26/10/2023
တချိန်ကအမှတ်တရလေးတစ်ခု...✈️
ပြင်သစ်ဧည့်သည် ၉၉% ပါတဲ့ Mandalay-Yangon Flight တစ်ခုမှာ Yangon Airport Fire Fighting Training အဆုံးမသတ်နိုင်တာကြောင့်ရန်ကုန်ကွင်းယာယီပိတ်တာနဲ့ကြုံခဲ့ရတယ်! ဒီတော့ကျွန်တော်တို့လေယာဉ်ကနီးစပ်ရာနေပြည်တော်လေယာဉ်ကွင်းမှာဆင်းပြီးခဏစောင့်ရမယ်လို့လေယာဉ်မောင်ညီလေးကအင်္ဂလိပ်လို announce လုပ်တယ်! ဒါပေမယ့်ပြင်သစ်ဧည့်သည်အများစုကအင်္ဂလိပ်လိုနားမလည်ကြတော့လေယာဉ်မှူး Captain အကိုရဲ့ request အရပြင်သစ်လိုကြေငြာပေးဖို့စကားပြန်တစ်ယောက်ခေါင်းပေါ်ရောက်လာပါရော... လေယာဉ်ထဲမှာ PA နဲ့ပြောနေကျမဟုတ်ပေမယ့်ခရီးသည်တွေမစိုးရိမ်ရအောင်အဆင်ပြေသလိုကြည့်ကျက်ဘာသာပြန်ကြေငြာဖြစ်လိုက်တဲ့အမှတ်တရအသံဖိုင်လေးပါ...😁✈️