The A'scent English

The A'scent English We aim to assist learners to build up a strong and long-lasting foundation for progress in English b

Do you like potato cutlet?  Yummy Yummy 'Aloo cutlets' !! 😋😋
24/01/2021

Do you like potato cutlet?

Yummy Yummy 'Aloo cutlets' !! 😋😋


'Phrasal verbs' အကြောင်း သိကောင်းစရာPhrasal verbs (ကြိယာပုဒ်စု) ဆိုတာ 'verb (ကြိယာ)' နဲ့ 'particle (ပစ္စည်း)' ပေါင်းထားခ...
28/12/2020

'Phrasal verbs' အကြောင်း သိကောင်းစရာ

Phrasal verbs (ကြိယာပုဒ်စု) ဆိုတာ 'verb (ကြိယာ)' နဲ့ 'particle (ပစ္စည်း)' ပေါင်းထားခြင်း ဖြစ်ပါတယ်။
ဥပမာ- 'look up'
'look' က verb ဖြစ်ပြီး 'up' က particle ဖြစ်ပါတယ်။

'Phrasal verbရဲ့ ထူးခြားချက်'
Verb နဲ့ particleပေါင်းပြီး မူလအဓိပ္ပာယ်နဲ့ဆိုင်လေ့မရှိပဲ အဓိပ္ပာယ်အသစ်ထွက်လာတာမျိုးပါ။ စာဖတ်ရင်ဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရင်ဖြစ်ဖြစ် phrasal verb‌ တွေဟာ သူတို့ရဲ့ ထူးခြားချက်ကြောင့် အဓိပ္ပါယ်ကိုနားလည်ဖို့ကြိုးစားရာမှာ အနှောင့်အယှက် ပေးတတ်ကြပါတယ်။ ဒါ့အပြင်ကို ထွက်လာတဲ့အဓိပ္ပာယ်ဟာလည်း တမျိုးမကဖြစ်တတ်ပါတယ်။
ဥပမာ- 'look' ကို တိုက်ရိုက်အဓိပ္ပါယ်ပြန်မယ်ဆို 'မျက်လုံးကို အသုံးပြုပါ' လို့ ​​​ပြန်နိုင်တယ်။ 'up' ဆိုတာ preposition (ဝိဘတ်)တစ်မျိုးဖြစ်ပြီး preposition 'down' ရဲ့ ဆန့်ကျင်ဖက်ပါ။ ဒါပေမယ့် နှစ်ခုပေါင်းလိုက်တော့ အဓိပ္ပာယ်ပြောင်းသွားရော။

'Look the word up in dictionary'
မြန်မာလိုပြန်တော့'စကားလုံးရဲ့ အဓိပ္ပာယ်ကို အဘိဓာန်မှာရှာပါ' ။ ဒီနေရာမှာ 'look up' ဆိုတာ အချက်အလက် ကို ရှာဖွေတယ်လို့ အဓိပ္ပာယ် ရတယ်။

' I'll look you up next time I'm in Yangon' - မြန်မာလိုပြန်တော့ ' နောက်တကြိမ်ရန်ကုန် ပြန်ရောက်ရင် ရှင့်ဆီလာလည်ပါမယ်'။ ဒီစာကြောင်းမှာ 'look up'ရဲ့ အဓိပ္ပာယ်က 'မတွေ့ရတာကြာပြီဖြစ်တဲ့ လူတစ်ယောက်ဆီ အလည်အပတ်သွားတယ်' ဆိုတာမျိုးပါ။

' I hope things are looking up next year' - မြန်မာလိုပြန်တော့ ' နောက်နှစ်မှာ အရာရာဟာ ပိုမိုကောင်းမွန်လာမယ်လို့ ကျွန်မမျှော်လင့်မိတယ်'။ ဒီနေရာမှာတော့ 'look up' ဟာ ပိုမိုကောင်းမွန်လာတယ်လို့ အဓိပ္ပာယ်ရပါတယ်။
အခုလို ရောဂါကပ်ကျတဲ့ ခေတ်မှာတော့ ဒီအဓိပ္ပာယ်လေး ပေါ်အောင် တွင်တွင်ကျယ်ကျယ်အသုံးပြု လို့ရမှာပါ။ 'The Accent English language center' ကလည်း နှစ်သစ်အတွက် ဒီလိုလေး ဆုတောင်းလိုက်ပါရစေ

'We hope the world will start to look up in the new year'



Try not to be perfect, but to be better

Can you find the mystery words? အလျားလိုက် စာလုံးလေး (၈)လုံးရေးဖြည့်ပြီး ဒေါင်လိုက် 'mystery words' သုံးလုံးရှာကြည့်မယ်ဘ...
09/12/2020

Can you find the mystery words?

အလျားလိုက် စာလုံးလေး (၈)လုံးရေးဖြည့်ပြီး
ဒေါင်လိုက် 'mystery words' သုံးလုံးရှာကြည့်မယ်

ဘယ်သူအရင်ဆုံးရှာနိုင်မလဲကြည့်ရအောင် 😉

🛎 Class Announcement 🛎➡ Pronunciation and Speaking Course (Level-1)➡ International Phonetic Alphabets (IPA)➡ Learn, prac...
05/12/2020

🛎 Class Announcement 🛎

➡ Pronunciation and Speaking Course (Level-1)
➡ International Phonetic Alphabets (IPA)
➡ Learn, practise and test
➡ Sat & Sun (5:00 - 6:30 p.m)
➡ Synchronous learning (Zoom)
➡ 2 months
Sart: 19th December 2020
End: 7th February 2021
➡ 15,000 MMK (per month)

Trainer - Khine Khine Wai
👩‍🎓 B.A English (University of Yangon)
👩‍🎓 Diploma in ELT

Pronunciation and Speaking Level-1 တန်းခွဲသစ် ဖွင့်ပါပြီ 🎉

🔺 Level-1 မှာ phonetic symbols (or) International Phonetic Alphabets (IPA) ကို သင်ပါမယ်
🔺 အသံထွက်ပုံထွက်နည်းကိုစနစ်တကျလေ့လာမယ်
🔺 အသံထွက်ပီသအောင်လေ့ကျင့်မယ်
🔺 symbols နဲ့ soundsကိုတွဲမှတ်မိအောင် တစ်ခါတည်းလေ့ကျင့်ပေးပါမယ်
🔺 consonant sounds နဲ့ vowel sounds blending လုပ်တတ်အောင်၊ phonemic transcription ဖတ်တတ်အောင် ပျော်ပျော်ပါးပါးနဲ့ ပေါ့ပေါ့ပါးပါး တူတူလေ့လာကြပါမယ်
🔺 တတ်မြောက်မှုကို test လေးတွေ၊ quizလေးတွေဖြေပြီး စစ်ဆေးပေးပါမယ်
🔺 အခြေခံက စသင်မှာဖြစ်တဲ့တွက် အင်္ဂလိပ်စာအခြေခံသာရှိမယ်ဆို level -1 တန်းကို အရွယ်မရွေးတက်လို့ရပါတယ်

✔ ဒီအတန်းပြီးတဲ့ခါ dictionary အသံထွက်ကို ကောင်းကောင်းဖတ်တတ်ပါမယ်
✔ နားနဲ့နားထောင်ရုံနဲ့မကွဲတဲ့အသံတွေကို စနစ်တကျခွဲတတ်လာပါမယ်
✔ ကိုယ်လေ့လာနေတဲ့ အင်္ဂလိပ်ဘာသာစကားရဲ့ အခြေခံအသံလေး​တွေ ဘယ်လိုဖြစ်လာတယ် ဘယ်လိုပေါင်းစည်းထားတယ်ဆိုတာကို စနစ်တကျလေ့လာရတာ အင်မတန်စိတ်ဝင်စားဖို့ကောင်းသလို အသုံးလည်းဝင်ပါတယ်

- စနေ၊တနင်္ဂနွေတန်းခွဲ ဖြစ်ပါတယ်
- သင်တန်းချိန် ညနေ ၅ကနေ ၆ခွဲပါ
- သင်တန်းကာလ ၂လကြာမြင့်မှာဖြစ်ပြီး တစ်လကို သင်တန်းကြေး ၁၅,၀၀၀ ကျပ်ပါ
- ၂လစာတစ်ခါတည်းသွင်းရင် ၂၉,၀၀၀ကျပ်ပါ
- သင်းတန်းသားဟောင်းများတွက် 10% discount ပါ
- သင်တန်းကြေးကို ၂လစာ တစ်ခါတည်းပေါင်းမသွင်းလိုပါကလည်း တစ်လတစ်ခါခွဲသွင်းခွင့်ရှိပါမယ်
- Level-1 ပြီးရင် Level-2 အတန်းဆက်တက်လို့ရပါမယ်

What's more?
▶ Level-1 မှာ အခြေခံ ဗျည်းသံ၊ သရသံတွေကို (segmental features အနေနဲ့) လေ့လာမှာဖြစ်ပြီး Level-2 မှာတော့ လက်တွေ့ကျကျပြောဆိုတဲ့ခါ အသံတွေဖိပုံ၊ ဆက်ပုံ၊ ဖော့ပုံ၊ ရပ်ပုံ၊ လေယူလေသိမ်း စတဲ့အသံကစားပုံတွေကို (suprasegmental features အနေနဲ့) ဆက်လေ့လာကြပါမယ်

စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်ကို page chat box မှသော်လည်းကောင်း၊ ဖုန်း 09255700653 သို့ဆက်သွယ်၍သော်လည်းကောင်း စုံစမ်းမေးမြန်းအပ်နှံနိုင်ပါတယ်


Try not to be perfect, but to be better

19/11/2020

New Class in January🔖🔖

🚩General English Class
( Pre-intermediate )

☑ Efficient lessons
☑ Fun and practical learning activities
☑ Continuous assessment and monthly quizzes
☑ Well-trained and qualified teachers
☑ Limited seats
☑ Discount available

💵 Monthly fees (5 weeks,15hrs) - 30,000 MMK
💻 Learning platform - Zoom Meeting
📆 Starting date - January 2nd (Saturday)
📆 Class time - Saturday & Sunday (10:00 -11:30 a.m)

📌 လစဥ်ပုံမှန်တန်းဖြစ်တဲ့အတွက် continuous learning and continuous assessment လိုချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်

📌 လူဦးရေကန့်သတ်ထားမှာဖြစ်တဲ့အပြင် အတန််းတစ်ခုချင်းဆီမှာလည်း ဆရာမတစ်ဦးထက်မကကူညီပေးဖို့အသင့်ရှိနေမှာဖြစ်ပါတယ်

📌 အတန်းတွင်း activity တွေမှာ တစ််ယောက်ချင်းစီရဲ့အားသာချက်နဲ့ အားနည်းချက်တွေကို assess လုပ်ပေးနေမှာဖြစ်ပြီး တစ်လတစ်ခါ မိမိရဲ့တိုးတက်မှုကိုသိနိုင်အောင် monthly quizzes များလည်း ဖြေကြပါမယ်

📌 တစ်လကို ၃၀,၀၀၀ (သုံးသောင်းကျပ်) လစဥ်ကြေးပေးသွင်းပြီးတက်ရောက်နိုင်ပါတယ်

---------------------------------------------------------------------------------------------

✔ Level test ဖြေရပါမယ်

✔ အသက် ၁၆နှစ် မှ ၃၀ကြား သင်တန်းသားများကို ဦးစားပေးလက်ခံပါမယ်

✔ သူငယ်ချင်းနဲ့တူတူလာအပ်ပါက 5% discount ရရှိမှာဖြစ်ပါတယ်

✔ သင်တန်းကြေးကို Covid-19 ကပ်ရောဂါ ကာလမှာ အလုပ်အကိုင်အခက်ခဲ၊ ဝင်ငွေအခက်ခဲတွေရှိတာကြောင့် သင့်တော်တဲ့စျေးနှုန်းတစ်ခုနဲ့အင်္ဂလိပ်စာကို ထိထိရောက်ရောက်လေ့လာနိုင်အောင် စီစဥ်ပေးထားခြင်းဖြစ်ပါတယ်။ Covid ကာလပြီးရင်တော့ သင်တန်းကြေးအပြောင်းအလဲရှိမှာဖြစ်ကြောင်း တစ်ခါတည်း မေတ္တာရပ်ခံလိုပါတယ်။

---------------------------------------------------------------------------------------------

👩‍🏫 👩‍🏫 👩‍🏫 👩‍🏫 👩‍🏫
သင်ကြားပေးမယ့် ဆရာမတွေနဲ့ နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်

သင်ကြားသူဆရာမတွေဟာ Diploma in English Language Teaching (အင်္ဂလိပ်စာသင်ကြားရေးဒီပလိုမာ)နဲ့ B.A (English)ဘွဲ့ရတွေဖြစ်တဲ့အပြင် လက်ရှိမှာလည်း ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာန၊ ဘွဲ့လွန်မဟာတန်း ပထမနှစ်မှာပညာဆက်လက်ဆည်းပူးနေကြသူတွေပါ။
Theory ပိုင်းအပြင် Practical ပိုင်းမှာလည်း သင်ကြားရေးအတွေ့ကြုံ အနည်းဆုံးတစ်နှစ်နဲ့အထက်ရှိကြသူတွေပဲဖြစ်ပါတယ်။

🎉 🎉 🎉 🎉 🎉
တစ်ခါ ခုဖွင့်မယ့်အတန်းရဲ့ အားသာချက်ကို ပြောပြပေးချင်ပါတယ်

အားသာချက်ကတော့ ဆရာမ(၅)ဦးလုံးဟာ ကိုယ်စီကျွမ်းကျင်ပိုင်နိုင်ရာ
✅ Speaking
✅ Listening
✅ Reading
✅ Writing
✅ Grammar and vocabulary စတဲ့ English skillsတွေကို ခွဲဝေတာဝန်ယူသင်ကြားပေးမယ့်အစီစဥ်ပဲဖြစ်ပါတယ်

သင်ယူသူကျောင်းသားတွေမှာ မတူညီတဲ့အားသာချက် အားနည်းချက်ကိုယ်စီရှိသလို သင်ကြားသူဆရာဆရာမများမှာလည်း အားသာချက်ကိုယ်စီရှိကြပါတယ်
ကျွန်မတို့ The Ascent English က ဒီအချက်ကိုအသုံးပြုပြီး ကျောင်းသားတွေကို skill စုံ ဘက်စုံမှာ တိုးတက်အောင် ထိထိရောက်ရောက်ကူညီပေးသွားပါမယ်။ သင်တန်းသားတွေဘက်က သင်ယူလိုစိတ်ရှိဖို့နဲ့ အချိန်ပေးနိုင်ဖို့ပဲလိုပါတယ်။

☎ ☎ ☎
အသေးစိတ်ကို page messenger မှသော်လည်းကောင်း ဖုန်း - 09 778551968, 09255700653 တို့ကိုဆက်သွယ်၍သော်လည်းကောင်း စုံစမ်းမေးမြန်းအပ်နှံနိုင်ပါတယ်

လူဦးရေကန့်သတ်ထားတာမို့ မြန်မြန်စာရင်းသွင်းပေးဖို့တော့ လိုပါလိမ့်မယ်


Try not to be perfect, but to be better

A short tour of Phonetics (3)~ beep..beep.. 🚙 ... ~ကဲ.. tour တတိယပိုင်းလေးဆက်လိုက်ရအောင်ဒီအပိုင်းမှာတော့ ...How should w...
14/11/2020

A short tour of Phonetics (3)
~ beep..beep.. 🚙 ... ~

ကဲ.. tour တတိယပိုင်းလေးဆက်လိုက်ရအောင်
ဒီအပိုင်းမှာတော့ ...
How should we study phonetics? Phonetics ကိုဘယ်လိုလေ့လာသင့်လဲဆိုတာကို နှစ်ပိုင်းခွဲပြီး နားလည်တတ်ကျွမ်းသ​လောက်ပြောပြပေးသွားပါမယ်

Studying phonetics အကြောင်းမပြောခင် Learning အကြောင်းနည်းနည်းပြောပြချင်ပါတယ်
Learning မှာမှ acquiring နဲ့ learningဆိုပြီးနှစ်မျိုးရှိပါတယ်။ learning ဆိုတာက learn consciously အသိစိတ်ကနေ ရည်ရွယ်ချက်ရှိရှိသင်ယူလိုစိတ်နဲ့သင်ယူတာဖြစ်ပြီး acquiring ကတော့ learn unconsciously မသိစိတ်ကနေမသိမသာသင်ယူနေခြင်းပါ

သေချာပြန်ရှင်းပါမယ်... ကျွန်မတို့ငယ်စဥ်က ​မိခင်​ဘာသာစကားဖြစ်တဲ့မြန်မာစကားကို ကကြီခခွေးမသိခင်တည်းက 'မေမေ သားရေငတ်တယ်' 'ဖေဖေ သမီးထမင်းစားတော့မယ်' စသည်ဖြင့် အတိုင်းတာတစ်ခုထိရည်ရည်လည်လည်ပြောတတ်ခဲ့ကြပါတယ်
နိုင်ငံခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကဲ့သို့ဘာသာစကားတစ်ခုကိုသင်သလို Subject+Verb+Object sentence structure နဲ့ရေးမှမှန်တယ် Sub+Obj+Verb လို့ အင်္ဂလိပ်မှာမရှိဘူး စသည်ဖြင့်သင်ခဲ့ရ(သင်နေရ)တဲ့အတိုင်း မြန်မာစာရဲ့ ဝါကျတည်ဆောက်ပုံကို စနစ်တကျသေချာမလေ့လာမသင်ယူပါဘဲ 'မေမေ သားဒီအရုပ်လေး လိုချင်တယ်၊ သားကိုဒါလေးဝယ်ပေး' လို့ သဒ္ဒါမှန်မှန်ကန်ကန်အလိုလိုပြောတတ်ခဲ့ပါတယ်

ဘာကြောင့်ပါလဲ ?
ဒါဟာဘာကြောင့်လဲဆိုရင် ​လူ့လောကထဲစတင်မွေးဖွားလာတဲ့ တစ်ရက်သား​ကလေးအရွယ်လေးကတည်းကနေ (မိခင်ဝမ်းထဲမှာသန္ဓေသားအရွယ်လေးကနေ) မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာဘာသာစကားနဲ့အလိုလိုရင်းနှီးပြီးသားဖြစ်လို့ပါ။ မိဘ/အုပ်ထိန်းသူတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်အနီးနား​ကလူတွေက ကိုယ်ဘာမှန်းမသိသေးတဲ့ ဘာသာစကားတစ်ခုကို ထပ်တလဲလဲပြောနေကြတာကို ကလေးငယ်လေးဟာ အိပ်လျက်အနေအထားကနေ မှောက်နိုင်၊ ထထိုင်နိုင်၊ ဖင်တွန်းသွားနိုင်၊ လေးဘက်သွားနိုင်၊ မတ်တပ်ရပ်လမ်းလျှောက်နိုင်တဲ့အထိ နေ့စဥ်ရက်ဆက်ကြားနေရပါတယ်။ ရက်တွေလတွေကြာတာတာနဲ့အမျှ ကလေးငယ်လေးဟာ သူတို့စကားပြောနေကြပါလား ဒါလိုချင်ရင်ဒီလိုပြောရတယ် ဒီလိုအသံလေးတွေလုပ်ရတယ်ဆိုတာ အလိုလိုသဘောပေါက်လာပါတယ်။ Language ကို acquireလုပ်တယ်ခေါ်ပါတယ်။ ဒီလိုကနေ တစစမိခင်ဘာသာစကားကို ကြားနာခြင်း(acquired input)ကနေ ပြောဆိုခြင်း(output)ဆီကူးပြောင်းလာပြီး မြန်မာဘာသာစကား(သို့) *မိခင်ဘာသာစကားကို ​ဖြည်းဖြည်းချင်း ပြောတတ်လာပါတယ်။

အလားတူပါပဲ
အင်္ဂလိပ်ကဲ့သို့ မိခင်ဘာသာစကားမဟုတ်တဲ့ နိုင်ငံခြားသာသာစကားတစ်ခုကို လေ့လာတဲ့ခါမှာလည်း language acquisition ဆိုတာရှိပါတယ်
စောစောက phonetics ကိုဘယ်လိုလေ့လာရမလဲဆိုတာ ပြန်သွားပါမယ်။ (ဒီမှာတစ်ခုပြောချင်တာက ကိုယ်ဟာ English Language Acquisition အားကောင်းသူ လုံလောက်တဲ့ input ရှိထားပြီးသူဆိုရင် phonetics ကိုသီးသန့် မ​ဖြစ်မနေပြန်လေ့လာဖို့မလိုပါဘူး။ သို့ပေမယ့် enough input ရှိသော်ငြား အသံတွေကို ကြားရုံနဲ့နားနဲ့မခွဲခြားနိုင်၊ ကွဲကွဲပြားပြားပြန်မထွက်နိုင်၊ သက်ဆိုင်ရာအသံဖြစ်အင်္ဂါတွေကို စနစ်တကျပြန်မသုံးတတ်သူဆိုရင်တော့ phonetics ကိုသေချာလေ့လာဖို့ လိုပါလိမ့်မယ်)

ဘယ်လိုလေ့လာရမလဲ ?
Sound acquisition ကို listening တွေကတစ်ဆင့်ရနိုင်ပါတယ်။ listening ဟာ သင့်ရဲ့ pronunciation ကောင်းစေဖို့ များစွာအထောက်ကူပြုပါတယ်။ ကလေးငယ်လေးဟာ ငယ်ငယ်က ​နေ့စဥ်ရက်ဆက်မိခင်ဘာသာစကားပြောနေကြတဲ့ ပတ်ဝန်းကျင်တစ်ခုမှာကြီးပြင်းခဲ့သလို ခုလည်း ကိုယ်တိုင်English Language Atmosphere လေးတစ်ခုဖန်တီးရပါမယ်။ English movies တွေ series တွေများများကြည့်ပါမယ်။ subtitle ဖျောက်ပြီးသော်လည်းကောင်း၊ English sub နဲ့သော်လည်းကောင်းကြည့်နိုင်က ပိုကောင်းပါတယ်။ English songs တွေနားထောင်တဲ့ခါမှာလည်း lyrics ကိုတစ်ခါတည်းရှာတာထက် lyrics မပါဘဲ သူဘာဆိုသွားတာလဲဆိုတာ နား​ထောင်ပြီး အရင် guess လုပ်ကြည့်ပါ ပြီးမှသာ ကိုယ်မှန်းတာမှန်မမှန် lyrics နဲ့ပြန်တိုက်စစ်ပါ။ နောက်ပြီး...News တွေ Radio programme တွေကို English လို များများနားထောင်ပေးပါ။ ကိုယ်နှစ်သက်ရာ talk show တွေကြည့်ပေးပါ podcastတွေနားထောင်ပါ။ input များလေလေ acquisition ပိုခိုင်လေလေပါ။
တစ်ခါ ကိုယ် acquire လုပ်ထားတာတွေကိုလည်း ပြန်အသုံးချနေဖို့လိုပါတယ်။ သူတို့ပြောတာလေးတွေ လိုက်ပြောကြည့်ပါ။ သူတို့​​ပြောသလိုလေး လိုက်ပြောကြည့်ပါ။ သူတို့လိုတုပပြီး အသံအနေအထားလေးတွေပြောင်းပြောကြည့်ပါ။ ပြောရင်းနဲ့ အသံမမှန်တာတွေ ပိုပိုသတိထားမိလာပြီး အသံမှန်ရအောင် ပြုပြင်နိုင်ပါလိမ့်မယ်။ နောက်ပြီး English only ပုံမှန် communicate လုပ်နိုင်မယ့် language partner ထားပါ။ (ဒီနေရာမှာတော့ acquiring အပြင် learning လည်းနည်းနည်းစွက်ပါတယ်)

ဒီလောက်ဆို acquiring တွက်လုံလောက်မယ်ထင်ပါတယ်။ သိမှတ်သလောက်ပြောပြပေးခြင်းဖြစ်ပါတယ်။ စာဖတ်သူတို့မှာလည်း အကြံဉာဏ်လေးများ မေးခွန်းလေးများရှိခဲ့ရင် post comments မှာသော်လည်ကောင်း၊ page messenger မှသော်လည်းကောင်း အကြံပေးမေးမြန်းနိုင်ပါတယ်။ ​နောက်နေ့မှာ tour တတိယပိုင်းရဲ့အဆက်လေးကိုရေးပေးသွားပါမယ်။ acquiring နဲ့မဟုတ်ဘဲ စနစ်တကျဘယ်လို learning လုပ်ရမလဲဆိုတာ ဝေမျှပေးပါမယ်။

*မိခင်ဘာသာစကား - မြန်မာဘာသာအပြင် သက်ဆိုင်ရာဒေသအလိုက် တိုင်းရင်းသားဘာသာစကားတွေလည်းဖြစ်နိုင်ပါတယ် (မွန်၊ ရခိုင်၊ ကရင်၊ ကချင်၊ ချင်း.. စသည်)

အားလုံးပဲ သာယာပျော်ရွှင်ဖွယ် နေ့လေးတစ်နေ့ဖြစ်ပါစေ 🌻




Try not to be perfect, but to be better

Firt part (What is phonetics?) 👇👇👇 https://m.facebook.com/story.php?story_fbid=157455869357022&id=113217123780897

Second part (Who should study phonetics?) 👇👇👇
https://m.facebook.com/story.php?story_fbid=161120245657251&id=113217123780897

k (ခေ)နဲ့ မစ,ပေမယ့် k(ခ)သံထွက်တဲ့ စာလုံးတချို့ ရေးကြည့်မယ်- crush - come- cream - crispy - critical- Christmas- Christin...
14/11/2020

k (ခေ)နဲ့ မစ,ပေမယ့် k(ခ)သံထွက်တဲ့ စာလုံးတချို့ ရေးကြည့်မယ်
- crush
- come
- cream
- crispy
- critical
- Christmas
- Christina
- chameleon
- chaos
- character

တစ်ခါ ch နဲ့စ,ပေမယ့် ချသံ၊ ခသံ၊ ရှသံ အသီးသီးထွက်နိုင်တဲ့ စာလုံးတချို့ရေးကြည့်မယ်
- church (ချာ့ချ်)
- change (ချိန်းဂျ်)
- cream (ခရင်မ်)
- chameleon (ခမီးလီယ(မ်))
- chandelier (ရှန်ဒလီးယာ)
- champagne (ရှန်ပိန်း)

ဒါတွေကိုကြည့်ခြင်းအားဖြင့် _

(၁) အမြဲတမ်း စာလုံးပေါင်းကိုကြည့်ပြီး အသံထွက်ကိုခန့်မှန်းလို့မရနိုင်ဘူး
(၂) စာလုံးအက္ခရာတူသော်လည်း အသံထွက်အမျိုးမျိုးထွက်နိုင်တယ် (change, chandelier, chameleon)
(၃) စာလုံးအက္ခရာမတူသော်လည်း အသံထွက်တူနိုင်တယ် (kindle, crispy, christmas)
လို့သိနိုင်ပါတယ်




Try not to be perfect, but to be better

🎶မိုးဦးရေလျှံ မိုးဦးရေလျှံ မိုးဦးရေလျှံ မိုးဦးရေလျှံ salmon ငါးတို့အပြန် salmon ငါးတို့ အပြန် အပြန် အပြန် အပြန် salmon င...
14/11/2020

🎶မိုးဦးရေလျှံ မိုးဦးရေလျှံ မိုးဦးရေလျှံ မိုးဦးရေလျှံ salmon ငါးတို့အပြန် salmon ငါးတို့ အပြန် အပြန် အပြန် အပြန် salmon ငါးတို့အပြန်🎶

သင်သိပါသလား salmon မှာ 'l' သံမထွက်ပါ။
ကိုယ်ကတော့ မသိခဲ့ပါ။ ဆယ်လမွန် ပဲ😎

🎶ဆယ်လမွန် ငါးးးးးတို့အပြန်🎶 😄

ခုတော့သိသွားပါပြီ
salmon မှာ l သံ silentပါ
'l' သံ silent ဖြစ်ရင် သူ့အရှေ့မှာ a,o,u ရှိတတ်ပါတယ်။ salmon (-al), yolk (-ol), should (-ul)

ဒါ​ပေမယ့် ပုံသေကားချပ်မှတ်လို့လည်းမရပြန်ဘူး။ salmon မှာ l slient ဖြစ်ပေမယ့်
salmonella (အစာအဆိပ်သင့်စေတတ်သော ပိုးတစ်မျိုး)မှာတော့ l သံထွက်ပြန်ရော

အကြမ်းအားဖြင့်တော့ a, o, u နောက်က 'l' တွေကို အသံဖျောက်ထွက်ရမယ်လို့မှတ်နိုင်ပါတယ်။ salmonell​ လိုခြွင်းချက်လေးတွေတော့ တစ်ချက်သတိထားပြီးပြန်စစ်ပေးဖို့လိုပါမယ်။

ကိုယ်တိုင်လည်းမှားခဲ့ပြီး အသုံးများတဲ့ silent 'l'ပါတဲ့ စကားလုံးတချို့ကို ပြောပြပေးချင်ပါတယ်

chalk talk
half calf
folk yolk
should could
alms psalm ( p ရော l ရော silentပါ)

Give me the blue chalk.
Who are you talking to?
You should really quit smoking as soon as possible.

silent 'l' ပါတဲ့ / 'l'သံဖျောက်ထွက်ရတဲ့ တခြားစာလုံးလေးတွေလည်း ရေးပေးခဲ့နိုင်ပါတယ်

သာယာလှပသောနေ့လေးတစ်နေ့ဖြစ်ပါစေ
Have a beautiful day 💛

(written by)
(edited by)


Try not to be perfect, but to be better

ဒီညတော့ ပေါ့ပေါ့ပါးပါးGame ဆော့ရအောင်ဒီစာလုံးတွေနဲ့ အသံတူကာရံတူတဲ့စာလုံးလေးတွေကို သိသလောက်ရေးကြည့်ကြမယ်ဘယ်သူအများဆုံးရေး...
13/11/2020

ဒီညတော့ ပေါ့ပေါ့ပါးပါး
Game ဆော့ရအောင်
ဒီစာလုံးတွေနဲ့ အသံတူကာရံတူတဲ့စာလုံးလေးတွေကို သိသလောက်ရေးကြည့်ကြမယ်

ဘယ်သူအများဆုံးရေးနိုင်လဲ ကြည့်ရအောင်

Let's play a game.
Try writing as many words that rhyme with the given ones as you can.

Let's see who can write more words.

Address

Yangon

Telephone

+959255700653

Website

Alerts

Be the first to know and let us send you an email when The A'scent English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category