Starlets Private Primary School

Starlets Private Primary School Together in Nurturing

That's what a happy Environment of Learning looks alike...😍😍🥰Learn Science by seeing...🔭🧪👩‍🔬👨‍🔬Sound🔊in different medium...
03/08/2026

That's what a happy Environment of Learning looks alike...😍😍🥰

Learn Science by seeing...🔭🧪👩‍🔬👨‍🔬
Sound🔊in different mediums..📣📣



ကျောင်းစုံစမ်းရန် - 09 770 888 850, 09 970701275

✨ Starlets ကျောင်းသားများအတွက် အရသာရှိပြီး အာဟာရပြည့်ဝတဲ့ နေ့လယ်စာ အစီအစဉ်! ✨🔸️​ချစ်ရတဲ့ မိဘအုပ်ထိန်းသူများခင်ဗျာ...​ကလေ...
31/07/2026

✨ Starlets ကျောင်းသားများအတွက် အရသာရှိပြီး အာဟာရပြည့်ဝတဲ့ နေ့လယ်စာ အစီအစဉ်! ✨

🔸️​ချစ်ရတဲ့ မိဘအုပ်ထိန်းသူများခင်ဗျာ...

​ကလေးငယ်များအတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။‼️
ဒါကြောင့် Starlets ကျောင်းမှာ ကလေးငယ်လေးတွေအတွက် သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ နေ့လယ်စာ အစီအစဉ်ကို စီစဉ်ပေးထားပါတယ်။

​Starlets ရဲ့နေ့စဉ် meal plan တွေကတော့ အသားဟင်း၊ အရည်သောက်၊ အသီးအရွက်စုံလင်စွာ ပါဝင်တာကြောင့် ကလေးငယ်တွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့
သတ္တုဓာတ်တွေကို ပြည့်ဝစွာ ရရှိစေမှာပါ။ ကလေးတွေ ကျန်းမာပြီး စွမ်းအင်ပြည့်ဝစွာနဲ့ သင်ယူနိုင်ဖို့ Starlets ကျောင်းရဲ့ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ နေ့လယ်စာအစီအစဉ်ကို ရွေးချယ်လိုက်ကြပါစို့!🎊

​ကလေးငယ်များအတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ နေ့လယ်စာတွေကို အတူတူပြင်ဆင်ကြပါစို့!

​ 🍎🥦🥩🍲😋

🎭 ရိုးရာအမွေအနှစ် လူရွှင်တော် ဟာသပညာရပ်များကို လက်ဆင့်ကမ်းပေးနေသည့် Starlets 🎭​မြန်မာ့ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဝါရင့်ဇာ...
28/07/2026

🎭 ရိုးရာအမွေအနှစ် လူရွှင်တော် ဟာသပညာရပ်များကို လက်ဆင့်ကမ်းပေးနေသည့် Starlets 🎭

​မြန်မာ့ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဝါရင့်ဇာတ်မင်းသားကြီး ဦးဂျင်မီဇရက် ကိုယ်တိုင် Starlets က သားသားမီးမီးလေးတွေကို မြန်မာ့ရိုးရာ လူရွှင်တော် ဟာသပညာရပ်တွေ၊ ပြက်လုံးအနုပညာတွေကို အနီးကပ် လက်တွေ့သင်ကြားပေးနေပါပြီ။

​ကလေးတွေအနေနဲ့ အနုပညာကို ဝါသနာပါလာစေရုံသာမက မြန်မာစာ၊ မြန်မာစကားရဲ့ အသုံးအနှုန်း၊ အပြောအဆို ကြွယ်ဝလာစေဖို့နဲ့ ကိုယ်ပိုင်တီထွင်ကြံဆနိုင်စွမ်းတွေ ဖွံ့ဖြိုးလာစေဖို့အတွက် ဒီလိုရိုးရာအမွေအနှစ်တွေကို လက်ဆင့်ကမ်းပေးတာဟာ အလွန်တရာမှ အရေးကြီးလှပါတယ်။ ဘဘကြီးရဲ့ ဟာသပညာပေး အစီအစဉ်လေးမှာ ပျော်ရွှင်တက်ကြွနေကြတဲ့ ကျွန်တော်တို့ရဲ့ Starlets လေးများကို ကြည့်ရှုအားပေးလိုက်ပါဦးရှင်/ခင်ဗျ... 🥰✨
​ #လူရွှင်တော်ဟာသပညာ #မြန်မာ့ရိုးရာအမွေအနှစ်

🎨 စုတ်ချက်လှလှ၊ စိတ်ကူးစုံလင်စွာနဲ့... အာဇာနည်နေ့ကို ဂုဏ်ပြုကြမယ် 🇲🇲​ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်တယ့် (၇၉) နှစ်မြောက်...
19/07/2026

🎨 စုတ်ချက်လှလှ၊ စိတ်ကူးစုံလင်စွာနဲ့... အာဇာနည်နေ့ကို ဂုဏ်ပြုကြမယ် 🇲🇲
​ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်တယ့် (၇၉) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့ Starlets က်ုယ်ပိုင် အလယ်တန်းကျောင်းမှာ "အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ" လေးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

​ဒီနေ့ခေတ် ရင်သွေးငယ်လေးတွေရဲ့ ဖြူစင်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ သမိုင်းပုံရိပ်ကို ကလေးတို့မျက်စိထဲ ဘယ်လိုအနုပညာမြောက် ပုံဖော်ထုဆစ်ထားကြလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ 😍

​သားသားမီးမီးတို့ရဲ့ ကိုယ်ပိုင်အရည်အချင်း၊ စိတ်ကူးစိတ်သန်းတွေကို အားပေးဖို့နဲ့ သူတို့လေးတွေရဲ့ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုဖို့အတွက် Like & Share လုပ်ပြီး ဝန်းရံပေးခဲ့ကြပါဦး မေမေတို့ရေ... 👇✨

#အာဇာနည်နေ့အထိမ်းအမှတ် #ပန်းချီပြိုင်ပွဲ

**🎨 Real Objects, Real Talent: Our Little Artists at Work! 🍍🍉**ဒီနေ့မှာတော့ ကလေးတွေနဲ့အတူ စားပွဲပေါ်က နာနတ်သီးနဲ့ ဖရဲသီး...
06/07/2026

**🎨 Real Objects, Real Talent: Our Little Artists at Work! 🍍🍉**

ဒီနေ့မှာတော့ ကလေးတွေနဲ့အတူ စားပွဲပေါ်က နာနတ်သီးနဲ့ ဖရဲသီးတွေကို သေချာအာရုံစိုက် ကြည့်ရှုပြီး ရေးဆွဲရတဲ့ Still Life (အသက်မဲ့အရာဝတ္ထုများ ပုံတူဆွဲခြင်း) သင်ခန်းစာလေးကို လေ့လာခဲ့ကြပါတယ်။ ကလေးတွေဟာ မိမိတို့မျက်စိရှေ့က အရာဝတ္ထုတွေရဲ့ ပုံသဏ္ဍာန်နဲ့ အရောင်အသွေးကို မြင်တွေ့ရတဲ့အတိုင်း ကိုယ်ပိုင်လက်ရာလေးတွေနဲ့ စိတ်ကူးစိတ်သန်းရှိရှိ ပုံဖော်ခဲ့ကြတာပါ။

ခဲတံတစ်ချက်ဆွဲတိုင်းမှာ ကလေးတွေရဲ့ အနုပညာဖန်တီးနိုင်စွမ်းနဲ့ အကဲခတ်နိုင်စွမ်းတွေ တိုးတက်လာတာကို မြင်တွေ့ရလို့ တကယ်ကို ဂုဏ်ယူမိပါတယ်။ 👇✏️


🎵 Tiny Beats, Big Harmonies: Making Music Together! 🌟အပတ်စဉ်တိုင်း ကျွန်တော်တို့ကျောင်းက ကလေးတွေနဲ့အတူ စိတ်လှုပ်ရှားပျော...
01/07/2026

🎵 Tiny Beats, Big Harmonies: Making Music Together! 🌟

အပတ်စဉ်တိုင်း ကျွန်တော်တို့ကျောင်းက ကလေးတွေနဲ့အတူ စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းတဲ့ ဂီတသင်ခန်းစာလေးကို လေ့လာကြပါတယ်။ ကလေးတွေဟာ သီချင်းသံစဉ်တွေရဲ့ စီးချက်ဝါးချက်ကို တူညီစွာဆွဲကိုင်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်တွေကို ပျော်ပျော်ရွှင်ရွှင် ပုံဖော်ကြတာပါ။

ဂီတသံစဉ်တစ်ခုချင်းစီက ကလေးတွေရဲ့ အာရုံစူးစိုက်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ပိုမိုနိုးကြားလာစေပြီး အတူတကွ သီဆိုတီးမှုတ်ရင်း ယုံကြည်မှုတွေ ပိုမိုတိုးတက်စေပါတယ်။ 🎼🎤

🏆 Starlets ရဲ့ ကြယ်ပွင့်လေးများရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ သမိုင်းမှတ်တိုင်အသစ် 🥈၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ်အဖ...
30/06/2026

🏆 Starlets ရဲ့ ကြယ်ပွင့်လေးများရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ သမိုင်းမှတ်တိုင်အသစ် 🥈

၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့တဲ့ "Olympic Day Movement 2026" မြန်မာ့သိုင်းပြိုင်ပွဲကြီးရဲ့ "(၆၃မောင်း စွမ်းရည်ပြ အမျိုးသား)" ပြိုင်ပွဲမှာ Starlets ကျောင်းရဲ့ အမျိုးသားအဖွဲ့ဟာ အကောင်းဆုံးနဲ့ အထူးချွန်ဆုံး ယှဉ်ပြိုင်ကစားခဲ့ကြလို့ ထိုက်ထိုက်တန်တန်ပဲ ဒုတိယဆု (ငွေတံဆိပ်) ကို ဆွတ်ခူးရရှိခဲ့ပါတယ်

ဇွဲလုံ့လအပြည့်နဲ့ ကြိုးစားခဲ့ကြတဲ့ သားသား မီးမီးလေးတွေရဲ့ အားထုတ်မှု၊ ကလေးတွေကို စနစ်တကျနဲ့ အနီးကပ် မမောမပန်း သင်ကြားပြသပေးခဲ့ကြတဲ့ နည်းပြဆရာများရဲ့ ကြိုးစားအားထုတ်မှု၊ နောက်ကွယ်ကနေ အဘက်ဘက်က ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူများရဲ့ ပံ့ပိုးမှုတို့ကြောင့် အခုလို ကျောင်းအတွက်ရော မိသားစုတွေအတွက်ပါ ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်
❤️
ပါဝင် ပေးခဲ့ကြတဲ့ သားသားမီးမီးလေးတွေကို ရင်ထဲကနေ လှိုက်လှဲစွာ ဂုဏ်ယူမိသလို၊ နည်းပြဆရာများနှင့် မိဘအုပ်ထိန်းသူများအားလုံးကိုလည်း Starlets ကျောင်းမှ လှိုက်လှဲစွာ အထူးပင် ကျေးဇူးတင်ရှိအပ်ပါတယ် 🥳🎉

Ready, Set, Protected! 🚨ယနေ့ ကျတော်တို့ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင်တဲ့...
19/06/2026

Ready, Set, Protected! 🚨

ယနေ့ ကျတော်တို့ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင်တဲ့ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လေ့ကျင့်မှု (Earthquake Drill) ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ 🏫✨

ကလေးတို့ရဲ့ လုံခြုံရေးဟာ ကျွန်ုပ်တို့ကျောင်းရဲ့ ပထမဦးစားပေးဖြစ်တာကြောင့် ဒီလိုအရေးပေါ်အခြေအနေမျိုးမှာ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို လက်တွေ့လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။ သားသားမီးမီးတို့အားလုံး အရေးပေါ်စည်းမျဉ်းဖြစ်တဲ့
🔹 ဝပ် (Drop)
🔹 ကာ (Cover)
🔹 မြဲမြဲကိုင်ထား (Hold On)
ဆိုတဲ့ အဆင့်တွေကို စနစ်တကျနဲ့ တက်တက်ကြွကြွ လိုက်နာလုပ်ဆောင်ခဲ့ကြတာ တကယ်ကို ချီးကျူးစရာပါပဲ! 👏🥰

စာပေပညာရပ်တွေသာမက ဘဝအတွက် အရေးပါတဲ့ Practical skills တွေကိုပါ သင်ကြားပေးနိုင်ခဲ့တဲ့အတွက် ကျောင်းအနေနဲ့ အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။



}

04/06/2026

Happy Birthday May Borns.. 🥰🥰
Wishing you all have a blessed life ahead together with your beloved families...😍😍

🧠 စဉ်းစားတွေးခေါ်မှု အားကောင်းပြီး ထက်မြက်တဲ့ ရင်သွေးငယ်များဖြစ်လာဖို့ စစ်တုရင် (Chess) ကစားကြစို့ ♟️​ကျွန်တော်တို့ကျောင...
02/06/2026

🧠 စဉ်းစားတွေးခေါ်မှု အားကောင်းပြီး ထက်မြက်တဲ့ ရင်သွေးငယ်များဖြစ်လာဖို့ စစ်တုရင် (Chess) ကစားကြစို့ ♟️

​ကျွန်တော်တို့ကျောင်းမှာ Extracurricular (ပြင်ပသင်ရိုးညွှန်းတမ်း) ဘာသာရပ်တစ်ခုအနေနဲ့ Chess (စစ်တုရင်) ကို ဘာကြောင့် အထူးတလည် ထည့်သွင်းသင်ကြားပေးနေရတာလဲ❓
👉စစ်တုရင်ဟာ ရိုးရိုးကစားနည်းတစ်ခုတင်မကဘဲ ကလေးတို့ရဲ့ ဦးနှောက်ကို အကောင်းဆုံး လေ့ကျင့်ပေးနိုင်တဲ့ အစွမ်းထက် Tool တစ်ခုဖြစ်လို့ပါပဲ။

❗️​စစ်တုရင်ကစားခြင်းကနေ သားသားမီးမီးတို့ ရရှိမယ့် အကျိုးကျေးဇူး (၄) ချက်ကတော့ -

♟️​Brain Power (ဦးနှောက်စွမ်းရည် တိုးတက်ခြင်း):
Logic ကျကျ တွေးခေါ်ပုံနဲ့ ပြဿနာကို အကွက်စေ့စေ့ ဖြေရှင်းနိုင်စွမ်း (Problem-Solving Skills) ကို မြှင့်တင်ပေးပါတယ်။
♟️​Focus & Patience (အာရုံစူးစိုက်မှုနဲ့ စိတ်ရှည်မှု): ကစားပွဲတစ်ခုလုံးကို အာရုံစိုက်ရတဲ့အတွက် Digital ပစ္စည်းတွေကြောင့် ကလေးတွေမှာ အဖြစ်များတဲ့ အာရုံမစိုက်နိုင်တဲ့ ပြဿနာကို လျှော့ချပေးပြီး စိတ်ရှည်မှု ရှိလာစေပါတယ်။
♟️​Strategic Thinking (ကြိုတင်ပြင်ဆင်မှု):
"ကိုယ်တစ်ကွက်ရွှေ့ရင် ဘာဆက်ဖြစ်မလဲ" ဆိုတဲ့ အကျိုးနဲ့ အကြောင်းကို ကြိုတင်တွက်ချက်တတ်တဲ့ Vision မျိုး ငယ်စဉ်ကတည်းက စိမ့်ဝင်သွားစေပါတယ်။

♟️​EQ & Resilience (စိတ်ဓာတ်ကြံ့ခိုင်မှု):
နိုင်ရင်လည်း မောက်မာမှုမရှိဘဲ ရှုံးရင်လည်း အရှုံးကနေ သင်ခန်းစာယူပြီး ပြန်ထနိုင်တဲ့ စိတ်ဓာတ်ကောင်း (Sportsmanship) ကို မွေးမြူပေးပါတယ်။

​✨ "ဒီနေ့ရဲ့ စစ်တုရင်ခုံထက်က ကစားသမားလေးတွေဟာ မနက်ဖြန်ရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်ငယ်လေးတွေ ဖြစ်လာမှာပါ" ✨
​ရင်သွေးငယ်တွေရဲ့ သင်ယူမှုစွမ်းရည်ကို စာအုပ်ထဲမှာတင်မကဘဲ ဘက်စုံ ထူးချွန်ထက်မြက်နေစေဖို့ Starlets က အမြဲ အကောင်းဆုံး ပံ့ပိုးပေးနေပါတယ်။

​

Address

230 Pinlon Road, 30 Blocks, North Dagon
Yangon

Telephone

+959770888850

Website

Alerts

Be the first to know and let us send you an email when Starlets Private Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Starlets Private Primary School:

Shortcuts

Share

Category