Mya Ssam 미야쌤

Mya Ssam 미야쌤 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mya Ssam 미야쌤, Education, Zay yar Thiri Street, Yangon.

ဒီတစ်ခါ နန်းမြက Seoul Olympic park ရဲ့ 들꽃마루 (စိန်ခြယ်ပန်းခင်း) အကြောင်းလေးကို ပြောပြပေးချင်ပါတယ် 🤗နန်းမြ ဒီတစ်ပတ်ပိတ်ရက်...
12/09/2021

ဒီတစ်ခါ နန်းမြက Seoul Olympic park ရဲ့ 들꽃마루 (စိန်ခြယ်ပန်းခင်း) အကြောင်းလေးကို ပြောပြပေးချင်ပါတယ် 🤗

နန်းမြ ဒီတစ်ပတ်ပိတ်ရက်ကို ဘယ်သွားလည်စရာများရှိလဲ စဉ်းစားရင်း ရှာဖွေကြည့်လိုက်တော့ Olympic park ကိုသတိရသွားမိတယ် .. ခုချိန်က သူ့ရဲ့စိန်ခြယ်ပန်းခင်းရာသီချိန်လဲဖြစ်တယ်ဆို
တော့တခြားမစဉ်းစားတော့ပဲအဲ့ကိုပဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်..

📍သူ့ရဲ့တည်နေရာက Olympic park
Exit number- 3 (line #9) မှာပါ
(Line #2က Sport complex ကနေ line #9 park station ကို ပြောင်းစီးရင် လွယ်တယ်)

နောက်ဆုံး ဓာတ်ပုံမှာ မြေပုံပါတယ် 🗺

📍ထွက်ပေါက် #3 ကို ထွက်ထွက်ချင်း
Paris Croissant ☕️ ဆိုင်ကိုအရင်
တွေ့လိမ့်မယ်... ကော်ဖီဆိုင်ဘက်အခြမ်း မဟုတ်ဘဲ တည့်တည့်ဆက်လျှောက်ရမှာပါ(သွားလာရင်းဗိုက်ဆာရင်တော့ ကော်ဖီလေးဝင်သောက် မုန့်လေးဝင်စားလို့တော့ရပါတယ်😁)

📍တည့်တည့်ဆက်သွားရင်း လမ်းကူးလိုက်
ပြီး ၁၀ မိနစ်လောက်ဆက်လျှောက်တာနဲ့ တကယ်ကိုလှတဲ့ နှင်းဆီပန်းခင်းကြီးကိုတွေ့ရပါလိမ့်မယ်နော် 😍

နှင်းဆီပန်းတွေကလဲ ဖြူ နီ ပန်းဆီ လိမ္မော် တကယ့်ကိုအရောင်မျိုးစုံမို့ အရမ်းအရမ်းလှတယ် 🌷
နှင်းဆီရာသီချိန်ကုန်သွားရင်တောင်အဲ့မှာဆို နှင်းဆီပန်းတွေအမြဲရှိနေတတ်တော့ နှင်းဆီချစ်တဲ့သူတွေအတွက်တကယ့် စိတ်ပျော်ရွှင်စရာနေရာလေးပါပဲ 🥰

ပြီးရင်နှင်းဆီပန်းခင်းရဲ့မျက်စောင်းထိုးနေရာလောက်မှာ 들꽃마루 လို့ ဆိုင်းပုဒ်လေးကိုမြင်ရလိမ့်မယ်...အဲ့တောင်ကုန်းလေးပေါ် တက်လိုက်ရုံနဲ့
စိန်ခြယ်ပန်းခင်းကြီးမြင်ရမှာပါ 🌺🌺

ပန်းခင်းကြီးကလေတကယ့်ကိုမျက်စိတဆုံးပဲ ...ပန်းလေးတွေကလဲလိမ္မော်ရောင်လေးတွေမို့ Photogenic တကယ်ဖြစ်တယ် .. ရိုက်သမျှပုံတွေအကုန်အရမ်းလှပဲ....ဓာတ်ပုံကောင်းကောင်းရိုက်ချင်သူတွေအတွက်တော့တကယ့်နေရာကောင်းလေးတစ်ခုလို့ပြောလို့ရတယ်

နေမဝင်ခင်ဆည်းဆာချိန်လေးသွားရင်လဲဓာတ်ပုံရိုက်ဖို့ ပိုအဆင်ပြေပါတယ်နော် 📸

နန်းမြသွားတဲ့နေ့တုန်းကတော့လူနည်းပါ
သေးတယ်.. အဲ့တာကြောင့်အေးဆေးလေးပုံလေးတွေရိုက်အနားယူလို့လဲရခဲ့တယ်..နောက်တစ်ပတ်ဆိုခြူဆော့ (ကောက်သစ်စားပွဲ) ကျော်သွားပီဆိုတာနဲ့လည်ပတ်တဲ့သူတွေအရမ်းများလာတော့မှာမို့လို့ သွားလည်မယ်ဆို အခုလိုအချိန်လေးသွားဖို့ အကြံပေးချင်ပါတယ်

ပျော်ရွှင်စရာနားရက်လေးတွေပိုင်ဆိုင်ပီး ဓာတ်ပုံလှလှလေးတွေလဲအများကြီးရိုက်လာကြပါနော် 📸📸

🧡Happy Chuseok 🧡

မင်္ဂလာပါ။ Shine Korea pageကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🤗အခုတလော ကိုရီးယားမှာ corona social distancing level 4 ကြောင့် ခ...
03/09/2021

မင်္ဂလာပါ။ Shine Korea pageကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🤗

အခုတလော ကိုရီးယားမှာ corona social distancing level 4 ကြောင့် ခရီးတွေဘာတွေ ထွက်လို့ မရတော့ ထူးထူးခြားခြား ရှဲစရာ မရှိဖြစ်နေပါတယ်။😢
မကြာခင်မှာ ကိုရီးယား နေထိုင်မှုဘဝမှာ အထောက်အကူဖြစ်စေမယ့် အကြောင်းအရာလေးတွေကို မိတ်ဆက်ပေးပါမယ်။ ဒီနေ့ကတော့ နေ့စဉ်နဲ့အမျှ ဘာစားရမလဲ ခေါင်းရှုပ်နေတဲ့ သူတွေအတွက် အရသာရှိတဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဗီဇာသက်တမ်းတိုးစရာရှိလို့ 서울남부လဝကဘက်ကို သွားရတာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စရှိလို့ 목동ဘက်ကို လာဖြစ်ရင် ဝင်စားလို့ အဆင်ပြေမယ်ထင်ပါတယ်။

ဆိုင်နာမည် 🏠 - 베트남(VN) 쌀국수
ဆိုင်လိပ်စာ📍 - 베트남쌀국수 , 서울 양천구 신월로 148

ဆိုင်လေးက သပ်သပ်ရပ်ရပ်ရှိပြီး ဗီယက်နမ်လူမျိုးကိုယ်တိုင် ဖွင့်ထားတဲ့ ဆိုင် လေးပါ။ အေးအေးဆေးဆေးရှိလှတဲ့အတွက် တစ်ယောက်တည်း သွားစားဖို့လည်း တော်တော် အဆင်ပြေပါတယ်။

မီနူးကတော့ အောက်က ပုံလေးမှာ ပါတဲ့အတိုင်း စျေးနှုန်းလေးတွေပါ တွဲလျက် ကြည့်လို့ရပါတယ်။

ကျွန်မကတော့ 소고기 쌀국수ကို အကြိုက်ဆုံးပါ။😍
ကျွန်မသူငယ်ချင်းနဲ့သွားတိုင်း 소고기 쌀국수 & 짜조(베트남 만두)ကို မှာစားလေ့ရှိပါတယ်။ အစပ်ကြိုက်တဲ့သူတွေအတွက် ထည့်စားလို့ရမယ့် ငရုတ်သီး၊ မြိတ်ချဉ်တို့လည်း ပေးထားပါတယ်။ ကျွန်မအကြိုက်ဆုံးကတော့ ခေါက်ဆွဲ လာချပေးတဲ့အခါ ပဲပင်ပေါက်ကို သပ်သပ်ချပေးတာပါပဲ။ မြန်မာနိုင်ငံ ရှမ်းခေါက်ဆွဲမှာ ပဲပင်ပေါက် သိပ်ထည့်လေ့မရှိတော့ ဗီယက်နမ်ခေါက်ဆွဲစားတိုင်း ပဲပင်ပေါက်က အနှောက်အယှက်ဖြစ်လေ့ရှိတဲ့ ကျွန်မအတွက် တော်တော် အဆင်ပြေပါတယ်။

နံနံပင်က ကိုရီးယားရဲ့ စားသောက်ဆိုင် တော်တော်များများမှာ ဝယ်စားရပေမယ့် ဒီဆိုင်လေးကတော့ အလကားပေးပါတယ်။ လိုသလောက် ထပ်တောင်းလို့လည်း ရပါတယ်။👌

ခေါက်ဆွဲရဲ့ အရသာကတော့ ဟင်းရည်က အသက်လို့ ပြောရမလားပဲ။ အရမ်း အရသာရှိပါတယ်။
ကော်ပြန့်လိပ်ကတော့ အရမ်း စားကောင်းတယ်လို့တော့ ပြောလို့မရပေမယ့် မဆိုးပါဘူး။🤔

အရှေ့တောင်အာရှ အစားအစာတွေ လွမ်းနေတဲ့အချိန်မှာ တစ်ခေါက်လောက် သွားစားဖို့ သင့်တဲ့ ဆိုင်လေးပါပဲ။ ကိုရီးယားလိုဆို 동네 맛집လို့ ပြောလို့ရတဲ့ ဆိုင်လေးပါ။😋

24/07/2021

မင်္ဂလာပါရှင်
I Seoul U ပေ့ချ်ကို ဖွင့်ထားတာ ကြာပေမယ့်
Cosmetic post တွေ active မဖြစ်လို့
Page Name ကိုလည်း I Seoul U က နေ Mi Mi Maung -M3ပြောင်းလိုက်တာ ဖြစ်ပါတယ်ရှင်

ကျမ နန်းမြ (MiMi)နဲ့ နန်းမြရဲ့ သူငယ်ချင်း (Scarlet Maung)တို့ အတူတူ

၁)ကိုရီးယား lifestyle
၂) korea Language
၃) scholar ship -Education
၄) ကျောင်းကိစ္စတွေနဲ့
ပတ်သက်ပြီး အပတ်စဉ် တင်မှာ ဖြစ်ပါတယ် ရှင်

၇ လပိုင်းထဲမှာပဲ ဖွင့်တဲ့ &table (앤테이블 ) pop-up မြန်မာတိုင်းရင်းသားဆိုင် ဟိုနေ့က နန်းမြ ရှမ်းခေါက်ဆွဲ ပုံလေးတွေ တင်လိုက်...
24/07/2021

၇ လပိုင်းထဲမှာပဲ ဖွင့်တဲ့ &table (앤테이블 ) pop-up မြန်မာတိုင်းရင်းသားဆိုင်

ဟိုနေ့က နန်းမြ ရှမ်းခေါက်ဆွဲ ပုံလေးတွေ တင်လိုက်တော့ ကိုးရီးယားက အကိုတွေ တော်တော် များများ လာမေးကြတယ် ဆိုင်က ဘယ်နားမှာလဲ ?ဘယ်လို သွားရလဲပေါ့ ?

နန်းမြလဲ အားလုံး သိရအောင် ပို့စ်လေး ရေးလိုက်ပါရစေရှင် 😊

ဆိုင်က 노들섬 (Nodeul Island)မှာရှိတာပါ

노들섬 ဆိုတာ Start-up drama ရိုက်ကွင်း တစ်ခုဖြစ်လို့ သွားလည်ရင်း (စားပြီးပြီလား ) ဆိုပြီး စာလုံး ကြီးကြီးနဲ့ ရေးထားတာတွေ့တော့ မြန်မာစကားလုံးက ဘာဖြစ်လို့ ဒီမှာ ရှိလဲပေါ့ ?? အနီးကပ်ကြည့်မှ မြန်မာစားသောက်ဆိုင်မှန်း သိတော့ ဝမ်းသာအံ့ဩလိုက်တာ 😱
ကိုယ့် မြန်မာ အစားအစာစားသောက်ဆိုင်ကို ဆိုလ်းမြို့လယ်မှာ သပ်သပ်ရပ်ရပ် ဖွင့်ထားတာ (ဆိုင်ရှင် ကိုရီးယားပါ)

ဆိုင်တည်နေရာကဟန်မြစ်ဘေးလေးမှာဖွင့်ထားတာမို့ view က အရမ်း မိုက်ပါတယ်..
၆၃ ထပ်အဆောက်အအုံကိုလဲမြင်ရတာမို့မြင်ကွင်းလေးက လှတယ် 😍

ဆိုင်ထဲရောက်ရင် part time ကူလုပ်ပေးတဲ့ ညီမလေးရဲ့မင်္ဂလာပါ ဆိုပြီး နှုတ်ဆက်လိုက်တဲ့အသံလေးကလဲမွေးရပ်မြေနဲ့ဝေးနေရတဲ့ကိုယ့်အတွက်တော့ အလွမ်းပြေစေတယ်..
အပြင်မှာရာသီဥတုပူလို့ ဆိုင်ထဲမှာ air con ဖွင့်ထားတော့ အေးအေးလေးနဲ့ ထိုင်ရတာလဲ အဆင်ပြေတယ်..

ရှမ်းခေါက်ဆွဲ
နန်းမြကရှမ်းမတစ်ယောက်ဖြစ်တာမို့ ရှမ်းခေါက်ဆွဲဆိုရင် ရှမ်းလက်ရာစစ်စစ်ကိုပိုကြိုက်ပါတယ် ဒီဆိုင်ရဲ့ အရသာကိုတော့ rating ပေးရမယ်ဆိုရင် နန်းမြအတွက်တော့ 4 stars ပေးပါတယ် ⭐️⭐️⭐️⭐️

သူက အသုတ်နဲ့ အရည် ၂ မျိုးရတာ
နန်းမြကတော့အသုတ်ပဲ မှာ စားလိုက်ပါတယ်

ပုံမှန်ဆို ( ကြာညွှန့် ၊ ငရုတ်အဆီ ၊ ကြက်သွန်မြိတ်၊ နှမ်း ၊ မြေပဲ၊ ပကောစကော etc ) ထည့်ရသေးတာကိုး ဒါပေမဲ့ သူ့ရဲ့ ခရမ်းချဉ်သီး အနှစ်က ဘာဟင်းခတ်မှ ထပ်ထည့်စရာမလိုအောင်အရသာပြည့်စုံမှုကြီးကတော့ နန်းမြအတွက်တော့ woww ပါပဲ

ဒီဆိုင်က ရှမ်း ခေါက်ဆွဲက မြေပဲပါ ပါလို့ စိမ့်စိမ့်လေးနဲ့ အရသာတော်တော်အဆင်ပြေတယ် 😍😍

စျေး?
ဝမ်တစ်သောင်းပဲရှိပါတယ်. ဆိုးလ်မှာဆို ဒီလို နေရာမှာ ဒီစျေးနဲ့ ရောင်းဖို့ ဆိုတာ တော်တော် မလွယ်ပါဖူး

အုန်းနို့ ခေါက်ဆွဲ ( ဝမ် - ၉၀၀၀ )
အုန်းနို့ခေါက်ဆွဲ အပြင်အဆင် အရမ်း လှတယ် စားကြည့်လိုက်တော့လဲအရမ်းအီမနေဘူး (ကိုယ်ကတောအီအီစိမ့်စိမ့်ကြိုက်တဲ့သူပါ) 😂
ပြီးတော့ အရသာလေးလဲနဲနဲလေးတယ်လို့ခံစားရတာရယ် ခေါက်ဆွဲသားလဲသိပ်မကောင်းတာရယ်ကြောင့် နန်းမြအတွက်တော့ 3 stars ပေးပါတယ် ⭐️⭐️⭐️

Pension fruit soda ( ဝမ် - ၃၅၀၀ )
ဖျော်ရည်ကတော့ မဆိုးဘူး ကောင်းတယ်
ရှမ်းခေါက်ဆွဲ နဲ့ အုန်းနို့ခေါက်ဆွဲ စားပြီး အအီပြေ ချဉ်ချဉ်ချိုချိုဖျော်ရည်လးနဲ့လိုက်ဖက်တာမို့ 4 stars ပေးပါတယ် ⭐️⭐️⭐️⭐️

Milk tea လက်ဖက်ရည် (၁၅၀၀ဝမ်)

tea bag နဲ့ ဖျော်ထားတာလို့ ပြောထားတယ်
မြန်မာ royal myanmar ကို ဖျော်ထားတာနဲ့ တူလို့ ကိုယ့်လို လက်ဖျော်ကြိုက်တဲ့ သူအတွက်တော့အစိမ့်အရသာ နို့စိမ်း ၂ ပေါက်လောက် လိုနေတယ် 😂 🌟🌟

တခြား မွင်းခါး၊ ပုဇွန်ဟင်းလဲရှိပါတယ်

တည်နေရာ
노들섬 Nodeul Island မှာ တည်ရှိပါတယ်
(Nodeul Island က ဟန်မြစ် အလည်က ကျွန်းလေး ဖြစ်ပြီး Start-up drama ရိုက်ကွင်း တစ်ခုလည်း ဖြစ်ပါတယ်)
🚊Line number 9 노들역 (Exit number 2)
노들역 Exit 2 ကနေ လမ်းလျှောက်သွားရင် ၁၀-၁၅ မိနစ် ကြာပါတယ်

မှတ်ချက်

ဒီဆိုင်က pop- up store ဖြစ်တဲ့ အတွက် ဒီလ ဂျူလိုင်လထဲမှာပဲ ရှိပါတယ်
နောက်လဆို မြောင်ဒုံမှာ ရှိပါတယ် နေရာအတိအကျတော့ မသိရသေးလို့ပါ
နောက်မှ update ပါမယ်ရှင်
#앤테이블

❤Peripera Ink Matte Blur❤INSTOCK PRICE - 13000KSAvailable Colors #01  #03 #05 #06 #07 #08 #09 #10Peripera ကအရောင်လေးတွေဆ...
20/01/2020

❤Peripera Ink Matte Blur❤

INSTOCK
PRICE - 13000KS
Available Colors
#01
#03
#05
#06
#07
#08
#09
#10

Peripera ကအရောင်လေးတွေဆို ရွေးရခက်လောက်အောင်လှတာ အားလုံးသိတဲ့တိုင်းပါဘဲ...

Peripera ထဲက Long Lasting ဖြစ်ပြီး Light weight လဲ ဖြစ်တဲ့ Ink matte blur လေးတွေ ကိုတော့ မင်မင် အကြိုက်ဆုံးပါ..

တော်ရုံနဲ့လဲမပျက်ဘဲ အရောင်တွေအကုန်လုံး အသားဆောင်ပြီး ဖြူတဲ့သူကော ညိုတဲ့သူတွေပါ လိုက်ဖက်တဲ့အရောင်တွေဘဲမလို့ အရမ်းအဆင်ပြေတယ် 😊😍

မင်မင်အကြိုက်ဆုံးအရောင်လေးကတော့ #03 #06 #10 လေးတွေပါ 😊

ဂျပန် ကာတွန်း character ဆို ဆာမူရိုင်းပဲ သိတယ်😂🤪
12/01/2020

ဂျပန် ကာတွန်း character ဆို ဆာမူရိုင်းပဲ သိတယ်😂🤪

Quality ကောင်းတဲ့ အရုပ်လေးတွေ 🐶🐶🐶Kakao friends
12/01/2020

Quality ကောင်းတဲ့ အရုပ်လေးတွေ 🐶🐶🐶
Kakao friends

အိမ်စီး ဖိနပ်လေးတွေ 🥿🥿👠အိနေတာပဲ
12/01/2020

အိမ်စီး ဖိနပ်လေးတွေ 🥿🥿👠
အိနေတာပဲ

Dolls !! Elsa ~~ singing into the unknown❄️⛄☃️Barbie dolls 👗👗
12/01/2020

Dolls !!
Elsa ~~ singing into the unknown❄️⛄☃️
Barbie dolls 👗👗

Lilybyred lip tint sample ၆၅၀၀ kyat
10/01/2020

Lilybyred lip tint sample
၆၅၀၀ kyat

Address

Zay Yar Thiri Street
Yangon

Website

Alerts

Be the first to know and let us send you an email when Mya Ssam 미야쌤 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category