12/11/2022
🙏🏻လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ
_🪷_🪷_🪷_🪷_🪷_🪷_🪷_
🪷ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ရရှိ ပြီးနောက်တွင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတိုင် ပါရမီတော်တို့ကို ဖြည့်ကျင့် ဆည်းပူတော်မူခဲ့ရပါသည်။
ထိုသို့ ဂေါတမမြတ်စွာဘုရားအလောင်းတော် ပါရမီဖြည့်ခဲ့ရာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းဟူသော ကာလအား ရေတွက်ပြပုံကိုလည်း အကျဉ်းအား ဖြင့် ဖော်ပြပါဦးမည်။
၊🌎လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ရန် အသင်္ချေတို့၏ အမည်များကို အရှင် ကုမာရကဿပ (ပုခန်းကြီးမြို့) ရေးသားသော ဓမ္မရာသီပျို့၌-
၁။ သေလ အသင်္ချေ
၂။ ဘာသ အသင်္ချေ
၃။ ဇယ အသင်္ချေ
၄။ ရုစိရ အသင်္ချေ
ဟူ၍အမည်ဖော်ပြထားပါသည်။ ခွဲခြားထားပုံကို ဖော်ပြရပါလျှင်-
၊👉၁။ သေလ အသင်္ချေ သည် သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသည့် ကမ္ဘာဖြစ်သည့် သာရမဏ္ဍ ကမ္ဘာတွင် နောက်ဆုံး ပွင့်တော်မူသော ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညမြတ်စွာ ဘုရားတစ်ဆူ တည်းသာ ပွင့်တော်မူသော သာရကမ္ဘာတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို တစ်သင်္ချေ ရေတွက်ရသည်။
၊👉၂။ ဘာသ အသင်္ချေ သည် ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရား တို့အကြား ဘုရားလုံးဝ မပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို တစ်သင်္ချေ ရေတွက်ရသည်။ ထို မင်္ဂလဘုရားရှင်ပွင့်တော်မူသော ကမ္ဘာသတွင် မင်္ဂလမြတ်စွာ ဘုရား၊ သုမန မြတ်စွာဘုရား၊ ရေဝတမြတ်စွာဘုရား ၊ သောဘိတမြတ်စွာဘုရား ဟူသည့် ဘုရားလေးဆူ ပွင့်တော်မူလေ သည်။ ထိုသို့ ဘုရားလေးဆူပွင့်တော်မူသဖြင့် သာရမဏ္ဍ ကမ္ဘာဟု ခေါ်လေသည်။
၊👉၃။ ဇယ အသင်္ချေသည် သောဘိတဘုရားနှင့် အနောမဒဿီဘုရား တို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို တစ်သင်္ချေ ရေတွက်ရခြင်းဖြစ် သည်။ ထို အနောမဒဿီ မြတ်စွာဘုရားရှင် ပွင့်တော်မူသော ကမ္ဘာသည် အနောမဒဿီ မြတ်စွာဘုရား၊ ပဒုမမြတ်စွာဘုရား နှင့် နာရဒမြတ်စွာဘုရား ဟူ၍ ဘုရားသုံးဆူပွင့်တော်မူ သည့် ကမ္ဘာဖြစ်၍ ဝရကမ္ဘာဟု အမည်တွင်လေသည်။
၊👉၄။ ရုစိရ အသင်္ချေသည် နာရဒဘုရားရှင်နှင့် မဒုမုတ္တရဘုရား တို့အကြား ဘုရား လုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို တစ်သင်္ချေ ရေတွက်ရခြင်းဖြစ်သည်။ ထို ပဒုမုတ္တရမြတ်စွာဘုရားရှင်သည် တစ်ဆူတည်းသာ ပွင့်တော်မူ၍ ထိုဘုရားရှင်ပွင့်တော်မူ သည့် ကမ္ဘာကို သာရကမ္ဘာဟု ခေါ်ပါသည်။
🪨ပဒုမုတ္တရဘုရား ပွင့်တော်မူသည့် ထိုကမ္ဘာပျက်ပြီးနောက်တွင် ဘုရားမပွင့်သော သုညကမ္ဘာပေါင်း (၆၉၉၉၉) ကမ္ဘာရှိခဲ့ပါသည်။ ကမ္ဘာအရေအတွက် များသော်လည်း ရေ တွက်၍ရနိုင်သောပမာဏဖြစ်သည့်အတွက် အတိအကျဖော်ပြနိုင်ခြင်းဖြစ်ပါသည်။
🌎ထို့ နောက် သုမေဓမြတ်စွာဘုရားနှင့် သုဇာတမြတ်စွာဘုရားရှင်တို့ ပွင့်ထွန်းတော်မူခဲ့ပါသည်။
🪨သုမေဓမြတ်စွာဘုရားနှင့် သုဇာတမြတ်စွာဘုရားရှင်တို့ ပွင့်တော်မူသည် ထို မဏ္ဍ ကမ္ဘာပျက်ပြီးနောက်တွင် သုညကမ္ဘာပေါင်း(၂၈၁၉၉)ကြာသည်။
🌎ထို့နောက်တွင် ပိယဒဿီ မြတ်စွာဘုရားရှင် ပွင့်တော်မူပါသည်။ ထိုကမ္ဘာတွင် ပိယဒဿီ မြတ်စွာဘုရား၊ အတ္ထဒဿီ မြတ်စွာဘုရား၊ ဓမ္မဒဿီ မြတ်စွာဘုရား ဟူ၍ ဘုရားသုံးဆူ ပွင့် ထွန်းတော်မူ၍ ဝရကမ္ဘာဟု ခေါ်ပါသည်။
🪨ထိုဘုရားရှင် သုံးဆူပွင့်တော်မူသော ဝရကမ္ဘာပျက်ပြီးနောက်တွင် ဘုရားမပွင့်သော
သုညကမ္ဘာပေါင်း(၁၇၀၅)ကမ္ဘာကြာပါသည်။
🌎ထို့နောက် သိဒ္ဓတ္တမြတ်စွာဘုရားရှင် ပွင့်တော် မူပါသည်။ သိဒ္ဓတ္တမည်သော ဘုရားရှင်တစ်ဆူ သာပွင့်တော်မူသည့်ကမ္ဘာဖြစ်၍ သာရကမ္ဘာ ဟု ခေါ်ပါသည်။
🪨ထိုသိဒ္ဓတ္တဘုရားရှင်ပွင့်တော်မူသော ကမ္ဘာပျက်ပြီးနောက် သုညကမ္ဘာတစ်ခုဖြစ်လာ ပြန်သည်။
🌎ထိုသုညကမ္ဘာ ပျက်ပြီးနောက်ဖြစ်သောကမ္ဘာ၌ တိဿဘုရားရှင်ပွင့်တော်မူပါ သည်။ ထိုကမ္ဘာ၌ တိဿဘုရားရှင်နှင့် ဖုဿဘုရားရှင်ဟူ၍ နှစ်ဆူသော ဘုရားရှင်တို့ ပွင့် ထွန်းတော်မူ၍ မဏ္ဍကမ္ဘာဟု ခေါ်ပါသည်။
🌎ထိုမဏ္ဍကမ္ဘာပျက်ပြီးနောက် သုညကမ္ဘာမခြားဘဲ ကပ်လျက်ကမ္ဘာတွင် ဝိပဿီ မြတ်စွာဘုရားရှင် ပွင့်တော်မူပါသည်။ ထိုကမ္ဘာတွင် ဘုရားတစ်ဆူသာပွင့်၍ သာရကမ္ဘာဟု သတ်မှတ်ခေါ်ဆိုပါသည်။
🪨ထိုကမ္ဘာပျက်ပြီးနောက် သုညကမ္ဘာပေါင်း(၅၉)ခု ကျော်ဖြတ်ပြီး
🌎 သိခိမြတ်စွာဘုရား နှင့် ဝေဿဘူ မြတ်စွာဘုရားရှင်တို့ ပွင့်တော်မူသော မဏ္ဍကမ္ဘာသို့ ရောက်ရှိလာခဲ့ပါသည်။
🪨ထိုမဏ္ဍကမ္ဘာပျက်ပြီးနောက် သုညကမ္ဘာပေါင်း (၂၉)ခု လွန်ပြီးနောက်
🌏ဤဘဒ္ဒကမ္ဘာ တည်းဟူသော ဘုရားငါးဆူပွင့်တော်မူရာကမ္ဘာသို့ ရောက်လာခဲ့လေသည်။ ဤဘဒ္ဒကမ္ဘာ တွင် ကကုသန္ဓမြတ်စွာဘုရားရှင်၊ ကောဏာဂနဏမြတ်စွာဘုရားရှင်၊ ကဿပမြတ်စွာ ဘုရားရှင်၊ ဂေါတမမြတ်စွာဘုရားရှင် ဟူ၍ ဘုရားရှင်လေးဆူတို့ ပွင့်တော်မူပြီးကုန်ပြီဖြစ် ပါသည်။ နောက်အနာဂတ်ကာလတွင် အရိမေတ္တေယျအမည်ဖြင့် ဘုရားတစ်ဆူပွင့်လိမ့်ဦး မည်ဖြစ်လေသည်။
📖ဗုဒ္ဓဝံသ ပါဠိတော်မြန်မာပြန်နှင့် မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်ကို မှီငြမ်းရေးသားသည်။
✍️လောဟိတ ဗုဒ္ဓရင်သွေး

သုညကမ္ဘာပေါင်း(၁၇၀၆)ကမ္ဘာကြာပါသည်။