Immanuel Orphane - ဧမာနွေလမိဘမဲ့ဂေဟာ

Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ

Share

Since 2006

13/05/2026

Happy birthday 🎂 Daddy 🎊
မချစ်သလိုနဲ့
သား/သမီးအိပ်နေရင် ထွေးပွေ့ရင်းနမ်းရှိုက်တတ်တာအဖေမကြင်သလိုနဲ့သား/သမီးနေမကောင်းရင်မိုးလင်းပေါက် ပြုစုတတ်တာ အဖေတွန့်တိုတတ်သလိုနဲ့
သား/သမီးစားဖို့ ကောင်းနိုးရာရာကျွေးမွေးတတ်တာ အဖေမခင်တွယ်သလိုနဲ့သား/သမီးခွဲထွက်သွားတော့
တမ်းတရင်း လွမ်းတတ်တာ အဖေခံစားချက်မဲ့သလိုနဲ့
သား/သမီးဒုက္ခတွေ့ တော့ခိုးခိုးပြီး မျက်ရည်ကျတာ
ငါတို့ရဲ့ .. *အဖေ* ပါနေပူပူမိုးရွာရွာ သူ့တတ်တဲ့ပညာနဲ့ နဖူးထက်ချွေးကခြေမမှာဆုံး ပြုံးပြရွံ့လောက်နဲ့ ကျေနပ်တဲ့သူ…
ရွာသမျှကိုအမေ့ဆီအပ် အိပ်ကပ်ထဲမှာလက်ကျန်မထား သားသမီးအတွက်ဆိုတဲ့အသိနဲ့ နေဝင်ကာမိုးချုပ်တဲ့အထိပီတိအားနဲ့ ရုန်းခဲ့တဲ့သူ-
ဖျားမှာလည်းဂရုမစိုက် နာမှာလည်းစိတ်မပူ သူ့အတွက်ကိုမစဉ်းစား သမီးသားတွေနောင်ရေးအတွက် အလေးအနက်ထားလို့ ကြိုးစားတဲ့သူ-
တကယ်ဆိုရင်... ကျွန်တော့်ဘဝအတွက် သူ့လိုလူက…ထပ်တူမရှိ.။
လူသာအိုသွားမယ်သားသမီးတွေ အတွက် မေတ္တာတရားတွေက ထာဝရ နုပျိုလန်းဆန်းနေဆဲပါ အိုသွားတယ်ဆိုတာ မရှိပါဘူး ကျေးဇူးပါဖေဖေ
ဖေဖေကျန်းမာ ပြီးအသက်‌ရာကျော်ရှည်ပါစေကြောင်း
ဧမာနွေလ သားသား/မီးမီးများမှ ဆုတောင်းပေးလိုက်ပာတယ်

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 11/05/2026

10.5.2026

အလှူရှင် - ကိုနေမျိုးလှိုင် + Dr.သစ္စာခိုင်

Happy 4th Wedding Anniversary 💝💛💛💝

အားလုံးဘဲမင်္ဂလာပါ 🙏🏻🙏🏻

ဒီနေ့မှာတော့ ကိုနေမျိုးလှိုင် + Dr.သစ္စာခိုင် တို့ဇနီးမောင်နှံမှ မကြာမှီကျောင်းဖွင့်တော့မည် ဖြစ်သောကြောင့် ကေလးမ်ား ကျောင်းပညာရေးအတွက် လိုအပ်သည့် အသုံးအဆောင်များကို ဒုတိယနှစ် ၂ ကြိမ်မြောက် လှူဒါန်းပေးသွားပါတယ်။ 🙏🏻🙏🏻
ယခုလို ကလေးများအပေါ် မိဘသဖွယ်အမြဲတွေးပေးပြီး မေတ္တာထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးတဲ့အတွက် ဂေဟာကျောင်းမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။🙏🏻🙏🏻
ယခုလိုလှူဒါန်းပေးမှုအတွက် ကိုနေမျိုးလှိုင် + Dr.သစ္စာခိုင် တို့ဇနီးမောင်နှံ မင်္ဂလာသက်တမ်း ၄ နှစ်ပြည့်မှစ၍ နောက်နှစ်ပေါင်းများစွာ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်နိူင်ပါစေ။🙏🏻
အလှူရှင်မိသားစု အလုပ်အကိုင်လုပ်ငန်းစီးပွားများလည်း ဆထပ်မကတိုးပွားအောင်မြင်နိူင်ပါစေ။🙏🏻🙏🏻
မင်္ဂလာ သက်တမ်း ၄ နှစ်ပြည့်နဲ့အတူ မိခင်များနေ့မှာ ချစ်သူခင်သူ မိသားစု ဆွေမျိုး အပေါင်းသင်း မိတ်ဆွေများနှင့်လည်း ပျော်ရွှင်စွာ ဖြတ်သန်းနိူင်ပါစေ ။ 🙏🏻
နောက်နောက်များမှာလည်း ယခုကဲ့သို့ အလှူနဲ့ရေစက်လက်နဲ့မကွာ အမြဲလှူနိူင်ဒါန်းနိူင်ပါစေကြောင်း ဂေဟာကျောင်းရှိ သားသား မီးမီးများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။🙏🏻🙏🏻
ကလေးများအားလုံးမှလည်း ❤'' ချစ်တယ်နော်''❤ ဆိုတဲ့စကားလက်ဆောင်ပါးလိုက်ပါတယ်။

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 05/05/2026

☀️ Summer English speaking 🗣️

ပညာသည်အိုသည်မရှိ

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 01/05/2026

အငယ်ဆုံးလေးတွေရဲ့ပျော်ရွှင်သောဘဝ

ခေါင်းမှာဆံပင်ရှစ်ချောင်းထဲရှိတဲ့ အဖိုးအိုတစ်ယောက် ဆံသဆိုင်ရောက်လာတယ်။ ဆံသဆရာက အံ့ဩတကြီးနဲ့ မေးလိုက်တယ်။
"ညှပ်ပေးရမှာလား၊ ရေပေးရမလား" အဖိုးအိုကပြုံးပြီးပြောလိုက်တယ်
"ကာလာဆိုးပေးပါ"
ဘဝဆိုတာကိုယ့်မှာရှိတာနဲ့ပျော်ရွှင်ဖို့ပါ။ အမြဲတမ်းပြုံးနိုင်အောင်ကြိုးစားပါ။

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 27/04/2026

၂၆.၄.၂၀၂၆ ❤❤❤

အလှူရှငိ - ကို ဟိုဘီး
ဦး မြတ်လင်းအောင် + ဒေါ်မုန်း
မုန်းလှိုင်ကျော်
မ မိုးရီတာ

🤤🤤🤤
ဒီနေ့မှာတော့ ကလေးတွေကို မကြာခဏ အမြဲသတိတရနဲ့ လှူဒါန်းပေးတဲ့ ကို ဟိုဘီး တို့မှ သားသားမီးမီးများအတွက် ညနေစာအဖြစ် မာလာရှမ်းကော နဲ့ အအေး ကို လှူဒါန်းပြီး ပျော်ပျော်ပါးပါး အတူတကွချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။

အခုလို စျေးကြီးပြီး ကလေးများအနေဖြစ် တော်ရုံ မစားနိူင်တဲ့ ဆန္ဒလေးကို ဖြည့်ဆည်းကျွေးမွေးပေးတဲ့ အတွက် ဂေဟာကျောင်းမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

နောက်တခေါက်ကျရင် Hot Pot အတူတကွ လုပ်စားကြမယ်ပြောလို့လည်း ကလေးများအားလုံးစိတ်လှူပ်ရှားနေကြပါပြီနော် 😁။

ယခုလို လှူဒါန်းရခြင်းကြောင့် အလှူရှင် ကိုဟိုဘီးနဲ့ အဖွဲ့သားများအားလုံး ဘဝမှာစိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်း များနဲ့ပြည့်စုံနိူင်ပါစေ။
အလုပ်အကိုင် လုပ်ငန်းစီးပွားများလည်း ဆထပ်မကတိုးပွားအောင်မြင်နိူင်ပါစေ။
နောက်နောင်မှာလည်း အလှူနဲ့ရေစက်လက်နဲ့မကွာ စိတ်ရှိတိုင်း လှူနိူင်ဒါန်းနိူင်ပါစေကြောင်း ဂေဟာကျောင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 26/04/2026

၂၆.၄.၂၀၂၆ 💝💝💝

အလှူရှင် - ကို ကျော်မိုးဇော် + မ သူသူဝင်း

အားလုံးဘဲမင်္ဂလာပါ 🙏🏻🙏🏻
ဒီနေ့မှာ တာမွေ ရန်ကုန်မြို့မှ ကို ကျော်မိုးဇော် + မ သူသူဝင်း တို့ဇနီးမောင်နှံမှ သားမီးမီးများအတွက် ဒုတိယအကြိမ် လာရောက်လှူဒါန်းခြင်းအဖြစ် ကလေးများ ကျောင်းတက်ချိန်အတွက် အသုံးပြုရန်
ထီး ၊ ကျောင်းဝတ်စုံနဲ့ ကျောပိုးအိတ်များကို လာရောက်လှူဒါန်းပေးသွားပါတယ်။
ယခုလိုလှူဒါန်းပေးမှုအတွက်ဂေဟာကျောင်းမှအထူးပင်ကျေးဇူးတင်ပါတယ်။
ယခုလို လှူဒါန်းရခြင်းကြောင့် အလှူရှင်မိသားစု ဘဝမှာစိတ်၏ကျန်းမာခြင်းကိုယ်၏ချမ်းသာခြင်းအပေါင်းနှင့်ပြည့်စုံနိုင်ပါစေ။
အလုပ်အကိုင်လုပ်ငန်း စီးပွားများလည်း ဆထပ်မကတိုးပွားအောင်မြင်နိုင်ပါစေ။
နောက်နောင်မှာလည်းအလှူနဲ့ရေစက်လက်နဲ့မကွာလှူနိူင်ဒါန်းနိူင်ပါစေကြောင်းဂေဟာကျောင်းမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 26/04/2026

၂၆.၄.၂၀၂၆ ❤

အလှူရှင် - မ ဇူးဇူးမော်ဦး ၏ ၁၅ နှစ်ပြည့် မွေးနေ့အလှူ ❤🎂🎂🎂❤

Happy Birthday ပါ ဇူးဇူးမော်ဦး ရယ် အခုလို ကျရောက်တဲ့ ၁၅ နှစ်ပြည့်မွေးနေ့မှာ အဝေးတနေရာ တာမွေ ၊ ရန်ကုန် ကနေပြီး လှည်းကူးမြို့ဧမာနွေလဂေဟာကျောင်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ကလေးများအတွက် နေ့လည်စာ နှင့် မုန့် ၊ အအေးများကို ကျွေးမွေးလှူဒါန်းပေးသွားပါတယ်။
ယခုလို လှူဒါန်းပေးမှုအတွက် ဂေဟာကျောင်းမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။
မွေးနေ့မှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းအပေါင်းနှင့်ပြည့်စုံနိုင်ပါစေ။
ဘဝရည်မှန်းချက်ပန်းတိုင် များလည်းအရောက်တက်လှမ်းနိူင်ပြီး မိဘအားကိုးရတဲ့
သမီးရတနာလေးဖြစ်နိူင်ပါစေ။
နောက်နောင်မှာလည်း အလှူနဲ့ရေစက်လက်နဲ့မကွာ လှူနိူင်ဒါန်းနိူင်ပါစေကြောင်း ဂေဟာကျောင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 23/04/2026

23.4.2026 ❤❤❤

အလှူရှင် - ကို ကျော်မျိုးဇော် + မ သူသူဝင်း တို့၏ မင်္ဂလာ နှစ်ပတ်လည် ( ၇ ) နှစ်ပြည့်အလှူ

အားလုံးဘဲ မင်္ဂလာပါ
ဒီနေ့မှာတော့ ရန်ကုန်မြို့နေ ကို ကျော်မျိုးဇော် နှင့် မ သူသူဝင်း တို့ဇနီးမောင်နှံမှ ( ၇ ) နှစ်ပြည့်နှစ်ပတ်လည် အလှူအဖြစ် လှည်းကူးမြို့ ဧမာနွေလဂေဟာကျောင်းရှိ သားသားမီးမီးများအတွက် နေ့လည်စာ အာဟာရဒါနပြု ကျွေးမွေးသည့်အပြင် မုန့်များနှင့် အအေးများကို လှူဒါန်းပေးသွားပါတယ်။

ယခုလို လှူဒါန်းမှူအတွက် ဂေဟာကျောင်းမှအထူးပင်ကျေးဇူးတင်ရှိပါတယ်။

ယခုလို လှူဒါန်းရခြင်းကြောင့် မင်္ဂလာနှစ်ပတ်လည် ၇ နှစ်ပြည့်မှစ၍ နောင်နှစ်တရာတိုင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ဆက်လက်ရရှိပိုင်ဆိုင်နိုင်ပါစေ။

မိသားစု အလုပ်အကိုင်လုပ်ငန်းစီးပွားများလည်း ဆထပ်မက တိုးပွားအောင်မြင်နိုင်ပါစေ။

နောက်နောင်မှာလည်း အလှူနဲ့ရေစက်လက်နဲ့မကွာအမြဲတမ်း လှူနိူင်ဒါန်းနိူင်တဲ့မိသားစုဖြစ်နိူင်ပါစေကြောင်း ဂေဟာကျောင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 19/04/2026

18.4.2026 ❤❤

Mr. Young Woo Park, who resides in Canada, generously donated Tri-Cycle to the Emmanuel Orphanage and Child Development Center to be used for transportation, including taking children to and from school and for market trips.
In addition, he kindly treated the children to KFC fried chicken and drinks.
All the children at the center would like to express their heartfelt gratitude for his generous donation and kindness.
May this act of giving not lead to loss, but instead bring him abundant blessings a hundredfold.

ဒီနေ့မှာ Canada နိူင်ငံနေ Mr.Young Woo Park မှ ဧမာနွေလမိကလေးသူငယ်ဖွံ့ဖြိုးရေး ဂေဟာကျောင်း၌ စျေးသွားစျေးပြန် ကျောင်းကြိုပို့အတွက် အသုံးပြုနိူင်ရန် သုံးဘီးကို ဝယ်ယူလှူဒါန်းပေးခဲ့ပါတယ်။
ထို့အပြင် KFC ကြက်ကြော် နဲ့အအေးကိုလည်း ကျွေးမွေးပေးခဲ့ပါတယ်။
ယခုလို လှူဒါန်းပေးမှုအတွက် ဂေဟာကျောင်းရှိသားသားသားမီးမီးများမှ ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြအပ်ပါတယ်။
လှူဒါန်းမှုကြောင့် ကုန်ခမ်းသွားခြင်းမဟုတ်ဘဲ အဆ ၁၀၀ သောကောင်းကြီးမင်္ဂလာကို သာ၍ရရှိနိူင်ပါစေ။

God Bless you MR.YONG WOO PARK
WE LOVE YOU ❤❤

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 05/04/2026

၅.၃.၂၀၂၆ ❤❤❤

အလှူရှင် - ဦး ဇော်မျိုးအောင် + မ ဇွန်ဦးခိုင် တို့၏ မင်္ဂလာ သက်တမ်း (၉) နှစ်ပြည့် အလှူ ❤

💕 Happy 9th Wedding Anniversry 💕

ကလေးတွေအားလုံးအရမ်းပျော်ရွှင်ခဲ့ရသလို အမှတ်တရလေးလည်းဖြစ်ခဲ့ရပါတယ်။
ဒီနေ့မှာ ဦး ဇော်မျိုးအောင် + မ ဇွန်ဦးခိုင် တို့ ဇနီးမောင်နှံ မှ သားသားမီးမီးများအတွက် နေ့လည်စာ အဟာရဒါန ၊ မုန့်များ၊ အရုပ်များ ၊ ကလေးများအတွက် အရွယ်အလိုက် ကစားစရာ ၊ ဂျိုင်းလိမ်းဗူး ၊ နှခမ်းနီ များလှူဒါန်းပေးခဲ့သည့်အပြင် ကလေးများအတွက် ပျော်စရာ Games များကိုလည်း အတူတကွ ပျော်ပျော်ရွင်ရွင် ကစားခဲ့ကြပါတယ်။ အနိုင်ရသောကလေးများအတွက်လည်း ဆုပေးခြင်းများ မုန့်ဖိုးပေးခြင်းများ ပြုလုပ်ပေးခဲ့တဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ခဲ့ကြပါတယ်။❤❤❤❤

ယခုလို ကလေးများကို ချစ်ခင်သနားပြီး လှူဒါန်းပေးတဲ့ အစ်ကို နှင့် အစ်မ တို့ ဇနီးမောင်နှံ လည်း
ယနေ့ ၉ နှစ်ပြည့်မှစ၍ နောင်နှစ် ၁၀၀ ကျော်တိုင် ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို
ရရှိပိုင်ဆိုင်နိူင်ပါစေ။
မိသားစု အလုပ်အကိုင် လုပ်ငန်းစီးပွားများလည်းယခုထပ်သာ၍ အောင်မြင်တိုးပွားနိူင်ပါစေ။
နောက်နှစ်တွေမှာလည်း နှစ်စဥ် သတိတရနဲ့လာရောက်လှူဒါန်းနိူင်ပါစေ။
အတူတကွလာရောက်ပေးတဲ့ အစ်ကို အစ်မ များအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ် ❤❤
နောက်နောင်မှာလည်း အလှူနဲ့ရေစက်လက်နဲ့မကွာ စိတ်ရှိတိုင်း လှူနိူင်ဒါန်းနိူင်တဲ့ မိသားစုဖြစ်နိူင်ပါစေကြောင်း ဂေဟာကျောင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
❤❤❤❤❤

Photos from Immanuel Orphane -  ဧမာနွေလမိဘမဲ့ဂေဟာ's post 05/04/2026

၅.၃.၂၀၂၆ ❤❤❤

အလှူရှင် - Sky Cargo Terminal X-ray Operator Team ❤

အားလုံးဘဲ မင်္ဂလာပါ ❤❤🙏🏻🙏🏻🙏🏻❤❤
ဒီနေ့မှာတော့ ရန်ကုန်မြို့နယ်ရှိ Sky Cargo Terminal X-ray Operator Team မှ လှည်းကူးမြို့ရှိ သားသားမီးမီးတိူ့ဂေဟာကျောင်းသို့လာရောက်ပြီး သားသားမီးမီးများအတွက် မနက်စာအာဟာရဒါန ၊ အအေး ၊မုန့် ၊ စာရေးကိရိယာ ၊ ဆပ်ပြာ နှင့် အဝတ်အစားများကို လာရောက်လှူဒါန်းပေးသွားပါတယ်။
ယခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး လှူဒါန်းပေးတဲ့အလှူရှင် များအားလုံး စိတ်၏ကျန်းမာခြင်းကိုယ်၏ချမ်းသာခြင်းအပေါင်းနှင့်ပြည့်စုံနိုင်ပါစေ။🙏🏻🙏🏻
အလုပ်အကိုင်လုပ်ငန်းစီးပွားများလည်း အဆင်ပြေချော့မွေ့အောင်မြင်နိူင်ကြပါစေ။🙏🏻🙏🏻🙏🏻
နောက်နောင်လည်း အလှူနဲ့ရေစက်လက်နဲ့မကွာ အမြဲတမ်း လှူနိူင်ဒါန်းနိူင်ပါစေကြောင်း ဂေဟာကျောင်းရှိ သားသားမီးမီးများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်​နော် ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Near Tarsone Bus Stop, Hlegu Town
Yangon
11374