Boom Boom

Boom Boom ကိုယ်တော်ကို ခိုလှုံကိုးစား အသက်ရှင်ခဲ့ခြင်း အတွက် ဘယ်သောအခါမှ နောင်တရလိမ့်မည်မဟုတ်ပါ။ အမှုတော်ဆောင်

27/08/2026

#လောကဓံတရားနှင့်ယုံကြည်ခြင်းနာလည်မှုမလွဲသင့်ပါ
Kap Khan Khup
(27.8.2026

 #ခေတ်သစ်ဗာလမ်များလူတစ်ယောက်ရဲ့အသက်တာမှာအလင်းဘက်အခြမ်းရှိသလိုမှောင်တဲ့ဘက်အခြမ်းလည်းရှိတယ်။မှားခဲ့ဖူးတဲ့အ မှားတွေရှိသလိုမ...
26/08/2026

#ခေတ်သစ်ဗာလမ်များ

လူတစ်ယောက်ရဲ့အသက်တာမှာအလင်းဘက်အခြမ်းရှိ
သလိုမှောင်တဲ့ဘက်အခြမ်းလည်းရှိတယ်။မှားခဲ့ဖူးတဲ့အ
မှားတွေရှိသလိုမှန်တာတွေလည်းရှိကြမှာပါ၊ခွန်အားယူ
စရာတွေလည်းရှိသလိုအတုမယူသင့်တဲ့အကျင့်စာရိတ္တ
တွေလည်းရှိနေမှာပါပဲ။အခုပြောခဲ့ကြသလိုဘဲဗာလမ်အ
ကြောင်းကိုလေ့လာတဲ့အခါမှာလဲဒီလိုလေးတွေရှိတယ်ဆို
တာတွေ့ရမှာပါ။

ဘုရားလူဖြစ်တဲ့ဗာလမ်ဟာဘုရားသဘောနဲ့ပြည့်နေရမှာ
ဖြစ်ပေမဲ့ဘုရားသဘောနဲ့ပြည့်မနေခဲ့ပါဘူး။လောကီအ
ရာကိုစွဲလန်းပြီးအမှားတွေကိုသိမ်သိမ်မွေ့‌မွေ့ပါးပါးနပ်နပ်
လုပ်နေတာကိုတော့ဘုရားနဲ့သူနဲ့ပဲသိပြီးကျန်တဲ့သူတွေ
လုံးဝသိမနေဘူးဆိုတဲ့အချက်ကအတော်လေးကိုဆင်ခြင်
သတိပြုစရာပဲဖြစ်ပါတယ်။

သာမန်အားဖြင့်ဗာလမ်ကိုကြည့်ရင်အနေအထိုင်အဟော
အပြောကအစအကုန်မှန်နေသလိုထင်ရပေမယ့်၊သူဘာ
ကြောင့်ဒီကမ်းလှမ်းချက်ကိုလက်ခံရသလဲဆိုတာသူနဲ့ဗာ
လက်မင်းကတော့ကောင်းကောင်းသိကြာမှာပါ။ဗာလက်
မင်းဘက်ကဖြည့်စွက်ကြည့်ရရင်ပရောဖက်တွေလည်ငွေ
နဲ့စွယ်ရင်ရတာဘဲဆိုတဲ့အမြင်ရှိသွားနိုင်ပါတယ်။

ယနေ့သာသနာမှာလည်းအဲ့ဒီလိုအပြောအဆိုမျိုးတွေက
တော်လေးကြားဖူးတယ်၊အဖြစ်အပျက်တွေလည်းမြင်ဖူး
ပါတယ်၊တကယ်တော့ဘုရားလူဆိုတာအဲ့ဒီလိုမျိုအသက်
တာဖြစ်မနေသင့်ပါဘူး။စီးပွားရေးသမားတွေဆိုတာပိုက်
ဆံပေးပြီးခိုင်းတဲ့နေရာမှာအလွန်အင်မတန်တော်သောသူ
တွေဖြစ်တဲ့အတွက်ငွေနဲ့ထင်ပေါ်ကျော်ကြားမှုကိုတပ်မက်
တဲ့သူတွေအတွက်အင်မတန်မှအကဲစမ်းရလွယ်စေပါ
တယ်။

ဗာလမ်နဲပတ်သက်ပြီးသူဘာတွေမှန်ခဲ့သလဲ? သူဘာတွေ
မှားခဲ့သလဲ? ဘာတွေသင်ခန်းစာယူစာရာတွေရှိလဲ? ဆိုပြီး
ဒီ ၃ ချက်ကိုဆွဲ ထုတ်လေ့လာကြည့်ရရင်..

#ဗာလမ်ဘာတွေမှန်ခဲ့သလဲ?

1. ဘုရားသခင်၏အချုပ်အခြာအာဏာကိုသိကျွမ်းခြင်း
ဗာလမ်ကသူရဲ့စိတ်သဘောမရိုးသားခဲ့ပေမဲ့ဘုရားသခင်
ပြောခိုင်းတဲ့အတိုင်းသာသူပြောရပါလိမ့်မယ်လို့ဗာလက်
မင်းကိုတစိုက်မတ် မတ်ပြောခဲ့ခြင်း။ (တော ၂၂း၁၈-၃၈)

2.ဣသရေလူများအပေါ်ကောင်းကြီးပေးခြင်း
နောက်ဆုံးမှာဗာလမ်ကဣသရေလူတွေကိုဘုရားသခင်
မှာထားတဲ့အတိုင်းမကျိန်ဆဲပဲကောင်းချီးပေးခြင်းကိုလေး
ကြိမ်တိုင်တိုင်ပေးခဲ့။ဗာလက်ရဲ့ဖိအားပေးမှုများကြားမှာ
ဗာလမ်ကဘုရားသခင်ရဲ့စကားတော်ကိုနာခံခဲ့တယ်။
(တော ၂၄း၅-၉၊၁ရ)

#ဗာလမ်ဘယ်နေရာမှာမှားခဲ့သလဲ?

1.လောဘနှင့်ချမ်းသာကြွယ်ဝလိုသောစိတ်
ဗာလမ်၏ကနဦးအမှားကမောဘရှင်ဘုရင်ပေးမဲ့ဆုလက်
ဆောင်ကိုရလိုမှုနဲ့ဣသရေကိုကျိန်ဖို့လက်ခံခဲ့ခြင်းပထမ
တော့ဘုရားသခင်မိန့်တော်မူသည့်အတိုင်းလုပ်ဆောင်ပါ့
မယ်လို့ပြောပေမဲ့ဘုရားကမကျိန်ဆဲဖို့ကောင်းချီးသာပေး
ဖို့မိန့်ကြားပြီးနောက်ဒီအရာကိုလက်ခံဖို့ဘု ရားသခင်နဲ့
အကြိမ်ကြိမ်တိုင်ပင်ဆွေးနွေးခဲ့တယ်။ (တော ၂၂း၁-၁၉)
ဒါစာသူရဲ့အရင်းခံစိတ်ကစည်းစိမ်ဥစ္စာနဲ့ဂုဏ်အသရေကို
ရလိုမှုဖြစ်ကြောင်းသူ့လုပ်ရပ်ကဖော်ပြနေတာပါ။

ဗာလမ်ကိုလမ်းလွဲစေတဲ့အဓိကစိတ်သဘောသည်လော
ဘစိတ်၊လောကီစည်းစိမ်တပ်မက်သောစိတ်သည်စိတ်က
ပဲအလိုတော်ကိုသိလျှက်နဲ့ဆန့်ကျင်စေဖို့တွန်းအားဖြစ်စေ
ခဲ့တယ်။

2.ဘုရားသခင်၏အလိုတော်ကိုချယ်လှယ်ရန်ကြိုးစား
ခြင်း
ဣသရေလလူတွေကိုမကျိန်ဆဲရလို့တိကျတဲ့အဖြေရတာ
တောင်အကြိမ်ကြိမ်ထိုအရာတွက်ခွင့်ပြုချက်ရဖို့ကြိုးစာ
ခြင်းကအလိုတော်ကိုဝန်ခံခြင်းထက်မိမိကိုယ်ကျိုးရရှိမဲ့
အရာတွက်ဘုရားသခင်ခွင့်ပြရန်ကြိုးစားနေခြင်း။

ဗာလမ်ကဘုရားသခင်မိန့်တော်မူသည့်အတိုင်းလို့သာအ
ခိုင်အမာပြောပေမဲ့သူ့လုပ်ရပ်နဲ့သူ့ရဲ့ကတိကဝတ်တွေက
အပေါ်ယံပဲဖြစ်တယ်ဆိုတာထင်ရှားနေ။

သူ့ရည်မှန်းချက်တွေနဲ့မဆန့်ကျင်သေးတဲ့အထိဘုရားစ
ကားကိုနာခံလိုစိတ်ရှိခဲ့။

စစ်မှန်တဲ့အလိုတော်ဆောင်ခြင်းနဲ့စကားတော်ကိုမနာခံ
ခြင်းကနေဗာလမ်ကိုဆုလက်ဆောင်ရဖို့နည်းလမ်းကိုအ
ကြိမ်ကြိမ်ကြိုးစားရှာခဲ့။

သူ့ ရဲ့ဝိညာဉ်ရေးရာသိမှုကသူ့ဆန္ဒအောက်မှာကျရှုံးသွား
ခဲ့တယ်။ဘုရားအလိုတော်ကိုပိုင်းခြားသိပေမဲ့အကျိုးအ
မြတ်တစ်ခုအတွက်လျစ်လျူရှုဖို့ဆုံးဖြတ်ခဲ့တယ်။

3.မိမိကိုယ်ကျိုးအတွက်သူတပါးကိုလမ်းလွဲစေခြင်း
ဗာလမ်သည်မတရားသောအမှု၏အခကိုရဖို့အတွက်ပ
ထမမှာကျိန်ဆဲလို့မရတော့တဲ့နောက်ပိုင်းမှာဗာလက်မင်း
ကဣသရေလလူတွေ ကိုအပြစ်သို့ကျဆင်းအောင်အကြံ
ပေးခဲ့ (တော ၃၁း၁၆၊ဗျာ ၂း၁၄)

ဗာလမ်က်တိုက်ရိုတ်မကျိန်ဆဲနိုင်ခဲ့တဲ့အတွက်ဣသရေ
လူတွေအားနည်းသွားစေမဲ့အကြံကိုပေးခဲ့

တော ၃၁း၁၆၊ဗျာ ၂း၁၄ အရမောဘအမျိုးသမီးများက
ဣသရေအမျိုးသားတွေကိုရုပ်တုကိုးကွယ်ခြင်းနဲ့ မတ
ရားသောမေထုန်ဖြစ်စေဖို့ သွေးဆောင်ရင်ရတယ်လို့အ
ကြံပေးခဲ့။

အထူးသဖြင့်ဗာလမ်ရဲ့အမှားကဣသရေလလူတွေကို
သိသာထင်ရှားပြီးဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်စေခဲ့
အပြစ်သင့်ရာသို့ပို့ ဆောင်စေခဲ့ပြီးလူပေါင်း၂၄၀၀၀
လောက်သေဆုံးခဲ့ရ။ (တော ၂၅း၁-၉) ဒါကိုပေဂုရအ
ပြစ်လို့မကြာခဏရည်ညွှန်းပြောဆိုကြလေ့ရှိတယ်။

#ဗာလမ်ရဲ့အမှားကဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့သင်
ခန်းစာ
စည်းစိမ်ဥစ္စာ၊တပ်မက်တဲ့လောဘစိတ်၊ဘုရားသခင်အ
ပေါ် အပေါ်ယံကတိပြုခြင်း၊ ဝိညာဉ်ရေးရာမျက်စိကွယ်
ခြင်းမိမိကိုယ်ကိုလှည့်ဖျားခြင်းတို့ပေါင်းစပ်ခြင်းမှထွက်
ပေါ်လာခဲ့။

#သင်ခန်းစာယူစရာအချက်များ

- စည်းစိမ်ဥစ္စာတပ်မက်သောလောဘစိတ်၏အန္တရာယ်
ဆိုးကျိုး
- ဘုရားသခင်ကိုအပြည့်အဝနာခံခြင်း၏အရေးပါမှု
- မိမိကိုယ်ကိုလှည့်ဖျားခြင်း၏အန္တရာယ်များ
- မိမိကိုယ်ကျိုးအတွက်သူတပါးကိုအကျိုးမဲ့စေခြင်း
- ဘုရားသခင်၏အလိုတော်နဲ့ကတိတော်ကိုဆန့်ကျင်
ခြင်းသည်အချည်းအနှီးဖြစ်သည်။
- ဝိညာဉ်ရေးရာကိုအပေးအယူလုပ်ဆောင်ခြင်း၏အ
န္တရာယ် (မြည်းဖြင့်သွန်သင်ခြင်း)
- ကျွန်ုတော်တို့ရဲ့ဆုံးဖြတ်ရွေးချယ်မှုရဲ့ရေရှည်အကျိုး
သက်ရောက်မှုကိုစဉ်းစားဆင်ခြင်ဖို့။

ခေတ်သစ်ဗာလမ်လို့ပြောရင် ဘုရားလူလည်းဖြစ်တယ်
ဘုရားအလိုတော်လည်းပိုင်းခြားသိတယ်၊တရားတော်နဲ့
မညီတဲ့အရာတွေကိုအလုပ်သဘောနဲ့ပါးပါးနပ်နပ်ဖုံးဖိ
ထားတတ်တယ်၊ဝိညာဉ်ရေးအလုပ်ကိုငွေကြေးချမ်းသာ
လိုမှုအတွက်ဗန်းပြလုပ်ငန်သဖွယ်လုပ်တတ်တယ်။တချိန်
လုံးနူတ်ကပတ်စကား၊ဝိညာဉ်ရေးထက်ငွေအကြောင်းဘဲ
အမြဲနူတ်မြွတ်နေတတ်တယ်ဆိုတာပိုင်းခြားတတ်ဖို့ပါပဲ..
(26.8.2026)

25/08/2026

#မစားချင်လည်းခွံကျွေးကြမယ့်အစာဆိုတာရှိပါတယ်
သမ္မာကျမ်းစာထဲမှာယုံကြည်သူအတွက်သတိပြုစရာ
ဆင်ခြင်စရာ၊တည်ဆောက်စရာဖြစ်စေမယ့်အစာ၄မျိုး
ကိုဝိညာဉ်ရေးရာတည်ဆောက်ရာဖိုအကြောင်းအရာ
၄မျိုးနဲ့အတူဖော်ပြထားတာကိုအတူလေ့လာသွားဖိုပါ။
(25.8.2026)

သင့်လက်ထဲမှာ ဘာရှိသလဲ? လို့မောရှေ့ကိုဘုရားကမေးဖူးတယ်။ဒါပေမဲ့မောရှေ့ရဲ့အဖြေကရှိနေတဲ့အရာလေးနဲ့ဖြတ်သန်းဖို့မလုံလောက်တဲ့သဘော...
24/08/2026

သင့်လက်ထဲမှာ ဘာရှိသလဲ? လို့မောရှေ့ကိုဘုရားကမေး
ဖူးတယ်။ဒါပေမဲ့မောရှေ့ရဲ့အဖြေကရှိနေတဲ့အရာလေးနဲ့
ဖြတ်သန်းဖို့မလုံလောက်တဲ့သဘောနဲ့ပြန်ဖြေတယ်.

မှန်ပါတယ် လက်ရှိအခြေအနေတွေနဲ့မတတ်နိုင်တာတွေ
ကျွန်တော်တို့မှာအများကြီးရှိနေနိုင်ပါတယ်။​ဒါပေမဲ့အ
သက်တာထဲမှာတိကျတဲ့ဘုရားစကားရှိခြင်းဟကျွန်တော်
တို့တတ်နိုင်ခြင်းအားဖြင့်မဟုတ်ပဲဘုရားရဲ့တတ်နိုင်ခြင်း
နဲ့ အနာဂတ်ကိုဖြတ်သန်းဖို့ပဲဖြစ်တယ်ဆိုတာကိုနားလည်
ထားရမှာပါဒါဟာခရစ်ယာန်အသက်တာအသက်ရှင်ခြင်း
ရဲ့သဘောသဘာဝလဲဖြစ်ပါတယ်။

- အာဗြဟံကဘုရားစကားရှိခြင်းနဲ့အနာဂတ်ကိုခရီးအစ
ပြုခဲ့တယ်။
- ပေတရုကဘုရားစကားနဲ့ငါးကိုဖမ်းဖိုကွန်ကိုချတယ်။
- ကာဣနမြို့မင်္ဂလာဆောင်မှာစကားတော်နဲ့ လိုအပ်ချက်
ကြီးခဲ့တဲ့ပြဿနာကိုဖြေရှင်းခဲ့တယ်။

ဒါတွေအားလုံးဟာဘုရားစကားအသက်တာထဲရှိခြင်း
အစပြုခြင်းရဲ့လုံလောက်တဲ့သက်သေတွေပဲဖြစ်ပါ။

ဒါကြောင့်စကားပြောသောဘုရားရဲ့စကားကိုကြားတတ်
ပြီးနားထောင်ခြင်းထဲမှာကျင်လည်နေသောယုံကြည်သူ
အတွက်စိတ်ချစွာနဲ့ဘုရားကိုကိုးစားစရာအကြောင်းတွေ
ပဲဖြစ်ပါတယ်။

အလွန်ကောင်းမြတ်သောဘုရားထံအသက်တာကိုယုံ
ကြည်ပုံအပ်အသက်ရှင်ဖို့ရာပဲဖြစ်ပါတယ်..အာမင်..
(24.8.2026)

23/08/2026

#ကျမ်းစာနှင့်ယုံကြည်ခြင်း
#စငကြယ်သောဩဝါဒ
to the bible
(23.8.2026)

22/08/2026

#အယူလွဲလို့ပြောရင်လုံးလုံးနူတ်ကပတ်တော်နဲ့ဆန့်ကျင်
အကျင့်စာရိတ္တပျက်ဆီးယိုယွင်း၊လူမှုဝန်းကျင်နဲ့သဟဇာ
တမဖြစ်အသက်တာလို့တချိန်လုံးမမြင်ဖို့လိုတယ်။
သမ္မာကျမ်းစာယုံကြည်ချက်အရအယူလွဲဆိုတာအ
ရေးကြီးတဲ့အခြေခံအချက်တွေမှာချော်ပြီးအရာရာ
မှာပြည့်စုံနေအကျိုးပြုနေပေမယ့်လည်းဒါမျိုးကို
မိစ္ဆာဒိဠိအယလိုသတ်မှတ်တယ်ဆိုတာသိထားဖို့ပါ။
(22.8.2026)

ကျေးဇူးတော်ကိုအလွဲမြင်ခြင်းဆိုတာကျေးဇူးတော်ကိုလုံးဝနားမလည်ခြင်းရဲ့သက်သေဖြစ်သလိုကျေးဇူးတော်လို့ပြောနေပါလျှက်အခြေအနေအရပ်ရပ...
21/08/2026

ကျေးဇူးတော်ကိုအလွဲမြင်ခြင်းဆိုတာကျေးဇူးတော်ကို
လုံးဝနားမလည်ခြင်းရဲ့သက်သေဖြစ်သလိုကျေးဇူးတော်
လို့ပြောနေပါလျှက်အခြေအနေအရပ်ရပ်တွက် Self
Center ဖြစ်နေတာမျိုး၊ဘုရားထက်အခြားအရာတွေကို
ပမာဏပြုဗဟိုပြုနေတာမျိုးကကျေးဇူးတော်ဆိုတဲ့စကား
လုံးပဲနားလည်ပြီး အနှစ်သာရမခံစားရသူနဲ့မထူးမခြားနား
ပဲ..
အသွေးအသားဆိုတဲ့မြေကြီးသဘာဝမှာအတ္တဆိုတဲ့မြေ
ဩဇာဟာမကုန်တတ်တဲ့သဘော၊မြက်ပင်တွေလိုမပြုစု
ပဲပွားတတ်တဲ့သဘောမှာရှိတဲ့လူ့သဘောသဘာဝမှာ
(Self Center) မိမိကိုယ်ကိုဗဟိုပြုပြီးအသက်ရှင်ခဲ့တဲ့နှစ်
ကာလဟာတော်ကိုအသားကျနေခဲ့ပြီးသားပါ။
ဒါတွေကြောင့်ပဲ ဝိညာဉ်ရေးရာမှာ စဉ်းစားဆင်ခြင်စသမျှ
ဟာမိမိကိုယ်ကိုဗဟိုပြုပြီးပဲစဉ်းစားလာဆင်ခြင်လာကြ
တယ်။တကယ်တော့ဝိညာဉ်ရေးရာအသက်တာဆိုတာဘု
ရားသခင်ကိုဗဟိုပြုခြင်း စကားတော်ကိုဗဟိုပြုခြင်း
ကျေးဇူးတော်ကိုဗဟိုပြုခြင်း၊ဝိညာဉ်တော်ကိုအမှီပြုခြင်း
နဲ့အသက်ရှင်ရတာပါ။
ကိုယ့်ကိုကိုယ်ဗဟိုပြုခြင်းမှာအကျင့်ပါလာတော့ကိုယ်အ
နာဂတ်ကကိုယ့်လက်ထဲမှာလား? ဘုရားလက်ထဲမှာလား?
မသဲကွဲတော့ဘူး?။
ကိုယ့်လုပ်မှကိုယ်မလုပ်နိုင်တဲ့အဘဝကရေစုန်မျောပြီ
လား? ဘုရားကူညီပို့ဆောင်ကွယ်ကာလမ်းပြပေးမှာလား
ဆိုတာကိုမသေမခြာမ‌ရေမရာဖြစ်လာမယ်။
ဒါကြောင့်သခင်ယေရှုကယော ၁၅း၁၆မှာကျွန်တော်အ
သက်တာကိုဘုရားသခင်ကရည်ရွယ်ချက်ရှိရှိရွေး
ကောက်ထားတယ်လို့အသက်ရှင်နေရခြင်းအတွက် ဘု
ရားထားတဲ့ရည်ရွယ်ချက်ကိုတိတိကျကျပြောပြီးဘုရားနဲ့
စတဲ့အသက်တာဟာဘယ်လိုတိကျတဲ့ဘုရားအတူရှိခြင်း
နဲ့မြေကြီးပေါ်အသက်ရှင်ခဲ့ကြသလဲဆိုတာဆင်ခြင်စိတ်
ချဖို့လိုပါတယ်။
အာဒံဘုရားကဖန်ဆင်းတယ်အပြစ်ထဲရောက်သွားတော့
ဘုရားကပဲပြန်ကယ်တယ်။
အာဗြဟံကိုဘုရားကခေါ်တယ်၊ဂတိတော်ပေးတယ်ပြီးရင်
ဘုရားကပပြည့်စုံစေခဲ့တာဝန်ယူခဲတယ်။
မောရှေ့ကိုဘုရားကခေါ်တယ်ဘုရားကပဲပို့ဆောင်ပြီးဘု
ရားကပဲတာဝန်ယူခဲ့တယ်။
ဒါဝိဒ်ကိုဘုရားကပဲရွေးချယ်တယ်ပြီးရင်သူ့ဘဝအစအ
လယ်အဆုံးသူ့သားရှောလမုန်အထိဘုရားကတာဝန်ယူခဲ့
တယ်။
တရားသူကြီးမှတ်စာတွေမှာဘုရားကပဲခေါ်တယ်ပြီးရင်
ဘုရားကပဲခွန်အားပေးပြီးဘုရားကပဲအဆုံးအထိတာဝန်
ယူခဲ့တယ်။
ဒီလိုဘုရားကရွေးတယ်၊ဘုရားပို့ဆောင်တယ်၊ကွယ်ကာ
တယ်၊ဘုရားကကျေးဇူးပြုထားတဲ့အတွက်ငါဘာလုပ်
လုပ်ဘုရားကလက်ခံအတည်ပြုပေးမှာပဲလို့တွေးမိလာ
ရင်တော့အသက်တာကျဆင်းနေပြီးလို့သိဖို့လိုတယ်။
သမ္မာကျမ်းစာထဲမှာတော့အထင်အမျိုးမျိုးအကျိုးရလဒ်
ကိုအဖြစ်အပျက်အမျိုးမျိုးနဲ့သတိပေးသွန်သင်ပေးထား
တယ်။
ကာဣနရဲ့အထင် -ငါလုပ်သမျှ ဘုရားလက်ခံမှာပဲဆိုတဲ့
အထင်၊ ဘုရားအလိုတော်ကိုအရင်ရှာတာမျိုးမရှိပဲစိတ်
ထဲအထင်နဲ့လုပ်ဆောင်တတ်သူ။ (က ၄၊ဗြဲ ၁၁း၄)
ရှောလုရဲ့အထင် - သေခြာပြောထားပေမဲ့လည်းလူအ
ထင်အမြင်နဲ့နားလည်လိုက်ပြီး ရှင်းရှင်းမဖျက်ဆီးပဲယူ
လာတယ်။ (၁ရာ၁၅)
ဖိလ္လပိလူတွေနဲ့စစ်တိုက်ခါနီးမှာရှမွေလနောက်ကျနေလို့ငါ
လုပ်ရင်လည်းလက်ခံမှာပဲဆိုတဲ့အထင်။
ဖာရိရှဲတွေရဲ့အထင် - တိကျတဲ့ပရောဖက်ပြုချက်တွေနဲ့
ကျမ်းစာကိုအာဂုံဆောင်သော်လည်းလွဲချော်စေတဲ့အ
ထင်။
ဧလိယရဲ့အထင် (၃ရာ ၁ရ၊ ၁၈) - သည်တစ်ခေါက်တော့
ငါသွားပြီထင်တယ်၊အရင်တစ်ခါလိုဘုရားသက်သေမထူ
နိုင်တော့ဘူးလို့ထင်နေတဲ့အထင်။
တပည့်တော်တွေရဲ့အထင် - သည်တခါတော့ငါတို့ဆရာ
ကြီးတော့သွားပြီဆိုတဲ့အထင်။
ယောသပ်ရဲ့အကိုတွေရဲ့အထင် - ငါတို့ဒီလိုလုပ်လိုက်ရင်
သည်ကောင်တော့သွားမှာပဲဆိုတဲ့အထင်။ယောနကိုယ်
တိုင်သည်အထင်မျိုးရှိခဲ့တယ်။
ဒါ့ကြောင့်ဘုရားရွေးကောက်ထားတဲ့ယုံကြသည်သူတွေ
ဆိုတာကိုယ့်အထင်နဲ့အသက်ရှင်ရတာမျိုးမဟုတ်ပဲဘုရား
ကရွေးတယ်၊ဘုရားပို့ဆောင်တယ်၊ကွယ်ကာတယ်၊ဘုရား
ကကျေးဇူးပြုထားခြင်းခံရတဲ့သူတွေဟာတိကျတဲ့စကား
(Instruction)ကိုကြားပြီးနားထောင်တာလုပ်ဆောင်တာယုံ
ကြည်တာ၊ ရွေးချယ်တာမျိုးဖြစ်ရပါမယ်။
ကျေးဇူးတော်လို့အသွင်သွင်ချီးမွမ်းနေရင်း Self Center
နဲ့အသက်ရှင်ခြင်းထဲမှာအသက်တာကျဆင်းမသွားရ
အောင်အထင်မဟုတ်ပဲတိကျတဲ့စကားတော်အတိုင်းခြေ
လှမ်းတွေကိုရွေးကြဖို့၊အတွေးတွေကိုတွေးကြဖို့၊အမြင်
တွေကိုမြင်ရဖို ဆင်ခြင်ရင်းအသက်ရှင််ကြရအောင်။
(21.8.2026)

20/08/2026

#နူတ်ကပတ်တော်ကိုခံယူနေရင်းနဲ့ဘာကြောင့်လမ်းလွဲ
သွားရတာလဲလို့ပြောရင်အဓိကအကြောင်းအရင်းကပိုင်း
ခြားခံယူခြင်းဆိုတဲ့သမ္မာသတိမရှိခြင်းကြောင့်ပဲ။နူတ်က
ပတ်တော်ခံယူတဲ့အခါကြည်ညိုတဲ့စိတ်သဘော၊ခံယူချင်
တဲ့စိတ်နှလုံးမှန်နေပေမယ့်ပိုင်းခြားခံယူခြင်းဆိုတဲ့သမ္မာ
သတိမပါလာရင်အလွဲတွေကိုလည်းအမှန်လို့ထင်မိပြီး
နှလုံးသွင်းမိတတ်တယ်။
(20.8.2026)

သူသူကိုယ်ကိုယ်တွေ့ကြုံရတဲ့အသေးအဖွဲမှအစအကြီးမားဆုံးပြဿနာတွေအဆုံးလွတ်လပ်ပေါ့ပါးပြီးအပြောလွယ်သလောက်အထိရောက်ဆုံးအကျိုးနဲ့အဆိ...
19/08/2026

သူသူကိုယ်ကိုယ်တွေ့ကြုံရတဲ့အသေးအဖွဲမှအစအကြီး
မားဆုံးပြဿနာတွေအဆုံးလွတ်လပ်ပေါ့ပါးပြီးအပြော
လွယ်သလောက်အထိရောက်ဆုံးအကျိုးနဲ့အဆိုးကိုအ
ပေးနိုင်ဆုံးတဲ့လျှာဖျားကစကားလုံးတွေပါပဲ။ကျွန်တော်
တို့လူမူဝန်းကျင်မှာအဖြစ်ဆုံးက လျှာဖျားလေးနဲ့အထင်
ပေါင်းစပ်ပြီးလက်လွတ်စပယ်ပြောထွက်လာတဲ့စကား
လုံးတွေပါ။

လူတွေကကိုယ့်ကိုတစ်ခါလောက်တွေ့ဖူးရုံ၊တစ်ခါ
လောက်စကားပြောဖူးရုံလောက်နဲ့ကိုယ့်ကိုMudgeလုပ်
ချင်ကြတာမျိုးအကဲ ဖြတ်ချင်ကြတာမျိုးပါ။

သူကတော့လူတော်သူကတော့လိမ္မာရေးခြားရှိတယ်သူ
ကတော့ကပ်စေးနှဲတယ်သူကတော့ ခံစားတတ်တယ်သူ
ကတော့စိတ်ဆတ်တယ်သူကတော့ဘာဖြစ်တယ်ညာဖြစ်
တယ်စသည်ဖြင့်ကျွန်တော်တို့ရဲ့အကျင့်စရိုက်တွေကလူ
တွေရဲ့အမြင်မှာပါစပ်ဖျားမှာဖြစ်ချင်သလိုဖြစ်နေပြီးပြော
ချင်သလိုပြောနေကြပါလိမ့်မယ်။

ဒါပေမယ့်အဲ့လိုကျွန်တော်တို့ရဲ့ personalityနဲ့ ပတ်သက်
လို့တချို့လူတွေထင်နေတာတွေကတကယ်အမှန်ရော
ဟုတ်ရဲ့လားဆိုတာကိုဘယ်သူမှဒုတိယအကြိမ်ပြန်မ
တွေးပါဘူး။ First Impresion ကိုသာ realityလို သတ်
မှတ်ပြီးအတည်ယူတတ်ကြတာ။အထူးသဖြင့် Negative
Impression တွေကို လူတွေ လွယ်လွယ် နဲ့လည်း မှတ်မိ
ကြသလိုကူးစက်ရတာ ပိုလွယ်ပါတယ်။

ကိုယ့်အကြောင်းကို မကောင်းပြောထားတဲ့သူ ရှိနေရင်
ကိုယ့် မကောင်းကြောင်းကို ကြားရုံလောက် ကြားဖူးတဲ့သူ
ကပါ ကိုယ့်ကို မတွေ့သေးခင်ကပဲ စပြီး မုန်းသွားတာမျိုး၊
ကြည့်မရတော့တာမျိုး ဖြစ် သွားတာ။

ဥပမာ – လူတစ်ယောက်က ကိုယ့်ကို စကားပြော ရိုင်းတဲ့
သူ” လို့ ထင်နေမယ် ဆိုပါစို့။ ထင်ရုံတင်မကဘူး သူနဲ့
ပတ်သက်တဲ့ ဒုတိယ လူကိုလည်း“ကိုယ်က စကားပြော
ရင် ဘယ်လောက်ရိုင်းကြောင်း ပြော ပြထားတာမျိုး ရှိနေ
မယ်။ ဒါဆိုရင် ကိုယ်နဲ့ တစ်ခါမှတောင် မဆုံဖူးသေးတဲ့
ဒုတိယလူကလည်း ပထမလူရဲ့ ပြောစကားကြောင့် ကိုယ့်
ကို “စကားပြော ရိုင်းတဲ့သူ” အဖြစ် မြင်သွားပြီ။

အကယ်၍ အဲ့ဒီ ဒုတိယလူနဲ့ ကိုယ်နဲ့ ဆုံဖြစ်၊ စကားပြော
ဖြစ်လာ တဲ့ အခါမှာလည်း ကိုယ့်ရဲ့ပြောစကားထဲမှာ
ဘယ်အချိန် ရိုင်းတဲ့ အသုံး အနှုန်း ပါလာမလဲ ဆိုတာကို
ပဲ သူ့ဘက်က focus လုပ်နေမိလိမ့်မယ်။ ကိုယ်က ပုံမှန်
စကားမျိုးပဲ ပြောတဲ့အချိန်မှာ နည်းနည်းလေး အမှားပါ
သွား ရင်တောင် ကိုယ်က ရိုင်းတဲ့သူပါ ဆိုတာကို confirm
လုပ်ပေးသလို ဖြစ်သွားမယ်။ ဘာလို့ဆို ပထမလူ ပြော
ထားတဲ့ ကိုယ့်အကြောင်းက ဒုတိယလူမှာ သွားလွှမ်းမိုး
နေတာကိုး။

တကယ်တော့ ကိုယ်က ပုံမှန်ပြော ဆိုတာပဲ။ လူတွေရဲ့
negativity ကြောင့် ကိုယ်ဟာ ဗီလိန်ဖြစ်သွားတယ်။ အဲ့လို
နားလည်မှု အလွဲတွေကြောင့်လည်း ကျွန်တော်တို့ရဲ့အ
ကြောင်း တွေဟာ လူတွေရဲ့ ပါးစပ်ဖျားမှာ အမှန်အတိုင်း
ဖြစ်ချင်မှ ဖြစ်နေလိမ့်မယ်။ကိုယ့်ကို နားလည်မှုလွဲနေတာ
တွေလည်း ရှိတတ်သလို၊ ကိုယ့်ကို အမှားကြီး Mudge
လုပ်နေမိတာမျိုးလည်း ရှိမယ်။

ဒါကြောင့် သမ္မာကျမ်းစာက လျှာသည်သေးငယ်သော်
လည်းသေခြင်းရှင်ခြင်းကိုအစိုးရတယ်လို့ပြောသလိုတ
ဖက်မှာလည်းသေသေခြာခြာမသိပဲအထင်နဲ့ပြောဆိုလုပ်
ဆောင်နားလည်ထားတာတွေရဲ့အကျိုးဆက်ကလည်းမ
ကောင်းဘူးလို့သတိပေးထားပါတယ်။
(သု 14:12 ၊ ယာ 3:1-18)

ဒါကြောင့် လျှာကိုအကျိုးရှိရှိအသုံးချဖို့ မသေခြာမရေရာ
တဲ့အရာတွေကို အထင်နဲ့ပြောဆိုတာမျိုးတွေကလူမှုဆက်
ဆက်ရေးကိုအဆိပ်သင့်စေသလို သူတပါးအသရေကိုလဲ
ပျက်စေတာဖြစ်လို့ ကျွန်တော်တို့စကားပြောတဲ့အခါတိုင်း
သတိပြုဆင်ခြင်စရာပါ။
(19.8.2026)

·

·

18/08/2026

#ကိုယ့်စိတ်အထင်ကိုဘုရားဖွင့်ပြတာလို့စိတ်အထင်ရှိသူ
ကျမ်းစာ၊ကျမ်းပိုဒ်တွေကိုဖတ်ပြီးTheology နဲ့မသွားနဲ့
Revelation နဲ့သွားပါဆိုတာမျိုးက ရုတ်တရက်ကြည့်ရင်
မှန်နေသလိုဖြစ်ပေမယ့်၊ Bibliology အရ Bible Doctrine
အရတော့မှန်မနေပါဘူး၊ပြောချင်တဲ့ဆိုလိုရင်းကစိတ်နှ
လုံးသဘောမှာမှန်နေခဲ့ရင်တောင်မှပြောတဲ့စကားလုံး
တိုင်းကသမ္မာကျမ်းစာယုံကြည်ချက်ဩဝါဒ (Bible
Doctrine)ကိုဓမ္မဆရာကိုယ်တိုင်ကမှောက်လှန်နေ၊ဆန့် ကျင်နေသလိုမျိုးမဟောမိဖို့၊မသွန်သင်မိဖို့အရေးကြီးပါ
တယ်။
(18.8.2026)

Address

Hlaing
Yangon
1358

Opening Hours

Tuesday 07:00 - 20:00
Thursday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959255466778

Alerts

Be the first to know and let us send you an email when Boom Boom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Boom Boom:

Shortcuts

Share