K-Lingo Prime Online Academy

K-Lingo Prime Online Academy

Share

안녕하세요 ^^ 케이 린고에서 환영 합니다 !!

22/06/2026

LoveBand Part - 1

Korea University Life Style လေးတွေ မြင်ရမယ့် WebToon လေး

Telegram Channel - https://t.me/+BJFRL71LP7s0NDI1






Video Credit to Original Owner

22/06/2026

🇰🇷 Sea Animals in Korean 🌊🐙

ဒီနေ့တော့ Korean Vocabulary Lesson မှာ ပင်လယ်သတ္တဝါတွေကို ကိုရီးယားလို ဘယ်လိုခေါ်လဲ လေ့လာကြမယ်နော်! ✨

မြန်မာလို အဓိပ္ပာယ် သိတဲ့သူလေးတွေ ရှိရင် comments မှာ ဖြေပေးကြပါဦးနော် ✅✅

Telegram Channel - https://t.me/+BJFRL71LP7s0NDI1




22/06/2026

K Lingo Prime Online Academy မှကြိုဆိုပါတယ်
N4 Level Kanji တွေတူတူလေ့လာရအောင်
N4, N5 Level online class လေးတွေစုံစမ်းလိုပါက Telegram Acc ကိုလာရောက်စုံစမ်းနိုင်ပါတယ်


21/06/2026

ဒီ Mukbang ကို ကြည့်ပြီး မစားဘဲ မနေနိုင်တော့ဘူး 😋🔥

တစ်ကိုက်ချင်းစီတိုင်းမှာ
အရသာနဲ့ ပျော်ရွှင်မှုအပြည့် 🍜

ရောယောဘွန်းတို့ဆိုရင်ရော
ဒီ Menu ကို စားကြည့်ချင်ကြရဲ့လား? 👀👇

Telegram Channel - https://t.me/+BJFRL71LP7s0NDI1





#먹방영상

20/06/2026

K Lingo Prime Academy မှကြိုဆိုပါတယ်
皆さん N4 Kanji တူတူလေ့လာရအောင်


18/06/2026

🧠 ကိုရီးယားစကားလုံးဉာဏ်စမ်း! 🧠

📣 မေးခွန်းလေးတွေ ဖြေရင်းနဲ့ ကိုရီးယားစကားပြောလေးတွေ တူတူ လေ့ကျင့်ကြမယ်နော်

ဒီပုံလေးထဲက တိရစ္ဆာန်လေးတွေထဲမှာ 여러분 ရဲ့အကြိုက်ဆုံးတိရစ္ဆာန် က ဘယ်တစ်ခုလေး ဖြစ်မလဲဆိုတာ ဖြေကြည့်ကြရအောင်ရှင်

📮 ပုံလေးထဲမှာ မပါတဲ့ အကောင်လေးတွေကိုလည်း သိသလောက်လေး ဖြေပေးရင်း တစ်ယောက်ကို တစ်ယောက် Sharing လုပ်ပေးကြရအောင်နော် ✅

📌 အခြားသူတွေနဲ့လည်း မျှဝေဖို့ မမေ့နဲ့နော်!

Telegram Channel - https://t.me/+BJFRL71LP7s0NDI1




Photos from K-Lingo Prime Online Academy's post 17/06/2026

ကိုရီးယားဘာသာစကားကို လေ့လာ သင်ယူချင်တယ်ဆိုရင်တော့ K-Pop နဲ့ K-Drama အကြောင်းပဲ မဟုတ်ဘဲ ကိုရီးယားလူမျိုးတွေရဲ့ စဉ်းစားပုံ၊ နေထိုင်ပုံ၊ လူမှုဆက်ဆံရေး ယဉ်ကျေးမှုတွေကို လေ့လာ မှတ်သားသင့်ပါတယ်ရှင်

🇰🇷 1. Respect Culture (존중 문화)

ကိုရီးယားလူမျိုးတွေက အသက်ကြီးသူ၊ ရာထူးကြီးသူ၊ ဆရာသမားတွေကို အလွန် လေးစားကြပါတယ်

ဥပမာ

* နှုတ်ဆက်တဲ့အခါ ဦးညွှတ်ပြီး နှုတ်ဆက်ခြင်း
* အရက်ခွက်လက်ခံတဲ့အခါ လက်နှစ်ဖက်နဲ့ လက်ခံခြင်း
* အသက်ကြီးသူရှေ့မှာ စကားပြောပုံ၊ အပြုအမူကို သတိထားခြင်း

ဒါကြောင့် Korean Language မှာ Honorific Language (존댓말) နဲ့ Casual Language (반말) ဆိုပြီး ခွဲခြားထားတာ ဖြစ်ပါတယ်

🇰🇷 2. Age Culture (나이 문화)

ကိုရီးယားမှာ လူသစ်တွေ တွေ့တဲ့အခါ

“몇 살이세요 ?”
(အသက် ဘယ်လောက်ရှိလဲ) ဆိုပြီး မေးတတ်ကြပါတယ်

အသက်အရွယ်ကို သိရမှသာ ဘယ်လိုစကားပြောရမလဲဆိုတာ သိရှိနိုင်မှာမို့သာ ဖြစ်ပါတယ်

* Hyung (형)
* Nuna (누나)
* Oppa (오빠)
* Eonni (언니)

စတဲ့ ခေါ်ဝေါ်သင့်ပုံတွေကို သတ်မှတ်နိုင်ပါတယ်

🇰🇷 3. Education Culture (교육 문화)

ကိုရီးယားမှာ ပညာရေးကိုလည်း အလွန်တန်ဖိုးထားပါတယ်

ကျောင်းသားအများစုက

* မနက်စောစော ကျောင်းတက်
* ညအထိ စာသင်
* Academy (학원) တွေ တက်ကြပါတယ်

TOPIK, University Entrance Exam, Certificates တွေကိုလည်းပဲ အလေးထားကြပါတယ်

🇰🇷 4. Work Culture (직장 문화)

ကိုရီးယားနိုင်ငံက အလုပ်လုပ်တဲ့ ယဉ်ကျေးမှုက စည်းကမ်း အလွန်ကြီးပါတယ်

✔️ အချိန်တိကျခြင်း

✔️ Teamwork

✔️ Responsibility

✔️ Respect for Seniors

ကို အလွန်အရေးကြီးစွာ သတ်မှတ်ထားကြပါတယ်

အလုပ်စချိန် အလုပ်ဝင်ချိန်ထက် အချိန် နောက်ကျတတ်ခြင်းတို့ကိုလည်း အလွန်သတိထား ရှောင်ကြဉ်တတ်ကြပါတယ်

🇰🇷 5. Food Sharing Culture (음식 문화)

ကိုရီးယားလူမျိုးတွေက အစားအစာတွေကိုလည်း အတူတူ မျှဝေစားသောက်ရတာကို ကြိုက်နှစ်သက်ကြပါတယ်

ထမင်းဝိုင်းမှာ

* Kimchi (김치)
* Banchan (반찬)
* Soup ( 국물 ) တွေကို မိမိ ပန်းကန်များနှင့် မိမိ ဇွန်း ခရင်း တူဖြင့်သာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ခွဲဝေကာအတူစားကြပါတယ်

“혼자 먹지 말고 같이 먹어요”
(တစ်ယောက်တည်း မစားဘဲ အတူစားရအောင်)

ဒီလို တစ်စုတစ်ဝေးတည်း စားသောက်ကြရတာကို ကြိုက်နှစ်သက်တတ်ကြတဲ့ စိတ်ဓာတ်မျိုးလည်း ရှိကြပါတယ်

🇰🇷 6. Hanbok & Traditional Culture

Hanbok (한복) က ကိုရီးယားရိုးရာဝတ်စုံ ဖြစ်ပါတယ်

အထူးပွဲများ၊ မင်္ဂလာပွဲများ၊ Seolnal နဲ့ Chuseok ပွဲတော်များမှာပဲ ဝတ်ဆင်လေ့ရှိကြပါတယ်

🇰🇷 7. Seolnal (설날)

Seolnal

ကိုရီးယားနှစ်သစ်ကူးပွဲ ဖြစ်ပါတယ်။

ပွဲနေ့မှာ

* Hanbok ဝတ်ဆင်ခြင်း
* ဘိုးဘွားများကို ကန်တော့ခြင်း
* Sebae (세배) ပြုလုပ်ခြင်း
* Tteokguk ( 떡국 ) စားခြင်းတို့ကိုလည်း ပြုလုပ်ကြပါတယ်

🇰🇷 8. Chuseok (추석)

ကိုရီးယားရဲ့ အကြီးဆုံးပွဲတော်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်

အဝေးရောက် နယ်ရောက် မိသားစုဝင်တွေ အားလုံး စုစည်းပြီး

* ဘိုးဘွားကန်တော့ခြင်း
* ရိုးရာအစားအစာ စားသောက်ခြင်း
* Songpyeon ပြုလုပ်ခြင်းတွေကို လုပ်ကြပါတယ်

🇰🇷 9. Korean Beauty & Fashion

ကိုရီးယားနိုင်ငံဟာ

* Skincare
* Cosmetics
* Fashion

နယ်ပယ်တွေမှာ အထူးတလည် ပြောပြစရာ မလိုလောက်အောင်ကို ကမ္ဘာကျော်ပါတယ်

လူငယ်အများစုကလည်း ကိုယ့်ကိုယ်ကို သပ်ရပ်သန့်ရှင်းစွာ ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ယုံကြည်ကြပါတယ် တစ်ကိုယ်ရည် သန့်ရှင်းခြင်းကိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရတဲ့အခါ ပိုမို အလေးထား ဂရုစိုက်ပေးသင့်ပါတယ်နော်

🇰🇷 10. Community & Team Spirit

ကိုရီးယားလူမျိုးတွေမှာ

“우리” (Uri)

ဆိုတဲ့ စကားလုံးကို မကြာခဏ အသုံးပြုကြပါတယ်။

အဓိပ္ပါယ်က

“ကျွန်တော်တို့”
“ကျွန်မတို့”

ဖြစ်ပြီး တစ်ဦးချင်းထက် အဖွဲ့အစည်းကို ပိုအလေးထားတဲ့ စိတ်ဓာတ်ကို ဖော်ပြပါတယ်

Telegram Channel - https://t.me/+BJFRL71LP7s0NDI1




16/06/2026

📖 ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ထဲထဲဝင်ဝင် လေ့လာချင်ရင် မိမိ လေ့လာချင်တဲ့ ဘာသာစကားရဲ့ မူလ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ရပါတယ်

ကိုရီးယားစာနဲ့ စကားကို ကျွမ်းကျင်စွာ တတ်မြောက်ဖို့အတွက် အခြေခံ ဗျည်းနဲ့ သရတွေကို မှန်မှန်ကန်ကန် သိဖို့က အရေးကြီးဆုံးပါနော်

ချစ်စရာကောင်းတဲ့ အခြေခံ ဗျည်းနဲ့ သရလေးတွေကိုရော အသံထွက်နဲ့ တွဲပြီး သေချာ တိတိကျကျ သိကြပြီလားရှင် 🚩🚩

Telegram Channel - https://t.me/+BJFRL71LP7s0NDI1




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon