04/03/2026
ဒီရက်ပိုင်းထဲမှာ သတင်းဆောင်းပါးတွေ၊ပေါ့ဒ်ကတ်နဲ့ ရေဒီယို အစီအစဉ်တွေမှာအတွေ့ရများဆုံး စကားလုံးတလုံးကို လေ့လာကြည့်ရအောင်ပါ
ဒီစကားလုံးကတော့ unprecedented ဖြစ်ပါတယ်
ဆိုတော့ ဒီစကားလုံးကို အသေးစိတ်လေ့လာကြည့်ရအောင်ပါ
စကားလုံး အမျိူးအစားကတော့ adjective ဖြစ်ပါတယ် level ကတော့ C2 ပါ
ဒီစကားလုံးမှာ syllables 5 လုံးရှိပါတယ်
/ʌnˈprɛsɪˌdɛn.tɪd/ ဖြစ်ပါတယ်
ဒုတိယမြောက်စကားလုံးက stressed sound ဖြစ်ပါတယ်
မကြုံစဖူးသော လို့ မြန်မာလို အဓိပ္ပာယ်ဖွင့်ဆိုထားပြီး Cambridge dictionary ကတော့ never having happened or existed in the past လို့ ဖွင့်ဆိုထားပါတယ်
ဝါကျထဲမှာ ဘယ်လို ထည့်သုံးရမလဲဆိုတာ
တချက်လောက်လေ့လာကြည့်ရအောင်ပါ
• Unemployment has reached an unprecedented level.
• This situation is unprecedented in 21st-century life.
• Crime has risen on an unprecedented scale.
ပထမနဲ့ တတိယ ဝါကျမှာ noun phrase အနေနဲ့ သုံးထားပြီး ဒုတိယဝါကျမှာ verb to be နောက်မှာ သုံးထားတာကိုတွေ့နိုင်ပါတယ်
ဒီစကားလုံးကို သိထားမယ်ဆိုရင် IELTS writing task 1 & 2 မှာ သုံးလို့ရသလို သတင်းဆောင်းပါးတွေနဲ့ academic reading တွေဖတ်တဲ့အခါမှာ အထောက်အကူဖြစ်နိုင်ပါတယ်
နေ့စဉ်စကားပြောမှာဆိုရင်တော့ ဒီစကားလုံးက level မြင့်တဲ့အတွက် သူ့ရဲ့ synonym တွေဖြစ်တဲ့
never happened before, totally new, unbelievable နဲ့ crazy ဆိုတဲ့ စကားလုံးတွေကို အသုံးပြုလို့ရပါတယ်
ဒီလို စကားလုံးအသစ်တွေကို လေ့လာချင်ရင်တော့ page ကို like and follow လုပ်ပေးဖို့ တောင်းဆိုပါရစေခင်ဗျာ