10/12/2023
N3 Online Class
အလုပ်တစ်ဖက်ကြောင့် ရုံးချိန်လွတ် တက်ရောက်ချင်သူများအတွက် တက်ရောက်ဖို့သင့်တော်ပါတယ် အတန်းပြီးမြောက်ပါက ဂျပန်နိုင်ငံရှိ အလုပ်အကိုင်များအတွက်လဲ ချိတ်ဆက်ပေးသွားမှာပါ
Starting Date - 15.12.2023
Day - ကြာသပတေး ~တနင်္ဂနွေ
Time - 7:00 Pm ~ 9:00 Pm
Duration - 4 Months
သင်ကြားမယ့် အကြောင်းအရာများ
- SOMATOME ぶんぼう、かんじ、ご い
- Reading / Listening / Old Questions
မေးခွန်း ဟောင်းများစွာလေ့ကျင့်သွားမှာပါ
တက်ရောက်လိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်
Ph 09965713853 / 09781956517
04/12/2023
N4 Online Class
အလုပ်တစ်ဖက်ကြောင့် ရုံးချိန်လွတ် တက်ရောက်ချင်သူများအတွက် တက်ရောက်ဖို့သင့်တော်ပါတယ် အတန်းပြီးမြောက်ပါက ဂျပန်နိုင်ငံရှိ အလုပ်အကိုင်များအတွက်လဲ ချိတ်ဆက်ပေးပါမယ်
Starting Date - 13.12.2023
Day - တနင်္လာ ~ ကြာသပတေး
Time - 7:00 Pm ~ 9:00 Pm
Duration - 4 Months
သင်ကြားမယ့် အကြောင်းအရာများ
- minna 2 ဖတ်စာအုပ်
- kanji 200
- Writing / Reading / Listening / Old Questions
မေးခွန်း ဟောင်းများစွာလေ့ကျင့်သွားမှာပါ
တက်ရောက်လိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်
Ph 09965713853 / 09781956517
06/11/2023
Hein San အစစအရာရာ အဆင်ပါစေ ဂျပန် မှာလဲအလုပ်တွေအဆင်ပြေပါစေ စာလဲကြိုးစားပါ😊😊😊😊😊 senseiမသွားရသေးဘူးလားခဏခဏမေးနေတာအခုရောက်ပီ
Kaigo
17/09/2023
အားလုံးပဲ ဒီနေ့ sensei
じょしဆိုတဲ့ အကြောင်းအရာလေးကိုရှင်းပြမယ်နော်
はဆိုတဲ့စကားဆက်လေးပါဘယ်နေရာတွေမှာသုံးလဲဘယ်လိုကွာခြားလဲကြည့်ကျမယ်နော်😊😊
は-မှာသုံးပုံးသုံးနည်း၂မျိုးရှိပါတယ်
1. は ရှင်းပြတဲ့အခါမှာသုံးပါတယ်
ဥပမာ - わたし は がくせいです
ကျွန်တော်က ကျောင်းသားဖြစ်ပါတယ်ဆိုတဲ့အကြောင်းရှင်းပြသွားတယ်
かぞく は 4 にんいます
မိသားစု က ၄ယောက်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းရှင်းပြသွားပါတယ်
わたし は たなかです
ကျွန်တော်က တနခဖြစ်တယ် ကိုယ့်ရဲ့နာမည်ကဘယ်သူပါဆိုတာရှင်းပြသွားတာပါ
2. は - ဒါတော့လုပ်တယ် / ဒါတော့မလုပ်ဘူး
ဥပမာ - にほんご は べんきょうします. えいご は べんきょうしません
ဂျပန် စာတော့လုပ်တယ်.English စာတော့မလုပ်ဘူးလို့ပြောတာပါ
အဲမှာသတိထားရမှာက စာကြောင်းက၂ကြောင်းဖြစ်နေတဲ့အတွက် ရှေ့ကဟာတော့လုပ်တယ် နောက်ကဟာတော့မလုပ်ဘူးလို့ပြောချင်တာပါ
かお は あらいます、は は みがきません
မျက်နှာတော့သစ်တယ်. သွားတော့မတိုက်ဘူးလို့ပြောချင်တဲ့အဓိပ္ပါယ်ပါ
テレビ は みます、にほんご は べんきょうしません
တီဗီတော့ကြည့်တယ်.ဂျပန် စာတော့မလေ့လာဘူးလို့ပြောချင်တာပါ