Eisan Talentsphere

Eisan Talentsphere

Share

Skill to master

18/04/2026
18/04/2026

Last month was a meaningful milestone for me 💙

I attended a Career Counselling and Job Coaching training and successfully received my certificate.

It was not just about learning—it was about sharing ideas, teamwork, and gaining new perspectives on how to support people in their career paths.

Thank you to everyone who made this experience so valuable. I’m excited to use these skills in my HR and coaching journey!


01/01/2026

Performance Management သည် ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ဆောင်ရည်ကို အဖွဲ့အစည်း၏ ရည်မှန်းချက်များနှင့် ကိုက်ညီစေရန် စနစ်တကျလုပ်ဆောင်ရသော HR လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။
ထိရောက်သော Performance Management တွင် ပါဝင်ရမည့်အချက်များမှာ –
✔ ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များကို ရှင်းလင်းစွာ သတ်မှတ်ခြင်း
✔ လုပ်ဆောင်ရည်အပေါ် ပုံမှန်တုံ့ပြန်အကြံပြုချက် ပေးခြင်း
✔ လမ်းညွှန်ပံ့ပိုးခြင်းနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန် ကူညီခြင်း
✔ မျှတပြီး အခြေခံအချက်အလက်အပေါ် မူတည်သော လုပ်ဆောင်ရည် အကဲဖြတ်ခြင်း
✔ အောင်မြင်မှုကို အသိအမှတ်ပြုခြင်းနှင့် လိုအပ်ပါက ပြုပြင်တိုးတက်စေရန် ဆောင်ရွက်ခြင်း

Performance Management ကို မှန်ကန်စွာ အကောင်အထည်ဖော်နိုင်ပါက
ဝန်ထမ်းများ၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်ပြီး
မန်နေဂျာနှင့် ဝန်ထမ်းကြား ယုံကြည်မှုနှင့် ဆက်ဆံရေးကို ခိုင်မာစေကာ
အဖွဲ့အစည်း၏ စုစုပေါင်းလုပ်ဆောင်ရည်ကို မြှင့်တင်နိုင်ပါသည်။

💡 HR အတွက် Performance Management သည် ထိန်းချုပ်ခြင်း သို့မဟုတ် ပြစ်တင်ခြင်း မဟုတ်ပါ။
၎င်းသည် လူသားအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရန်၊ မန်နေဂျာများကို ထောက်ပံ့ရန်နှင့် ဆက်လက်တိုးတက်သော အဖွဲ့အစည်းယဉ်ကျေးမှု တည်ဆောက်ရန်အတွက် မဟာဗျူဟာဆိုင်ရာ ကိရိယာတစ်ရပ် ဖြစ်ပါသည်။

ထိရောက်သော Performance Management စနစ်ရှိသည့် အဖွဲ့အစည်းများတွင် –
📈 လုပ်ဆောင်ရည် မြင့်မားလာခြင်း
🤝 ဝန်ထမ်းများ၏ ပါဝင်ဆောင်ရွက်လိုစိတ် တိုးတက်လာခြင်း
🌱 အနာဂတ်ခေါင်းဆောင်များ ဖွံ့ဖြိုးလာခြင်း
🏆 ရေရှည်အောင်မြင်မှု ရရှိခြင်း တို့ဖြစ်ပါသည်။

06/08/2025

ခိုင်မာသော လူ့စွမ်းအားအရင်းအမြစ် စနစ် (HR System) တစ်ခုတွင် ပါဝင်သင့်သောအရာများ 🌐

ခိုင်ခံ့သော HR စနစ်တစ်ခု ဆိုသည်မှာ အပြန်အလှန်ပံ့ပိုးမှုရှိပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော လူများစီမံခန့်ခွဲမှု လှုပ်ရှားမှုများ အပေါ် အခြေခံထားပါသည်။

ဤလှုပ်ရှားမှုများသည် အဖွဲ့အစည်း၏အတွင်းပိုင်းနှင့်ပြင်ပပတ်ဝန်းကျင်၊ HR ပေါ်လစီ၊ ရှုထောင့်များနှင့် မဟာဗျူဟာများ အပေါ်မူတည်၍ ကွဲပြားနိုင်သည်။

🔍 HR စနစ်၏ အဓိကအစိတ်အပိုင်းများမှာ –

✅ HR မဟာဗျူဟာများ (HR Strategies)
လူ့စွမ်းအားစီမံခန့်ခွဲမှုသည် မည်သည့်ဦးတည်ချက်ဖြင့် ရှေ့သို့ရွှေ့ရမည်ကို သတ်မှတ်ပေးသည်။
📌 HR မဟာဗျူဟာများကို အဖွဲ့အစည်း၏ စီးပွားရေးဗျူဟာများနှင့် အညီ ညှိနှိုင်းဖွဲ့စည်းခြင်းြဖြင့် အဖွဲ့အစည်းရဲ့ ရည်မှန်းချက်များအောင်မြင်စေသော အဓိကသော့ချက်တစ်ခုဖြစ်သည်။

✅ HR မူဝါဒများ (HR Policies)
HR ၏အဓိကတာဝန်များကို သတ်မှတ်ပေးပြီး၊ HR လုပ်ငန်းစဉ်တစ်ခုချင်းစီကို မည်သို့ လုပ်ဆောင်/အကောင်အထည်ဖော်ရမည်ကို လုပ်ေဆာင်ပေးသည်။

✅ HR လုပ်ဆောင်ချက်များ (HR Practices)
လူများကို စီမံခြင်း၊ ဖွံ့ဖြိုးအောင်မြင်စေရန် ပံ့ပိုးမှုများလုပ်ဆောင်ခြင်းနှင့် အလုပ်သဘောတူညီချက် များကို ထိထိရောက်ရောက် စီမံ လုပ်ဆောင်ခြင်းများဖြစ်သည်။

🎯 ဤအစိတ်အပိုင်းများအားလုံး ဆက်စပ်၍ လိုက် ရောညီထွေစွာ လုပ်ဆောင်နိုင်သောအခါတွင် HR သည် အဖွဲ့အစည်းတစ်ခု၏ တိုးတက်မှုအတွက် အရေးပါဆုံး အခန်း ကဏ္ဍတွင်ပါဝင်သည်။

25/05/2025

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၌ Line Manager များ၏အခန်းကဏ္ဍ

HR professional အနေနှင့် Line Manager များ၏အရေးပါမှုကိုနားလည်ထားရန်အလွန်အရေးကြီးပါသည်။ လူ့စွမ်းအားအရင်းအမြစ်ဌာနသည် မူဝါဒများနှင့်အစီအစဥ်များကိုရေးဆွဲပေးသော်လည်း၊ ထိုသတ်မှတ်ချက်များကို တကယ်တမ်းအလုပ်သမားများထံသို့ ချိတ်ဆက်အကောင်အထည်ဖော်ပေးနိုင်သူမှာ Line Manager များဖြစ်သည်။ ၎င်းတို့၏သက်ရောက်မှုသည် ဝန်ထမ်းလုပ်ဆောင်မှု၊ စိတ်ပါဝင်စားမှုနှင့် အဖွဲ့အစည်းယဉ်ကျေးမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါသည်။

Line Manager များသည် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၌ အရေးပါသော အခန်းကဏ္ဍ ၄ ရပ်၌ ပါဝင်ဆောင်ရွက်ရပါသည်။ ထိုအခန်းကဏ္ဍများမှာ HR မူဝါဒများအကောင်အထည်ဖော်ခြင်း၊ မူဝါဒများကို ထိရောက်စွာ အသုံးချခြင်း၊ နေ့စဉ်ခေါင်းဆောင်မှုပြုခြင်းနှင့် ဝန်ထမ်းများ၏အလုပ်အကိုင်စီမံမှုများဖြစ်ပါသည်။ ထိုအခန်းကဏ္ဍများကို နားလည်ခြင်းနှင့် ပံ့ပိုးခြင်းသည် လူမှုအခြေပြုခေါင်းဆောင်မှုရှိသော အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ရာတွင် HR ပညာရှင်များအတွက် မဖြစ်မနေလိုအပ်ပါသည်။

26/04/2025

သင်ယူမှုနှင့် ဖွံ့ဖြိုးမှု (Learning and Development) — အဖွဲ့အစည်းတိုင်း အတွက် အရေးပါဆုံးသော သော့ချက်! 🌟

ယနေ့ကမ္ဘာတွင် learning & Development အပိုင်းတွင် ရင်းနှီးမြုပ်နှံနေသော အဖွဲ့အစည်းများသည် ရေရှည်တည်တံနိုင်ယုံသာမက အဖွဲ့အစည်းဖွဲ့ဖြိုးတိုးတက်လာကြသည် 🚀

သင်ယူမှုနှင့် ဖွံ့ဖြိုးမှုတွင် အရေးပါသည့် အကြောင်းရင်းများ:
✅ ယှဉ်ပြိုင်နိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများကို ဝန်ထမ်းများအား တည်ဆောက်ပေးနိုင်သည်။
✅ ဝန်ထမ်းများ၏ စိတ်အားထက်သန်မှု၊ တက်ကြွမှုနှင့် သစ္စာရှိမှုကို မြှင့်တင်ပေးသည်။
✅ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန် ဆက်လက်တိုးတက်မှုကို အားပေးသည်။
✅ အနာဂတ်ခေါင်းဆောင်များကို ပြင်ဆင်ပေးပြီး အဖွဲ့အစည်းတွင်း တိုးတက်မှုကို ခိုင်မာစေသည်။
✅ ချောမွေ့မှု၊ ပြောင်းလဲနိုင်စွမ်းနှင့် ထူးချွန်မှုရှိသော ယဉ်ကျေးမှုကို ဖန်တီးပေးသည်။

သင်ယူမှုနှင့် ဖွံ့ဖြိုးမှုကို ဦးစားပေးသော အဖွဲ့အစည်းများသည် ဝန်ထမ်းများအပေါ်သာမက မိမိတို့၏ အနာဂတ်ကိုပါ ရင်းနှီးမြှုပ်နှံနေကြသည်။ 🌱

🎯 သင်ယူခြင်းသည် တစ်ကြိမ်တစ်ခါ သင်ယူရုံဖြင့် ပြီးစီးသည့် အရာမဟုတ်ပါ။ ၎င်းသည် လူတစ်ဦး၏ စွမ်းရည်အပြည့်အဝကို ဖော်ထုတ်ပေးသည့် ဆက်တိုက်အတူဖြတ်သန်းရမည့် ခရီးဖြစ်သည်။ ဝန်ထမ်းများတိုးတက်သောအခါ အဖွဲ့အစည်းလဲ တိုးတက်လာမည် 🌟

06/02/2025

သင့်အဖွဲ့အစည်း အဆင့်မြင့်တိုးတက်ဖို့ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းရည် စီစစ်အကဲဖြတ်မှု့၊ ကျွမ်းကျင်မှု့၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖွံ့ဖြိုးမှု့ တွေဟာ စီးပွါးရေးအောင်မြင်ရေးအတွက် အဓိကအခန်းကဏ္ဏဖြစ်ပါတယ်။

✅ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှု့ကို​ဖော်ထုတ်နိုင်မည်
✅ ဝန်ထမ်းပါဝင်မှု တိုးမြှင့်ပြီး လုပ်ငန်းတွင် မျှဝေမှုမြှင့်တင်နိုင်မည်
✅ တစ်ဦးချင်း၏ ပန်းတိုင်များကို အဖွဲ့အစည်း ၏ရည်ရွယ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေမည်။

23/09/2023

ဒီနေ့မျှဝေချင်တဲ့ အကြောင်းအရာကတော့Business Model canvas နဲ့ ပတ်သက်ပြီး sharing လုပ်ပေးချင်ပါတယ်။
New business တစ်ခု စတင်တာမျိုး ၊ organisation ကို တိုးတက်ဖို့ Transform လုပ်တဲ့ အချိန်မှာ Business Model canvas နဲ့ စတင်လို့ရတယ်
Business Model canvas မှာ 9 building block ဆိုပြီး 9 Block ခွဲထားတယ် .Customer Segmentတွေ ဘယ်လို သတ်မှတ်မလဲ customer ဆီ ရောက်ဖို့ ဘယ်လို Channel တွေကနေ သုံးမလဲ customer relationship ကို ဘယ်လို တည်ဆောက်မလဲ key resources တွေ နဲ့ Key activities တွေကို ထည့်သွင်း စဥ်းစားရပါတယ်

Source by Business Model generation book

21/08/2023

Source by The John Adair handbook of leadership

22/07/2023

Working environment မှာ အပြောအများဆုံး Time Management နဲ့ ပတ်သတ်တဲ့ အကြောင်း အရာလေး
အချိန်မရှိဘူး လုပ်စရာတွေ အများကြီး ဖြစ်နေတယ်

အဲလိုဆို Time Audit လေး လုပ်ကြည့်ပါ . Time audit လုပ်တယ်ဆိုတာ Keep a record (Daily Time log)

Source by John Adair handbook.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00