Min khant
rsချိတ်ဆက်ရေး
23/03/2023
မျှဝေကြစို့သူငယ်ချင်း
G9ကျောင်းသား/သူများ
စာများမျှဝေနိုင်ရန်
ပါဝင်လိုက်ပါ
12/10/2022
မပေါင်းသင့်တဲ့လူတွေ
````````````````````````````
ကိုယ့်စိတ်လိုထင်ပြီး ပတ်သက်ခဲ့ပေမဲ့
လူတချို့ရဲ့ ဆက်ဆံရေးတွေက
အရမ်း ဖောက်ပြန်လွယ်တယ်
တစ်ဖက်က အခြေအနေကိုကြည့်ပြီး
သာတဲ့ခဏနား မသာတဲ့အခါ ထွက်သွားတတ်ကြတယ် ။
အဲဒီလို ဆက်ဆံရေးတွေလည်း
ဘဝမှာ ကြုံခဲ့ဖူးမယ်လို့ ထင်ပါတယ် ။
အပေါ်ယံ ဖြောင့်ချင်အယောင်ဆောင်ပြီး
အတွင်းမှာ ကောက်နေတဲ့ မူမမှန်တဲ့လူတွေ
အမြင်မှာတော့ သိုး လိုလိုနဲ့
အထဲမှာ ဝံပုလွေ သွေးတိုးနေတဲ့ စိတ်ဓာတ်တွေ ။
သတိထား
ကိုယ်ကသာ စိတ်လိုလက်ရနဲ့ ရင်းနှီးပြခဲ့တာပါ
တချို့တွေက လိုတုန်းခဏပဲ ချိုတာ
နောက်တော့
သောက်မရတဲ့ ပင်လယ်ရေတွေ ငန်လို့ ကျိလို့ ။
အခွင့်ရေးသာလိုချင်ပြီး
အနစ်နာကျ မခံချင်တဲ့အပေါင်းအသင်းတွေ
ငွေရှိရင်တစ်မျိုး ငွေမရှိရင်တစ်မျိုး
အမျိုးမျိုး ဆက်ဆံတတ်တဲ့ အရွှေအမျိုးတွေ
လိုချိန်မှာ သကြား မလိုချိန်မှာ ဆား
အဖြာဖြာပြောင်းလဲတတ်တဲ့ လူတွေ ။
အဲဒီလူတွေ အဲဒီလူတွေ
လောကမှာ လုံးဝ မပေါင်းသင့်တဲ့ လူတွေ . . ။
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ
👇✔︎👇✔︎👇✔︎🅿🅰🅶🅴
https://t.me/FoodieHouseMM
https://www.facebook.com/Yawnathan-Vlogs-107378002088146/
https://www.facebook.com/ငါ့အတွက်-ငါရှိတယ်-111593214885272/
https://www.facebook.com/𝘍𝘦𝘦𝘭𝘪𝘯𝘨-𝘕𝘰𝘵𝘦𝘴-107431065311025/
👇❤👇👇❤✍
https://www.facebook.com/အဖြူရောင်-လွင်ပြင်-109947095202715/
12/10/2022
ငါ '' မှား '' ရင်
ငါ့ကို ''မနိမ် '' ပါနဲ့
ငါ့ကို ပြင်ပေးပါ....
ပြန်လှည့်ပြီး '' နိဒါန်းကို ''
ပြောင်းလို့ မရတော့ပေမယ့်
ရောက်ရာ နေရာက ပြန်စပြီး
'' နိဂုံး '' ကိုတော့ ပြောင်းလို့ရပါတယ် ...
မိဘ က သင့် ဘဝ ကို
မူရင်း မွေးပေးလိုက်တာနော်
မိတ္တူ ဘဝဖြင့် အဆုံးမခံပါနဲ့ ...
ဘဝ ကောင်းကို ရခဲ့တာ မဟုတ်သလို
ဘဝ ဆိုးကိုလည်း ရခဲ့တာ မဟုတ်ဘူး
ဘဝ ပဲ ရခဲ့တာပါ
အဲ့ ဘဝ ကို အကောင်း အဆိုးဖြစ်အောင်
တို့တတွေက ဖန်တီး လိုက်ကြတာပါ ...
ကျရှုံး မှာ မကြောက်ပါနဲ့
မကြိုးစား ကြည့်မိမှာကိုသာ
ကြောက်ပါ ...
သဘော အကောင်းဆုံး သူတွေဟာ
အနှိပ်စက် အခံရဆုံး သူတွေ
ဖြစ်နေ တတ်ပါတယ် ...
သူများ ဘဝ အလင်းဆောင်ဖို့ လူတိုင်း
နေမင်း ဖြစ်ချင်ကြတယ်
အမှောင်ဆုံးအချိန်မှာ အလင်းဆောင်ဖို့
ဘာလို့ လမင်း မဖြစ်ချင်ကြတာလဲ ...
မရဖူးတာ ရချင်ရင်
မလုပ်ဖူးတာ လုပ်ရမယ် ...
စတောင်းပန်ရဲတဲ့ သူက
သတ္တိ အရှိ ဆုံးသူပါ
စခွင့်လွတ်နိုင်တဲ့သူက
စိတ်ဓာတ် အကြံ့ခိုင်ဆုံးသူပါ
စ မေ့နိုင်သူက
စိတ်အချမ်းသာဆုံးသူပါ
အရက်မပါဘဲ ပျော်တတ်အောင်
ဖုန်းမပါဘဲ စကားပြောတတ်အောင်
ခြွင်းချက် မထားပဲ ချစ်တတ်အောင်
Selfie မဆွဲလဲ ပြုံးတတ်အောင် သင်ယူပါ ..
#စာပေမြတ်နိုးသူ
12/10/2022
အခါကြီးရက်ကြီးတွေ
မရောက်ချင်ဘူး အမေ ...
အိမ်ရဲ့အဝေးမှာလေ
ပြီးတော့ ...
ကိုယ်တစ်ယောက်တည်းလေ
သာမန်ရက်တွေထက်
ပိုပြီး လွမ်းနာကျရသလို
သာမန်ရက်တွေထက်
ပိုပြီး အထီးကျန်ရသလိုပါပဲ
ပြန်လာချင်ပေမယ့်
ပြန်မရောက်နိုင်တဲ့
ခရီးတွေမှာ
စိတ်ကူးနဲ့ ပြေးရင်း
ပို မောရတယ် ။
အခါကြီးရက်ကြီးတွေမှာ
ကိုယ်ဟာ တစ်ယောက်တည်း ဖြစ်နေပါလား ဆိုတဲ့
အတွေးတွေက
အဝေးမှာ ပိုလို့တောင် သိသာနေသေးတယ်
တကယ်ပါ ...
အခါကြီး ရက်ကြီးတွေကို
တကယ် မရောက်ချင်ဘူး အမေ ။
သာမန်ထက်ပိုနာကျင်ရတဲ့
ရက်လေးတစ်ရက် ဖြစ်နေတာကလွဲရင်
ဘာမှ ထူးခြားမနေတဲ့ အခါတွေမှာပေါ့ ။
#ကျေးကို
Click here to claim your Sponsored Listing.