Tr May Khaing

Tr May Khaing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr May Khaing, Education, Yangon.

24/09/2025

တစ်ခါတစ်လေ စာတွေ အရမ်းလုပ်ချင်တာဆိုပဲ 😜 😜 😜

🪫 စာလုပ်ချင်စိတ်အပြည့်ရှိပေမယ့် ကိုယ့်ကိုကိုယ်အရှိန်မရလို့ အားမနည်းယူနေရတယ်
🥴 စာတော့ လုပ်ပါရဲ့၊ အချိန်ပေးပြီး စာတွေမရဖြစ်နေတယ်ဆိုရင်တော့
𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐞𝐧𝐭 ကြီးတွေရဲ့ 𝐒𝐭𝐮𝐝𝐲 𝐑𝐨𝐮𝐭𝐢𝐧𝐞 တွေအကြောင်း သိထားဖို့တော့ လိုမယ်နော်။ ✌️

လေ့လာမှုတွေအရ သူတို့လုပ်လေ့လုပ်ထရှိတာတွေကို ကိုးကားပြောရရင်

၁။ အိပ်ရေးဝဝ အိပ်စက်ပါ 💤 အိပ်ရေးမဝဘဲ စာကျက်ရင် မှတ်ဉာဏ်ထဲ စာမှတ်နိုင်ဖို့ အခက်အခဲရှိမှာဖြစ်သလို ဦးနှောက်ကလည်း ကောင်းကောင်း အလုပ်မလုပ်နိုင်မှာ မဟုတ်ပါဘူးနော်။ ဒါကြောင့် အနည်းဆုံး တစ်ညကို ၇ နာရီကနေ ၈ နာရီအထိ အိပ်ရေးဝအောင် အရင်အိပ်ပါ။ ဒါမှ စာကျက်တဲ့အခါ အာရုံစူးစိုက်မှုအပြည့် ရှိနိုင်မှာဖြစ်ပြီး မှတ်ဉာဏ်အားလည်း ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။

၂။ 𝐏𝐨𝐦𝐨𝐝𝐨𝐫𝐨 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞 ကို စမ်းသုံးကြည့်ပါ 🪄
ဒီနည်းလမ်းက အရမ်းကို ထိရောက်ပြီး လူပြောများတဲ့ 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞 လေးဖြစ်ပါတယ်။ စာကို ၂၅ မိနစ်တိတိ အာရုံစိုက်လုပ်ပြီး ၅ မိနစ်လောက် အနားယူလိုက်ပါ။ ၄ ကြိမ် လုပ်ပြီးပြီဆိုရင်တော့ မိနစ် ၂၀ လောက် အကြာကြီး နားလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် စာအုပ်ကို နာရီနဲ့ချီပြီး အချိန်ပေးကျက်စရာမလိုဘဲ အာရုံစိုက်မှုအား ပိုကောင်းလာတာကို ခံစားရမှာဖြစ်ပါတယ်။

၃။ 𝐀𝐜𝐭𝐢𝐯𝐞 𝐑𝐞𝐜𝐚𝐥𝐥 နဲ့ 𝐒𝐩𝐚𝐜𝐞𝐝 𝐑𝐞𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 နည်းလမ်းတွေ သုံးပါ💡
𝐏𝐚𝐬𝐬𝐢𝐯𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 (စာကို တစ်ခါတည်း အစအဆုံး အပေါ်ယံဖတ်တာ) က ဘယ်တော့မှ အကျိုးမရှိပါဘူး။ 𝐀𝐜𝐭𝐢𝐯𝐞 𝐑𝐞𝐜𝐚𝐥𝐥 ဆိုတာကတော့ ကိုယ်သိတာတွေကို စာအုပ်မကြည့်ဘဲ ပြန်ပြောကြည့်တာမျိုး၊ ကိုယ့်ဘာသာမေးခွန်းတွေ ထုတ်ပြီး ပြန်ဖြေကြည့်တာမျိုးပါ။ 𝐒𝐩𝐚𝐜𝐞𝐝 𝐑𝐞𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 ကတော့ သင်ခန်းစာတစ်ခုကို အချိန်အတိုင်းအတာတစ်ခုခြားပြီး ထပ်ခါထပ်ခါ ပြန်ကျက်တာမျိုးပေါ့။ ဒီနည်းလမ်းတွေက စာတွေကို ရေရှည်မှတ်မိစေဖို့ မှတ်ထားသင့်တဲ့ အကောင်းဆုံး 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞 လေးတွေ ပါပဲနော်။

၄။ ကိုယ်ပိုင် 𝐒𝐭𝐮𝐝𝐲 𝐒𝐩𝐚𝐜𝐞 တစ်ခုထားပါ 📖
စာကြည့်တဲ့နေရာနဲ့ အနားယူတဲ့နေရာကို ရောထားရင် စာကျက်တဲ့ဆီရောက်မှာ မဟုတ်တော့တာ လုံးဝအသေချာပါပဲ။ ဒါကြောင့် စာကျက်ဖို့ သီးသန့်နေရာတစ်ခု ထားပြီး အဲဒီနေရာမှာ စာအုပ်တွေ၊ သင်ကြားရေးအတွက် လိုအပ်တဲ့ 𝐓𝐨𝐨𝐥 တွေ 𝐄𝐪𝐮𝐢𝐩𝐦𝐞𝐧𝐭 တွေကိုသာ ထားရှိရမှာ ဖြစ်တဲ့အပြင် ဖုန်းလိုမျိုး အာရုံပျက်စေတဲ့အရာတွေကိုတော့ ဝေးဝေးမှာ ထားရှိသင့်ပါတယ်။

၅။ အုပ်စုလိုက် စာကျက်ပါ 🗣
သူငယ်ချင်းတွေနဲ့အတူတူ စာကျက်တာက လေ့လာမှုတွေအရတော့ ကောင်းကျိုးအများကြီး ရှိတာ တွေ့ရပါတယ်။ ကိုယ်မသိတာကို သူတို့ဆီကနေ သင်ယူနိုင်သလို၊ ကိုယ်သိတာတွေကိုလည်း ပြန်ရှင်းပြပေးရင်းနဲ့ စာပိုကျေ၊ စာပိုမှတ်မိနိုင်သွားပါတယ်။

ကဲ… ဒီတော့ ဒီအချက်တွေက ဘယ်လောက်အထိ အသုံးဝင်လဲဆိုတာ ကိုယ်တိုင် စမ်းကြည့်ပြီး အသိပေးခဲ့ဦးနော်။ ဒါမှမဟုတ် တခြား ကိုယ်ပိုင် 𝐒𝐭𝐮𝐝𝐲 𝐑𝐨𝐮𝐭𝐢𝐧𝐞 တွေ ရှိရင်လည်း 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်ရှင်။‼️
_________________________________________
𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 အတွက် အခမဲ့ဆွေးနွေးမှုရယူရန်နှင့် အသေးစိတ်သိလိုသည်များကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

19/09/2025

🤔 သာမန်ဘွဲ့ရ၊ သာမန်အလုပ်မှာပဲ ကျဥ်လည်နေရတော့မှာလား ❓

🎓 သာမန်ထက်မြင့်တဲ့ ဘွဲ့လက်မှတ်ကြီး ကိုင်ဆောင်နိုင်ဖို့
💼 နိုင်ငံတကာအလုပ်အကိုင် အခွင့်လမ်းတွေဆီ လျှင်မြန်စွာလျှောက်လှမ်းနိုင်ဖို့
သာမန်ထက် မြင့်မားတဲ့ ပညာရေးရည်မှန်းချက်တွေရှိတယ်ဆိုရင်တော့ ဒီအိပ်မက်တွေ လက်တွေ့အကောင်ထည်ဖော်နိုင်ဖို့ အောင်လက်မှတ်လေးတစ်ခု ရှိရုံနဲ့ အဆင်ပြေနိုင်ပါပြီ။ 💯

📜 𝐆𝐄𝐃 ဆိုတာ 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 နဲ့ တူညီတဲ့ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခု ဖြစ်ပြီး ဒါကို တစ်ကမ္ဘာလုံးက နာမည်ကြီး 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 နဲ့ 𝐂𝐨𝐥𝐥𝐞𝐠𝐞 တွေအပြင် လုပ်ငန်းရှင်တွေကပါ အသိအမှတ်ပြုထားတာကြောင့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐍𝐞𝐭𝐰𝐨𝐫𝐤 ကောင်းတစ်ခု အခိုင်အမာ တည်ဆောက်လို့အတွက် ကျောင်းသားလူငယ်လေးတွေအတွက် လုံးဝကွက်တိကျ အဆင်ပြေစေမယ့် 𝐏𝐫𝐨𝐠𝐫𝐚𝐦 ပဲ ဖြစ်ပါတယ်။ 📜

𝐆𝐄𝐃 အောင်လက်မှတ်ရှိရင်
⏱️ အချိန်ကုန်သက်သာမယ်။
📚 နိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးတွေကို တိုက်ရိုက်လျှောက်ထားနိုင်မယ်။
💼 ပြည်ပမှာ အလုပ်လုပ်ဖို့ အခွင့်အရေးတွေ ပိုရလာမှာ ဖြစ်တဲ့အပြင်

တာဝန်ယူသင်ကြားပေးမယ့် 𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 ဟာဆိုရင်လာည်း 𝐆𝐄𝐃 သင်ကြားရေးပိုင်းတင်မကဘဲ နိုင်ငံတကာပညာရေးနယ်ပယ်မှာ အတွေ့အကြုံ (၁၀) နှစ်နဲ့အထက်ရှိတဲ့ ဆရာမတစ်ဦးဖြစ်တာကြောင့်
ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို သိရှိနားလည်ပြီး ထိရောက်တဲ့ သင်ကြားမှုနည်းလမ်းများကို ဝါရင့်စာသင်သက်အတွေ့အကြုံများနဲ့ ပေါင်းစပ်ပြီး စည်းစနစ်တကျ သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။

ဘာတွေသင်မှာလဲ ❓
🔸𝐑𝐞𝐚𝐬𝐨𝐧𝐢𝐧𝐠 𝐓𝐡𝐫𝐨𝐮𝐠𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐀𝐫𝐭𝐬
🔸𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬
🔸𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬
🔸𝐒𝐜𝐢𝐞𝐧𝐜𝐞 ဘာသာရပ်တို့ကို အခြေခံကစလို့ သင်ကြားခွင့် ရမှာပဲ ဖြစ်ပါတယ်ရှင်။

သင်ကြားမှုပုံစံကရော ဘယ်လိုရှိမလဲ ❓
သင်ကြားမှုပုံစံက တစ်ခြားသင်တန်းတွေနဲ့ လုံးဝမတူဘဲ အသေအချာ စနစ်တကျအချိန်ယူရွေးဆွဲထားတဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 များကို သဘောတရားတစ်ချက်ချင်းစီနားလည်အောင် သမ္ဘာရင့်အတွေ့အကြုံများနှင့်တကွ ပေါင်းစပ်သင်ကြားပေးမှာ ဖြစ်တဲ့အပြင်

စာမေးပွဲအတွက် လိုအပ်လာမယ့်
🔹𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐨𝐧,
🔹𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠,
🔹𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭,
🔹𝐄𝐬𝐬𝐚𝐲 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬,
🔹𝐏𝐫𝐨𝐛𝐥𝐞𝐦-𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 စတာတွေကို အခြားလိုအပ်တဲ့ 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥 များနဲ့ပါ ပေါင်းစပ်ပြီး သင်ကြားရမှာပါပဲ ဖြစ်ပါတယ်ရှင်။

ဘယ်သူတွေ တက်လို့ရနိုင်မလဲ ❓
🎒 အကြောင်းအမျိုးမျိုးကြောင့် 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 ရပ်နားထားသူတွေ
🎒 နိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ အဆင့်မြင့်ဘွဲ့များကို ထိုက်ထိုက်တန်တန် ရရှိလိုသူတွေ
🎒 နိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးတွေဆီ အချိန်တိုတွင်းရောက်ချင်တဲ့ ကျောင်းသား/ သူတွေ
🎒 စနစ်ဟောင်း 𝐆𝐫𝐚𝐝𝐞 - ၇/ ၈ တန်း၊ စနစ်သစ် ၉ တန်း နဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာအခြေခံရထားတဲ့ မည်သည့် ကျောင်းသား/ သူများမဆို စတင်တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

ဘယ်အချိန်တွေ သင်လို့ရမလဲ ❓
ကျောင်းသား/ သူတို့အဆင်ပြေတဲ့ အတန်းချိန်အတိုင်း ညှိနှိုင်းသင်ယူနိုင်ဦးမှာဖြစ်ပါတယ်ရှင်။

📢 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အတွက် အစောဆုံးအပ်နှံ့သူ ( ၁၀ ) ဦးကို ၁၀% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 လုပ်ပေးသွားဦးမှာဖြစ်လို့
နိုင်ငံတကာအသိအမှတ်ပြုဒီပလိုမာတစ်ခုကို 𝐒𝐨𝐥𝐢𝐝 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ကောင်းကောင်းနဲ့ အခိုင်အမာရသွားချင်တယ်။
𝐒𝐭𝐮𝐝𝐲 𝐀𝐛𝐫𝐨𝐚𝐝 အိပ်မက်နောက်လိုက်ဖို့ အာမခံချက်သေချာစွာနဲ့ ပြင်ဆင်သွားချင်တယ်ဆိုရင်တော့ 𝐓𝐫.𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 ဆီမှာ 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အတွက် 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 မြန်မြန်လုပ်ထားလိုက်တော့နော်။ 📩 📩 📩

𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐍𝐨𝐰
🔗 https://forms.gle/MSes2jRv5NcJyoKUA
_________________________________
𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 အတွက် အခမဲ့ဆွေးနွေးမှုရယူရန်နှင့် အသေးစိတ်သိလိုသည်များကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

14/09/2025

❗️အယ်! 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 မှာ တိုင်ပတ်နေပြီလား ❓
ဒီ 𝐏𝐨𝐬𝐭 လေးကို ဆုံးတဲ့ထိ ဖတ်ထားလိုက်နော်။ 👈

💁‍♀️ 𝐆𝐄𝐃 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 ကို အကောင်းဆုံး ပြင်ဆင်လိုတဲ့ ကျောင်းသားလေးတွေ၊
💁‍♀️ နားလည်ရခက်နေလို့ မှန်ကန်တဲ့ချဥ်းကပ်မှုကို အသုံးချလိုတဲ့ ကလေးတို့အတွက်
𝐆𝐄𝐃 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 ကို စနစ်တကျ ပြင်ဆင်နိုင်ဖို့ လိုအပ်တဲ့ နည်းလမ်းကောင်းတွေကို တီချယ် ဒီနေ့မှာ ပြောပြပေးသွားချင်ပါတယ်။

💡 စာဖတ်စွမ်းရည် မြှင့်တင်ပါ
𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 က အကြောင်းအရာတွေ အများကြီးပါတာကြောင့် စာဖတ်စွမ်းရည်မြင့်နေဖို့က အရမ်းအရေးကြီးပါတယ်။ 𝐆𝐄𝐃 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 စာမေးပွဲမှာဆိုရင် ပေးထားတဲ့ စာပိုဒ်တွေ၊ အချက်အလက်ဇယားတွေ၊ မြေပုံတွေနဲ့ ပုံတွေကို သေချာဖတ်ပြီး နားလည်အောင် ကြိုးစားရမှာ ဖြစ်တာကြောင့် အမေးအဖြေလုပ်တာ၊ အဓိကအချက်တွေကို မှတ်စုထုတ်တာတွေက အထောက်အပံ့ကောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် -
💠 စာပိုဒ်တစ်ခုလုံးက ဘာအကြောင်းကို ပြောချင်တာလဲဆိုတာကို နားလည်အောင် ဖတ်ပြီး အဓိကအချက်ကို ရှာပါ။
💠 ကိုယ်တွေးထားတဲ့ အဖြေကို 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐢𝐧𝐠 လုပ်မယ့် အချက်အလက်၊ ကိန်းဂဏန်း၊ သမိုင်းမှတ်တမ်း စတာတွေကို ပေးထားတဲ့ စာသားတွေထဲကနေ ရှာဖွေပါ။
💠 ပေးထားတဲ့ အချက်အလက်တွေကို အခြေခံပြီး နိဂုံးချုပ် ကောက်ချက်ချလို့ရနိုင်မယ့် စကားစု၊ အကြောင်းအရာတွေကို ပြင်ဆင်ထားသင့်ပါတယ်ရှင်။

💡 အဓိက အကြောင်းအရာတွေကို နားလည်အောင် လုပ်ပါ။
𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 မှာ သမိုင်း၊ ပထဝီဝင်၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ ဘာသာရပ်တွေပါတယ်ဆိုတာ အားလုံးသိပြီးလောက်ပြီထင်ပါတယ်။ ဒီအကြောင်းအရာတွေရဲ့ အခြေခံ သဘောတရားတွေကို သေသေချာချာ နားလည်ထားမှ ကိုးကားဖြေဆိုနိုင်မယ့် အချက်အလက်တွေကလည်း ထွက်ကျလာမှာ ဖြစ်တာကြောင့်
💠 သမိုင်းမှာဆိုရင် အမေရိကန်သမိုင်း၊ ကမ္ဘာ့သမိုင်းထဲက အဓိကကျတဲ့ အဖြစ်အပျက်တွေ၊ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖြစ်အပျက်၊ အခင်းအကျင်း၊ သက်ရောက်မှုတွေကို သေချာလေးမှတ်သားထားပါ။
💠 အစိုးရပုံစံတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံသားတစ်ဦးရဲ့ တာဝန်တွေအကြောင်းကိုလည်း ထဲထဲဝင်ဝင်လေ့လာပြီး နိုင်ငံရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း သေချာမှတ်သားထားပါ။
💠 ဝယ်လိုအား၊ ရောင်းလိုအား၊ စီးပွားရေးစနစ်တွေနဲ့ ငွေကြေးလည်ပတ်မှု ယန္တရားပုံစံတို့ကို အခြေခံကစလို့ မှတ်သားထားပါ။
💠 ဒါ့အပြင် မြေပုံဖတ်တာ၊ ပထဝီဝင်ဆိုင်ရာ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာတာနဲ့ ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းအပေါ် ဘယ်လို သက်ရောက်မှုရှိလဲဆိုတာတွေကို ညွှန်းဆိုပေးမယ့် ပထဝီဘာသာရပ်ကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူးရှင်။

💡 ဇယားနဲ့ ဂရပ်ဖ်တွေကို လေ့ကျင့်ပါ
𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 စာမေးပွဲမှာ အချက်အလက်ဇယားတွေနဲ့ ဂရပ်ဖ်တွေ အများအပြား ပါဝင်လေ့ရှိပါတယ်။ ဒီဒေတာတွေကို မှန်ကန်စွာ ဖတ်နိုင်ဖို့နဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ဆိုတာ လေ့ကျင့်မှုများများ ထိတွေ့ထားဖို့ လိုပါတယ်။ ဒါကြောင့် -
💠 ခေါင်းစဉ်၊ ဝင်ရိုးတွေနဲ့ ဒေတာတွေကို သေချာကြည့်ပြီး အဓိပ္ပာယ်ဖော်ပါ။
💠 ဇယားထဲက ကိန်းဂဏန်းတွေ၊ အချက်အလက်တွေက ဘယ်လို ဆက်စပ်နေလဲဆိုတာကို ရှာဖွေပါ။
💠 ပေးထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ဘယ်လိုခြုံငုံရေးသားရမယ်ဆိုတာ စဥ်းစားတွေးခေါ်ပါ။

ကဲ ...
ဒီသုံးချက်လောက်သိထားရုံနဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 မှာ အေးဆေးဖြစ်ဖို့ လက်တစ်ကမ်းအလိုပဲနော်။ 😎

ဒါတင်မကသေးဘဲ အမြဲလေ့ကျင့်အတွက်လည်း မပါမဖြစ်လိုအပ်လှပြီး 𝐆𝐄𝐃 လေ့ကျင့်ခန်းတွေ၊ စာအုပ်တွေနဲ့ 𝐆𝐄𝐃 𝐑𝐞𝐚𝐝𝐲 လိုမျိုး 𝐌𝐨𝐜𝐤 𝐭𝐞𝐬𝐭 တွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို လေ့ကျင့်ပေးခြင်းအားဖြင့် မေးခွန်းပုံစံနဲ့ အသားကျလာနိုင်မှာဖြစ်ပြီး ဖြေဆိုတဲ့အခါမှာဆိုရင်လည်း ယုံကြည်ချက်ရှိရှိနဲ့ မှတ်ထားသမျှ သင်ခန်းစာတွေကို 𝐒𝐭𝐫𝐞𝐬𝐬 ကင်းကင်း ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင်။ 💯

ဒါကြောင့် ဒီ 𝐓𝐢𝐩𝐬 & 𝐓𝐫𝐢𝐜𝐤𝐬 တွေနဲ့ 𝐆𝐄𝐃 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬 ကို စနစ်တကျ ပြင်ဆင်မယ်ဆိုရင်တော့ အကောင်းဆုံး ရလဒ်ကောင်းတွေ ရနေစေဖို့ တီချယ်ရဲရဲကြီး 𝐑𝐞𝐜𝐨𝐦𝐚𝐧𝐝 ပေးလိုက်တယ်နော်။ ✨
_________________________________
𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 အတွက် အခမဲ့ဆွေးနွေးမှုရယူရန်နှင့် အသေးစိတ်သိလိုသည်များကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

12/09/2025

"𝐆𝐥𝐨𝐰 𝐮𝐩" ဖြစ်တယ်ဆိုတဲ့ စကားစုလေး ကြားဖူးကြတယ်ဟုတ်။ ✨

အရွယ်ရောက်လာတာနဲ့အမျှ
🌹 ကောင်မလေးတွေပိုလှလာတာ၊ ယောင်္ကျားလေးတွေ ပိုခန့်ညားလာတာကို ရုပ်ပိုင်းဆိုင်ရာ 𝐆𝐥𝐨𝐰 𝐮𝐩 ဖြစ်တယ်လို့ ယူဆနိုင်ရင်
⚡️ စိတ်ပိုင်းဆိုင်ရာ၊ အတွေးအမြင်ပိုင်းဆိုင်ရာ၊ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာတွေ 𝐆𝐥𝐨𝐰 𝐮𝐩 ဖြစ်လာဖို့အတွက်ဆိုရင်တော့
𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞, 𝐑𝐨𝐮𝐭𝐢𝐧𝐞, 𝐇𝐚𝐛𝐢𝐭 စတဲ့ 𝐏𝐚𝐭𝐭𝐞𝐫𝐧 တွေကို ပြောင်းလဲမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ☘️

ဒီ 𝐏𝐚𝐭𝐭𝐞𝐫𝐧 တွေကို ဟန်ချက်ညီညီ ပြောင်းလဲပေးဖို့ ကြားခံနယ်အဖြစ် အကောင်းဆုံး အထောက်အပံ့အပေးဆုံးအရာကတော့ " စာဖတ်ခြင်း" အလေ့အထ ဖြစ်ပြီး
ဒီ အလေ့အထကောင်း ကြောင့်ပဲ အရွယ်သုံးပါးစလုံးမှာ ကြီးမားတဲ့ 𝐆𝐥𝐨𝐰 𝐮𝐩 ကြီးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ 💯

ဒီနေ့မှာတော့ တီချယ်က 𝐆𝐄𝐃 အပြင် 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 နယ်ပယ်ထဲမှာ ထူးခြားတဲ့အရည်အသွေးကောင်း၊ အတွေးအခေါ်ကောင်း၊ ရှုထောင့်ကောင်းတွေကို စီးဆင်းချင်တဲ့ ကျောင်းသား/ သူလေးတို့အတွက် ရည်ရွယ်ပြီး ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးတစ်ချို့ကို မိတ်ဆက်သွားချင်ပါတယ်ရှင်။ ❕❕❕

📒 𝐀𝐭𝐨𝐦𝐢𝐜 𝐇𝐚𝐛𝐢𝐭𝐬
𝐉𝐚𝐦𝐞𝐬 𝐂𝐥𝐞𝐚𝐫 ရေးသားတဲ့ ဒီစာအုပ်လေးထဲမှာဆိုရင် ကိုယ့်ဘဝကို အကြီးအကျယ်ပြောင်းလဲပစ်နိုင်မယ့် အလေ့အကျင့်သေးသေးလေးတွေကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ဖော်ပြထားပါတယ်။ နေ့တိုင်း နည်းနည်းစီ ကြိုးစားအားထုတ်တာက ရေရှည်မှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို သိရှိနိုင်တာကြောင့် ကျောင်းသား/ သူလေးတွေအနေနဲ့ ပညာရေးနယ်ပယ်မှာတင်မကဘဲ တစ်ချိန်ဘဝရဲ့ ရုန်းကန်မှုနွံထဲ ဝင်ရတဲ့အခါမှာ ဒီအလေ့အကျင့်အသေးလေးတွေက လှေကားထစ်လေးသဖွယ် ဆွဲခေါ်ပေးသွားနိုင်မှာပါ။

📒 𝐒𝐚𝐩𝐢𝐞𝐧𝐬: 𝐀 𝐁𝐫𝐢𝐞𝐟 𝐇𝐢𝐬𝐭𝐨𝐫𝐲 𝐨𝐟 𝐇𝐮𝐦𝐚𝐧𝐤𝐢𝐧𝐝
𝐘𝐮𝐯𝐚𝐥 𝐍𝐨𝐚𝐡 𝐇𝐚𝐫𝐚𝐫𝐢 ရဲ့ ဒီစာအုပ်ထဲမှာတော့ လူသားတွေရဲ့ သမိုင်းကြောင်း၊ ဘယ်လိုဆင့်ကဲပြောင်းလဲလာသလဲ၊ ကမ္ဘာကြီးကို ဘယ်လိုပုံဖော်ခဲ့သလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်မှာပါ။ ဒီစာအုပ်က အမြင်ပိုမိုကျယ်ပြန့်စေဖို့အတွက် တွန်းအားတစ်ခုလို ဖြစ်စေနိုင်ပြီး ခေတ်အဆက်ဆက်ဖြစ်ရပ်တွေအပေါ် ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်တွေ ရရှိစေပါလိမ့်မယ်။

📒 𝐓𝐡𝐞 𝟕 𝐇𝐚𝐛𝐢𝐭𝐬 𝐨𝐟 𝐇𝐢𝐠𝐡𝐥𝐲 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 𝐏𝐞𝐨𝐩𝐥𝐞
𝐒𝐭𝐞𝐩𝐡𝐞𝐧 𝐂𝐨𝐯𝐞𝐲 ရဲ့ နာမည်ကျော် ဒီစာအုပ်လေးကတော့ အောင်မြင်တဲ့သူတွေမှာရှိတဲ့ အလေ့အကျင့် ၇ ချက်ကို ရှင်းပြထားတဲ့ စာအုပ်‌လေးပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ရှိသင့်တဲ့ ဘဝပန်းတိုင်းကို ဘယ်လိုခွဲခြားသတ်မှတ်သင့်တယ်ဆိုတဲ့ နည်းစနစ်ကောင်းတွေ၊ ပန်းတိုင်ဆီ ရောက်ဖို့ကိုယ့်ရဲ့စိတ်နေစိတ်ထား၊ လုပ်ဆောင်မှု၊ အကျင့်စရိုက်တွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့ အခြေခံကောင်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
အတွေးအခေါ်နဲ့ စိတ်နေစိတ်ထား တိုးတက်ပြောင်းလဲမှုကို အသားပေးလိုက်စားချင်တဲ့ ကျောင်းသား/သူ လေးတွေအတွက် ဖတ်ကိုဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပဲ ဖြစ်ပါတယ်ရှင်။

ဒါကြောင့် ကျောင်းစာချည်းပဲ လုပ်ရလို့ ငြီးငွေ့တယ်လို့ ခံစားရလာတဲ့အခါ တီချယ် ညွှန်းပေးတဲ့ စာအုပ်လေးတွေ ဖတ်ကြည့်ပါ။
ဒီစာအုပ်လေးတွေက ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားစေမယ့် အတွေးအမြင်သစ်တွေ၊ အနာဂတ်ပုံဖော်မှုတွေကို ဆောင်ကြဥ်းပေးမှာ ဖြစ်ပြီး ပြောင်းလဲရဲဖို့ ကိုယ့်ကိုကိုယ်စိန်ခေါ်ချင်တယ်ဆိုရင်တော့ အာမခံချက်ချက်အပြည့်နဲ့ ရဲရဲကြီးသာ ဖတ်လိုက်တော့နော်။ ✅
_________________________________
𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 အတွက် အခမဲ့ဆွေးနွေးမှုရယူရန်နှင့် အသေးစိတ်သိလိုသည်များကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

09/09/2025

🎓 "ပညာရေးဝေးသည်မရှိ" ဆိုတဲ့ ဆိုရိုးလေးအတိုင်း
💎 ပညာရပ်တစ်ခုဆိုတာ ဘယ်အချိန်၊ ဘယ်နေရာ ရောက်ရောက် အစဥ်အမြဲ ထိတွေ့လေ့လာနိုင်တဲ့ အဖိုးတန်ရတနာ တစ်ခုဖြစ်ပြီး
ထိုအဖိုးတန်ရတနာကပဲ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို ပညာရပ်တွေ ဆက်လက်ဆည်းပူးနိုင်ဖို့ ဘယ်အချိန်မဆို ခေါ်ဆောင်ပေးသွားနိုင်ပါတယ်။ ✈️

✅ အင်္ဂလိပ်စာအခြေခံရှိပြီး
✅ စနစ်ဟောင်း 𝐆𝐫𝐚𝐝𝐞 ၇/၈ , စနစ်သစ် ၉ တန်း ပြီးမြောက်ထားတဲ့ ကျောင်းသား/ သူများအနေနဲ့

📓 𝐒𝐭𝐮𝐝𝐲 𝐀𝐛𝐫𝐨𝐚𝐝 သွားလိုတဲ့ အိပ်မက်တွေလည်း အပြည့်ရှိတယ်။
📓 အချိန်တွေ နှစ်နဲ့ချီအောင် သင်ကြားရဖို့ အခက်အခဲရှိတယ်ဆိုရင်တော့

🎯 အချိန်လပိုင်းအတွင်း 𝐎𝐧𝐥𝐢𝐧𝐞 က သင်ကြားရုံနဲ့ 𝐔𝐒, 𝐔𝐊, 𝐍𝐞𝐰 𝐙𝐞𝐚𝐥𝐚𝐧𝐝, 𝐂𝐚𝐧𝐚𝐝𝐚 နိုင်ငံများအပါအဝင် ကမ္ဘာ့ထိပ်တန်းနိုင်ငံများမှ 𝐑𝐞𝐩𝐮𝐭𝐚𝐭𝐢𝐨𝐧 ရော၊ 𝐑𝐚𝐧𝐤𝐢𝐧𝐠 ပါမြင့်တဲ့ တက္ကသိုလ်ကြီးတွေဆီ အာမခံချက်အပြည့်အဝနဲ့ တက်ရောက်နိုင်မယ့်
𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 ရဲ့ 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အတွက် 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 ကို အခုပဲ စတင်အပ်နှံနိုင်ပါပြီရှင်။ 💯

📓 𝐆𝐄𝐃 ဆိုတာကတော့ နိုင်ငံတကာ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကြီးတွေရဲ့ 𝐀𝐜𝐜𝐞𝐩𝐭𝐚𝐧𝐜𝐞 𝐑𝐚𝐭𝐞 အများဆုံး 𝐂𝐞𝐫𝐭𝐢𝐟𝐜𝐚𝐭𝐞 ဖြစ်ပြီး 𝐂𝐫𝐞𝐝𝐢𝐭 𝐒𝐜𝐨𝐫𝐞 သာ 𝐏𝐚𝐬𝐬 ဖြစ်မယ်ဆိုရင်တော့ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ပါရနိုင်ဦးမယ့် ထိပ်တန်း 𝐏𝐫𝐨𝐠𝐫𝐚𝐦 ပဲ ဖြစ်ပါတယ်။

𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 ဆီမှာ ဘာလို့ တက်သင့်သလဲ ❓
တာဝန်ယူသင်ကြားပေးမယ့် 𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 ဟာဆိုရင် 𝐆𝐄𝐃 သင်ကြားရေးပိုင်းတင်မကဘဲ နိုင်ငံတကာပညာရေးနယ်ပယ်မှာ အတွေ့အကြုံ (၁၀) နှစ်နဲ့အထက်ရှိတဲ့ ဆရာမတစ်ဦးဖြစ်တာကြောင့်
ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို သိရှိနားလည်ပြီး ထိရောက်တဲ့ သင်ကြားမှုနည်းလမ်းတွေနဲ့ စနစ်တကျသင်ကြာပေးသွားမှာပါ။

ဘာတွေသင်မှာလဲ ❓
🔸𝐑𝐞𝐚𝐬𝐨𝐧𝐢𝐧𝐠 𝐓𝐡𝐫𝐨𝐮𝐠𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐀𝐫𝐭𝐬
🔸𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬
🔸𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬
🔸𝐒𝐜𝐢𝐞𝐧𝐜𝐞 ဘာသာရပ်တို့ကို အခြေခံကစလို့ သင်ကြားခွင့် ရမှာပဲ ဖြစ်ပါတယ်ရှင်။

သင်ကြားမှုပုံစံကရော ဘယ်လိုရှိမလဲ ❓
သင်ကြားမှုပုံစံက တစ်ခြားသင်တန်းတွေနဲ့ လုံးဝမတူဘဲ အသေအချာ စနစ်တကျအချိန်ယူရွေးဆွဲထားတဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 များကို သဘောတရားတစ်ချက်ချင်းစီနားလည်အောင် သမ္ဘာရင့်အတွေ့အကြုံများနှင့်တကွ ပေါင်းစပ်သင်ကြားပေးမှာ ဖြစ်တဲ့အပြင်
စာမေးပွဲအတွက် လိုအပ်လာမယ့်
🔹𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐨𝐧,
🔹𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠,
🔹𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭,
🔹𝐄𝐬𝐬𝐚𝐲 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬,
🔹𝐏𝐫𝐨𝐛𝐥𝐞𝐦-𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 စတာတွေကို အခြားလိုအပ်တဲ့ 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥 များနဲ့ပါ ပေါင်းစပ်ပြီး သင်ကြားရမှာပါပဲ ဖြစ်ပါတယ်ရှင်။

ဘယ်သူတွေ တက်လို့ရနိုင်မလဲ ❓
🎒 အကြောင်းအမျိုးမျိုးကြောင့် 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 ရပ်နားထားသူတွေ
🎒 နိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ အဆင့်မြင့်ဘွဲ့များကို ထိုက်ထိုက်တန်တန် ရရှိလိုသူတွေ
🎒 နိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးတွေဆီ အချိန်တိုတွင်းရောက်ချင်တဲ့ ကျောင်းသား/ သူတွေ
🎒 စနစ်ဟောင်း 𝐆𝐫𝐚𝐝𝐞 - ၇/ ၈ တန်း၊ စနစ်သစ် ၉ တန်း နဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာအခြေခံရထားတဲ့ မည်သည့် ကျောင်းသား/ သူများမဆို စတင်တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

ဘယ်အချိန်တွေ သင်လို့ရမလဲ ❓
ကျောင်းသား/ သူတို့အဆင်ပြေတဲ့ အတန်းချိန်အတိုင်း ညှိနှိုင်းသင်ယူနိုင်ဦးမှာဖြစ်ပါတယ်ရှင်။

📢 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အတွက် အစောဆုံးအပ်နှံ့သူ ( ၁၀ ) ဦးကို ၁၀% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 လုပ်ပေးသွားဦးမှာဖြစ်လို့
နိုင်ငံတကာအသိအမှတ်ပြုဒီပလိုမာတစ်ခုကို 𝐒𝐨𝐥𝐢𝐝 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ကောင်းကောင်းနဲ့ အခိုင်အမာရသွားချင်တယ်။
𝐒𝐭𝐮𝐝𝐲 𝐀𝐛𝐫𝐨𝐚𝐝 အိပ်မက်နောက်လိုက်ဖို့ အာမခံချက်သေချာစွာနဲ့ ပြင်ဆင်သွားချင်တယ်ဆိုရင်တော့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 ရဲ့ 𝐂𝐥𝐚𝐬𝐬 ရဲ့ 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 မှာ 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 လေးအတွက် မြန်မြန်သာ 𝐄𝐧𝐫𝐨𝐥𝐥 လုပ်လိုက်ပါရှင်။ ✨

အောက်ပါ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် အချက်အလက်တွေဖြည့်သွင်းပြီး အခုပဲ အိပ်မက်တွေနောက် မြန်မြန်သာ လိုက်လိုက်တော့နော်။

𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐍𝐨𝐰
🔗 https://forms.gle/MSes2jRv5NcJyoKUA
_________________________________
𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 အတွက် အခမဲ့ဆွေးနွေးမှုရယူရန်နှင့် အသေးစိတ်သိလိုသည်များကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

07/09/2025

𝐆𝐄𝐃 အောင်မြင်ထားတဲ့ ကျောင်းသား/ သူများအနေနဲ့ နိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ ပညာဆက်လက်ဆည်းပူးဖို့ အစီစဥ်ဆွဲထားတယ်ဆိုရင်တော့ လိုအပ်တဲ့ 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐤𝐢𝐥𝐥 တွေ ဖြည့်ထားဖို့တော့ လိုမယ်နော်။ 💪💪💪

𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐤𝐢𝐥𝐥 လို့ဆိုလိုက်တာနဲ့ အများစုက
✅ 𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
✅ 𝐒𝐭𝐫𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
✅ 𝐂𝐚𝐫𝐞𝐞𝐫 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 တို့ကို အရင်ဆုံးတွေးမိတတ်ကြပြီး

💯 အရေးလည်းပါ၊ ချန်လှပ်ထားလို့လည်း မဖြစ်တဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ကိုတော့ နောက်ဆုံးမှ တွေးမိတတ်ကြပါတယ်။ 💯

💲 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ဆိုတာဟာ ပညာရေးနယ်ပယ်မှာတင်မကဘဲ အနာဂတ်လမ်းကြောင်းအတွင်းမှာပါ ပိုမိုခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐤𝐢𝐥𝐥 တစ်ခုဖြစ်ပြီး

ဒါကိုသာ သေချာပိုင်ပိုင်နိုင်နိုင် အသုံးချတတ်သွားမယ်ဆိုရင်တော့ အောင်မြင်မှုအသီးအပွင့်တွေကို လျှင်လျှင်မြန်မြန် ရရှိစေနိုင်မှာလည်း ဖြစ်ပါတယ်။

🎯 လူအများစု အမှတ်မှားတတ်ကြတာက 𝐁𝐮𝐝𝐠𝐞𝐭 လို့ ဆိုလိုက်တာနဲ့ ချုပ်တည်းတာ၊ ကန့်သတ်တာလို့ ထင်တတ်ကြပေမယ့်

တကယ်တမ်းမှာတော့ ငွေကို ဘယ်နေရာမှာ၊ ဘယ်လိုသုံးသင့်တယ်ဆိုတာ သေချာစီမံနိုင်တဲ့ 𝐓𝐨𝐨𝐥 တစ်ခုပဲဖြစ်ပါတယ်။

🎓 ဒါကြောင့် နိုင်ငံတကာ ထိပ်တန်းကျောင်းသားကြီးတွေအဖြစ် ပြည်ပနိုင်ငံအသီးသီးမှာ ရပ်တည်ကြမယ့်သူလေးတွေအနေနဲ့ မြေစမ်းခရမ်းပျိူး 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞 ကောင်းတွေလည်း သိသွားချင်တယ်။

ဘယ်လို သေချာသွားရမလဲဆိုတဲ့ အဆင့်တွေကိုလည်း စဥ်းစားနေပြီဆိုရင်တော့ ဒီအချက်အလက်လေးတွေက သားတို့သမီးတို့ အတွက်ပါပဲရှင်။ ✨

_______________________
📌 ကိုယ်သွားမယ့် နိုင်ငံ၊ တက်ရောက်မယ့် တက္ကသိုလ်အကြောင်း လေ့လာပါ။

𝐆𝐄𝐃 ကို နိုင်ငံအများစုက ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ တရားဝင်အသိအမှတ်ပြု လက်ခံကြတယ်ဆိုပေမယ့် သွားရောက်မယ့်နိုင်ငံ၊ တက်ရောက်မယ့် တက္ကသိုလ်တွေကတော့ ကျောင်းသားတစ်ယောက်နဲ့တစ်ယောက် တူချင်မှတူနိုင်ပါလိမ့်မယ်။
ဒါကြောင့် ကိုယ်သွားမယ့် နိုင်ငံရဲ့ 𝐂𝐮𝐫𝐫𝐞𝐧𝐜𝐲 ကို အရင်လေ့လာတာ၊ တက်မယ့်ကျောင်းရဲ့ စရိတ်တွေကို အရင်မေးမြန်းစုံစမ်းတာတွေ လုပ်ဆောင်သင့်ပြီး ကြိုဆိုပြင်ဆင်မှုတွေတော့ ကနဦးအဆင့်မှာ လုပ်ထားဖို့ လိုအပ်ပါတယ်။

📌 ဝင်ငွေ၊ ထွက်ငွေကို စနစ်တကျ သေချာ သတ်မှတ်ပါ။

ဒုတိယအနေနဲ့ 𝐏𝐚𝐫𝐭 𝐓𝐢𝐦𝐞 လုပ်ပြီးရတဲ့ ဝင်ငွေတွေ၊ အိမ်ကနေထောက်ပံ့ပေးလိုက်တဲ့ ငွေကြေးတွေကို ထွက်ငွေတစ်ချို့ဖြစ်တဲ့ အခန်းငှားခ၊ အစားအသောက်ဖိုး၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေကို သေချာလေးစာရင်းပြုစုသင့်ပါတယ်။ တစ်ပတ်တာ/ တစ်လတာ ဘယ်လောက်သုံးလဲဆိုတာတွေကိုလည်း စာအုပ်လေးထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲက 𝐀𝐩𝐩 တစ်ခုခုမှာဖြစ်ဖြစ် မှတ်ထားခြင်းအားဖြင့် ကိုယ့်ရဲ့ငွေကြေးစီးဆင်းမှုကို ရှင်းရှင်းလင်းလင်းမြင်နိုင်သွားမှာ ဖြစ်ပြီး ဘယ်နေရာမှာ ပိုလျှံနေလဲ၊ ဘယ်နေရာမှာ လျှော့ချနိုင်လဲဆိုတာကို ကွက်ကွက်ကွင်းကွင်း သိရှိနားလည်နိုင်မှာပါရှင်။

📌 𝟓𝟎/𝟑𝟎/𝟐𝟎 နည်းနဲ့ ခွဲဝေ သုံးစွဲပါ။

ဝင်ငွေကို အပိုင်းသုံးပိုင်းခွဲပြီး

𝟓𝟎 % ကို အိမ်လခ၊ အစားအသောက်၊ ကျန်းမာရေးစရိတ် စတဲ့ မရှိမဖြစ်လိုအပ်တဲ့ အသုံးစရိတ်တွေအတွက် သုံးစွဲပါ။

𝟑𝟎 % ကိုတော့ အပြင်ထွက်စားတာ၊ ရုပ်ရှင်ကြည့်တာ၊ အဝတ်အစားအသစ်ဝယ်တာတို့လို 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐔𝐬𝐞 အတွက် သုံးစွဲပါ။

𝟐𝟎 % ကိုတော့ လိုရမယ်ရ ဖယ်ထားပြီး ရုတ်တရက်သုံးစရာတွေကြုံလာတဲ့အခါ 𝐔𝐫𝐠𝐞𝐧𝐭 ဖြေရှင်းနိုင်ဖို့အတွက် ချန်လှပ်ထားပေးပါ။

ဒီနည်းလမ်းတွေနဲ့သာဆို ငွေကြေးတစ်ခုကို ကျပ်ကျပ်မတ်မတ် စီမံသွားနိုင်မှာ ဖြစ်ပြီး အသုံးစရိတ်ဖောင်းပွမှု မဖြစ်အောင်လည်း တားဆီးပေးနိုင်ပါသေးတယ်ရှင်။

📌 𝐂𝐚𝐬𝐡 အသားပေးသုံးစွဲပါ။

𝐁𝐚𝐧𝐤 𝐂𝐚𝐫𝐝 တွေ 𝐂𝐫𝐞𝐝𝐢𝐭 𝐂𝐚𝐫𝐝 တွေက သုံးရတာ ပိုလွယ်ကောင်းလွယ်နိုင်ပေမယ့် အသုံးစရိတ်ကို သတိမထားမိဘဲ ပိုသုံးမိသွားတတ်ပါတယ်။ ငွေသားကိုသုံးစွဲမယ်ဆိုရင်တော့ ဘယ်လောက်ကုန်သွားပြီလဲဆိုတာကို လွယ်လွယ်မှန်းဆနိုင်မှာ ဖြစ်တာကြောင့် မလိုအပ်ဘဲ ဘဏ်ကတ်ကို အသုံးမပြုသင့်ပါဘူးရှင်။

📌 စျေးသက်သာတဲ့ အစားအသောက်ကို ရွေးချယ်ပါ။

ကျောင်းသားဘဝမှာ အပြင်စာကို ခဏခဏစားတာက အသုံးစရိတ်အများဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ်တိုင် ချက်ပြုတ်စားသောက်တာ၊ ကျောင်းကကန်တင်းလိုနေရာမျိူးတွေမှာ ရွေးချယ်စားသောက်ခြင်းက အပြင်ဆိုင်တွေမှာ စားတာထက် ပိုမိုသက်သာပြီး ပိုက်ဆံကို အများကြီးချွေတာနိုင်ပါတယ်ရှင်။
ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုကတော့ စားသောက်စရိတ်ချွေတာတယ်ဆိုတိုင်း အာဟာရပြည့်ပြည့်ဝဝမစားတာ၊ တနပ်စာလျှော့စားတာတွေလည်း လုံးဝမလုပ်ကြဖို့ အကြံပေးလိုက်ပါရစေနော်။

ကဲ....

ဒီနည်းလမ်းလေးတွေနဲ့သာဆို ငွေကြေးကိုကောင်းကောင်းစီမံနိုင်ဖို့ လုံလောက်တာထက်ပိုနေပြီနော်။ ကလေးတို့အားလုံး 𝐓𝐢𝐩𝐬 & 𝐓𝐫𝐢𝐜𝐤𝐬 လေးတွေကို မှတ်သားရင်း 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐤𝐢𝐥𝐥 ကောင်းတစ်ခုကို ကျောင်းသားဘဝမှာကတည်းက ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ တီချယ်ဆုတောင်းရင်း...

_________________________________
𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 အတွက် အခမဲ့ဆွေးနွေးမှုရယူရန်နှင့် အသေးစိတ်သိလိုသည်များကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

Skill Management Management Management

07/09/2025

✅ အင်္ဂလိပ်စာအခြေခံရှိပြီး
✅ စနစ်ဟောင်း 𝐆𝐫𝐚𝐝𝐞 ၇/၈ , စနစ်သစ် ၉ တန်း ပြီးမြောက်ထားတဲ့ ကျောင်းသား/ သူများအနေနဲ့

💁‍♀️ 𝐒𝐭𝐮𝐝𝐲 𝐀𝐛𝐫𝐨𝐚𝐝 သွားလိုတဲ့ အိပ်မက်တွေလည်း အပြည့်ရှိတယ်။
💁‍♀️ 𝐀-𝐋𝐞𝐯𝐞𝐥 လို ၂ နှစ်အချိန်ပေးပြီး မပြင်ဆင်ချင်ဘူးဆိုရင်တော့

နိုင်ငံတကာပညာရေးအိပ်မက်တွေကို အချိန်တိုတွင်းမှာ အကောင်ထည်ဖော်ဖို့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 ရဲ့ 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 ကို အခုပဲ စတင်တက်ရောက်နိုင်ပါပြီရှင်။ 🎓

🤔 𝐆𝐄𝐃 ဆိုတာ ဘာလဲ❓
𝐆𝐄𝐃 ဆိုတာကတော့ အမေရိကန်နိုင်ငံမှ 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 နဲ့ ညီမျှတဲ့ အသိအမှတ်ပြု အောင်လက်မှတ်တစ်ခုပြီး ကမ္ဘာတစ်ဝန်းလုံးက ထိပ်တန်း 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တွေ၊ 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကြီးတွေရဲ့ အသိအမှတ်ပြုမှုကို အခိုင်အမာရရှိထားတဲ့ 𝐇𝐢𝐠𝐡 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐢𝐩𝐥𝐨𝐦𝐚 တစ်ခုဖြစ်ပါတယ်။

𝐂𝐫𝐞𝐝𝐢𝐭 𝐒𝐜𝐨𝐫𝐞 ကောင်းကောင်းရမယ်ဆိုရင် 𝐓𝐨𝐩 𝐓𝐢𝐞𝐫 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကြီးတွေမှာ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 အထိတောင် လျှောက်ထားနိုင်မှာ ဖြစ်တဲ့အပြင်
ဒီ 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 လေးတစ်ခုရှိရုံနဲ့ ရွေးချယ်စရာလမ်းကြောင်းတွေ အများကြီးပွင့်သွားနိုင်မှာ ဖြစ်တာကြောင့် နိုင်ငံတကာပညာရေးနယ်ပယ်မှာ ထောက်ခံမှုကောင်းတွေအများကြီး သိမ်းပိုက်ထားတဲ့ လက်မှတ်လေးပဲ ဖြစ်ပါတယ်။

👩🏻‍🏫 𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 မှာ ဘာကြောင့် သင်ယူသင့်သလဲ❓
𝐌𝐞𝐧𝐭𝐨𝐫 ဖြစ်သူ 𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 ဟာဆိုရင် နိုင်ငံတကာပညာရေးနယ်ပယ်မှာ အတွေ့အကြုံ (၁၀) နှစ်နဲ့အထက် ရှိတဲ့ ဝါရင့်ဆရာမတစ်ဦးဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးချင်းစီရဲ့ 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐍𝐚𝐭𝐮𝐫𝐞 ကို ထဲထဲဝင်ဝင် သိရှိနားလည်ပြီး 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 များကိုလည်း ဝါရင့်အတွေ့အကြုံများနဲ့ ပြည့်ဝတဲ့ ကျွမ်းကျင်မှုများနဲ့ စနစ်တကျ ပေါင်းစပ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင်။

သင်ကြားပေးသွားမယ့် ဘာသာရပ်တွေ အနေနဲ့ကတော့
🔸𝐑𝐞𝐚𝐬𝐨𝐧𝐢𝐧𝐠 𝐓𝐡𝐫𝐨𝐮𝐠𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐀𝐫𝐭𝐬
🔸𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬
🔸𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬
🔸𝐒𝐜𝐢𝐞𝐧𝐜𝐞 ဘာသာရပ်တို့ကို အခြေခံကစလို့ စနစ်တကျအချိန်ယူရွေးဆွဲထားတဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 များအတိုင်း နည်းလမ်းတကျပို့ချပေးသွားမှာ ဖြစ်တဲ့အပြင်

စာမေးပွဲအတွက် လိုအပ်လာမယ့်
🔹𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐨𝐧,
🔹𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠,
🔹𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭,
🔹𝐄𝐬𝐬𝐚𝐲 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬,
🔹𝐏𝐫𝐨𝐛𝐥𝐞𝐦-𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 များကိုလည်း အခြား 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥 များဖြင့် ပေါင်းစပ်ပြီး ဖြည့်စွက်သင်ကြားပေးသွားမှာ ဖြစ်တာကြောင့် ဘာသာရပ်အားလုံးကို အခြေခံကစလို့ ထိထိရောက်ရောက် ပိုင်နေစေဖို့ အာမခံချက်အပြည့်အဝ ပေးနိုင်ပါတယ်ရှင်။

ဒါကြောင့် ငယ်လှပတဲ့ အသက်အပိုင်းအခြားလေး အရောက်မှာ နိုင်ငံတကာပညာရေးလမ်းကြောင်းဆီ ဖြတ်မျဥ်းတစ်ခုကို အလျှင်အမြန်ရောက်လိုပြီး ပညာရေးအိပ်မက်ကောင်းတွေ ခမ်းခမ်းနားနားပုံဖော်သွားဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 ရဲ့ 𝐂𝐥𝐚𝐬𝐬 ရဲ့ 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 မှာ 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 လေးအတွက် မြန်မြန်သာ 𝐄𝐧𝐫𝐨𝐥𝐥 လုပ်လိုက်ပါရှင်။ ✨

အောက်ပါ 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် အချက်အလက်တွေဖြည့်သွင်းပြီး အခုပဲ အိပ်မက်တွေနောက် မြန်မြန်သာ လိုက်လိုက်တော့နော်။

𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐍𝐨𝐰
🔗 https://forms.gle/MSes2jRv5NcJyoKUA
_________________________________
𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 အတွက် အခမဲ့ဆွေးနွေးမှုရယူရန်နှင့် အသေးစိတ်သိလိုသည်များကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

07/09/2025

ကျောင်းသား/ သူတစ်ယောက် ဖြစ်လာပြီ ဆိုတာနဲ့ ရှောင်လွဲမရဘဲ ဝင်တိုးရမယ့် အရာကြီးက 𝐏𝐞𝐞𝐫 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 ဆိုတာကြီးပါပဲ။ 🥶

⭐️ 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭 တွေ၊
🎉 ကျောင်းသားဘဝပျော်ရွှင်မှုတွေ ခဏ ဘေးချိတ်ထားပါဦး
အကြီးမားဆုံး စိန်ခေါ်မှုဆိုတဲ့ 𝐏𝐞𝐞𝐫 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 ဆိုတာ ဘယ်လိုများလဲ❓

📌 𝐏𝐞𝐞𝐫 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 ဆိုတာကတော့ နားလည်လွယ်အောင် ပြောရရင် မိဘဆရာတွေ၊ ပတ်ဝန်းကျင်ရဲ့ စကားတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဖိအားပေးမှုကြောင့် ကိုယ်မလုပ်ချင်တဲ့အရာတွေကို လုပ်ရတာ၊ အများသတ်မှတ်ထားတဲ့ စံအတွင်းဝင်အောင် အတင်းအကျပ်ကြိုးစားနေရတာမျိုးတွေကို ဆိုလိုပါတယ်။
ကျောင်းသား/ သူတွေဆိုတော့ မိဘဆရာတွေ၊ ပတ်ဝန်းကျင်တွေထက် ကိုယ့်အချိန်တော်တော်များများကို 𝐂𝐥𝐨𝐬𝐞 ဖြစ်ရတဲ့ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်သန်းရမှာ ဖြစ်တာကြောင့် 𝐏𝐞𝐞𝐫 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 ဆိုတာ ကိုယ့်ဘေးနားက သူငယ်ချင်းတွေဆီကနေ အဓိကသက်ရောက်နိုင်ပါတယ်။

💁‍♀️ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးတစ်ခုလည်း ရေရှည်ဆက်လက်ရှိသွားချင်တယ်
💁‍♀️ 𝐏𝐞𝐞𝐫 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 ဆိုတဲ့ အရာကြီးကိုလည်း မဟာဗျူဟာကျကျ ကိုင်တွယ်ဖြေရှင်းပြီး စိတ်အေးချမ်းသာတဲ့ 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐋𝐢𝐟𝐞 တစ်ခုတည်ဆောက်ချင်တယ်ဆိုရင်တော့
သေချာပေါက် အကျိူးရှိစေစမယ့် ဒီ 𝐓𝐢𝐩𝐬 လေးတွေကို သေသေချာချာ ကြည့်ပြီး လိုက်လုပ်ထားဖို့ လုံးဝ မမေ့လိုက်နဲ့နော်။ ✌️

🌈 𝐒𝐞𝐥𝐟-𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬
ဘယ်လိုဖိအားမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ မစဉ်းစားခင် ကိုယ်ဘာကို တကယ်လိုချင်တယ်၊ ဘာတွေကို အလေးထားတတ်တယ်ဆိုတာ အရင်ဆုံး သတ်မှတ်ထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေ၊ တန်ဖိုးထားမှုတွေက ဘာတွေလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားတဲ့အခါ ပတ်ဝန်းကျင် ဖိအားတွေဟာ အထိုက်အလျောက် လျော့ပါးသွားမယ်ဆိုတာ လုံးဝသေချာသလောက်ပါပဲနော်။

🌈 𝐃𝐚𝐫𝐞 𝐭𝐨 𝐬𝐚𝐲 "𝐘𝐞𝐬" 𝐨𝐫 "𝐍𝐨"
𝐏𝐞𝐞𝐫 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 ကို တိုက်ရိုက်ရင်ဆိုင်ဖြေရှင်းဖို့ဆိုတာ ပါးစပ်ပြောအရတော့ လွယ်နိုင်ပေမယ့် တကယ်တမ်းမှာတော့ အရမ်းခက်ပါတယ်။ ဒါကြောင့် အကောင်းဆုံးဖြေရှင်းနည်းပြောပါဆိုရင် ကိုယ့်အတွက်ကိုယ် အဆင်ပြေစေမယ့် 𝐎𝐩𝐭𝐢𝐨𝐧 တွေ ရှာဖွေထားခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ - သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖို့ကို မလိုက်ချင်ရင် "ဒီနေ့တော့ ငါအပြင်မထွက်ချင်သေးဘူး၊ နောက်တစ်ပတ်တော့ လိုက်ခဲ့မယ်" ဆိုပြီး ပြောလို့ရပါတယ်။ ဒါက သူတို့ရဲ့ဖိအားကို တိုက်ရိုက်ငြင်းဆန်တာမျိုး မသက်ရောက်ဘဲ ကိုယ့်စိတ်ခံစားချက်ကိုလည်း ပွင့်လင်းစွာ ပြောပြခြင်းက နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်ရှင်။

🌈 𝐁𝐞 𝐢𝐧 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐢𝐯𝐞 𝐒𝐩𝐚𝐜𝐞
စိတ်တူကိုယ်တူ၊ အတွေးအမြင်တူတဲ့ သူငယ်ချင်းတွေနဲ့ ရွေးပေါင်းကြည့်ပါ။ ကိုယ့်ရဲ့ Type တူတဲ့ သူငယ်ချင်းတွေနဲ့ပေါင်းမိတဲ့အခါ ကိုယ့်အတွက် ပိုလုံခြုံတဲ့ 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐄𝐧𝐯𝐢𝐫𝐨𝐦𝐞𝐧𝐭 ထဲရောက်စေမှာ ဖြစ်တဲ့အပြင် သူတို့ဆီက ရလာမယ့် 𝐏𝐞𝐞𝐫 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 ဟာလည်း ပိုမိုကောင်းမွန်တဲ့ 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐏𝐞𝐞𝐫 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 တွေမျိုးပဲ ဖြစ်နေပါလိမ့်မယ်။

🌈 𝐆𝐞𝐭 𝐇𝐞𝐥𝐩
တကယ်လို့ ကိုယ်တစ်ယောက်တည်း ကိုင်တွယ်မဖြေရှင်းနိုင်တော့ဘူးလို့ ခံစားလာရရင်တော့ မိဘ၊ ဆရာ ဒါမှမဟုတ် အကြီးအကဲတွေကို အကူအညီတောင်းဖို့ တုံ့ဆိုင်းမနေပါနဲ့နော်။ ကိုယ့်အခြေအနတွေကို အမှန်အတိုင်းရှင်းပြပြီး အကြံဉာဏ်တွေကို ယူသင့်ရင်ယူပါ။ တစ်ခါတစ်လေကျရင် ကိုယ်မတွေးထားမိတဲ့ ရှုထောင့်မျိူးတွေက အမြင်အသစ်တွေ၊ အကြံအသစ်တွေလည်း ရရှိနိုင်သေးတာကြောင့် အကူအညီရယူဖို့ လုံးဝ မမေ့လိုက်ပါနဲ့နော်။

ကဲ... သားတို့သမီးတို့လည်း တီချယ်ပြောပြတဲ့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ကျောင်းစာတွေအပြင် ပတ်ဝန်းကျင်ဖိအားတွေကိုပါ ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ ✨

နောက်များမှာလည်း
ကျောင်းသား/ သူတို့အတွက် အကျိူးရှိစေမယ့် အကြောင်းအရာတွေကို များများမျှဝေပေးသွားဦးမှာ ဖြစ်တာကြောင့် 𝐓𝐞𝐚𝐜𝐡𝐞𝐫'𝐬 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ဖို့လည်း လုံးဝမမေ့လိုက်နဲ့နော်။ 💞
_________________________________

𝐓𝐫. 𝐌𝐚𝐲 𝐊𝐡𝐚𝐢𝐧𝐠 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 အတွက် အခမဲ့ဆွေးနွေးမှုရယူရန်နှင့် အသေးစိတ်သိလိုသည်များကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon