Interim Basic Education School - Thingangyun

Interim Basic Education School - Thingangyun IBEST အခမဲ့ပြည်သူ့ပညာ​ရေးကျောင်း

ရက်စွဲ။ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးမြောက်ကြောင်း ထုတ်ပြန်ကြေညာချက...
15/08/2026

ရက်စွဲ။ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်
ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

၁။ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖော်လျက်ရှိရာ ပိုမိုထိရောက်ပြီး စနစ်တကျရှိသော အဟုန်တစ်ခုဖြင့် တိုးမြှင့် အကောင်အထည်ဖော်နိုင်ရေးကို ရည်သန်လျက် အတည်ပြုထားပြီးဖြစ်သော လုပ်ထုံး လုပ်ငန်းများနှင့်အညီ ၂၀၂၆ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့တွင်ကျင်းပသော အဖွဲ့ဝင်များ စုံညီစည်းဝေး ဆုံးဖြတ်ချက်ဖြင့် ကောင်စီ၏ အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။

၂။ ဆက်လက်အကောင်အထည်‌ဖော်ရန်ရှိသော ကောင်စီ၏လုပ်ငန်းများကို ဥက္ကဋ္ဌဦးဆောင်မှုဖြင့် စနစ်တကျဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနှင့် တရားဝင် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရန်၊ လိုအပ်သည့် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရန်၊ ဟူသော ရည်ရွယ်ချက်များဖြင့် ဤအလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။

၃။ ဤသို့ဖွဲ့စည်းရာတွင် ပညာရေးကဏ္ဍအတွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့များ ပိုမိုစုံလင်စွာ ပါဝင်နိုင်ရေးကို ထည့်သွင်းစဉ်းစား၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

၄။ ဤအလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်သော်လည်း ကောင်စီ၏ မူလအနှစ်သာရနှင့် အခြေခံမူဖြစ်သော အဖွဲ့ဝင်အဖွဲ့အစည်းအားလုံး တန်းတူညီမျှဖြစ်မှု နှင့်ဆုံးဖြတ်ပိုင်ခွင့်ကို ဤအဖွဲ့က တစ်စုံတစ်ရာ ကျော်လွန်ဆုံးဖြတ်ဆောင်ရွက်မည် မဟုတ်ပါ။

၅။ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သော အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမှုဆောင်အဖွဲ့
ဥက္ကဋ္ဌ
● ဒေါက်တာသိန်းလွင်
ဒုတိယဥက္ကဋ္ဌများ
● ဒုတိယဥက္ကဋ္ဌ (၁) - ဒေါက်တာမိုးစံ
● ဒုတိယဥက္ကဋ္ဌ (၂) - ဆရာမမယ်အိ
အတွင်းရေးမှူးအဖွဲ့
● အတွင်းရေးမှူး - ဒေါက်တာမျိုးမြတ်
● တွဲဖက်အတွင်းရေးမှူး (၁) - ကိုအောင်သန်း
● တွဲဖက်အတွင်းရေးမှူး (၂) - ဒေါက်တာခင်စိုး
ရုံးလုပ်ငန်းအဖွဲ့
● ရုံးလုပ်ငန်းအဖွဲ့ဝင် (၁) - ဆရာမဒိုမီနို
● ရုံးလုပ်ငန်းအဖွဲ့ဝင် (၂) - ဆရာမပက်ထရစ်ရှာ
● ရုံးလုပ်ငန်းအဖွဲ့ဝင် (၃) - ဆရာမမြင့်မိုရ်
ပြောရေးဆိုခွင့်ရှိသူများ
● ပြောရေးဆိုခွင့်ရှိသူ (၁) - ဆရာမိုးခါး
● ပြောရေးဆိုခွင့်ရှိသူ (၂) - ဆရာမင်းဒီမင်း
ဘဏ္ဍာရေးမှူးများ
● ဘဏ္ဍာရေးမှူး (၁) - ဆရာ AAM
● ဘဏ္ဍာရေးမှူး (၂) - ဆရာဖိုးလှကြီး
အဖွဲ့ဝင်များ
(၁) ဆရာခွန်ဘဟိန်း
(၂) ဆရာဆလိုင်းဂျွန်လင်း
(၃) ဆရာဆလိုင်းဗာကော့ခ်
(၄) ဆရာနောင်ချို
(၅) ဆရာဗီဒါင်းဂျေဆန်
(၆) ဆရာဦးကျော်သူရ
(၇) ဆရာဦးမြင့်
(၈) ဆရာဦးသိန်းနိုင်
(၉) ဆရာမဂျာထွယ်ပန်
(၁၀) ဆရာမဇေယျာမေ
(၁၁) ဆရာမဒေလီယာ
(၁၂) ဆရာမမဂနိုးလိယ
(၁၃) ဆရာမယာဆြာစိန်အေး
(၁၄) ဆရာမရှဲဒရိတ်
(၁၅) ဒေါက်တာခင်မောင်လွင်
(၁၆) ဒေါက်တာဂျူလိီယာဝင်း
(၁၇) ဒေါက်တာဒွန်း
(၁၈) ဒေါက်တာအီလိီယမ်
(၁၉) ဒေါက်တာအဲလစ်
(၂၀) ဒေါက်တာအက်စတာ
(၂၁) မမယ်ရီ



လေးစားလျက်
ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ

02/08/2026
(၆၄)နှစ်မြောက် ဆဲဗင်းဇူလိုင်အခမ်းအနားကျင်းပခြင်းနှင့် ဟောပြောပွဲကို ယနေ့ ဇူလိုင် (၇)ရက်၊၂၀၂၆ မနက် (၉)နာရီတွင် IBEST Scho...
07/07/2026

(၆၄)နှစ်မြောက် ဆဲဗင်းဇူလိုင်အခမ်းအနားကျင်းပခြင်းနှင့် ဟောပြောပွဲကို ယနေ့ ဇူလိုင် (၇)ရက်၊၂၀၂၆ မနက် (၉)နာရီတွင် IBEST School၌ ကျင်းပခဲ့ပါသည်။ ဆဲဗင်းဇူလိုင်နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများဟောကြားပေးပါသော ဆရာပြေငြိမ်း၊ဆရာမိုးခါးတို့အား ကျေးဇူးအထူးပင်တင်ရှိပါသည်။ အခမ်းအနားသို့ တက်ရောက်ပေးကြပါသော ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများအားလုံးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်။ IBEST School ကျောင်းကြီးကြပ်ရေးကော်မတီမှပြုလုပ်သော "တို့ခေတ်မှာ အဆုံးသတ်ရမယ်" ကမ်ပိန်းမှာ ဝင်ရောက်ပါဝင်ပေးကြသော တစ်ဦးတစ်ယောက်ချင်းအား လေးစားဂုဏ်ယူကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ျောင်းကြီးကြပ်ရေးကော်မတီ

12/06/2026

ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒနှင့် အညီရေးဆွဲထားသော အခြေခံပညာသင်ရိုးညွှန်းတမ်း အညွှန်းဘောင်(မူကြမ်း) ပြင်ဆင်ထားမှုအား ဒေါက်တာသိန်းလွင် မှ ဆွေးနွေးတင်ပြခြင်း


IBEST School ၏ အပတ်စဉ်(၅) ၊ ဩဂုတ်လ ငွေစာရင်းရှင်းတမ်း  #ငွေစာရင်းရှင်းတမ်း #ဩဂုတ်လ #ပြည်သူ့ပညာရေးကျောင်း
04/09/2025

IBEST School ၏ အပတ်စဉ်(၅) ၊ ဩဂုတ်လ ငွေစာရင်းရှင်းတမ်း


#ငွေစာရင်းရှင်းတမ်း
#ဩဂုတ်လ
#ပြည်သူ့ပညာရေးကျောင်း

IBEST School ၏ အပတ်စဉ်(၅) ၊ ဇူလိုင်လ ငွေစာရင်းရှင်းတမ်း
07/08/2025

IBEST School ၏ အပတ်စဉ်(၅) ၊ ဇူလိုင်လ ငွေစာရင်းရှင်းတမ်း

Address

Thingangyun
Yangon

Website

Alerts

Be the first to know and let us send you an email when Interim Basic Education School - Thingangyun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Interim Basic Education School - Thingangyun:

Shortcuts

Share

Category