ဂျပန်မှာအခန်းတွင်းပြင်မီးဖိုချောင်ထိပါ၂၄နာရီလုံးမွှေးချင်ရင်ဒါလေးおすすめလုပ်ပါတယ်ရှင့်👇
#メイポッドキャスト
メイポッドキャスト
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from メイポッドキャスト, Education Website, Osaka, Yagon.
特定技能စားသောက်ဆိုင်အလုပ်visaရပ်ဆိုင်းလိုက်လည်းတစ်ခြား特定技能စာမေးပွဲတွေအများကြီးရှိပါသေးတယ်အဲ့ထဲကမှမြန်မာကနေအလုပ်ခေါ်စာများတဲ့အလုပ်၅မျိုးအကြောင်းကိုအသေးစိတ်ရှင်းပြပေးထားပါတယ်Video အဆုံးထိကြည့်ပေးသွားနော်📌📌📌
#特定技能
#メイポッドキャスト
27/03/2026
ကဲမိနစံတို့ရေ👇
🚨Tokutei စားသောက်ဆိုင် (外食業) ဗီဇာအသစ်ချပေးခြင်း ယာယီရပ်ဆိုင်း 🚨
ဂျပန်နိုင်ငံရှိ 外食業(စားသောက်ဆိုင်လုပ်ငန်း)တွင်
特定技能1号 (Tokutei Ginou 1) ဖြင့် အလုပ်လုပ်နေသော နိုင်ငံခြားသားဦးရေသည် 2026 ခုနှစ် ဖေဖော်ဝါရီလအထိ လူဦးရေ 46,000 ခန့်ရှိနေပြီး၊ သတ်မှတ်ထားသော အများဆုံးလက်ခံနိုင်သည့် အရေအတွက် (50,000) ကို မေလအတွင်း ကျော်လွန်နိုင်မည်ဟု ခန့်မှန်းထားပါသည်။
ထို့ကြောင့် 2026 ခုနှစ် ဧပြီလ 13 ရက်မှ စတင်၍ အောက်ပါကန့်သတ်ချက်များကို အသုံးပြုမည်ဖြစ်ပါသည်။
■ (1) 外食 特定技能 အသစ်လျှောက်ထားသူများ
• ဧပြီ 13 ရက်နောက်ပိုင်း လျှောက်ထားမှုများကို ခွင့်မပြုတော့ပါ
• ဧပြီ 13 ရက်မတိုင်မီ လျှောက်ထားထားသူများကိုသာ စိစစ်ပြီး လက်ခံနိုင်ပါသည်
• ဂျပန်ပြည်တွင်းလျှောက်လွှာများကို ဦးစားပေးစစ်ဆေးမည်ဖြစ်ပြီး ကြာချိန်နှောင့်နှေးနိုင်ပါသည်
■ (2) အခြားဗီဇာမှ 外食 特定技能 သို့ ပြောင်းလိုသူများ
• ဧပြီ 13 ရက်နောက်ပိုင်းတွင် ပြောင်းလဲခွင့် မပြုတော့ပါ
• သို့သော် အောက်ပါအခြေအနေများတွင် စစ်ဆေးနိုင်ပါသည်
① လက်ရှိ 外食 特定技能 ဖြင့် အလုပ်လုပ်နေပြီး အလုပ်ပြောင်းလိုသူ
② 技能実習(စားသောက်ဆိုင်/အစားအသောက်ထုတ်လုပ်ရေး)ပြီးဆုံးသူ
③ 特定活動 (ပြောင်းရန်စောင့်နေသူ)
■ (3) 特定活動 (ပြောင်းရန်စောင့်နေသူ) လျှောက်ထားမှုများ
• အများအားဖြင့် ခွင့်မပြုတော့ပါ
• သို့သော် သတ်မှတ်အခြေအနေများတွင်သာ စစ်ဆေးပါမည်
■ (4) ဗီဇာသက်တမ်းတိုး (更新)
• ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်မည်
⚠️ 外食業 Tokutei Ginou ဖြင့် ဂျပန်တွင် အလုပ်လုပ်ရန် စီစဉ်နေသူများအတွက် အရေးကြီးသော အပြောင်းအလဲဖြစ်ပါသည်။ အချိန်မီ ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါသည်။
#外食業
https://www.moj.go.jp/isa/applications/ssw/03_00001.html
ကဲမိနစံတို့ရေ Visaတင်ဖို့နဲ့စာမေးပွဲဖောင်တင်ဖို့အတွက်ဓာတ်ပုံလိုတဲ့အခါအချိန်ကုန်ခံငွေကုန်ခံပီးစက်တွေမှာရိုက်နေတုန်းလား?
ကိုယ့်အိမ်မှာပဲရိုက်ပီးမိမိဖုန်းနဲ့ပဲလိုချင်တဲ့နောက်ခံbackground နဲ့လိုချင်တဲ့size အမျိုးမျိုးကိုချိန်းလို့ရပါတယ်မျက်နှာလေးတော့သည်းခံကြည့်ပေးကြနော်👇
#メイポッドキャスト
08/02/2026
🇯🇵 Japan ပြည်တွင်း 特定技能1号
(စားသောက်ဆိုင်・စားသောက်ကုန်ထုတ်)
📌 စာမေးဖောင်တင်ကာလ
➡️ မေလအတွင်း ဖောင်တင်ရပါမယ်
➡️ စာမေးပွဲက ဇွန်လအတွင်း ကျင်းပမှာ ဖြစ်ပါတယ်
⚠️ System Update အရေးကြီးအချက်
➡️ စနစ်သစ်ပြောင်းလဲမယ့်အတွက်
📅 မတ်လ 1 ရက်မှ 31 ရက်အထိ
❌ My Page ID လျှောက်လို့မရပါဘူး
➡️ ဧပြီလမှစပြီး စနစ်သစ်နဲ့ ပြန်လျှောက်လို့ရမှာပါ
📌 အခုမှ စဖြေမယ့်သူတွေ /
My Page ID တစ်ခါမှ မလျှောက်ရသေးသူတွေ
➡️ ဖေဖော်ဝါရီလအတွင်း My Page ID လျှောက်ထားတာ အကောင်းဆုံးပါ
⸻
🪪 My Page ID လျှောက်နည်း (အသေးစိတ်)
① Official Website ဝင်ပါ
🔗 My Page ID လျှောက်ရန် Link
➡️ https://otaff1.jp/mypage/
② 「新規登録(အသစ်ဖွင့်)」 ကိုနှိပ်ပါ
③ ကိုယ်ရေးအချက်အလက် ဖြည့်ပါ
• နာမည် (Passport နဲ့တူအောင်)
• မွေးနေ့
• နိုင်ငံသား
• Email
• ဖုန်းနံပါတ်
⚠️ Email မှားရင် အတည်ပြုမရပါဘူး
④ My Page ID / Password သတ်မှတ်ပါ
👉 မမေ့အောင် Screenshot / Note ထားပါ
⑤ Email အတည်ပြု
➡️ Verification mail ထဲက Link ကိုနှိပ်ပါ
✅ My Page ID ဖွင့်ပြီးသား ဖြစ်ပါတယ်
⸻
💻 စာမေးဖောင်တင်ရမည့် Website Link
🔗 試験申込ページ(外食・飲食料品製造)
➡️ https://otaff1.jp/insyoku/
📌 သတိထားရန်
• သင့်စာမေးပွဲအချိန်၊ အတည်ပြု Form ဖောင်ကို My Page ID ဖြင့် Login လုပ်ပြီးမှသာ submit လုပ်လို့ရပါမယ်
⸻
💴 စာမေးပွဲကြေး (参考)
💰 7,000 ယန်း / တစ်ခါ
※ စာမေးပွဲအမျိုးအစား၊ အချိန်အလိုက် အနည်းငယ် ပြောင်းလဲနိုင်ပါတယ်
⸻
📅 တစ်နှစ် ဘယ်နှစ်ခါ ကျင်းပလဲ?
📌 တစ်နှစ် 4–6 ကြိမ်
➡️ လအလိုက် ခွဲပြီး ကျင်းပပါတယ်
➡️ လက်ရှိကြေညာထားတဲ့ Schedule ကို My Page မှာ စစ်ဆေးပါ
⸻
🏷 တစ်ခြား特定技能စာမေးပွဲအချိန်စရင်းများ👇
• 🍽 飲食料品製造分野:1月5〜7日、10〜12日、15〜20日
• 🛠 建設分野:1月6〜11日、13〜17日、19〜24日、26〜31日 / 2月2〜10日、12〜22日、24〜28日
• 🌾 農業分野:1月23〜31日 / 2月25〜28日
• 🐟 漁業・養殖分野:1月1〜31日 / 2月1〜28日
• 🚆 鉄道・運輸関連分野:1月1〜31日 / 2月1〜28日
📌 日程は年度や団体によって変動する場合があります。必ず My Page ID で確認 してください
⸻
📌 My Page ID ဖွင့်ပြီးရင် ဘာလုပ်လို့ရလဲ?
✔ စာမေးပွဲ ဖောင်တင်
✔ စာမေးပွဲနေ့ရွေး
✔ Result စစ်
✔ နောက်တစ်ခါ ထပ်ဖြေရင်လည်း ဒီ ID ပဲသုံးလို့ရပါတယ်
အားလုံးပဲအဆင်ပြေကြပါစေ😍
#メイポッドキャスト
#特定技能
特定技能1号技能測定試験 飲食料品製造業国内試験 | OTAFF ※試験申込前しけんもうしこみまえにすべての項目こうもくの内容ないようを必かならず確認かくにんしてください。 試験申込しけんもうしこみがあった場合ばあいは、すべて確認かくにんしているものとみなされます。 ....
ဂျပန်JLPTအသိပေးချက်📌📌📌
2026 ခုနှစ် JLPT (日本語能力試験) ကိုဂျပန်နိုင်ငံအတွင်းမှာ ဖြေဆိုမယ့်သူများ ကြိုတင်သိထားသင့်တဲ့စည်းကမ်းသတ်မှတ်ချက်အသစ် ဖြစ်ပါတယ်။
✅ ဂျပန်မှာ JLPT ဖြေလို့ရမယ့်သူများ
အောက်ပါအချက်များနဲ့ ကိုက်ညီသူတွေကသာ
ဂျပန်နိုင်ငံအတွင်း JLPT ကို ဖြေဆိုခွင့်ရှိပါမယ်👇
• ဂျပန်ဘာသာ မိခင်ဘာသာမဟုတ်သူ
• ဂျပန်မှာ တရားဝင်နေထိုင်နေသူ
• 在留カード(Residence Card) ကိုင်ဆောင်ထားသူ
• ရေရှည်နေထိုင်ခွင့်ရှိသူများ
(ဥပမာ – 留学ဗီဇာ၊ 就労ဗီဇာ စသည်)
• 永住者(အမြဲတမ်းနေထိုင်ခွင့်ရှိသူ)
📌 JLPT လျှောက်လွှာတင်ရာတွင် မဖြစ်မနေလိုအပ်သည်များ
လျှောက်တဲ့အချိန်မှာ အောက်ပါအချက်တွေကို
မဖြစ်မနေ ထည့်သွင်းရပါမယ်👇
• 在留カード နံပါတ်
• 在留カード သက်တမ်းကုန်ဆုံးရက်
👉 (ဒီအချက်က စည်းကမ်းအသစ်ပါ)
❌ JLPT ဖြေလို့မရတဲ့သူများ
အောက်ပါအခြေအနေများရှိရင်
ဂျပန်နိုင်ငံအတွင်း JLPT ဖြေဆိုခွင့်မရှိပါဘူး👇
• 観光ビザ (Tourist Visa) နဲ့ ဝင်ရောက်လာသူ
• နေထိုင်ခွင့် ၃ လအောက်သာရှိသူ
• 在留カード မရသေးသူ
• လျှောက်တဲ့အချိန်မှာ
中長期在留者 / 特別永住者 မဟုတ်သေးသူ
⚠️ ဂျပန်ဝင်လာဖို့ စီစဉ်ထားပြီး
နောက်ပိုင်း 在留カード ရမယ်ဆိုရင်တောင်
လျှောက်တဲ့အချိန်မှာ 在留カード မရှိသေးရင်
JLPT ဖြေလို့မရနိုင်ပါဘူး။
📌 သတိပြုရန်
• 在留カード သက်တမ်းကုန်ခါနီးသူများ
ကြိုတင်သက်တမ်းတိုးထားဖို့ အရေးကြီးပါတယ်
🌐 JLPT တရားဝင်ကြေညာထားသော Website များ
အချက်အလက်အားလုံးကို တရားဝင် Website မှာလည်း စစ်ဆေးနိုင်ပါတယ်👇
🔗 JLPT 公式サイト
https://www.jlpt.jp/
🔗 JEES(日本国内受験案内)
https://info.jees-jlpt.jp/
📞 အသေးစိတ်မေးမြန်းလိုပါက
JLPT ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်👇
TEL: 03-6686-2974
🕘 9:30 ~ 17:30
(စနေ၊ တနင်္ဂနွေ၊ အစိုးရရုံးပိတ်ရက်များ
နှင့် နှစ်ကုန်နှစ်အစ ပိတ်ရက်များ )
#メイポッドキャスト
JEES 日本語能力試験 - 2025年(ねん)第(だい)2回日本語能力試験(かいにほんごのうりょくしけん) 試験当日(しけんとうじつ)の諸注意(しょちゅうい)
ဒီအချိန်ကြီးဗိုက်ဆာအောင်လို့😝
တရုတ်ဆိုင်တော်တော်များများဝန်ဆောင်မှုမကောင်းပင်မဲ့ဒီဆိုင်လေးကဆိုင်ရှင်နှစ်ယောက်လုံးတော်တော်လေးသဘောကောင်းတယ်အရသာကလည်းပေးရတဲ့စျေးနဲ့အရမ်းတန်လို့recommend ပေးလိုက်ပါတယ်၁၁နာရီဆိုစဖွင့်ပီနော်💁♀️
ဆိုင်လိပ်စာ👇
〒530-0057 Osaka, Kita Ward, Sonezaki, 2 Chome−11−23 JP 5300057 大阪府 202
#マーラータン #梅田 #大阪
#ဖောင်တင်မဲ့သူများ
စာမေးပွဲကိုမကြောက်ဘူး
7500 ပလုံမှာကိုပဲကြောက်
မတင်မိရင်နောင်တရ
တင်ပီးရင်ပိုလို့တောင်နောင်တရ😂
အလုပ်ပြောင်းဖို့စဉ်းစားနေသူတွေအတွက်သတိထားရမဲ့အချက်လေးတွေကိုဝေမျှပေးထားပါတယ်ရှင့်💁♀️
#メイポッドキャスト
ကဲJLPTစာမေးပွဲအဖြေထွက်ပီးမကြာဘူးဖောင်တင်ဖို့ရက်ထွက်လာပါပီဂျပန်ဘက်မှာJLPT Formတင်မဲ့သူတွေအတွက်👇
2026/03/17-2026/04/7(5PMအထိ)တင်လို့ရပါတယ်
အခုမှစဖြေမဲ့သူတွေအတွက်ဖောင်တင်ဖို့အဆင့်ဆင့်👇
🇯🇵 MyJLPT အကောင့်ဖွင့်နည်း (Step by Step)
🔗 Step ① Official Website ကိုဝင်ပါ
👉 MyJLPT ID ဖွင့်ရန် (公式)
https://info.jees-jlpt.jp/acquisition
📝 Step ② Language ရွေးပါ
• 日本語
• English
👉 ကိုယ်အဆင်ပြေတာရွေးလို့ရပါတယ်
📧 Step ③ Email Address ထည့်ပါ
• ကိုယ်အသုံးများတဲ့ Email ထည့်ပါ
• Confirm Email ထပ်ထည့်ပါ
➡️ 送信 / Submit နှိပ်ပေးပါ
📩 Email ထဲကို 確認メール ဝင်လာမယ်
👉 Link ကိုနှိပ်ပြီး အတည်ပြုပါ
👤 Step ④ ကိုယ်ရေးအချက်အလက် ဖြည့်ပါ
အောက်ပါအချက်တွေကို သေချာတိကျအောင် ဖြည့်ဖို့လိုပါတယ်⬇️
• 名前(ローマ字)👉 Passport / 在留カード နဲ့ ကိုက်ညီအောင်ရေးပါ
• 生年月日 (မွေးနေ့)
• 性別
• 国籍
• 住所(日本の住所)
• 電話番号
• Password သတ်မှတ်ပေးပါ
➡️ 完了 / 登録
✅ ဒီအဆင့်ပြီးရင် MyJLPT ID ရပါပြီ
🧾 JLPT Form တင်နည်း (MyJLPT Login ပြီးနောက်)
အရင်ဖြေထားပီးသားလူကMyJLPT Account ဖွင့်စရာမလိုပါဘူး
🔗 Step ⑤ MyJLPT Login ဝင်ပါ
👉 https://info.jees-jlpt.jp/
MyJLPT ID + Password နဲ့ Loginဝင်ပါ
📝 Step ⑥ 「受験申込」 နှိပ်ပေးပါ
• JLPT Level ရွေးပေးပါ→ N1 / N2 / N3 / N4 / N5
• စာမေးပွဲလ → 7月 /
• စာမေးပွဲဖြေမယ့်နေရာကိုရွေးချယ်နိုင်ပါတယ်
⚠️ နောက်ဆုံးသတိထားရမှာကနာမည်နဲ့ကိုယ့်ဖြည့်ခဲ့တဲ့အချက်လက်တွေကိုသေချာပေါက်ပြန်စစ်ပါနာမည်မှားရေးထားရင်Certificate မှာပါမှားနိုင်ပါတယ်
💴 Step ⑦စာမေးပွဲကြေး7500円ငွေပေးချေရပါမယ်
ငွေပေးချေနည်း👇
• Credit Card
• コンビニ払い
• Pay-easy
⏰ 期限အတွင်း မပေးရင် Cancel ဖြစ်မှာမို့သတိထားပီးငွေပေးချေပေးပါ
📮 Step ⑧受験票 စောင့်ပါ
• စာမေးပွဲမတိုင်ခင် ၂–၃ ပတ်အလိုအိမ်လိပ်စာကို စာတိုက်နဲ့ ပို့ပေးပါတယ်ရှင့်
🧠 Step ⑩ စာမေးပွဲနေ့ မဖြစ်မနေယူသွားရမယ့်အရာများ👇
✔️ 受験票
✔️ 在留カード / パスポート
✔️ HB鉛筆 / シャーペン
✔️ 消しゴム
✔️腕時計
ကဲဖောင်တင်ဖို့ဆုံးဖြတ်ပီးပီဆိုရင်အပေါ်မှာရေးပေးထားတွေအတိုင်းသေချာဖတ်ပြီးတင်လို့ရပါပီ💁♀️
#メイポッドキャスト
JEES 日本語能力試験 - 2025年(ねん)第(だい)2回日本語能力試験(かいにほんごのうりょくしけん) 試験当日(しけんとうじつ)の諸注意(しょちゅうい)
ဂျပန်လုပ်ငန်းခွင်စဝင်သူတွေကြုံတွေ့ရမဲ့အရာတွေကိုရည်ရွယ်ပီးပြောပြပေးထားတာမို့အဆုံးထိနားထောင်သွားနော်💁♀️
#メイポッドキャスト
Click here to claim your Sponsored Listing.
Location
Category
Website
Address
Osaka
Yagon