမ်း ကြိုဆိုနေဆဲပါပဲ။ 🤝

ဘာကြောင့် ၂၀၂၆ မှာ ဂျာမနီကိုပဲ ဦးစားပေး ရွေးချယ်သင့်တာလဲ?
✅ ကျောင်းလခ အခမဲ့ ($0 Tuition): အစိုးရတက္ကသိုလ်တွေမှာ ကျောင်းလခအတွက် ပူစရာမလိုဘဲ အရည်အသွေးမြင့် ပညာရေးကို ရယူနိုင်ပါတယ်။
✅ Ausbildung လမ်းကြောင်း: အလုပ်လည်းလုပ်၊ ပညာလည်းသင်ရင်း လစဉ်လစာပါ ရရှိနိုင်မယ့် အခွင့်အလမ်းတွေ ရှိပါတယ်။
✅ ရေရှည်အခြေချခွင့် (Easy PR): ဘွဲ့ရပြီးတာနဲ့ အလုပ်အကိုင်ရရှိဖို့ လွယ်ကူသလို၊ PR ရဖို့အတွက်ပါ လမ်းကြောင်းတွေ ဖြောင့်ဖြူးနေတာပါ။

ဒီခရီးစဉ်မှာ အစအဆုံး တာဝန်ယူပေးဖို့ ILS Germany က အဆင်သင့်ရှိနေပါတယ်နော်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးမှာ ရုံးခန်းရှိတာကြောင့် ဗီဇာလုပ်ငန်းစဉ်တွေအတွက် ပိုမိုမြန်ဆန်ပြီး စိတ်ချရသလို၊ 99% Visa Approval Rate နဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးနေတာပါ!

🌟 အိမ်မက်တွေဆီ လှမ်းတဲ့နေရာမှာအချိန်ဆွဲမနေတော့ပဲ အခုပဲ ILS Germany မှာ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးလိုက်ရအောင်!

အသေးစိတ်ကို သိရှိလိုပါက Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

📞 Thai Phone Number - 0986674104
📍 Thailand Address - 7th Floor, Wannasorn Building, Phayathai Road, Ratchathewi, Bangkok.

📞 Myanmar Phone Number - 09786029908
📍 Myanmar Office Address - 9th Floor, Office Tower 1, Times City, Kamayut, Yangon.

📩 Mail - [email protected]

20/04/2026

စီးပွားရေးနဲ့ ဥပဒေဘာသာရပ်တွေကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံးရွေးချယ်မှု - HWR Berlin
ဂျာမနီနိုင်ငံရဲ့ မြို့တော် ဘာလင်မှာရှိတဲ့ HWR Berlin (Berlin School of Economics and Law) ဟာ နိုင်ငံတကာကျောင်းသားတွေအတွက် ကျောင်းလခ လုံးဝပေးစရာမလိုတဲ့ (Free Tuition) အစိုးရတက္ကသိုလ်ကြီးတစ်ခု ဖြစ်ပါတယ်။ ✨

💰 Semester Fee တစ်ခုပဲ လိုအပ်ပါမယ်
ကျောင်းလခ အခမဲ့ဖြစ်ပေမယ့် Semester တစ်ခုကို ယူရို ၃၀၀ ကနေ ၃၃၀ ဝန်းကျင်ခန့်ရှိတဲ့ Semester Fee တော့ ပေးဆောင်ရပါမယ်။ ထူးခြားချက်ကတော့ ဒီကုန်ကျစရိတ်ထဲမှာ ဘာလင်တစ်မြို့လုံးမှာရှိတဲ့ အများပြည်သူသုံး ယာဉ်အားလုံးကို အကန့်အသတ်မရှိ စီးနင်းနိုင်မယ့် Semester Ticket ဖိုးပါဝင်ပြီးသားမို့လို့ သွားလာရေးစရိတ်အတွက် လုံးဝပူစရာမလိုတော့ဘူးပေါ့! 🚌💨

🗓️ Intake & Deadline
Winter Intake (အောက်တိုဘာလဝင်ခွင့်) အတွက် လျှောက်လွှာများကို ဧပြီလ (၁၅) ရက်နေ့ ဝန်းကျင်မှာ စတင်ခေါ်ယူလေ့ရှိပြီး ဇူလိုင်လ (၁၅) ရက်နေ့ မှာ ပိတ်ပါတယ်။ ဗီဇာလျှောက်ထားချိန်ကို ထည့်သွင်းစဉ်းစားပြီး မေလ သို့မဟုတ် ဇွန်လအတွင်း အမြန်ဆုံး လျှောက်ထားဖို့ ILS မှ အကြံပြုချင်ပါတယ်။
🎓 HWR Berlin မှာ ဘာတွေတက်လို့ရလဲ?
စီးပွားရေးလိုင်း သွားမယ့်သူတွေအတွက် ရွေးချယ်စရာ အရမ်းများတဲ့ ကျောင်းဖြစ်ပါတယ် -
✅ Business Administration (BWL): ကျောင်းသားအများဆုံး တက်ရောက်ကြတဲ့ အဓိကဘာသာရပ်။
✅ International Business Management: အင်္ဂလိပ်လို သင်ကြားတဲ့ Program တွေ (Bachelor & Master) ရှိပါတယ်။
✅ Business Information Systems: နည်းပညာနဲ့ စီးပွားရေးကို ပေါင်းစပ်ထားတဲ့ ခေတ်မီဘာသာရပ်။
✅ Economics: စီးပွားရေးမူဝါဒနဲ့ ခွဲခြမ်းစိတ်ဖြာမှုပိုင်း စိတ်ဝင်စားသူများအတွက်။
✅ Public Management & Law: အစိုးရဌာနဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ဥပဒေရေးရာ ဘာသာရပ်များ။
🚀 ဘာကြောင့် HWR Berlin ကို ရွေးချယ်သင့်တာလဲ?
၁။ Dual Studies (Duales Studium): ကျောင်းတက်ရင်း သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေမှာ လက်တွေ့အလုပ်ဆင်းရလို့ ဘွဲ့ရတာနဲ့ လုပ်ငန်းခွင်အတွေ့အကြုံ အဆင်သင့်ရှိနေမှာပါ။
၂။ Practical Education: သီအိုရီသက်သက်ထက် လုပ်ငန်းခွင်မှာ တကယ်အသုံးချနိုင်မယ့် လက်တွေ့သင်ခန်းစာတွေကို ဦးစားပေးသင်ကြားပါတယ်။
၃။ International Focus: ကမ္ဘာတစ်ဝှမ်းမှာ Partner ကျောင်းပေါင်း ၁၆၀ ကျော်နဲ့ ချိတ်ဆက်ထားလို့ နိုင်ငံတကာအတွေ့အကြုံတွေ ရရှိနိုင်ပါတယ်။
💡 HWR Berlin မှာ ကျောင်းတက်နိုင်ဖို့ ILS Germany က ဘယ်လိုကူညီပေးမလဲ?
ILS Germany ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံလုံးမှာ ရုံးခန်းဖွင့်လှစ်ထားပြီး၊ ကျောင်းလျှောက်ထားခြင်းကနေ ဗီဇာရတဲ့အထိ အစအဆုံး တာဝန်ယူ ဝန်ဆောင်မှုပေးနေပါတယ်။
🌟 သင့်ရဲ့ ဂျာမနီပညာရေးအိပ်မက်ကို အခုပဲ ILS နဲ့အတူ စတင်လိုက်ပါ။

အသေးစိတ်ကို သိရှိလိုပါက Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

📞 Thai Phone Number - 0986674104
📍 Thailand Address - 7th Floor, Wannasorn Building, Phayathai Road, Ratchathewi, Bangkok.

📞 Myanmar Phone Number - 09786029908
📍 Myanmar Office Address - 9th Floor, Office Tower 1, Times City, Kamayut, Yangon.

📩 Mail - [email protected]

16/11/2024

ပညာရေးလမ်းကြောင်းတစ်ဆင့်မြင့်ဖို့ ILS မှာ GED တက်စို့

သင်က ပညာရေးတစ်ပိုင်းတစ်နဲ့ လမ်းပျောက်နေတယ် 😓

International Education Pathway ကိုရွေးချယ်ဖို့ ငွေကြေးအများကြီးလည်း အကုန်အကျမခံချင်ဘူး🤦

နိုင်ငံခြားလည်း သွားမတက်ချင်ဘူးဆိုရင်တော့ 🤦

အိုးမကွာ၊ အိမ်မကွာနဲ့ အိမ်မှာသက်တောင့်သက်တာနဲ့ အထက်ပြီးဆုံးကျောင်း Diploma တစ်ခုကိုရယူချင်တယ်ဆိုရင်တော့ GED ကိုရွေးချယ်သင့်ပါတယ်။ ✅

✔️GED ဟာဆိုရင် US ကအသိအမှတ်ပြုအထက်တန်းအောင်လက်မှတ်တစ်ခုဖြစ်ပြီး

GED ပြီးဆုံးသွားပါက
📍Thailand
📍Japan
📍Malaysia
📍Singapore စတဲ့အာရှနိုင်ငံများသာမက
📍US
📍Canada တို့လိုမျိုး အနောက်နိုင်ငံကြီးများတွင်လည်း University ဆက်လက်တက်ရောက်နိုင်ပါတယ်။ ✨

GED ဟာဆိုရင်

အချိန်ကုန်၊ ငွေကြေးကုန်ကျသက်သာစွာနဲ့ US ရဲ့ High School Diploma တစ်ခုကို ရယူနိုင်မယ့်အပြင် ✅

ကျောင်းသားတွေရဲ့ Critical Thinking ကို ဗဟိုပြုပြီး စစ်ဆေးတဲ့ စာ‌မေးပွဲတစ်ခုဖြစ်တာကြောင့် 💬

GED သင်ယူတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း ပိုမိုမြင့်မားလာမှာပဲဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ ILS Academy မှာဆိုရင် GED ကိုအိမ်မှာပဲ ဈေးသက်သက်သာသာနဲ့ ကျောင်းသားများအဆင်ပြေစွာသက်ရောက်နိုင်ရန် Online Classes များဖွင့်လှစ်ထားပါတယ်ရှင့်

အသေးစိတ်သိရှိလိုပါက ILS Academy ၏ 📩 Chat Box သို့မဟုတ် ☎️ 09 963 440 106 , 09 268 598 318 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။






Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


9th Floor, Office Tower 1, Times City, Kamaryut
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00