လုပ်ချင်ချင်၊ မလုပ််ချင်ချင်
လုပ်သင့် လုပ်ထိုက််တာကို
လုပ်သင့် လုပ်ထိုက်တဲ့အချိန်မှာ
ဖြောင့်ဖြောင့်မတ်မတ် ပြီးမြောက်အောင်
လုပ်ဆောင်နိုင်တာ၊ လုပ်ဆောင်ရဲတာဟာ
Professional Mindset ဖြစ်တယ်။
Mr Xcode @ Tech4mm
XCODE Professional Mobile Phone Service And Training Center
XCODE Professional Mobile Phone Service And Training Center
30/08/2024
/* လူမှန် နေရာမှန် ဆိုတာကအရမ်း အရေးကြီးတယ်။ */
အရမ်းကောင်းတဲ့ ပြိုင်ကား Engine ကို
ထော်လာကြည်မှာတပ်ထားပြီးမောင်းလည်း ...
ထော်လာကြည်က ပြိုင်ကားမဖြစ််လာဘူး !
Why ?
တည်ဆောက်ပုံ Structure တွေက
ပြိုင်ကားအင်ဂျင် ရဲ့ အလုပ် လုပ်ပုံ၊
ပြိုင်ကားနဲ့ Speed ကိုလိုက်နိုင်အောင်
Design ထုတ်ထားတာ မဟုတ်လို့ဖြစ်တယ်။
!! In The Same Way !!
အလုပ် တာဝန် ကိစ္စ အရပ်ရပ်ကို အဖြေထုတ်ရာမှာလည်း
အဲ့အတိုင်းဘဲဖြစ်တယ်။
လူမှန် နေရာမှန်ဖြစ်နေဖို့ အရမ်းလိုတယ်။
ကျွန်တော် သိဖူး တွေ့ဖူး ခင်မင်ဖူးတဲ့ သူဌေးတိုင်းဟာာ -
- လူကဲခပ် ပညာ၊
- လူမှန် နေရာမှန် သုံးတတ်တဲ့ ပညာနဲ့၊
- ပေါင်းသင်း ဆက်ဆံရေး ပညာတွေမှာ
များစွာ ဆရာကျတာကို လေ့လာတွေ့ရှိ ခဲ့ရတယ်။
?? ဒီနေရာမှာ ဘာကို Learn လုပ်လို့ရမလဲ ဆိုတော့ ??
ကိုယ်လိုချင်တဲ့ အောင်မြင် တိုးတတ်မှု
အမြင့်တစ်နေရာကို ရောက်ဖို့က -
- လူ အကဲခပ် ပညာ၊
- လူမှန် နေရာမှန် အသုံးချတတ်တဲ့ ပညာ၊
- ပေါင်းသင်းဆက်ဆံရေး ပညာ၊
စတဲ့ Software Skill တွေက
ဘဝမှာ ထင်ထားတာထက် အရေးပိုကြီးတယ်ဆိုတာကို လက်ခံဖို့ရယ်၊
ကိုယ်က ညံ့နေသေးရင်လည်း -
လိုအပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းပြီး
ဘဝတိုးတတ်ရာ၊ တိုးတတ်ကြောင်းကို
လက်လက်လျောက်လှမ်း ကြပါစို့လို့ -
Mr Xcode @ Tech4mm
ပိုကောင်းတဲ့ ရလဒ်တွေက
ပိုကောင်းတဲ့ လုပ်ရပ်တွေကနေဘဲ
လာတာ ဖြစ်တယ်....
Mr Xcode @ Tech4mm
28/08/2024
Ques : ခုတလောဘယ် Bar တွေရောက်ဖြစ်လဲ
Ans : 😂😂😂
17/08/2024
Mobile Phone ပြုပြင်ရေးသင်တန်းနဲ့
ဆိုင်သမားအလုံးတွေကို ပြင်ပေးတော့ -
Xcode အနေနဲ့ နားထားခဲ့တာ အတော်ကို ကြာခဲ့ပါပြီခင်ဗျ။
ဘာကြောင့် ညာကြောင့် ဆိုပြီးတော့တော့ ညည်းမပြချင်တော့ပါဘူး။
အဆင်မပြေလို့ဘဲ အလွယ်ထားထားလိုက်တာ ပိုကောင်းပါတယ်။
---------------------------
သို့ပေမဲ့ အခု ၈ လပိုင်းကစတင်လို့ -
- Software Tools များ ရောင်း၊ ငှား၊ remote Service များစတင်ပေးနိုင်အောင် ကြိုစားစီစဥ်သွားမှာဖြစ်ပါတယ်ခင်ဗျ။
- ဖုန်းပြုပြင်ရေးနဲ့ ပက်သက်တဲ့ Tools များကိုလည်း
နိုင်ငံတကာအဆင့်မှီ Develope လုပ်နိုင်ဖို့
ဆက်လက် ကြိုးစား လုပ်ဆောင်သွားမှာဖြစ်ပါတယ်ခင်ဗျ။
- သင်တန်းနဲ့ ပက်သက်လို့ကတော့
ကိုယ်ပိုင် Online Platform ကနေ
သင်တန်းတတ်လို့ရတဲ့၊ စာအုပ် ဝယ် ငှား ဖတ် လို့ရတဲ့၊
လိုအပ်တဲ့ နားမလည်တဲ့အပိုင်းကို မေးမြန်း အကြံယူလို့ရတဲ့ Server တွေကိုတော့
မကြာခင်မှာ Android App အနေနဲ့ စတင်ပေးသွားဖို့ရှိမယ်ခင်ဗျ။
- အပြင် လာတတ်ရတဲ့ သင်တန်းများကိုတော့ နိုင်ငံရေးအခြေအနေနဲ့ အခြားအခြားသော အခက်အခဲ မျာစွာကြောင့် လက်တလော စတင်ဖို့ မရှိသေးပါခင်ဗျ။
Mr Xcode @ XCODE Professional Mobile Phone Service And Training Center
ဘဝမှာ
ကိုယ်နဲ့ ထိုက်တန်တဲ့ အရာအားလုံးကို
အရယူနိုင်ဖို့အတွက်ဆိုရင် -
၁. ရိုးသားရမယ်၊
၂. ကြိုးစားရမယ်၊
၃. လေ့လာသင်ယူရမယ်၊
အရာအားလုံးရဲ့ အစက ရိုးသားမှုဘဲ
အဲ့တာကြောင့်သာ ဗုဒ္ဓက
သမထ ဘာဝနာ အပိုင်းကို စတင်မလုပ်ဆောင်ခင်မှာ
သီလကို အခြေခိုင်အောင် အရင် တည်ဆောက်ဖို့ မှာခဲ့တာသာ ဖြစ်တယ်။
ကြိုးစားဆိုတဲ့နေတဲ့နေရာမှာ
ဘယ်ကိုမှ ခရိးမရောက်တဲ့
ရည်ရွယ် ဦးတည်ချက် အစီအစဥ်မပါတဲ့
ကြိုးစားမှုမျိုးမဟုတ်ဘဲ၊
Smart ဖြစ်တဲ့ ကြိုးစားမှုမျိုးကိုသာ ဆိုလိုတာဖြစ်တယ်။
(ချမ်းသာချင်ရင်တော့ ချမ်းသာတဲ့ အလုပ်ကို လုပ်ဖို့ လိုတယ်၊
တကယ်ချမ်းသာလာအောင် ကြိုးစား လုပ်ဆောင်ဖို့လည်း လိုမယ်။)
လေ့လာဆိုတဲ့နေရာမှာ
ကိုယ့်အတွက် တကယ်လိုအပ်တဲ့အရာကို
အခြေခံကနေစတင်ပြီး
ခြေခြေမြစ်မြစ် နားလည်နေအောင် လေ့လာထားဖို့ လိုပါမယ်။
ကိုယ် အလုပ် လုပ်ရာနယ်ပယ်မှာ ထိပ်ဆုံးတွေရဲ့ ထိပ်ဆုံး
ဆိုတာမျိုး အဆင့်ထိရောက်အောင် လေ့လာပါ။
အခြေအနေ အကြောင်းတရားများ တိုက်ဆိုင်လာတဲ့ တနေ့မှာ
ထင်ပေါ်ရင် စင်တော်က ကောက်ပါလိမ့်မယ်။
ဘဝကို ရိုးသားမှုအပေါ်မှာသာ
အခြေခံပြီး တည်ဆောက်ယူထားရင် -
နေရဖို့အတွက်လည်း အေးချမ်းတယ်။
သေရဖို့အတွက်လည်း အေးချမ်းတယ်။
Mr Xcode @ Tech4mm
ငါးနဲ့ စကားချင်ရင် တီကောင်ကို သုံးရမယ်၊
နွားနဲ့ စကားပြောချင်ရင် မြက် ကောက်ရိုး သုံးရမယ်၊
လူတွေနဲ့ ဆက်ဆံရာမှာလည်း
လူတွေဟာ လူပီသလူ ရှိသလို၊
လူမပီသတဲ့ လူဆိုတာတွေရှိတယ်။
အဲ့တော့ အထက်က ဥပမာအတိုင်းဘဲ -
တိုးတတ် ကြီးပွားရေးကို ကြံစနေသူ အောင်မြင်လိုသူတိုင်းဟာ
နွားကို မြက်က မကောင်းဘူး ထမင်းပြောင်းစားဆိုပြီ
သင်ပေးစရာမလိုသလို၊
ပြောင်းလဲဖို့ဘဲ မကြိုးစားအပ်ဘူး။
စီးပွားရေးမှာ
အရေးကြီးတာက နွားအလိုရှိတာပေးပြီ
ကိုယ် အလိုရှိတာ ပြန်ရဖို့သာဖြစ်တယ်။
ကျန်တာက နွားနဲ့ ကိစ္စ သာလျင်ဖြစ်တယ်။
ငွေမက်သူနဲ့ အလုပ်လုပ်ရတဲ့အခါ ငွေနဲ့ သာစကားပြော၊
ရာထူးမက်သူနဲ့ အလုပ်လုပ်ရတဲ့အခါ ရာထူးအကြောင်းကိုသာ ပြော၊
ဘုရား တရားဟောတောင် မကျွတ်နိုင်တဲ့
လူ့ ပြိတ္တာတွေကို ကိုယ့်အနေနဲ့ တရားသွားဟောတာဟာ
အချိန်ဖြုန်းတာ သက်သက်သာဖြစ်မယ်။
ကိုယ်လုပ်ငန်းအောင်မြင် အဆင်ပြေဖို့အတွက်
ငါးဆိုရင် တီကျွေး၊
နွားဆိုရင် ကောက်ရိုးကို သုံး၊
ဒါပါဘဲ။
Mr Xcode
ငှက်ပျောသီး အမြောက်အများ ဝယ်နိုင်လောက်အောင် တန်ဖိုးရှိတဲ့
ပတ္တမြား တစ်လုံဟာ -
မျောက်တစ်ကောင် ရဲ့လက်ထဲမှာတော့
ခဲတစ်လုံးသာသာဘဲ၊
အရောင်လေး လှတယ်ပေါ့။
(ဒါတောင်မျောက်က အရောင်ကို သိအုံးမှ ခံသားတတ်အုံးမှ)၊
အဲ့လိုဘဲ ပညာမဲ့တဲ့လူရဲ့ လက်ထဲမှာ
ဘယ်လောက်တန်ဖိုးရှိတာကိုဘဲ ထည့်ထားပေး ထည့်ထားပေး
တရားကို တေးလို ဆိုဖို့ဘဲတတ်တဲ့
မျောက်အိုဇာကြီးလိုဘဲဖြစ်နေမယ်၊
နေရာတိုင် နယ်ပယ်တိုင်းမှာ
မျောက်လို အကောင်တွေ ရှိတယ်။
Mr Xcode
03/06/2024
ဘဝက အခက်အခဲ အချိန်တွေကို
ငါတို့ဘဝအတွက် အလကားထည့်ထားပေးတာမဟုတ်ဘူး၊
ဘဝမှာ ရှင်သန်ကြီးထွားဖို့ လာဖို့၊
သန်မာ ရင့်ကျက်လာဖို့အတွက် မရှိမဖြစ်လိုအပ်နေလို့သာ ထည့်ထားပေတာဖြစ်တယ်။
ခက်ခဲချိန်မှာ လက်မြောက် အရှုံးပေးသွားလား ...?
မရ ရအောင် ဖောက်ထွက်ကြိုစားသွားလာက ...?
အချိန်တစ်ခုအကြာမှာ ဘဝတွေကွာခြားသွားရတာသာဖြစ်တယ်။
တကယ်ဆို ဘဝမှာ အရေးကြီးတာက
လုပ်ဆောင်မှုတွေဆိုတာအပြင်
ရွေးချယ်မှုတွေကပါ အရေးကြီးကြောင်းကို
သိထားဖို့ လိုမယ်။
ရှင်သန်ဖို့အတွက် သ_ တ်မလား ေ_ သမလားဆိုရင်
တရားသဖြင့် ရှင်သန်သူဖြစ်ဖို့ကို
ရဲရင့်စွာ လုပ်ဆောင်ရဲဖို့လိုသလို၊
ဆင်းဆင်ရဲရဲ လူမသိ သူမသိဘဝနဲ့ ဘဝကို အဆုံးသတ်မလား
နာမည်ဂုဏ်သတင်း ငွေကျေးဥစ္စာ အာဏာပါဝါ
အဘက်ဘက်ကပြည့်စုံတဲ့ ဘဝနဲ့တည်ဆောက်မလားဆိုရင် -
-
ကျွန်တော်ကတော့ အမြဲ ဒုတိယတစ်ခုကိုဘဲ ရွေးချယ်မယ်။
သမိုင်းနဲ့ အမှန်တရားဆိုတာက အောင်နိုင်သူတွေကသာ
ရေးခွင့် ပြောခွင့် ရှိသလို၊
အောင်နိုင်သူဖြစ်ဖို့အတွက် အရေးကြီးတာက
ရှင်ကျန်ရစ်သူ ဖြစ်ဖို့သာလျင်...
Mr Xcode @ Tech4mm
01/06/2024
Computer မှာ Browser သုံးပြီး အလုပ် လုပ်ချိန်မှာ
Privacy && Security ကို အရေးစိုက်တယ်ဆိုရင် -
- Browser ကို Full Screen Mode မသုံးပါနဲ့၊
- htts:// မဟုတ်ရင် မဝင်ပါနဲ့ မသုံးပါနဲ့ (Click တစ်ချက်ကြောင့် ပိုက်ဆံအကုန်ပါသွားနိုင်သလို၊ ဘဝနဲ့ ဂုဏ်သိက္ခာကိုပါ ထိိခိုက်နိုင်ပါတယ်။)
- Link များကို မဝင်ခင်မှာ အထူးဂရုစ်ိုက်စစ်ဆေးပါ၊ သူစိမ်းစီက Link တိုင်းကို သံသယ မျက်လုံးနှင့်သာကြည့်ပါ။ (Click တစ်ချက်ဟာ Location တည်နေရာကို အရယူနိုင်သလို၊ we**am မှတဆင့် Live Video ကိုတောင် ရယူနိုင်ပါတယ်။)
- Crack Windows တွေ၊ Crack Application တွေနဲ့ Freeware စတဲ့မရေရာတာတွေကို မသုံးပါနဲ့။
- Mac, Linux, Windows ဘယ် OS ကိုဘဲ သုံးသုံး အမြဲ update လုပ်ထားပါ။
- အသုံးပြုတဲ့ Browser စသည့်ကိုလည် update ကိုသာ မူရင်း source မှသုံးပါ။
- VPN သုံးမယ်ဆိုပါက နာမည်ဂုဏ်သတင်းကောင်းတဲ့ဟာကို သေချာရွေးချယ်သုံးပါ။ (VPN တွေက ကိုယ် အင်တာနတ်ပေါ်မှာ ဘာတွေလုပ်နေတယ်ဆိုတာကို ခြေရာခံထားနိုင်သလို၊ တည်နေရာနဲ့ IP ကိုလည်း မှတ်တမ်းယူထားနိုင်ပါတယ်။)
- ဖြစ်နိုင်ရင် VPS ကိုသာ သုံးပါ၊ လိုအပ်ပါက Tor network ကဲ့သို့ လုံခြုံရေးကွန်ရပ်များကိုသာ အသုံးပြုပါ၊ အသုံးပြုနိုင်အောင်လည်း လေ့လာထားပါ။
- Browser history နဲ့ အမှိုက် ပုံမှန်ရှင်းပါ။
- Login ဝင်ပြီးအသုံးပြုရတဲ့အရာတိုင်းအတွက် ဖြစ်နိုင်ရင် Two-Step 2FA အမြဲခံထားပါ။
- အများသုံး Wifi နဲ့ အခမဲ့ဆိုတာတွေကို ရှောင်ပါ၊ (ကျွန်တော် အမြဲသတိပေးသလိုဘဲ စီးပွားရေးမှာ အခမဲ့ဆိုတာ မရှိပါဘူး၊ MIT attack နဲ့ ကိုယ့်အချက်အလက်အကုန်ကို မသွားနိုင်တာကို သိထားဖို့လိုအပ်ပါတယ်။)
- Virus တွေ Trogen တွေနဲ့ အခြားအန္တရာယ်တွေကနေ ကာကွယ်နိုင်ဖို့ တရားဝင် မဟုတ်တဲ့ Third-part download တွေကို သတိထားပါ။
အခုဖော်ပြခဲ့အချက်တွေကို လိုက်နာနိုင်မယ်ဆိုရင်တော့
100 မှာ 70% လောက်အထိ လုံခြံပြီလို့ပြောလို့ ရပါတယ်။
100% လုံခြုံဖို့အတွက်ဆိုရင်တော့
အင်တာနတ် လုံးဝဖြတ်ထားမှရမယ်၊
ဒါတောင််မှ
ပစ္စည်းကို အပြင်လာ လာခိုး လာလုရင်
ပါသွားနိုင်သေးတာမို့ -
100% လုံခြုံဖို့ဆိုတာက Theory အရကို မဖြစ်နိုင်ပါဘူး။
ဒါကြောင့် အင်တာနက်နဲ့ AI ကို
အသိ သတိနဲ့ ယှဥ်ပြီး ဘေးကင်းစွာ သုံးနိုင်ကြပါစေကြောင်း -
No System is Safe
Mr Xcode @ Tech4mm
ဘယ်အဖွဲ့ကတုန်း?
A. ဟက်ခံရပြီထင်ပြီး password ချိန်းတယ်၊
B. Facebook ဖျက်ပြီး ပြန်ဒေါင်းတယ်၊
C. တခြားသူတွေ ဖုန်းဆက်မေးတယ်၊... 😂
//5/3/2024 10:20pm
//Facebook_Server_Down
မဟုတ်လည်
လိုင်းသုံး၊ ဂိမ်းဆော့၊ သူများ Videos တွေကို ကြည့်ရင်း အချိန် ကုန်မဲ့အတူတူ၊
ဘာသာစကားလေ့လာ၊
ကိုယ့်ကို ငွေရှာပေးမဲ့ ပညာတွေကို လေ့လာ၊
ကိုယ်သိထားသမျှကို Video လုပ်ရင်းနဲ့ မျှဝေ အချိန်တွေကို သုံးတာက၊
ရှင်သန်တာချင်း တူပေမဲ့၊ အနှစ်သာရကွာတယ်၊
ရေတိုမှာ မသိသာသေးပေမဲ့
ရေရှည်မှာ ကောင်းမွန် ချိုမြိန်တဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်တယ်။
Mr.Xcode (CEO/Founder )
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
Yangon
11091