The Math Lab

The Math Lab Math simplified. Confidence amplified

Keyword ရှာတတ်အောင် လေ့ကျင့်ပေးခဲ့ပြီးပြီဆိုရင်... အခုတစ်ဆင့်ကတော့ ရှာတွေ့ထားတဲ့ အချက်အလက်တွေကို မျက်စိနဲ့ မြင်သာအောင် ပ...
30/04/2026

Keyword ရှာတတ်အောင် လေ့ကျင့်ပေးခဲ့ပြီးပြီဆိုရင်... အခုတစ်ဆင့်ကတော့ ရှာတွေ့ထားတဲ့ အချက်အလက်တွေကို မျက်စိနဲ့ မြင်သာအောင် ပြောင်းလဲပစ်ဖို့ပါ။

International School (IS) သင်္ချာ (အထူးသဖြင့် Singapore Math) မှာ အောင်မြင်ရတဲ့ လျှို့ဝှက်ချက်က C-P-A ဆိုတဲ့ အဆင့် ၃ ဆင့်ရှိပါတယ်။

- Concrete (လက်တွေ့ပစ္စည်းနဲ့ ကိုင်တွယ်တာ)

- Pictorial (ပုံဆွဲပြီး မြင်အောင်ကြည့်တာ) ဒါက အခုပြောမယ့် Model Drawing ပါပဲ။

- Abstract (ဂဏန်းတွေနဲ့ တွက်ချက်တာ)

ဘာလို့ Model Drawing ဆွဲသင့်တာလဲ? 🎨
ကလေးတွေက "How many more than" (ဘယ်လောက် ပိုများလဲ) ဆိုတဲ့ စကားလုံးကို ကြားရင် နှုတ်ရမှန်း သိချင်မှ သိပါလိမ့်မယ်။ ဒါပေမဲ့ ဒါကို Bar (တုံးလေးတွေ) နဲ့ ယှဉ်ပြလိုက်တဲ့အခါ ဘယ်နေရာက ပိုနေလဲဆိုတာကို ကလေးက မျက်စိနဲ့ အလိုလို မြင်သွားပါတယ်။

အခြေခံ Model (၂) မျိုးကို သိထားရအောင် 🔍

၁။ Part - Whole Model (စုပေါင်းခြင်းနှင့် ခွဲထုတ်ခြင်း)
တစ်ခုချင်းစီကို ပေါင်းလိုက်ရင် စုစုပေါင်း ဘယ်လောက်ရမလဲဆိုတာ ကြည့်တာပါ။
ဥပမာ: ပန်းသီး ၃ လုံးနဲ့ လိမ္မော်သီး ၅ လုံး ရှိရင်... တုံးလေး ၂ တုံးကို ဘေးချင်းယှဉ်ဆွဲပြီး စုစုပေါင်း (Total) ကို ရှာခိုင်းတာမျိုးပါ။

၂။ Comparison Model (နှိုင်းယှဉ်ခြင်း) ⚖️
ဒါကတော့ ကလေးတွေ အမှားအများဆုံး "More than / Less than" ပုစ္ဆာတွေအတွက် အကောင်းဆုံး လက်နက်ပါ။
တုံးလေး နှစ်ခုကို အပေါ်အောက် ယှဉ်ဆွဲကြည့်လိုက်ရင် ဘယ်သူက ပိုရှည်လဲ၊ ဘယ်လောက် ပိုတိုလဲဆိုတာ "တွက်နည်း" မစဉ်းစားခင်ကတည်းက အဖြေက ပေါ်နေပါပြီ။

မိဘများ လက်တွေ့ စမ်းကြည့်ဖို့ (Activity for Today) 📝

ဒီနေ့ ကလေးကို သင်္ချာသင်တဲ့အခါ Word Problem တစ်ခုကို -

၁။ အရင်ဆုံး Keyword ရှာခိုင်းပါ။

၂။ ပြီးရင် "ဒါလေးကို တုံးလေးတွေနဲ့ ဆွဲပြလို့ရမလား?" လို့ မေးကြည့်ပါ။

၃။ ပုံလေးထွက်လာပြီဆိုရင် "ဘယ်နေရာကို ရှာရမှာလဲ?" လို့ မေးခွန်းထုတ်ကြည့်ပါ။

ပုံဆွဲတတ်တဲ့ ကလေးတစ်ယောက်ဟာ ပုစ္ဆာကို အလွတ်ကျက်စရာ မလိုတော့ပါဘူး။ သူက သင်္ချာကို "နားလည်သွားတာ" ဖြစ်ပါတယ်။

နောက် Post မှာတော့ ဒီ Model Drawing ကို သုံးပြီး အခက်ဆုံး Word Problems တွေကို ဘယ်လို လွယ်လွယ်ကူကူ ရှင်းမလဲဆိုတာ ဥပမာလေးတွေနဲ့ ပြပေးသွားပါဦးမယ်။
မိဘတို့ကလေးတွေရော ပုံဆွဲပြီး သင်္ချာတွက်ရတာကို ဝါသနာပါကြလား? ကလေးတွေ ဆွဲထားတဲ့ Model လေးတွေရှိရင်လည်း Comment မှာ ဓာတ်ပုံရိုက်ပြီး ကြွားသွားလို့ ရပါတယ်နော်။ 👇

ပြီးခဲ့တဲ့ Post မှာ  ဖေဖေမေမေတို့ကို  ပြောပြခဲ့သလိုပါပဲ။ International School (IS) သင်္ချာမှာ ကလေးတွေ အခက်တွေ့ဆုံးက "တွက...
15/04/2026

ပြီးခဲ့တဲ့ Post မှာ ဖေဖေမေမေတို့ကို ပြောပြခဲ့သလိုပါပဲ။ International School (IS) သင်္ချာမှာ ကလေးတွေ အခက်တွေ့ဆုံးက "တွက်နည်း" ထက် "မေးခွန်း" ဖြစ်နေတတ်ပါတယ်။ အင်္ဂလိပ်စာ သင်ယူနေတဲ့ ကလေးတစ်ယောက်အတွက် Math မေးခွန်းတွေဟာ တစ်ခါတလေ စာမေးပွဲဖြေနေရတာထက် "ဘာသာပြန်" နေရသလို ဖြစ်နေတတ်လို့ပါ။

ဒီနေ့မှာတော့ ကလေးတွေကို အိမ်မှာတင် အလွယ်တကူ လေ့ကျင့်ပေးလို့ရတဲ့ Thinking Pattern ပထမအဆင့်ကို မျှဝေပေးပါ့မယ်။

🔍 "စကားလုံး" ထဲက "အဓိပ္ပာယ်" ကို ရှာတတ်အောင် သင်ပေးပါ (Keyword Hunt)

ကလေးတွေကို ပုစ္ဆာတစ်ကြောင်းလုံး အလွတ်ကျက်ခိုင်းမယ့်အစား ပုစ္ဆာရဲ့ "သော့ချက်" ဖြစ်တဲ့ Action Words လေးတွေကို အရင်သိအောင် လုပ်ပေးရပါမယ်။ ဒါဟာ ဘာသာစကားအခက်အခဲကို သင်္ချာနည်းနဲ့ ကျော်ဖြတ်တဲ့ နည်းလမ်းပါ။

ဥပမာအားဖြင့် -

"Altogether" / "In total" ဆိုတာမျိုးတွေ့ရင် — ဒါဟာ အကုန်လုံးကို စုပေါင်းခိုင်းတာ (Addition) ပါလား။

"Difference" / "How many more than" ဆိုရင် — ဒါဟာ တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ခိုင်းတာ (Subtraction) ပါလား။

"Each" / "Share" ဆိုတဲ့ စကားလုံးတွေပါလာရင် — ဒါဟာ အညီအမျှ ဝေခိုင်းတာ (Division) ပါလား။

မိဘတွေ အိမ်မှာ လက်တွေ့စမ်းကြည့်ဖို့ (Activity for Today)
ဒီနေ့ ကလေး အိမ်စာလုပ်တဲ့အခါ ဒါမှမဟုတ် သင်္ချာပုစ္ဆာ ဖတ်တဲ့အခါ ပုစ္ဆာကို တန်းတွက်ခိုင်းမယ့်အစား "Keyword Hunt" (စကားလုံးရှာတမ်းကစားနည်း) လေး အရင်လုပ်ကြည့်ပါ။

၁။ မေးခွန်းထဲက အရေးကြီးတဲ့ စကားလုံး (Keyword) ကို Highligher လေးနဲ့ ဝိုင်းခိုင်းပါ။

၂။ ပြီးရင် ကလေးကို မေးကြည့်ပါ - "ဒီစကားလုံးလေးက ပေါင်းခိုင်းတာလား၊ နှုတ်ခိုင်းတာလား?"

ဒီလိုမျိုး လေ့ကျင့်ပေးတာဟာ ကလေးကို မေးခွန်းဖတ်ရမှာ မကြောက်တော့ဘဲ "စုံထောက်တစ်ယောက်" လိုမျိုး အချက်အလက် ရှာတတ်လာအောင် ပြုစုပျိုးထောင်ပေးတာ ဖြစ်ပါတယ်။

အခုလို Keywords လေးတွေကို သိသွားပြီဆိုရင် ဒီစကားလုံးတွေကို မျက်စိထဲမြင်အောင် နောက် Post မှာတော့ IS Math ရဲ့ အသည်းနှလုံးဖြစ်တဲ့ "Model Drawing" အကြောင်းကို အသေးစိတ် ပြောပြပေးသွားပါ့မယ်။
မိဘတို့ရဲ့ သားသားမီးမီးတွေရော သင်္ချာပုစ္ဆာဖတ်ရင် ဘယ်စကားလုံးလေးတွေကို အခက်တွေ့ဆုံးလဲ? Comment မှာ ပြောပြပေးသွားပါဦးရှင်။

Government Curriculum နဲ့ သင်တဲ့ကျောင်းကို ရွေးမလား၊ International School မှာ ထားမလား ❓❓❓Lower Primary / Upper Primary မ...
06/01/2026

Government Curriculum နဲ့ သင်တဲ့ကျောင်းကို ရွေးမလား၊ International School မှာ ထားမလား ❓❓❓

Lower Primary / Upper Primary မိဘတွေအတွက် ဒီရက်ပိုင်း စဉ်းစားရအခက်ဆုံး မေးခွန်းကတော့ ဒီတစ်ခုပဲ ဖြစ်မယ်ထင်ပါတယ်။

International School (IS) လမ်းကြောင်းကို လိုက်တဲ့အခါ ရရှိနိုင်တဲ့ Benefits တွေက များပြားသလို Government Curriculum ကို ရွေးချယ်စေတဲ့ Factors တွေလည်း အများကြီး ရှိပါတယ်။
ဘယ်လမ်းကြောင်းကိုပဲ ရွေးရွေး Core Subjects ဖြစ်တဲ့ English, Math, Science တို့ကို Lower Primary အချိန်ကစပြီး ခိုင်မာကျွမ်းကျင်အောင် လေ့ကျင့်ပျိုးထောင်ပေးဖို့က အရေးကြီးဆုံးပါ။

ဒီနေ့မှာတော့
👉 Math Subject ကို အခြေခံပြီး Government + IS Curriculum ရဲ့ ကွာခြားပုံကို အနည်းငယ် မျှဝေချင်ပါတယ်။

📌 Math Content က ကွာသလား?
တကယ်တော့ IS Math Content နဲ့ Government Math Content ဟာ အခြေခံအားဖြင့် မကွာခြားလှပါဘူး။
ဒါဆို ဘာကြောင့် လူအများစုက “ကွာတယ်” လို့ ထင်ကြတာလဲ ❓

🧮 Government Math ရဲ့ အားသာချက်
Government Curriculum ရဲ့ Math အနှစ်သာရကတော့
-ခိုင်မာတိကျတဲ့ Foundation
-ထပ်တလဲလဲ လေ့ကျင့်မှု (Practice) ဖြစ်ပါတယ်။

Primary Level မှာ
📍 နေ့စဉ်ဘဝအသုံးချ Math ကို ကိုယ့်မိခင်ဘာသာစကားနဲ့ သင်ယူနိုင်တာကြောင့် ကလေးတွေအနေနဲ့ နားလည်လွယ်၊ ယုံကြည်မှုရှိ လာပြီး Practice များတဲ့အတွက် စွဲမြဲမှတ်မိစေတဲ့ အကျိုးကျေးဇူး ရှိပါတယ်။

🌍 International School (IS) Math ရဲ့ Approaching Way
IS Math ရဲ့ ချဉ်းကပ်ပုံကတော့
-Concept
-Formula
-Method တွေကို “ဘာကြောင့် ဒီလိုဖြစ်လာသလဲ” ဆိုတဲ့ Why-based learning နဲ့ စတင်ပါတယ်။

📌 တွက်နည်းကို အဆင့်လိုက် အလွတ်ကျက်တာမဟုတ်ဘဲ နားလည်မှုကို အခြေခံတဲ့ Learning Method ဖြစ်ပါတယ်။
ဒါ့အပြင် Challenging ဖြစ်တဲ့
- Advanced Word Problems
- Logical Thinking
- Real-life Application Math တွေကိုပါ သင်ယူရတဲ့အတွက် ကလေးတွေရဲ့ စဉ်းစားနိုင်စွမ်း ကို တိုးတက်စေပါတယ်။ အသက်အရွယ်နဲ့ ကိုက်ညီတဲ့🌟 International Math Exams တွေကို နှစ်အလိုက် ဖြေသွားရင်း Math ကို ပိုမိုကျွမ်းကျင်အောင် စနစ်တကျ Train ပေးနိုင်တာ ကလည်း IS Math ရဲ့ အားသာချက်တစ်ခုပါ။

⚠️ IS Math ရဲ့ အားနည်းချက်
အားသာချက်တွေ များသလို အားနည်းချက်လည်း လည်း မရှိမဟုတ် — ရှိပါတယ်။
အထင်ရှားဆုံးကတော့
👉 Language Requirement (English) ပါပဲ။
ကလေးအများစုက English ပြောနိုင်ကြပေမယ့်
📍 Question ကို အပြည့်အဝ နားလည်ပြီး
📍 Correctly Analyze လုပ်နိုင်ဖို့က လွယ်ကူမနေပါဘူး။ IS မဟုတ်တဲ့ Background က ကလေးတွေ အနေနဲ့ဆိုရင် အစပိုင်းမှာ Question ဖတ်မကျွမ်း
Confidence နည်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

🤔 ဒါဆို ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲ?
Primary Level ကတည်းက ကလေးတွေကို အောက်ပါအချက်တွေမှာ Systematic Training ပေးဖို့ လိုအပ်ပါတယ် —
✔️ Question ကို မှန်မှန်ကန်ကန် ဘယ်လိုဖတ်မလဲ
✔️ သင်ထားတဲ့ Concept နဲ့ Question ကို ဘယ်လိုချိတ်ဆက်မလဲ
✔️ Advanced Level Questions ကို ဘယ်လို Thinking Pattern နဲ့ ချဉ်းကပ်မလဲ

ဒီအချက်တွေကို အစောပိုင်းကတည်းက လေ့ကျင့်ပေးနိုင်ရင် Government / IS ဘယ်လမ်းကြောင်းကိုမဆို ကလေးတွေအတွက် Math အပေါ် Confidence အပြည့်နဲ့ သင်ယူနိုင်ပါတယ်။

မိဘတွေနဲ့ ဆရာဆရာမတွေအနေနဲ့
ကိုယ့်ရဲ့သားသားမီးမီးတို့က
❓ Math ကို နားလည်ပြီး တွက်နေတာလား
❓ အလွတ်ကျက်ပြီး ဖြေနေတာလား ဆိုတာကို Analyze လုပ်သင့်ပါတယ်။
အနာဂတ်မှာ IS Exam တွေ၊ International Curriculum တွေကို လိုက်နိုင်ဖို့ Primary Level မှာပဲ Preparation စလုပ်ထားဖို့ အကြံပြုလိုပါတယ်။

📌 ဒီနေ့မှာတော့ IS Mathနဲ့ Government Math ရဲ့ Introductionလေး ဆွေးနွေးပြီးပြီမို့ နောက် Post မှာ Primary Level ကနေ IS Math ကို လွယ်လွယ်ကူကူ လိုက်နိုင်ဖို့ Question Reading + Thinking Skill Training နည်းလမ်းတွေကို အသေးစိတ် Sharing လုပ်ပေးပါဦးမယ်။
ထပ်တွေ့ကြပါမယ်။
With ❤️
🧑‍🎓


Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Math Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category