Htet Yie Consulting

  • Home
  • Htet Yie Consulting

Htet Yie Consulting Founder of BRAND YOU, providing Image Consulting and Organization Development Consulting services.
(1)

25/08/2026

Clarity is more important to me than motivation. When I get clear on what I want, how I do it is relatively easy. When I lose my clarity, I lose my motivation and passion.

In the past, I always tried to get it right. Getting it right was very important to me. However, now I am learning to trust myself and give myself clarity.

I also continuously see that people perform incredibly well when they have clarity in the areas that are important to them. The most important clarity we need to have is "what do we really want in our life".

When we have the answer, something transforms. Something gets ready to manifest. Something opens. Then, we are one step closer to our destiny.

I believe in transformation. I believe in alignment. I believe that I have tools and structures for alignment between inner alignment & outer expression. And I am grateful to have opportunity to contribute to those who needs to hear from me.

Htet Yie
25 August 2026

Send a message to learn more

“The Leadership Branding” WebinarBrand You Academy Webinar Series ရဲ့ August လအတွက်  Webinar လေး ဖြစ်ပါတယ်။ ဒီတစ်ခေါက် w...
22/08/2026

“The Leadership Branding” Webinar

Brand You Academy Webinar Series ရဲ့ August လအတွက် Webinar လေး ဖြစ်ပါတယ်။ ဒီတစ်ခေါက် webinar လေးကတော့ နေရာတစ်ခုမှာ ဦးဆောင်နေရသူ Leaders တွေအတွက် အထူးစီစဥ်ထားတာပဲ ဖြစ်ပါတယ်။

Leadership Role မှာ ရှိနေတဲ့သူတွေအတွက် Skills ကောင်းကောင်းရှိရုံနဲ့ မလုံလောက်တော့ပါဘူး။ ကိုယ့်ရဲ့ Leadership Style၊ Reputation နဲ့ ကိုယ်ပေးချင်တဲ့ Image ကို ပေါင်းစပ်ပြီး ကိုယ့်ကိုယ်ပိုင် Leadership Brand တစ်ခု တည်ဆောက်ထားဖို့လည်း လိုအပ်ပါတယ်။

ဒီ Webinar လေးမှာတော့ Team တစ်ခုကို၊ Organization တစ်ခုကို ဦးဆောင်နေတဲ့ Leaders တွေအတွက်

• Leadership Brand ဆိုတာ ဘာလဲ။
• ကိုယ့်ရဲ့ Leadership Brand ကို ဘယ်လိုတည်ဆောက်မလဲ။
• Leadership Brand ကို ဘယ်ကနေ စတင်မလဲ။
• ကိုယ့်ရဲ့ Leadership Brand ကို ဘယ်လိုပိုပြီး ထင်ရှားအောင် တည်ဆောက်မလဲ။
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

Webinar ကို ပြောကြားပေးမယ့် Speakers တွေကတော့ ThriveWork Advisory Co., Ltd. ရဲ့ Founder ဖြစ်သူ Laura Cho နဲ့ Brand You Academy ရဲ့ Founder Dr. Htet Yie တို့ပဲ ဖြစ်ပါတယ်။

Date: 27 August 2026
Time: 7:00–8:00 PM
Platform: Zoom

Zoom ကနေ ပြုလုပ်မှာမို့ Limited Seat ပါရှင်။ စိတ်ဝင်စားသူတွေက google form ကို ဖြည့်သွင်းပြီး zoom link ရယူနိုင်ပါတယ်။

https://forms.gle/ABjGXmzZQ4CTSZfc7

ကျေးဇူးတင်ပါတယ်။
Brand You Academy Team

11/08/2026

လူတွေက ကျွန်မကို အေးတယ်၊ အေးအေးဆေးဆေးရှိတယ်၊ ပျော်တတ်တယ်၊ အလုပ်အပေါ် passionate ဖြစ်တယ် ဒီလောက်ပဲ သိကြပါတယ်။ တကယ်တော့ ကျွန်မလည်း လူပဲမို့ ခက်ခဲတာတွေ စိတ်ရှုပ်တာတွေ ဝမ်းနည်းတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဆိုးတာ စသဖြင့် အကုန်ရှိပါတယ်။

သို့သော် ကျွန်မက တခုခု ခက်ခဲတိုင်းမှာ ဒါပြီးရင် ငါက level up သွားရမယ် လို့ အမြဲတွေးပါတယ်။ ငါ့ကို ဒီကိစ္စက ဘာသင်ပေးနေတာလဲ ဘာကို ပြောင်းလဲစေချင်တာလဲ၊ ဘာကို ရင့်ကျက်စေချင်တာလဲလို့ တွေးပါတယ်။ စာချရေးပါတယ်။

အဲတော့ အမြဲပဲ negative feelings, thinking တွေကနေ အမြဲ learning point ဖြစ်လာပြီး အဲဒီအဖြစ်အပျက်ပြီးတဲ့အခါ ကိုယ်ကျေနပ်ရတဲ့ learning တစ်ခု သို့မဟုတ် transformation တစ်ခု၊ insight တစ်ခု အမြဲရပါတယ်။

ကျွန်မတို့က အမြဲ သင်ယူရင်း တိုးတက်နေကြရမှာ မဟုတ်လား။

ထက်ရည်
August 2026

08/08/2026

“Notes from my Thinking Library”

I've been writing down my raw thoughts lately, and something unexpected is happening.
I thought I was trying to figure out what I should do next professionally. But actually, I'm discovering how much I've changed.

Some things I believed 10 years ago, I don't believe anymore. Some things I thought were my strengths now feel like limitations.
And some ideas I've carried quietly for years are finally beginning to connect.

I'm not trying to create a new identity right now.
I'm trying to understand the person I've already become.
& It's surprisingly eye-opening.

Want to follow my thoughts process? join The Brand Hub telegram group in comment.

Htet Yie
August 2026

08/08/2026

Action တိုင်းမှာ Source of Action ဆိုတာရှိတယ်။ ဘာကြောင့် ဒါကိုလုပ်တာလဲပေါ့။

တခါတလေ ကိုယ်မထင်ထားတဲ့ why တွေကြောင့် Action တွေ ယူမိတတ်တာရှိတယ်။ ဒါကြောင့် Confidence Inside out ဖြစ်ဖို့ဆိုရင် Clarity Inside Out ဖြစ်ဖို့လိုတာ။

မဟုတ်ရင် Action က ယူတော့ယူတယ်။ တန်းလန်းကြီးရပ်သွားတာမျိုး။ တဝက်လောက်ရောက်မှ မှားနေမှနိးသိတာမျိုး။ ပိုဆိုးတာက Results ထွက်လာမှ ငါ လိုချင်တာ ဒါလည်း မဟုတ်ပါလားဆို တကယ့်ဖီလင်အောက်ရော။

ဒါကြောင့် my philosophy: clarity (source of action) is more important than action itself.

Action ယူဖို့လွယ်တဲ့လူတွေ၊ လုပ်ချင်စိတ်ရှိသူတွေ အတွက် ပြောတာပါ။ ဘာကြီးဖြစ်နေနေ action ယူဖို့ ပျင်းတဲ့သူတွေ၊ အကြောင်းပြချက်တွေနဲ့တင် ကျေနပ်နေတဲ့သူတွေနဲ့ကျ အလုပ်မလုပ်ချင်ဘူး။ အချိန်လည်း မပေးချင်ဘူး။

Clarity ရှိတာနဲ့ Action ထယူတဲ့သူတွေအတွက် Results ရဖို့က လွယ်လွယ်လေး။ ဒါကြောင့် Clarity ရသွားအောင်ပဲ လုပ်ပေးချင်တာ။

ထက်ရည်
August 2026

08/08/2026

In my opinion, people can and should ask the question: “who am I?” again and again.
Who am I? what do I want? Am I peaceful? Am I happy? Am I genuinely interested in what I am doing?

If yes → keep doing it. If no → ask - what’s missing? what can be altered or changed or improved or aligned or expanded to reach my highest potential.

I think a person can and must work towards his/her highest potential. That's the gift he/she can give to self and the world.

Htet Yie
August 2026

06/08/2026

“My first responsibility when I feel overwhelmed is not to work harder, but it is to create clarity.”
ကျွန်မရဲ့ journal ထဲ ဟိုးတနေ့က ရေးဖြစ်တာလေးပါ။
ကျွန်မက အလုပ်လုပ်ရမှာ မကြောက်ဘူး။ စိတ်ရှုပ်တာကို ကြောက်ပါတယ်။

ခက်ခဲတာကို မကြောက်ဘူး။ Yes or No တိတိကျကျမရှိဘဲ အချိန်ဆွဲနေရတာမျိုးကို မကြိုက်ပါဘူး။ တိကျတဲ့ clarity က ကျွန်မအတွက် အလွန်အရေးကြီးပါတယ်။ ရံဖန်ရံခါ ကိုယ် control မလုပ်နိုင်တဲ့ အရာတွေကြောင့် clarity မရှိတာမျိုးတော့ ဖြစ်တတ်ပါတယ်။ အဲဒါမျိုးကျ ကိုယ် control လုပ်နိုင်တာက ဘာလဲဆိုပြီး စည်းပြန်ချရပါတယ်။

ဒါကြောင့် နေ့စဉ်တိုင်းရဲ့ ကိုယ့်ကိုယ်ကိုယ် ပြန် check လုပ်မိတဲ့အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတတ်တာက…

“ငါ grounded ဖြစ်ရဲ့လား”
“ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး clarity ရှိလား”

မရှိဘူးဆိုရင် သေချာပေါက် ကျွန်မရဲ့ nervius system က optimal state မှာ မရှိပါဘူး။ ဒါကြောင့် grounded & clarity ရှိအောင် ပြန်ပြန်ပြီး တည်ဆောက်ရတာက ကျွန်မအတွက် အရေးကြီးတဲ့ coming home practices တွေ ဖြစ်ပါတယ်။

ထက်ရည်
August 2026

August Special 💐ဒီရက်ပိုင်းမှာ Value Changes တွေအများကြီး ဖြစ်ကြပါတယ်။ တချို့လည်း သတိထားမိကြလို့ လာပြောကြပါတယ်။ အကုန်လုံ...
02/08/2026

August Special 💐

ဒီရက်ပိုင်းမှာ Value Changes တွေအများကြီး ဖြစ်ကြပါတယ်။ တချို့လည်း သတိထားမိကြလို့ လာပြောကြပါတယ်။ အကုန်လုံး ကိုယ့်ကိုယ်ကိုယ် value analysis ပြန်လုပ်လို့ရအောင် KNOT Workbook ထဲက Value analysis sheet လေး August မှာ လက်ဆောင်ပေးလိုက်ပါတယ်။ Comment မှာကြည့်ပါ။

လုပ်နည်းက Value တစ်ခုခြင်းစီကို သေချာကြည့်ပါ။ ၁ ကနေ ၁၀ အမှတ်ပေးပါ။ စိတ်ထဲ ကောင်းတယ်၊ ဖြစ်သင့်တယ် ဆိုတာမျိုး မဟုတ်ဘဲ တကယ်ကို နေ့စဥ်ဘဝမှာ ကျင့်သုံးနေထိုင်မှ ကိုယ့် value အစစ်ဖြစ်ပါတယ်။ ဥပမာ - အချိန်မှန်ခြင်းက ကိုယ့် value လို့ထင်ရင် ကိုယ့်ကိုယ်ကိုယ် နေ့တိုင်းအချိန်မှန်အောင် ကြိုးစားနေထိုင်နေလား၊ အချိန်မမှန်တဲ့ သူတွေနဲ့ဆိုရင် conflict တွေဖြစ်တတ်လား မေးကြည့်ပါ။ နေ့တိုင်းတကယ်ကြိုးစားပြီး နေနေမှ ကိုယ့် value လို့သတ်မှတ်ပြီး ၈, ၉ , ၁၀ စသဖြင့် high marks ပေးလို့ရပါတယ်။ ကိုယ့်အတွက် အရေးမကြီးတာတွေကတော့ ၁, ၂ ပေါ့။

အားလုံးပြီးသွားရင် ကိုယ့်ရဲ့ အမြင့်ဆုံး Value ၅ ခုကို ထုတ်လိုက်ပါ။ ၅ ခု ထက်ပိုများနေလည်း ကိုယ့်ကိုယ်ကိုယ် ဘယ်ဟာက ပိုအရေးကြီးလဲလို့မေးပြီး ၅ ခုပဲ ပြန်ရွေးပါ။ အဲဒီ ၅ ခုက ခုလက်ရှိမှာ ကိုယ်တန်ဖိုးထားတဲ့ ကိုယ့်ရဲ့ values တွေ ဖြစ်ပါတယ်။

Value changes တွေက ရှိတတ်တာမို့ ၆ လ တစ်ကြိမ်လောက်တော့ ပြန်စစ်ဆေးကြည့်စေချင်ပါတယ်။ အထူးသဖြင့် inner work လုပ်တဲ့လူတွေက သေချာပေါက် ပြောင်းလဲနေတတ်ပါတယ်။

သေချာသိပြီဆိုရင် daily life မှာ၊ business မှာ၊ career မှာ ဘယ်နေရာမှာ ဒီ value တွေနဲ့ သွေဖည်နေလဲ ပြန်စစ်ပြီး ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ နေရာတွေမှာ value နဲ့ကိုက်အောင် ပြင်ဆင်ယူခြင်းဖြင့် နေ့တိုင်းမှာ ကျေနပ်ရတဲ့ ဘဝကို တစ်နေ့ခြင်း ဖန်တီးယူနိုင်ပါတယ်။

ထက်ရည်
August 2026

Hello,ကျွန်မ ဒီတစ်လလုံး ကိုယ့်ကိုယ်ကိုယ် စိတ်ရောလူပါ အားဖြည့်ဖို့ အချိန်ယူဖြစ်ခဲ့ပါတယ်။ တရားထိုင်တယ်။ တစ်ယောက်တည်း ခရီးသ...
31/07/2026

Hello,

ကျွန်မ ဒီတစ်လလုံး ကိုယ့်ကိုယ်ကိုယ် စိတ်ရောလူပါ အားဖြည့်ဖို့ အချိန်ယူဖြစ်ခဲ့ပါတယ်။ တရားထိုင်တယ်။ တစ်ယောက်တည်း ခရီးသွားတယ်။ လေ့ကျင့်ခန်းလုပ်တယ်။ လမ်းလျှောက်တယ်။ စာကြည့်တိုက်သွားတယ်။

အဲဒီအချိန်မှာ သဘောပေါက်လာတာတစ်ခုက ပျော်ရွှင်မှုနဲ့ စိတ်အေးချမ်းမှုဆိုတာ အောင်မြင်မှုကြီးတွေရမှ၊ ဘဝရှေ့ကို အများကြီး အမြဲတမ်းတိုးတက်နေမှ၊ တစ်ခုခုဖြစ်မြောက်သွားမှ ရတာမဟုတ်ဘူးဆိုတာကို နက်နက်နဲနဲ သဘောပေါက်လာပါတယ်။

တခါတလေ ကိုယ့်ပန်းတိုင်တွေကို ရှေ့ဆက်သွားဖို့၊ ဘဝကို ချဲ့ထွင်ဖို့၊ ပိုကောင်းအောင် လုပ်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင်ခိုင်မာအောင် တည်ဆောက်တာ၊ မလိုအပ်တဲ့ အလေ့အထတွေ၊ အတွေးတွေ၊ လူတွေ၊ အကြောင်းအရာတွေကို ဖယ်ထုတ်တာပဲ ဖြစ်ပါတယ်။

အားလုံးလည်း ဒီကာလမှာ ကိုယ့်ကိုယ်ကိုယ် တကယ်ဂရုစိုက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေလို့ မျှော်လင့်မိပါတယ်။

ထက်ရည်
July 2026

နေ့စဥ်​နေ့တိုင်းမှာ ကျွန်မတို့နှုတ်က ထုတ်ပြောနေတဲ့ စကားတွေအပြင် ပါးစပ်က ထုတ်မပြောဘဲ ကျွန်မတို့ အကြောင်း၊ ကျွန်မတို့ ဘယ်လ...
21/07/2026

နေ့စဥ်​နေ့တိုင်းမှာ ကျွန်မတို့နှုတ်က ထုတ်ပြောနေတဲ့ စကားတွေအပြင် ပါးစပ်က ထုတ်မပြောဘဲ ကျွန်မတို့ အကြောင်း၊ ကျွန်မတို့ ဘယ်လိုလူဆိုတာ သိနိုင်တဲ့ အချက်အလက်တွေအများကြီးရှိပါတယ်။

ကိုယ်ဝတ်တဲ့အဝတ်အစား၊ သုံးတဲ့အရောင်တွေ၊ လက်ဟန်ခြေဟန်၊ မျက်နှာအမူအယာ၊ လမ်းလျှောက်ပုံ၊ လေယူလေသိမ်း၊ စိတ်အဆင်မပြေတဲ့အချိန်မှာ ဘာတွေလုပ်လဲ၊ ကိုယ်မကြိုက်တဲ့အရာ၊ မမျှော်လင့်တဲ့ အခြေအနေ စသဖြင့်ကြုံလာတဲ့အခါ ဘယ်လိုတုန့်ပြန်လဲ စတဲ့ ကိုယ့်အကြောင်းကိုယ် ပြောပြနေတဲ့ အရာတွေ အများကြီးရှိပါတယ်။

ဒါတွေကို သတိထားမိမယ်ဆိုရင် ကိုယ်ဘယ်လို ပုံရိပ် image နဲ့ နာမည်ကောင်း Personal Brand မျိုး တည်ဆောက်ချင်တာလဲ။ ဘယ်လိုလူမျိုးဖြစ်ချင်တာလဲ။ ရေရှည် ကိုယ်ကျင်လည်မဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူ့တွေရဲ့ လေးစားမှုကို လိုချင်တာလဲ စသဖြင့် စဥ်းစားပြီး တည်ဆောက်လို့ရပါတယ်။

ကိုယ်အားနည်းနေတဲ့၊ တိုးတက်ချင်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုခု ရှိ​နေတယ်ဆိုရင်လည်း အပေါ်မှာ ပြောထားတဲ့ အချက်တွေထဲက တစ်ခုခုကို သုံးပြီး ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲနိုင်ပါတယ်။

ဥပမာ ကိုယ်က အားငယ်တတ်တယ်၊ အားနာတတ်တယ်၊ အမြဲအနိုင်ကျင့် ခံရတတ်တယ်ဆိုရင် ကိုယ့်ရဲ့ authority level ကို မြှင့်တင်ပေးတဲ့ အရောင်တွေကို ဝတ်ဆင်တာ။

(ပြောင်တွေ၊ အသားမာ တောင့်တဲ့အင်္ကျီကို ရွေးချယ်ဝတ်ဆင်တာမျိုး၊ စိတ်ကိုအေးစေတဲ့ အပြာ၊ အစိမ်း၊ cool colors ဘက်သွားတဲ့ အရောင်တွေကို ရွေးချယ်ဝတ်ဆင်တာ၊ အပေါ်ကနေ ဂျက်ကက်တစ်ထပ် ထပ်ဝတ်တာ စသဖြင့်)။

နောက်ပြီး personal boundary set လုပ်တတ်အောင် သင်ယူတာမျိုး၊ ယဥ်ယဥ်ကျေးကျေးလေးနဲ့ နားခံသာလွယ်အောင် No ပြောတတ်ဖို့ သင်ယူတာမျိုးတွေ လုပ်လို့ရပါတယ်။

တစ်ဖက်မှာလည်း ကိုယ်က မျက်နှာကြောမာလို့ဖြစ်စေ၊ မျက်နှာတည်ဆောက်ပုံ၊ မေးရိုးတည်ဆောက်ပုံအရ မာနကြီးတယ် ထင်ကြပြီး ဆက်ဆံရေးမှာ အဆင်မပြေတာ၊ မိတ်ဆွေကောင်း မရှိတာတွေ ဖြစ်နေတယ်ဆိုရင် ချစ်ခင်နှစ်သက်နိုင်စွမ်း likability level ကိုမြှင့်တင်ဖို့လိုပါတယ်။

Warm color ဘက်သွားတဲ့အရောင်တွေ (ကျွန်မ color psychology သင်ရင် အလွယ်တကူ ပြောလေ့ရှိတာက ညနေခင်းနေရောင်ခြည်နားက အရောင်တွေ ဥပမာ - အဝါရောင်၊ ကြက်ဥနှစ်ရောင်၊ လိ​မ္မော်ရောင်လို နွေးထွေးတဲ့ ခံစားချက်ကို ဖြစ်စေတဲ့ အရောင်မျိုးတွေ)

အသားဆိုလည်း ပါးပါးပျော့ပျော့၊ အဆင်အကွက် ပါတာလေးတွေ၊ formal dressing ဝတ်မယ်ဆိုရင် ကုတ်အကျီ အနက်ရောင်၊ ခဲရောင် ရင့်ရင့်၊ အဖြူရောင်စစ်စစ်တွေအစား ခဲရောင်ဖျော့ဖျော့၊ အသားရောင်၊ အဖြူဖျော့ဖျော့စသဖြင့် ရွေးချယ်ဝတ်ဆင်တာ၊

မျက်နှာပေးကို ဖြီးနေတာမျိုး မဟုတ်ဘဲ ချိုသာယဥ်ကျေးတဲ့ ပုံစံလေး ဖြစ်အောင် လေ့ကျင့်ယူတာ (မှန်ရှေ့မှာ လေ့ကျင့်တာမျိုး)၊ သူများစကားပြောတဲ့အခါ ယဥ်ကျေးဖွယ်ရာစွာ နားထောင်ပေးတတ်တာ၊ သူများရဲ့ခံစားချက်တွေကို စာနာပေးတာ စသဖြင့် ပြုလုပ်လို့ရပါတယ်။

ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ကြီးပဲ ကောင်းတယ်ထင်နေပေမဲ့ ကျွန်မတို့ ပြောတဲ့ စကားလုံး Words တွေအပြင် တခြားသော ဘာသာစကား Language တွေနဲ့လည်း ဆက်သွယ်ချိတ်ဆက်နေတာမို့ ကိုယ့်ပုံရိပ်ကို တည်ဆောက်တဲ့အခါ၊ ကိုယ့်ရဲ့ တန်ဖိုးတွေကို ပြတဲ့အခါ၊ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့ လူတွေနဲ့ ဆက်သွယ်တဲ့အခါ သတိပြုနိုင်ဖို့ မျှ​ဝေလိုက်ရပါတယ်။

ထက်ရည်
~~~
မိမိရဲ့ စစ်မှန်တဲ့ဖြစ်တည်မှု (Authenticity) နဲ့ ထိရောက်တဲ့ အရှိန်အဝါ (Executive Presence) ကို ဟန်ချက်ညီညီ ပေါင်းစပ်ချင်တဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေအတွက် September မှာဖွင့်မယ့်ဖြစ်တဲ့"Executive Presence Program" for women leaders, business owners and entrepreneurs" In person class မှာလည်း Appearance ကို အသုံးပြုပြီး professional image ကောင်းတစ်ခု ဘယ်လိုဖန်တီးမလဲဆိုတာကို အ​သေးစိတ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 2 ရက်တာ Program ပြီးသွားတဲ့အခါ ကိုယ့်ရဲ့ position, ကိုယ်လိုချင်တဲ့ results တွေအပေါ်မူတည်ပြီး လိုအပ်သလို ဘယ်လိုအသုံးပြုမလဲဆိုတာတွေကို ပြည့်ပြည့်စုံစုံ နားလည်သွားမှာ ဖြစ်ပါတယ်။ တက်ရောက်သူတွေအတွက် တကယ့်ကို အကျိုးများမယ့် program ဖြစ်တာမို့ အသေးစိတ်လေးကို message ပို့ပြီးစုံစမ်းနိုင်ပါတယ်ရှင်။

Address


Telephone

+959788100048

Website

Alerts

Be the first to know and let us send you an email when Htet Yie Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share