CETA Myanmar

CETA Myanmar

Share

CETA specializes in helping Burmese students study in Canada.

17/02/2025

✈️🇨🇦 Canada မှာ အခြေချနေထိုင်ဖို့ စဉ်းစားနေပါသလား???

📌📌Canada နိုင်ငံမှာ ပညာသင်ကြားဖို့ ဒါမှမဟုတ် သင့်အနာဂတ်ကို အကောင်အထည်ဖော်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ CETA က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ သင့်ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးဖို့ ကျွန်မတို့ CETA မှာ အခမဲ့ တိုင်ပင်ဆွေးနွေးမှုလုပ်နိုင်ပါပြီ။

📋🇨🇦 CETA မှ လက်ရှိပေးနေတဲ့ ၀န်ဆောင်မှုများ ...

📌မှန်ကန်သော ပညာရေးလမ်းကြောင်းရွေးချယ်နိုင်ရန် လမ်းညွှန်ပေးခြင်း
✔️ကျွန်မတို့ရဲ့ CETA ရဲ့ အတွေ့အကြုံရှိ ပညာရေးအတိုင်ပင်ခံများက Canada နိုင်ငံမှာ သင့်ရည်မှန်းချက်များနဲ့ကိုက်ညီတဲ့ အကောင်းဆုံးပညာရေးပရိုဂရမ်နှင့် အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကိုရှာဖွေရန် ကူညီပေးနိုင်ပါတယ်။

📌တက္ကသိုလ်နှင့် အထက်တန်းကျောင်းလျှောက်ပေးခြင်း
✔️သင့်လိုအပ်ချက်များနဲ့ အကိုက်ညီဆုံးသော အထက်တန်းကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များ ရွေးချယ်ခြင်းနှင့် လျှောက်ထားခြင်းဆိုင်ရာ အဆင့်ဆင့်အတွက် ကူညီပေးပါတယ်။

📌ပညာသင်ဆုအတွက် လမ်းညွန်ပေးခြင်း
✔️ပညာသင်ဆုအခွင့်အလမ်းများ ရှာဖွေနေတဲ့ကျောင်းသားများအတွက် အောင်မြင်မှုအခွင့်အလမ်းများရရှိလာစေရန် စာရွက်စာတမ်းပြင်ဆင်မှုနှင့် လျှောက်လွှာပံ့ပိုးမှုဆိုင်ရာ လမ်းညွှန်မှုပေးပါတယ်။

📌ဗီဇာလျှောက်ပေးခြင်း
✔️ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်က ရှုပ်ထွေးနိုင်သော်လည်း CETA အနေနဲ့ လိုအပ်တဲ့စာရွက်စာတမ်းများနဲ့ လျှောက်လွှာလုပ်ငန်းစဉ်များကို တိကျသောအချက်အလက်များဖြင့် လမ်းညွှန်ပေးနိုင်တဲ့အတွက် ပိုမိုလွယ်ကူစေပါတယ်။ အပန်းဖြေခရီးထွက်သူများအတွက် အလည်ဗီဇာနှင့် ကျောင်းသားဗီဇာများကို လျှောက်ပေးပါတယ်။

✈️🇨🇦 Canada ရဲ့ ကမ္ဘာ့အဆင့်မီပညာရေးဆီသို့ သင့်ရဲ့ခရီးကို စတင်လိုက်ပါ။

✔️✔️CETA အနေနဲ့ ကျောင်းသားများကို Canada နိုင်ငံရဲ့ အကောင်းဆုံး ပညာရေးအခွင့်အလမ်းများကို ရှာဖွေရန်နှင့် အနာဂတ်အတွက် နောက်တစ်ဆင့်ခြေလှမ်းထပ်တက်နိုင်ရန်ကူညီဖို့ အဆင်သင့်ရှိနေပါတယ်။

📌📌CETA ရဲ့ ကျွမ်းကျင်သော ပညာရေးအတိုင်ပင်ခံများက သင့်အား ကူညီရန် အသင့်ရှိနေပါတယ်။ အခမဲ့တိုင်ပင်ဆွေးနွေးဖို့ အမြန်ဆုံးရက်ချိန်းရယူလိုက်ပါ။

~~~~~~~~~~~~~~~~~~
✈️🇨🇦 Thinking About Settling in Canada?

📌📌If you're considering studying or building your future in Canada, CETA is here to help! You can book a FREE consultation with us to discuss your plans.

📋🇨🇦What Services Does CETA Provide?

✔️Guidance on Choosing the Right Education Pathway
Our experienced education consultants will help you find the best academic program and career pathway that aligns with your goals in Canada.

✔️University & High School Application Support
We assist in selecting and applying to high schools, colleges, and universities that best match your needs.

✔️Scholarship Application Assistance
For students seeking scholarship opportunities, we provide guidance on eligibility, document preparation, and application support to increase your chances of success.

✔️Visa Application Support
Applying for a visa can be complicated, but CETA makes it easier by guiding you through the necessary documents and application process with accurate information.
We assist with Student Visas and Visitor Visas for those traveling for educational or leisure purposes.

✔️✔️Start Your Journey to a World-Class Education in Canada!
CETA is here to help you explore the best educational opportunities in Canada and take the next step toward your future.

Book a Free Consultation Today! Our expert education consultants are ready to assist you.

We look forward to helping you achieve your dreams in Canada!

𝑴𝒐𝒓𝒆 𝒊𝒏𝒇𝒐: https://reurl.cc/W19OZ5
~~~~~~~~~~~~~~~~~~
🇨🇦 𝐂𝐚𝐧𝐚𝐝𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐠𝐞𝐧𝐜𝐲
🏫𝐂𝐄𝐓𝐀 𝐎𝐟𝐟𝐢𝐜𝐞 𝐀𝐝𝐝𝐫𝐞𝐬𝐬
📌Stanford Canadian International School
🏢No(19), Lan Thit Shophouse, Phone Gyi Street, (11) Ward, Lanmadaw Township, Yangon
☎️+959 979 499 999

04/01/2025

📍📍(4-1-2025) ရက်နေ့ဟာ "လွတ်လပ်ရေးနေ့" ဖြစ်သည့်အတွက် CETA ရုံး ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။

28/12/2024

(28-12-2024 မှ 1-1-2025) ရက်များမှာ နှစ်သစ်ကူးရုံးပိတ်ရက်များ ဖြစ်သည့်အတွက် CETA ရုံး ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေကြာင်း CETA မိသားစုမှ ဆုတောင်းပေးပါတယ်။ 🥳🙏

25/12/2024

📍📍(25-12-2024) ရက်မှာ "ခရစ္စမတ်နေ့" ဖြစ်သည့်အတွက် CETA ရုံး ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။

25/11/2024

📍📍(25-11-2024) ရက်နေ့ဟာ "အမျိုးသားနေ့" ဖြစ်သည့်အတွက် CETA ရုံး ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။

15/11/2024

📍📍 CETA ရုံးကို "တန်ဆောင်တိုင်ပွဲတော်နေ့" ဖြစ်သည့် (15-11-2024) ရက်နေ့တွင် ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။

Photos from CETA Myanmar's post 13/11/2024

🇨🇦📚University of Windsor ဟာ ကနေဒါနိုင်ငံ Ontario ပြည်နယ် Windsor မြို့မှာတည်ရှိတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး 1857 ခုနှစ်ကတည်းက ကျောင်းသားတွေအတွက် အရည်အသွေးမြင့် ပညာသင်ကျောင်းတစ်ကျောင်း ဖြစ်တာကြောင့် နိုင်ငံတကာမှာ ရေပန်းစားလာခဲ့ပါတယ်။ နည်းပညာ၊ စီးပွားရေး၊ အင်ဂျင်နီယာ၊ ပညာရေး၊ လူမှုရေးသိပ္ပံနဲ့ ဥပဒေစတဲ့ နယ်ပယ်အမျိုးမျိုးမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က ကျောင်းသားတွေကို လက်ခံသင်ကြားပေးနေပြီး ပရော်ဖက်ရှင်နယ် အတတ်ပညာတွေ သင်ကြားပေးနေတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။

📌📑University of Windsor ရဲ့ Master of Education (M.Ed.) အစီအစဉ်ကတော့ ပညာရေးနယ်ပယ်မှာ လေ့လာလိုသူတွေအတွက် သင်ကြားမှုနဲ့ ပတ်သက်ပြီး တိုးတက်အောင်ကူညီပေးတဲ့ Program တစ်ခု ဖြစ်ပါတယ်။

📌📑ပညာရေးအုပ်ချုပ်မှု (Educational Administration)၊ဘာသာရပ် ဖွံ့ဖြိုးရေး (Curriculum Studies)၊ ဒုတိယဘာသာသင်ယူမှု (Second Language Acquisition) စတဲ့ ဘာသာရပ်တွေရွေးချယ်နိုင်ပြီး ကိုယ့်ရဲ့Career ရည်မှန်းချက်တွေနဲကိုက်ညီတဲ့ ဘာသာရပ်တွေကို စိတ်ကြိုက်ရွေးချယ်သင်ယူနိုင်ပါတယ်။ သုတေသနလုပ်ငန်းတွေပါဝင်တာကြောင့် လက်တွေ့အတွေ့အကြုံတွေကိုလေ့လာနိုင်ပြီး၊ ကိုယ်ရဲ့ အတွေးအခေါ်ပိုင်း အပြည့်အဝ သုတေသန လေ့လာမှုတွေ လုပ်နိုင်အောင် အထောက်အကူပြုပါတယ်။ အတွေ့အကြုံပြည့်၀တဲ့ပါမောက္ခတွေထံမှာ လေ့လာရမှာဖြစ်လို့ ပညာရေးနယ်ပယ်မှာ လုပ်ငန်းခွင်အတွက် အထောက်အကူ ဖြစ်စေပါတယ်။

📌💁‍♀️ကျောင်းလျှောက်ထားဖို့ လိုအပ်ချက်တွေကတော့ ...
1️⃣ဘွဲ့လက်မှတ်: အသိအမှတ်ပြုတက္ကသိုလ်တစ်ခုမှ ပညာရေးဆိုင်ရာ ဘွဲ့ရရှိထားခြင်း (သို့မဟုတ်) သက်ဆိုင်ရာနယ်ပယ်မှာ အနည်းဆုံး GPA B ရှိရပါမယ်။
2️⃣ English Language Proficiency: IELTS 7.0 or TOEFL 100
3️⃣Letters of Recommendation: ပညာရေးဆိုင်ရာ သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ အကြံပြုစာနှစ်စောင်။
4️⃣Statement of Intent: ကိုယ့်ရဲ့ရည်ရွယ်ချက်တွေ၊ Program ကို တက်ရောက်ချင်တဲ့ အကြောင်းရင်းဆိုင်ရာတွေ ရေးပြီးတင်ပြရပါမယ်။

👩‍💻🚀University of Windsor ဟာ ပညာရေးနယ်ပယ်ကြီးတွေမှာ အောင်မြင်ချင်တဲ့ ကျောင်းသားတွေအတွက် ပညာရေးနဲ့ပတ်သက်တဲ့ Career ထောက်ပံ့မှု အပြည့်အဝပေးနိုင်တဲ့ ပညာရေးရပ်၀◌န်းဖြစ်တာကြောင့် Windsor မှာ သင်ကြားမှုအလုပ်အတွေ့အကြုံရခြင်းနဲ့ ပညာရေးဆိုင်ရာနယ်ပယ်များထဲ အခိုင်အမာရောက်ရှိနိုင်စေမှာ ဖြစ်ပါတယ်။

📌📌Master of Education Program နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ကျွန်မတို့ CETA နဲ့ အမြန်ဆုံးရက်ချိန်းရယူလိုက်ပါ။

📣📣𝐂𝐄𝐓𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ အဆက်အသွယ်မပြတ်စေဖို့ Canada ပညာရေးနဲ့ပတ်သက်တဲ့သတင်းတွေကို up to date တင်ပေးသွားမှာမို့ Telegram နဲ့ Viber ကို Join ထားပေးပါဦးနော် ...
🔗𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐋𝐢𝐧𝐤 https://t.me/+gemdu-iUmZJlN2E1
🔗𝐕𝐢𝐛𝐞𝐫 𝐋𝐢𝐧𝐤 https://invite.viber.com

𝑴𝒐𝒓𝒆 𝒊𝒏𝒇𝒐: https://reurl.cc/W19OZ5
~~~~~~~~~~~~~~~~~~
🇨🇦 𝐂𝐚𝐧𝐚𝐝𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐠𝐞𝐧𝐜𝐲
🏫𝐂𝐄𝐓𝐀 𝗬𝗮𝗻𝗴𝗼𝗻 𝐎𝐟𝐟𝐢𝐜𝐞
🏢No.A-434, Level 4, Jewellery Mall Times City, Kamayut Township, Yangon
☎️+95 996 949 9999, ☎️+95 997 949 9999

Photos from CETA Myanmar's post 11/11/2024

🇨🇦📚𝐌𝐨𝐮𝐧𝐭 𝐒𝐚𝐢𝐧𝐭 𝐕𝐢𝐧𝐜𝐞𝐧𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐌𝐒𝐕𝐔) မှာ 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐟 𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐇𝐮𝐦𝐚𝐧 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 ကိုသင်ယူလိုက်ပါ

📌📑Mount Saint Vincent University (MSVU) ရဲ့ Applied Human Nutrition Bachelor Program ကိုသင်ယူခြင်းဟာ ကနေဒါရဲ့ကျန်းမာရေးနဲ့ အစားအသောက်ကဏ္ဍမှာ အကောင်းဆုံးအတွေ့အကြုံရရှိစေမယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးထားရုံသာမက ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Applied Human Nutrition Program မှာ Co-op Placements နဲ့ Practicum လေ့လာမှုတွေ ပါဝင်တဲ့အတွက် ကောင်းမွန်တဲ့လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံတွေကို ပေးပါတယ်။

📌📑Human Nutrition ဘာသာရပ်က ကျန်းမာရေးနဲ့ အစားအသောက်နယ်ပယ်တွင် အထူးကျွမ်းကျင်မှုရဖို့ အခြေခံပညာတွေကို သင်ကြားပေးရုံသာမက ကနေဒါရဲ့ ကျန်းမာရေးလုပ်ငန်းခွင်မှာအလုပ်ရှာဖွေရန် လိုအပ်တဲ့ နည်းပညာတွေကို လေ့လာနိုင်ပါတယ်။ IRCC ရဲ့ စံချိန်စံညွှန်းအတိုင်း အလုပ်ဝင်ခွင့်ရဖို့ဆိုရင် MSVU ရဲ့ Co-op Program တွေက ကျောင်းသားတွေအတွက် လက်တွေ့အတွေ့အကြုံတွေနဲ့ အလုပ်သင်အခွင့်အလမ်းတွေကို ရရှိစေနိုင်ပါတယ်။

📌💁‍♀️Admission Requirements တွေကတော့
💡High School Diploma
📍IELTS: 6.5
🗓Intake: September Intake (Application Deadline: May 1)

👩‍💻🚀Applied Human Nutrition Program သင်ယူပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အလုပ်ခွင့်တွေကို ဖန်တီးနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရရှိစေမှာဖြစ်လို့ ဒီနေ့ပဲ MSVU မှာလျှောက်ထားဖို့ CETA နဲ့အတူ လက်တွဲလိုက်ပါ။

📣📣𝐂𝐄𝐓𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ အဆက်အသွယ်မပြတ်စေဖို့ Canada ပညာရေးနဲ့ပတ်သက်တဲ့သတင်းတွေကို up to date တင်ပေးသွားမှာမို့ Telegram နဲ့ Viber ကို Join ထားပေးပါဦးနော် ...

🔗𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐋𝐢𝐧𝐤 https://t.me/+gemdu-iUmZJlN2E1
🔗𝐕𝐢𝐛𝐞𝐫 𝐋𝐢𝐧𝐤 https://invite.viber.com

𝑴𝒐𝒓𝒆 𝒊𝒏𝒇𝒐: https://reurl.cc/W19OZ5
~~~~~~~~~~~~~~~~~~
🇨🇦 𝐂𝐚𝐧𝐚𝐝𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐠𝐞𝐧𝐜𝐲
🏫𝐂𝐄𝐓𝐀 𝗬𝗮𝗻𝗴𝗼𝗻 𝐎𝐟𝐟𝐢𝐜𝐞
🏢No.A-434, Level 4, Jewellery Mall Times City, Kamayut Township, Yangon
☎️+95 996 949 9999, ☎️+95 997 949 9999

Photos from CETA Myanmar's post 06/11/2024

🏢🇨🇦𝐁𝐫𝐨𝐜𝐤 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐟 𝐏𝐮𝐛𝐥𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐞𝐠𝐫𝐞𝐞

🇨🇦🩺Brock University ရဲ့ Bachelor of Public Health (BPH) ဘွဲ့ဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ကဏ္ဍမှာ စတင်၀င်ရောက်လုပ်ကိုင်မယ့် လူငယ်တွေအတွက် အထူးသင့်လျော်တဲ့ဘာသာရပ် ဖြစ်ပါတယ်။ ဒီ Program မှာ ကျန်းမာရေးမြှင့်တင်မှု၊ ရောဂါကာကွယ်မှုနဲ့ ကျန်းမာရေး သုတေသနလုပ်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေကို လေ့လာနိုင်ပါတယ်။

📌📌စိတ်ကျန်းမာရေး၊ ကူးစက်ရောဂါများ၊ ကျန်းမာရေးကွာဟမှုများအပါအဝင် ယနေ့ခေတ်ရဲ့ ကျန်းမာရေးပြဿနာများကိုလေ့လာပြီး၊ ကျန်းမာရေး ထိန်းချုပ်မှု၊ ကျန်းမာရေးစီမံခန့်ခွဲမှုနှင့် ကျန်းမာရေးဆိုင်ရာမူဝါဒတွေကို အသုံးချပြီး ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးကောင်းမွန်ရေးကို တိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

✅️💁‍♀️ကျောင်းသားတွေအတွက် လက်တွေ့လုပ်ငန်း Co-op Program တွေ၊ အခြားကျန်းမာရေးအစီအစဉ်တွေမှာ ပါဝင်ခွင့်ရပြီး၊ လက်တွေ့အသုံးချနိုင်တဲ့ အတွေ့အကြုံတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် လူမှုကျန်းမာရေးတွင် အရေးကြီးတဲ့သုတေသနများနှင့် အစီအစဉ်များတွင် ပါဝင်နိုင်အောင် ကျန်းမာရေးရောဂါကာကွယ်မှုနှင့် ပတ်သက်တဲ့ အတတ်ပညာ‌ေတွကို သင်ကြားပေးပါတယ်။

✔️✔️Admission Requirements တွေကတော့
📚 High School Diploma (Science နဲ့ Maths ဘာသာတွေမှာ ကောင်းမွန်တဲ့ အမှတ်တွေ ရရှိထားရပါမယ်။)
📑 IELTS: 7.0 or TOEFL: 88 (iBT) or Duolingo: Score 110

👨‍🎓👩‍🎓BPH ဘွဲ့ရပြီးရင် ကျန်းမာရေးနဲ့ဆက်စပ်တဲ့အလုပ်တွေမှာ အလုပ်လုပ်ဖို့ အခွင့်အလမ်းများ ရရှိမှာဖြစ်ပါတယ်။ ကျန်းမာရေးပညာရှင်များ၊ လူမှုကျန်းမာရေးအထောက်အပံ့ပေးသူများအဖြစ် လုပ်ကိုင်နိုင်ပါတယ်။ Brock University ရဲ့ Bachelor of Public Health Program က အနာဂတ်ရဲ့ ကျန်းမာရေးကဏ္ဍမှာ အရေးကြီးတဲ့အလုပ်တွေကို ရှာဖွေနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာပဲ ဖြစ်ပါတယ်။

🔎📚ဒီ Program ကို စိတ်ဝင်စားလို့ အသေးစိတ်သိချင်တယ်ဆိုရင်တော့ ကျွန်မတို့ CETA ရဲ့ ကျွမ်းကျင်တဲ့ အတိုင်ပင်ခံများနဲ့အတူ အခမဲ့ဆွေးနွေးလိုက်ပါ။

📣📣𝐂𝐄𝐓𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ အဆက်အသွယ်မပြတ်စေဖို့ Canada ပညာရေးနဲ့ပတ်သက်တဲ့သတင်းတွေကို up to date တင်ပေးသွားမှာမို့ Telegram နဲ့ Viber ကို Join ထားပေးပါဦးနော် ...
🔗𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐋𝐢𝐧𝐤 https://t.me/+gemdu-iUmZJlN2E1
🔗𝐕𝐢𝐛𝐞𝐫 𝐋𝐢𝐧𝐤 https://invite.viber.com

𝑴𝒐𝒓𝒆 𝒊𝒏𝒇𝒐: https://reurl.cc/W19OZ5
~~~~~~~~~~~~~~~~~~
🇨🇦 𝐂𝐚𝐧𝐚𝐝𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐠𝐞𝐧𝐜𝐲
🏫𝐂𝐄𝐓𝐀 𝗬𝗮𝗻𝗴𝗼𝗻 𝐎𝐟𝐟𝐢𝐜𝐞
🏢No.A-434, Level 4, Jewellery Mall Times City, Kamayut Township, Yangon
☎️+95 996 949 9999, ☎️+95 997 949 9999

Photos from CETA Myanmar's post 04/11/2024

🇨🇦📚Fanshawe College ရဲ့ Honours Bachelor of Applied Technology in Biotechnology Program ဟာ Plant & Animal Tissue Culture ကဲ့သို့ စမ်းသပ်ေလ့လာရမယ့် နည်းပညာဆိုင်ရာဘာသာရပ်တွေကို အဓိကထားသင်ကြားပေးပါတယ်။ ဒီသင်တန်းမှာ Applied Biotechnology နည်းလမ်းတွေဖြစ်တဲ့ PCR (Polymerase Chain Reaction) နဲ့ QPCR (Quantitative Polymerase Chain Reaction)၊ Microbiology၊ Virology၊ DNA၊ RNA၊ Protein၊ Lipid Purification နဲ့ Analysis စတာတွေကိုလည်း လေ့လာရမှာဖြစ်ပါတယ်။

📌📌ကျောင်းသားတွေအတွက် 4 လကြာ Co-op လုပ်ငန်းအတွေ့အကြုံရှိတဲအတွကွ Research Skills ကို တိုးတက်စေမယ့်အပြင် အပြန်အလှန်ဆက်သွယ်နိုင်တဲ့စွမ်းတွေကိုလည်း ဖွံ့ဖြိုးလာစေမှာပါ။ ဒီပရိုဂရမ်ဟာ လေးနှစ်ကြာသင်ကြားရပြီး 8 Level အဆင့်ရှိကာ Mandatory Co-op ပါဝင်တဲ့အတွက် Pharmaceuticals၊ Nutraceuticals၊ Agriculture၊ Bioremediation၊ Fermentation Industry၊ Chemical Purification၊ Research & Development စတဲ့ နယ်ပယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိဖို့ လေ့ကျင့်ထားပြီး ဖြစ်စေမှာပါ။ Molecular Biology၊ Toxicology၊ Bioinformatics စတဲ့ ဘာသာရပ်တွေ၊ အတူတူ Social၊ Economic၊ Ethical၊ Environmental နှင့် Related Legal Issues တွေကိုလည်း စုံလင်စွာလေ့လာရမှာပါ။

📌📌ဒါတင်မကသေးဘဲ သင်တန်းပြီးဆုံးချိန်မှာ Microbial၊ Plant၊ Animal Genetic Material Analysis၊ Small Animal Handling၊ Experimental Design၊ Bioethics နဲ့ Quality Assurance အပိုင်းတွေမှာလည်း ကျွမ်းကျင်သူတွေ ဖြစ်လာစေမှာပါ။ IRCC က STEM (Science၊ Technology၊ Engineering၊ Mathematics) နယ်ပယ်ကကျောင်းသားတွေကို လုပ်ငန်းခွင်အတွေ့အကြုံအတွက် Post-Graduation Work Permit (PGWP) ကမ်းလှမ်းထားတာကြောင့် Biotechnology ဘွဲ့ရထားသူတွေအတွက် အလုပ်ခွင့်နဲ့ PR လမ်းကြောင်းတစ်ခုလည်း ဖွင့်လှစ်ပေးထားပါတယ်။

📌💁‍♀️Admission Requirements တွေကတော့
💡High School Diploma
💡IELTS: 7.0

➡️➡️Fanshawe College ရဲ့ STEM တွေက CEC လမ်းကြောင်းနဲ့ Express Entry အတွက် အကောင်းဆုံးသော အခြေခံအရည်အချင်းဖြစ်ပြီး Biotechnology နယ်ပယ်မှာ ကောင်းမွန်တဲ့ အနာဂတ်ကိုစတင်ဖို့ ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုလို့ ဆိုရမှာပါ။ Applied Technology in Biotechnology Program နဲ့ ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့ ကျွန်မတို့ CETA နဲ့အမြန်ဆုံးရက်ချိန်းယူလိုက်ပါ။

📣📣𝐂𝐄𝐓𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ အဆက်အသွယ်မပြတ်စေဖို့ Canada ပညာရေးနဲ့ပတ်သက်တဲ့သတင်းတွေကို up to date တင်ပေးသွားမှာမို့ Telegram နဲ့ Viber ကို Join ထားပေးပါဦးနော် ...

🔗𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐋𝐢𝐧𝐤 https://t.me/+gemdu-iUmZJlN2E1
🔗𝐕𝐢𝐛𝐞𝐫 𝐋𝐢𝐧𝐤 https://invite.viber.com

𝑴𝒐𝒓𝒆 𝒊𝒏𝒇𝒐: https://reurl.cc/W19OZ5
~~~~~~~~~~~~~~~~~~
🇨🇦 𝐂𝐚𝐧𝐚𝐝𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐠𝐞𝐧𝐜𝐲
🏫𝐂𝐄𝐓𝐀 𝗬𝗮𝗻𝗴𝗼𝗻 𝐎𝐟𝐟𝐢𝐜𝐞
🏢No.A-434, Level 4, Jewellery Mall Times City, Kamayut Township, Yangon
☎️+95 996 949 9999, ☎️+95 997 949 9999

01/11/2024

📍📍CETA ရုံးကို "ဒီပါ၀လီပွဲတော်နေ့" ဖြစ်သည့် (1-11-2024) ရက်နေ့တွင် ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။

Photos from CETA Myanmar's post 30/10/2024

🇨🇦📚𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐏𝐫𝐢𝐧𝐜𝐞 𝐄𝐝𝐰𝐚𝐫𝐝 𝐈𝐬𝐥𝐚𝐧𝐝 (𝐔𝐏𝐄𝐈) မှာ မိမိရဲ့အနာဂတ်ကို ဖန်တီးလိုက်ပါ

📌📑ကနေဒါ အရှေ့ပိုင်းက လှပတဲ့ ကျွန်းလေးပေါ်မှာ တည်ရှိတဲ့ University of Prince Edward Island (UPEI) ကတော့ သင်ကြားရေးပိုင်းမှာထူးချွန်ပြီး ကျောင်းသားတွေအတွက် အထူးဂရုစိုက်မှုနဲ့ အခွင့်အလမ်းတွေ များစွာပေးတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ 1969 ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားတွေအတွက် အတွေ့အကြုံများစွာ ဖန်တီးပေးတဲ့နေရာလည်း ဖြစ်ပါတယ်။

📌💁‍♀️UPEI ကို မိတ်ဆက်ပေးချင်ရတဲ့ အကြောင်းရင်းတွေကတော့

📌📌ပညာရေးအရည်အသွေး ထူးချွန်မှု
✔️UPEI မှာ Science, Business, Arts, Engineering, Veterinary Medicine စတဲ့ ဘာသာရပ်တွေကို အစုံအလင် သင်ကြားပေးလျက်ရှိပါတယ်။
✔️နိုင်ငံပေါင်း ၈၀ ကျော်က ကျောင်းသားများ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေအတွက် အတွေ့အကြုံကောင်းတွေ စုဆောင်းနိုင်မယ့် နေရာလည်း ဖြစ်ပါတယ်။

📌📌သုတေသနလုပ်ငန်းနဲ့ စိန်ခေါ်မှုအသစ်တွေ
✔️ကမ္ဘာ့ရှေ့ဆောင် သုတေသနအဖြစ် လူမှုရေး၊ ကာဗွန်လျှော့ချမှုနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိစ္စတွေမှာ UPEI က ဆန်းသစ်တဲ့ သုတေသန အတွေ့အကြုံတွေ ပါဝင်လို့ အလုပ်အတွေ့အကြုံ ပြီးပြည့်စုံအောင် လေ့လာနိုင်ပါတယ်။

📌📌ကျောင်းသားများကို ထောက်ခံပေးမှု အပြည့်ရှိတဲ့ ကျောင်းဝန်းကျင်
✔️ကျောင်းသားတွေကို အခွင့်အလမ်းကောင်းတွေ ပေးနိုင်ဖို့အတွက် အထူးဂရုစိုက်တဲ့ ဆရာဆရာမတွေနဲ့ ကျောင်းဝန်းကျင်ထဲမှာ မိသားစုလို ခံစားရစေမဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။
✔️Academic advising, counseling, career guidance စတဲ့ ကူညီပေးမှုတွေကော ပါဝင်တာကြောင့် စိတ်ချလက်ချလေ့လာရင်း ပညာသင်ကြားနိုင်ပါတယ်။

📌📌အလှပဆုံးကျွန်းပေါ်က ဆန်းသစ်တဲ့ ကျောင်းပတ်ဝန်းကျင်
✔️ကနေဒါရဲ့ လှပတဲ့ကျွန်းတစ်ကျွန်းဖြစ်တဲ့ Prince Edward Island ရဲ့ မြို့တော် Charlottetown မှာ တည်ရှိတာကြောင့် ဘုရားကျောင်းဝန်းကျင် အလှပဆုံး ဖြစ်ပါတယ်။ ဆောင်းရာသီမှာ မိုးကာခါ၊ နွေရာသီမှာ ရေအနီးမှာ လေဖြတ်နားနိုင်တာမျိုး သဘာဝနဲ့ နီးကပ်နေထိုင်ချင်သူတွေအတွက် ပျော်ရွှင်စရာအပြည့်ရှိပါတယ်။

📌📌ကျောင်းစရိတ် သင့်တင့်ပြီး ငွေကြေးအကူအညီ နဲ့ ပညာသင်ဆုများစွာ
✔️ UPEI မှာ ကျောင်းစရိတ် သင့်တင့်ပြီး ပညာသင်ဆုတွေ၊ ငွေကြေးအကူအညီတွေ အများကြီး ရနိုင်တာကြောင့် ပညာသင်ယူရန် စိတ်ဝင်စားသူတွေအတွက် အထောက်ပံ့ကောင်းတစ်ခုပဲဖြစ်ပါတယ်။

👩‍💻🚀UPEI နဲ့အတူ သင့်ရဲ့အနာဂတ်ကိုပန်းတိုင်ဆီလျှောက်လှမ်းကြပါစို့။

➡️➡️Program တွေအကြောင်း အသေးစိတ်သိရှိလိုပါက ကျွန်မတို့ CETA က ကျွမ်းကျင်တဲ့ ပညာရေးတိုင်ပင်ခံတွေနဲ့ Appointment ယူပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

📣📣𝐂𝐄𝐓𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ အဆက်အသွယ်မပြတ်စေဖို့ Canada ပညာရေးနဲ့ပတ်သက်တဲ့သတင်းတွေကို up to date တင်ပေးသွားမှာမို့ Telegram နဲ့ Viber ကို Join ထားပေးပါဦးနော် ...

🔗𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐋𝐢𝐧𝐤 https://t.me/+gemdu-iUmZJlN2E1
🔗𝐕𝐢𝐛𝐞𝐫 𝐋𝐢𝐧𝐤 https://invite.viber.com

𝑴𝒐𝒓𝒆 𝒊𝒏𝒇𝒐: https://reurl.cc/W19OZ5
~~~~~~~~~~~~~~~~~~
🇨🇦 𝐂𝐚𝐧𝐚𝐝𝐚 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐠𝐞𝐧𝐜𝐲
🏫𝐂𝐄𝐓𝐀 𝗬𝗮𝗻𝗴𝗼𝗻 𝐎𝐟𝐟𝐢𝐜𝐞
🏢No.A-434, Level 4, Jewellery Mall Times City, Kamayut Township, Yangon
☎️+95 996 949 9999, ☎️+95 997 949 9999

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

A-434, Level 4, Jewellery Mall Times City, Kamayut Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00