12/05/2026
ဒီ 1 Year Camp ကို လာမယ့် စနေနေ့မှာ စပါမယ်။ ကြားမှာ ၃ရက်ပဲ ကျန်ပါတော့တယ်။
အတန်းအပ်လို့ ရပါသေးတယ်နော်။
I mentor and train passionate young people to become a great Programmer!!
12/05/2026
ဒီ 1 Year Camp ကို လာမယ့် စနေနေ့မှာ စပါမယ်။ ကြားမှာ ၃ရက်ပဲ ကျန်ပါတော့တယ်။
အတန်းအပ်လို့ ရပါသေးတယ်နော်။
10/05/2026
Congratulations Joshua "The Fearless" Van.
You did it 🏆
05/05/2026
HiT ရဲ့ အကြီးမားဆုံး 1 Year Software Developer Career Camp ကို ဖွင့်လိုက်ပါတယ်။
အမှန်အတိုင်း ပြောရရင် — ဒီ Camp က သင်တန်းသာသာတွက် စဉ်းစားပြီး ဖန်တီးလိုက်တာ မဟုတ်ပါဘူး။ အတွေ့အကြုံကနေ ပေါက်ဖွားလာတဲ့ Career training camp ဖြစ်ပါတယ်။
ကျွန်တော် Programming စတင်လေ့လာခဲ့တဲ့ အချိန်မှာ…
YouTube tutorials တွေကြည့်တယ်
Online course တွေဝယ်တယ်
Framework အသစ်တွေ စမ်းတယ်
Project အသေးလေးတွေ လုပ်ကြည့်တယ်
ဒါပေမယ့်…
👉 "တကယ့် Software Developer တစ်ယောက်လို အလုပ်လုပ်နိုင်ဖို့ ဘာလိုအပ်လဲ?"
👉 "Company ထဲဝင်ရင် ဘာတွေကြုံရမလဲ?"
👉 "Production project ဆိုတာ ဘယ်လိုအလုပ်လုပ်သလဲ?"
ဒီမေးခွန်းတွေကို ဖြေပေးနိုင်တဲ့ structured program မရှိခဲ့ဘူး။
နောက်ပိုင်း IT Industry ထဲ ဝင်ရောက်ပြီး Software Company တွေမှာ လုပ်ခဲ့တယ်။ အခုဆိုရင် Telecom company တစ်ခုမှာ Senior Software Engineer အဖြစ် လုပ်ရင်း၊ Software projects ပေါင်းများစွာ ရေးသားရင်း၊ Team တွေကို manage လုပ်ရင်း၊ Client requirements တွေ handle လုပ်ရင်း တစ်ခုကို အလွန်ရှင်းလင်းစွာ မြင်လာတယ်။
Junior Developer အများစုမှာ —
Knowledge ရှိတယ်
Certificate ရှိတယ်
Course တက်ထားတယ်
Framework သိတယ်
ဒါပေမယ့်…
❌ Real project workflow မသိဘူး
❌ Git collaboration experience မရှိဘူး
❌ Code review ကို မကြုံဖူးဘူး
❌ Production deployment မလုပ်ဖူးဘူး
❌ Deadline pressure မတွေ့ဖူးဘူး
❌ Problem-solving thinking မခိုင်မာဘူး
သူတို့ မလုပ်နိုင်တာ မဟုတ်ဘူး။ သူတို့ကို "Industry-ready" ဖြစ်အောင် လေ့ကျင့်ပေးတဲ့ System မရှိတာပါ။ အဲ့ဒီ gap က Education system နဲ့ Real industry world ကြားက gap ဖြစ်ပါတယ်။ ကျွန်တော် ဒီ gap ကို ဖြည့်ချင်ခဲ့တယ်။ ဒါကြောင့်ပဲ ဒီ Camp ကို ဖန်တီးလိုက်တာပါ။
ဒီ Camp က သင်တန်းတစ်ခု မဟုတ်ပါဘူး။ Career transformation system တစ်ခုပါ။
ဒီ ၁၂ လအတွင်းမှာ Student တစ်ယောက်ကို —
• HTML, CSS, JavaScrip, etc ... သိရုံမက
• Frontend framework တွေဖြစ်ကြတဲ့ Vue, React, etc ... သုံးတတ်ရုံမက
• Backend CRUD လုပ်တတ်ရုံမက
👉 Real production-level web applications တည်ဆောက်နိုင်တဲ့
👉 Team collaboration နဲ့ အလုပ်လုပ်နိုင်တဲ့
👉 Clean code & scalable architecture စဉ်းစားတတ်တဲ့
👉 Real client requirement ကို analyze လုပ်နိုင်တဲ့
👉 Interview technical questions ကို logic နဲ့ ဖြေနိုင်တဲ့
👉 Portfolio ခိုင်မာပြီး confidence ရှိတဲ့
Job-ready Fullstack Web Developer အဖြစ် ပြောင်းလဲပေးဖို့ ရည်ရွယ်ထားပါတယ်။
ဒီ Program ထဲမှာ —
Daily practice
Daily coding
Weekly project
Code review
Architecture discussion
Real client projects
Internal product development
အားလုံး ပါဝင်ပါတယ်။
Student တစ်ယောက်ဟာ "သင်ကြားခံရသူ" မဟုတ်တော့ဘူး။ "Developer trainee" ဖြစ်သွားမယ်။
ကျွန်တော်ကိုယ်တိုင် —
Curriculum design
Training
Project review
Code feedback
Career roadmap guidance
အားလုံးကို ဦးဆောင်လုပ်ပေးမယ်။
ဘာလို့ ကိုယ်တိုင် လုပ်ပေးတာလဲဆိုရင်…
Developer တစ်ယောက် ဖြစ်ဖို့ဆိုတာ Slides နဲ့ သင်လို့မရဘူး။
Hands-on practice + real pressure + real responsibility လိုအပ်တယ်။
ကျွန်တော့်ရဲ့ e-learning platform ဖြစ်တဲ့ hitmyanmar.com မှာ ထောင်ပေါင်းများစွာသော ကျောင်းသားတွေ သင်ယူနေကြပါတယ်။
softlandmyanmar.com မှာ Real software projects တွေ ဖန်တီးနေပါတယ်။
Client များစွာအသုံးပြုနေကြတဲ့ ziigwat.com လို real product တွေ manage လုပ်နေပါတယ်။
ဒီ real-world experience တွေကို Camp ထဲကို တိုက်ရိုက် ထည့်သွင်းပေးထားပါတယ်။ Certificate ထက် Portfolio ကို ပိုအရေးကြီးတယ်လို့ ယုံကြည်ပါတယ်။ Portfolio ထက် Mindset ကို ပိုအရေးကြီးတယ်လို့ ယုံကြည်ပါတယ်။
Developer ဆိုတာ Code ရေးတတ်သူ မဟုတ်ဘူး။ Problem solver ဖြစ်ရမယ်။ ဒီ Camp ဟာ Easy certificate လိုချင်သူတွေအတွက် မဟုတ်ပါဘူး။
၁ နှစ် အချိန်ပေးနိုင်သူ၊ Discipline ရှိသူ၊ Hard work လုပ်နိုင်သူ၊ Career ပြောင်းချင်သူ၊ တကယ် Developer ဖြစ်ချင်သူ အတွက်ပဲ ဖြစ်ပါတယ်။
တကယ် ၁ နှစ် စိတ်နှစ်ပြီး လေ့ကျင့်နိုင်ရင် ဘဝပြောင်းလဲနိုင်ပါတယ်။ ဒီ Camp က 1 year လောက်အချိန်ပေးနိုင်ပြီး တစ်နစ်တည်း တစ်နေရာတည်းမှာပဲ လုပ်ငန်းခွင်ဝင်နိုင်ဖို့ လေ့ကျင့်ပေးမယ့် Mission Project ပါ။
မြန်မာနိုင်ငံမှာ Industry-ready Developers ပိုများလာဖို့၊ Real skill ရှိတဲ့ လူငယ်တွေ ပိုတိုးလာဖို့၊ Global market ကို ဝင်နိုင်တဲ့ Developers ပေါ်လာဖို့ ဒီ Camp ကို ဖန်တီးလိုက်တာပါ။
1 year Camp အသေးစိတ်ကို အောက်က post မှာ ဖတ်နိုင်ပါတယ် 👇
FB post မှဖတ်ရန်
https://www.facebook.com/share/p/1D58oSJXjz/
Website မှဖတ်ရန်
https://hitmyanmar.com/blogs/software-developer-career-camp-1-year-camp
တကယ် စိတ်ပါဝင်စားပြီး ၁ နှစ် အချိန်ပေးနိုင်ရင် ဒီ Camp က သင့်ကို သင်မထင်ထားတဲ့ level တစ်ခုဆီ သာမက လုပ်ငန်းခွင်ထိပါ ခေါ်သွားမှာ ဖြစ်ပါတယ်။
21/04/2026
အသိတစ်ယောက်လုပ်နေတဲ့ Digital Marketing Agency Company တစ်ခုမှာ Laravel Developer Urgent လိုနေလို့ပါ။ Backend ပိုင်း၊ API integration ပိုင်း ပဲအဓိက လုပ်ရမှာပါ။ တစ်ခြား ထွေထွေထူးထူး Vue.js, React.js ဘာတစ်ခုမှ သိစရာမလိုပါဘူး။
ပြောချင်တာက Laravel နဲ့ Backend Development ကောင်းကောင်း ရေးတတ်တယ်၊ API Development ရတယ်ဆိုရင် လျှောက်လို့ရပါတယ်။ အတွေ့အကြုံ ရှိရင်ပို ကောင်းပေမယ့် Skill ရှိတယ်ဆိုရင် ရပါပြီနော်။
အောက်မှာ Job Decription လေးဖော်ပြထားပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ Mail ကနေ CV ကို ကိုယ်လုပ်ဖူးတဲ့ Project အတွေ့အကြုံနဲ့ ပို့ထားပေးပါနော်။
We’re Hiring: Laravel Developer (Backend)
We are looking for a Laravel Developer to join a growing digital marketing company.
Position: Laravel Developer (Backend)
Location: Hlaing Township (On-site)
Salary: 800,000 MMK (Basic)
Employment Type: Full-time
🎯 Responsibilities
- Develop backend APIs using Laravel
- Handle payment integration (API-based)
- Maintain and improve existing backend systems
🎯 Requirements
- Solid understanding of Laravel
- Experience with RESTful APIs
- Basic knowledge of payment API integration
- No need for frontend (Vue/React not required)
🎯 Benefits
- Opportunity for promotion after 3 months
- Work with a professional digital marketing team
- Real-world project experience
🎯 Apply Now
If you’re interested or know someone suitable, please send CV or contact via Messenger.
[email protected]
This tutorial shows you what Pure JS, Vue.js, and React.j syntax looks like.
15/04/2026
No matter where we are, office or house.
No matter what day it is, office day or holiday.
We always code.
13/04/2026
သကြင်္န် အကြိုနေ့ကတော့ project တစ်ခုကို အပြီးသတ်နေတာနဲ့ပဲ တစ်ရက် ကုန်သွားတယ်။
ဒီ Software Dev တစ်ယောက်ကတော့ ဘယ်နေ့လောက်မှာ Thingyan mode on ပြီး ရေကစားနိုင်မလဲမသိ 😅
06/04/2026
Now they are Learners. After 6 or 7 months, they are real Web or Software Engineers who can build real production level applications.
အရင်က Infinite scroll feature ရဖို့ တော်တော် ရေးယူခဲ့ရတယ်။ Inertia V2 ထွက်ကတည်းက ၅မီနစ်မကြာတော့ဘူး။ ရှယ် မိုက်တယ်၊ ရှယ် smooth ဖြစ်တယ်။
Laravel ကို Inertia.js နဲ့ Fullstack Development မလုပ်ဖူးရင်တော့ ဒီ Feeling ကို ဘယ်ခံစားဖူးပ့မလဲ။
19/03/2026
ဒီ 1 Year Software Developer Career Camp ကို ဘာကြောင့် ဖွင့်လိုက်တာလဲ?
ရိုးရိုးဖြေမယ်ဆိုရင် —
Market မှာ လိုအပ်နေတာကို မြင်လို့ ဖွင့်လိုက်တာပါ။
ကျွန်တော့်ရဲ့ e-Learning platform ဖြစ်တဲ့ hitmyanmar.com မှာ သင်ယူနေကြတဲ့ ညီငယ်ညီမငယ်များနဲ့ အပြင်ကနေ ဆက်သွယ်လာကြတဲ့ လူငယ်အများစုရဲ့ စကားတစ်ခု တူညီနေတယ် —
“Course တွေပြီးသွားပြီ… ဒါပေမယ့် အလုပ်ဝင်ဖို့ ယုံကြည်မူမရှိဘူး”
ဒါက Individual problem မဟုတ်ဘူး။ Industry problem ဖြစ်တယ်။
Myanmar tech education system မှာ Course တွေ များတယ်။ Certificate တွေ များတယ်။ Tutorial တွေ များတယ်။ ဒါပေမယ့် —
Production-level developer တွေ မလုံလောက်ဘူး။
Company တွေ “ready-made engineer” ရှာနေတယ်။ Student တွေ “job-ready path” ရှာနေတယ်။ Gap ကြီးတစ်ခု ရှိနေတယ်။
ကျွန်တော် Industry ထဲ ၈+ နှစ်ကျော် လုပ်ကိုင်လာတဲ့ အတွေ့အကြုံနဲ့ ပြောရရင် —
- Knowledge သင်ပေးတာ မလုံလောက်ဘူး။
- Framework သင်ပေးတာ မလုံလောက်ဘူး။
- CRUD project လုပ်ပေးတာ မလုံလောက်ဘူး။
Real standard, real workflow, real pressure မထည့်ရင် Developer မဖြစ်ဘူး။
အဲ့ဒီ gap ကို ဖြည့်ဖို့ Structured 1-year transformation system တစ်ခု လိုအပ်တယ်။ ဒါကြောင့်ပဲ HiT ရဲ့ အကြီးမားဆုံး 1 Year Software Developer Career Camp ကို ဖန်တီးလိုက်တာပါ။
ဒီ Camp က Market ထဲမှာ ရှိနေတဲ့ ပုံမှန် Class မဟုတ်ဘူး။
ဒီ Camp က —
❌ Easy certificate program မဟုတ်ဘူး
❌ Weekend hobby class မဟုတ်ဘူး
ဒီ Camp က —
✅ Real-world developer training system
✅ Production-level project building program
✅ Industry workflow immersion
✅ Career transformation pipeline
ကျွန်တော့်ရဲ့ Platform မှာ သင်ယူနေကြတဲ့ လူငယ်တွေ
“ဆရာ… real experience ရချင်တယ်” လို့ ပြောလာကြတဲ့အချိန်မှာ
ကျွန်တော် Class တိုးမဖန်တီးခဲ့ဘူး။ System တစ်ခု ဖန်တီး လိုက်တယ်။ ဒီ Program ဟာ Student တွေကို သင်ကြားပေးဖို့ မဟုတ်ဘူး။ Engineer အဖြစ် ပြောင်းလဲပေးဖို့ ဖြစ်တယ်။ Market မှာ Skill gap ရှိနေသရွေ့ ဒီ Camp က လိုအပ်နေမယ်။
Easy path ရှာနေသူတွေအတွက် မဟုတ်ဘူး။ Industry standard ကို လက်ခံနိုင်သူတွေအတွက်ပဲ ဖြစ်တယ်။
ကဲ ၁ နစ်လောက် အချိန် ပေးနိုင်တယ်ဆိုရင် Join လိုက်ပါ။ ၁နှစ်အတွင်း Job Ready ဖြစ်သွားဖို့၊ Real world application တွေရေးနိုင်ပြီး လုပ်ငန်းခွင်ဝင်နိုင်ဖို့ လုံးဝ အာမခံပါတယ်။
အသေးစိတ် Post -
https://www.facebook.com/share/p/1ApPiB1usn/
16/03/2026
21 Mar 2026 ရက်နေ့
လာမယ့် စနေနေ့ ဒီ Camp စပါမယ်။