New Goals with Your Sensei
အိပ်မက်အသစ်တွေအတွက် New Goals နဲ့အတူသင်ယူပါ။
25/02/2025
ヤッホー
Service ပေးတာတွေ ရပ်ထားတာ အတော်ကြာခဲ့ပြီမို့ အခုရက်ပိုင်း service လေးတွေ ပြန်ထပ်ပေးသွားပါတော့မယ်
အရင်က service အဟောင်းတွေရော အခုထပ်ရနိုင်မယ့် Service အသစ်တွေရော နိုင်သလောက်လေး ပြန်လုပ်ဖို့ရှိပါတယ်
အခုလက်ရှိရနိုင်တဲ့ service တွေက မြန်မာဘက် Tokutei Form Service/ မြန်မာဘက် JLPT Form Service/ ဂျပန်ဘက်က JLPT Form Service/ ဂျပန်ဘက်က Passport သက်တမ်းတိုး Service/ ယန်းလိုတဲ့သူတွေအတွက် Service/ Rakuten Sim Service တွေ စုံစမ်းလို့ရပါပြီ
မြန်မာဘက်က Service ယူမယ့်သူတွေအတွက် မြန်မာငွေနဲ့ လက်ခံပေးသွားမှာဖြစ်ပြီး ဂျပန်ဘက်ကသူတွေအတွက် ယန်းနဲ့ လက်ခံပေးသွားပါမယ်ရှင်
Service တစ်ခုချင်းစီနဲ့ သက်ဆိုင်တဲ့ အသေးစိတ် post လေးတွေထပ်တင်ပေးသွားပါမယ်ရှင့်
30/01/2025
ဂျပန်စကားပြော လေ့ကျင့်ရန်
အကောင်းဆုံး Link (10)ခု
No. ❶ 🟣Video သင်ခန်းစာ (49)ခု
↓ ↓ ↓
https://tsunagarujp.bunka.go.jp/?lang_id=MY
မြန်မာဘာသာပါလို့ အရမ်းအဆင်ပြေပါတယ်။
........... .........
ဂျပန်စကားပြောကျွမ်းကျင်ဖို့ လေ့ကျင့်ရန် ➡️
စာအုပ်ကောင်း နှစ်အုပ် ပါ
No. ❷🟢 Shadowing 1
👇
https://www.facebook.com/DARUMAJapaneseLanguageSchool/videos/438667553448354/
No. ❸🔵 Shadowing 2
👇
https://www.facebook.com/DARUMAJapaneseLanguageSchool/videos/2465448293508795/
....................................................
ဂျပန်စကားပြော Video
အခမဲ့ ကြည့်ပြီး လေ့လာရန်
⤵️
No. ❹ 🟡https://gakken-ep.jp/extra/kanjigaiinihongo/
အခြေခံစကားပြောများဖြစ်ပါတယ်။
မူရင်းဖတ်စာအုပ်နဲ့ တွဲပြီးလေ့လာလို့လဲရပါတယ်။
.................................................
ဂျပန်က コンビニ24နာရီစတိုးမှာ
အလုပ်လုပ်မယ့်သူတွေအတွက်
မြန်မာလို ဘာသာပြန် လည်း ပါပါတယ်။
↓
No. ❺ 🟠https://2024.ask-books.com/jp/konbini/lesson1/
☝️
စကားပြောသင်ခန်းစာ (၂၃)ခန်း
မူရင်းစာအုပ်နဲ့ တွဲပြီးလေ့လာလို့
လဲရပါတယ် ။
ကြိုးစားနားထောင် ပြီးရင် လိုက်ပြောကြည့်ပါ ။
...............................................
No.❻.ဟိုတယ်မှာအလုပ်ဝင်ချင်သူများလေ့လာရန်စကားပြောများ
https://www.ask-books.com/jp/hotelnonihongo -action%3Aaction%3Dlightbox%26settings%3DeyJ0eXBlIjoidmlkZW8iLCJ2aWRlb1R5cGUiOiJ2aW1lbyIsInVybCI6Imh0dHBzOlwvXC9wbGF5ZXIudmltZW8uY29tXC92aWRlb1wvODg2MzU3NDEyP2g9ZmVjM2VjN2RlNCN0PSJ9
No.❼🟤စကားပြောချောမွေ့ဖို့
なめらか日本語
https://youtu.be/-qdYZ0z_pXE?si=Tt9IzmzapERK14yX
-.................
Minnano nihongo ( N5, N4 ) ဖတ်စာအုပ် မှ စကားပြော
နှင့်လေ့ကျင့်ခန်းများ အခမဲ့ နားထောင်လေ့လာရန်
သက်ဆိုင်ရာLink ထဲဝင်ပြီး သင်ခန်းစာတစ်ခန်းချင်းစီရဲ့ အောက်မှ 🔊စပီကာပုံလေးကိုနှိပ်ပြီး နားထောင်နိုင်ပါတယ်။
CD ချပ်ထည့်ပြီးနားထောင်စရာစက်မရှိဘူးဆိုသူများအထူးပါ။ 🥰
များများနားထောင်၊ ခဏခဏနားထောင်ပြီးလိုက်ဆို၊လိုက်ပြောကြည့်ပါ။ Listening skill ၊Speaking skill များတိုးတက်လာပါလိမ့်မယ်။
No.❽🔴 N5 Listening
http://www.3anet.co.jp/ja/6510/
No.❾🔵 N4 Listening
https://www.3anet.co.jp/np/resrcs/240020/
-.................
NHK စကားပြောသင်ခန်းစာ
No. 10🟣 https://www.nhk.or.jp/lesson/ja/lessons/
❤️SU Myanmar
( DARUMA Japanese Language School)
ဂျပန်မှာကျောင်းတက်ချင်သူများအသေးစိတ်စုံစမ်းရန်
DARUMA JLS
Room A, 05-03 , 5 th floor,
Bo Myat Tun Tower, corner of Maharbandula street & Bo Myat Tun street , Botahtaung Township,Yangon
09 45678 0091, 0945678 0092
#会話
#စကားပြော
⤵️
သူငယ်ချင်းတွေလည်းလေ့လာလို့ရအောင် ပညာဒါန
Share ပေးလိုက်ပါအုံး 🥰
SU Myanmar
Credit SuMyanmar
10/01/2025
အလုပ်နဲ့မဟုတ်ဘဲ ပညာရေးပိုင်းစိတ်ဝင်စားတဲ့သူတွေအတွက်
ဂျပန်မှာတက္ကသိုလ်တက်ဖို့ ဘယ်ကစမလဲ
ဒီနေ့ ဆုက အမေးအများဆုံးဖြစ်တဲ့ ဂျပန်မှာ တက္ကသိုလ်တက်ဖို့ ဘာစလုပ်ရမလဲဆိုတဲ့ အကြောင်းအရာကို အနဲငယ် မျှဝေပေးချင်ပါတယ်
ဆုကိုလာမေးကြတဲ့လူတွေထဲမှာ အဓိကအားဖြင့် ၁၆နှစ်ဝန်းကျင်ကလေးတွေနဲ့ လူငယ်လေးတွေများပါတယ် ဘာစလုပ်ရမှန်းမသိတဲ့အရွယ်လေးတွေပေါ့လေ
အဲ့လိုလူငယ်လေးတွေအတွက် ဘယ်ကစရမလဲဆိုတာ အကြမ်းဖျင်းရေးထားပါတယ်
၁။ ဂျပန်မှာ တက်ချင်တဲ့ကျောင်းအရင်ရှာပါ
အနဲဆုံး ၅ခုလောက် list ထဲထည့်ပါ
တခုချင်းစီကို chrome, safari အစရှိသဖြင့် web browser မှာ ကျောင်းနာမည်ရိုက်ရှာပါ
ဥပမာ Tokyo University လို့ ရိုက်လိုက်တာနဲ့ ကျောင်းရဲ့ link ကျလာပါလိမ့်မယ်
Uni website ထဲဝင်ပါ
ဂျပန်ကျောင်းတွေဖြစ်တဲ့အတွက် အဓိက ဘာသာစကားက ဂျပန်လိုပြထားပါလိမ့်မယ် ဂျပန်လိုဖတ်တတ်ရင်တော့ ကိစ္စမရှိပါဘူးနော်
မဖတ်တတ်ရင် language ဆိုတဲ့နေရာမှာ အင်္ဂလိပ်လိုပြောင်းပါ ကျောင်းတော်တော်များများက အင်္ဂလိပ်လိုဖတ်လို့ရပါတယ်
ပြီးတဲ့နောက်မှာ website ထဲက menu bar ကို နှိပ်ပါ (များသောအားဖြင့် ဖုန်းမှာဆိုရင် ဘယ်ဖက်ဒေါင့်လေးမှာ သုံးချောင်း bar ပုံစံလေးရှိပါတယ်)
တခုချင်းစီ click ပြီး လိုက်ဖတ်ကြည့်ပါ
Admission ဆိုတဲ့ page မှာ ကျောင်းတက်ဖို့လိုအပ်တဲ့ Requirements တွေရေးထားတာကိုဖတ်နိုင်ပါတယ်
လိုအပ်တာတွေကြိုပြင်လို့ရသလို၊ အားလုံးစုံတယ်ဆိုရင်လည်း ကျောင်းလျှောက်ရင်း ဂျပန်စာလေးကြိုသင်တာ၊ Eng စာလေးကို smooth ဖြစ်အောင်လုပ်တာ စသဖြင့် အကျိုးရှိရှိလုပ်လို့ရပါတယ်
အဲ့နည်းအားဖြင့်ကျောင်းတက်ဖို့ဘာလိုလဲဆိုတာ ကိုယ့်ဘာသာသိနိုင်ပါတယ် မရှင်းတာရှိရင် စီနီယာများကိုမေးနိုင်သလို၊ဆုကိုမေးကြည့်လို့ရပါတယ်
၂။ ကျောင်းမရွေးတတ်တော့ဘူး ဘာရွေးရမှန်းမသိဘူး?
ဖြေ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဂျပန်ရောက်နေပြီး ကိုယ့်လိုမေဂျာနဲ့ကျောင်းတက်နေတဲ့လူရှိလားကြည့်ကြည့်ပါ
ရှိတယ်ဆို အဲ့ကျောင်းကို list ထဲထည့်ပါမယ်
ကိုယ်က ထိပ်တန်းကျောင်းကိုပဲသွားချင်တာလား ?
ဒါဆို Top Universities in Japan 2024 or 25 လို့ရိုက်ရှာပြီး ကျောင်းတွေကိုမှတ်ထားရပါမယ်
ပြီးရင်အပေါ်က နံပါတ် ၁ မှာရေးထားတဲ့အတိုင်း တခုချင်းစီ Admissions မှာ requirements ကြည့်ပါမယ် အဆင်ပြေတယ်ဆိုရင် သပ်သပ် list ထဲထပ်ထည့်ပါမယ်
၃။ Financial အတွက်စိတ်ပူရတယ်
ဒါဆိုရင်ကျောင်းက homepages တွေကိုမွှေတဲ့အခါ ကျောင်းကသပ်သပ်ပေးတဲ့ scholarship ရှိလားကြည့်ပါမယ် ဘာလိုလည်းကြည့်ပါမယ်
(မရှိလည်း private scholarship တွေလျှောက်လိူ့ရတဲ့အတွက် ကိုယ်က skills တွေမှာအားဖြည့်ထားဖို့လိုပါတယ် Japanese, English, EJU စသဖြင့် အမှတ်ကောင်းအောင်၊ level မြင့်အောင်လုပ်ရင် scholarship ရမှာပါ)
၄။ ဘယ်မေဂျာရွေးရမှန်းမသိဘူး
ဒါကတော့နဲနဲခက်တယ်ပေါ့လေ ဘယ်မေဂျာမဆို သေချာလုပ်ပြီး တချိန်မှာအောင်မြင်နိုင်တယ်လို့ယူဆတဲ့အတွက် ဘယ်ဟာယူပါ၊ဘာညာအကြံမပေးတတ်ပါဘူးနော် သေသေချာချာလေးမိဘတွေ၊မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး ဝါသနာပါတာရှာလို့ရပါတယ် ဝါသနာပါတာတွေ့ပြီဆိုရင်လည်း အဲ့ဒါကိုလုပ်နေတဲ့ senior တွေကို စကားပြောကြည့်တာ၊မေးကြည့်တာလေးတွေလုပ်ခြင်းဖြင့် မေဂျာရွေးလို့ရပါတယ်
ဆုက IT ပိုင်းမို့လို့ အဲ့အပိုင်းဆိုရင်လာမေးလို့ရပါတယ်
၅။ အင်္ဂလိပ်စာအမှတ်ကောင်းတယ် ၊ ဂျပန်စာအမှတ်ကောင်းတယ် scholarships ရမလား
ကြိုးစားကြည့်လို့ရပါတယ် သို့သော် ရမရဆိုတာသည် အကုန် perfect ဖြစ်နေရင်တောင် interview မှာ မဖြေတတ်တာ၊ document မှာကြိုက်အောင်မရေးတတ်တာတွေကြောင့် မရတာမျိုးတွေဖြစ်တတ်ပါတယ်
ဂျပန်က private scholarship တွေကတော့ ဂျပန်စာလိုအပ်တတ်ပါတယ်နော်
၆။ ဂျပန်ရဲ့ကျောင်းတွေကိုတက်ချင်ရင်တဲ့အခါ ဥပမာ တက္ကသိုလ်ပထမနှစ်တက်ဖို့ဆိုရင် ၁၂တန်းတက်နေထဲက လှမ်းလျှောက်ထားလို့ရပါတယ်
မာစတာတက်ချင်တာဆို တက္ကသိုလ်နောက်ဆုံးနှစ်တက်နေထဲက လျှောက်ထားလို့ရတာများပါတယ်
အဲ့လိုလျှောက်မယ်ဆိုရင် ကောင်းကျိုးအားဖြင့် ဒီဖက်ကျောင်းလည်းအပြီး၊ ဟိုဖက် ကျောင်းလည်းအဖွင့်ဖြစ်တဲ့အတွက် အချိန်မနစ်နာတော့ပါဘူး အဲ့လိုမှမဟုတ်ရင် အချိန် ၁နှစ်လောက် ထပ်ကုန်တတ်ပါတယ်နော်
၇။ အိမ်ကမထောက်ပံ့နိုင်ဘူး။ scholarships မရဘဲ အချိန်ပိုင်းအလုပ်နဲ့ တက္ကသိုလ်တက်လို့ရလား ?
ဖြေ။ ရပေမဲ့ ပင်ပန်းပါတယ်နော် အချိန်ပိုင်းအလုပ်က စားစရိတ်၊ နေစရိတ်တော့ ကာမိနိုင်ပေမဲ့ ကျောင်းလခပါပေးဖို့ဆိုရင်တော့ ကျောင်းစာတဖက်နဲ့ သိပ်မဖြစ်
နိုင်ဘူးလို့ပြောချင်ပါတယ်
အိမ်ကနေ ပထမနှစ်အတွက်ထောက်ပံ့မှုယူပြီး ကိုယ်ကနောက်နှစ်တွေအတွက်အချိန်ပိုင်းအလုပ်လုပ်ပြီးစုတာကလည်း ရွေးချယ်မှုတခုအနေနဲ့ရှိပါတယ်
သိချင်တာလေးတွေရှိရင် comment မှာမေးခဲ့လို့ရပါတယ်
ဒီရက်ပိုင်း မိသားစုနဲ့ခရီးသွားနေတာဖြစ်လို့ စာလေးတွေ reply မပြန်ရသေးတာ စိတ်မရှိပါနဲ့နော်
⭐️⭐️⭐️⭐️
လျှောက်လို့ရတဲ့ scholarship များကတော့
1. ကျောင်းရဲ့ recommendations နဲ့လျှောက်လို့ရတဲ့ scholarship များ part 1
https://www.facebook.com/share/p/153rBQqmJB/?mibextid=WC7FNe
2. ကျောင်းနဲ့မဆိုင်တဲ့ private scholarship များ part 2
https://www.facebook.com/share/p/1B4pZ2qwJt/?mibextid=WC7FNe
3. MEXT, Iwatani, JASSO scholarship များအကြောင်း
https://www.facebook.com/share/p/158EffqBqC/?mibextid=WC7FNe
4. ဂျပန်မှာ private scholarship တွေလျှောက်ဖို့
https://www.facebook.com/share/p/15bE3jwvAe/?mibextid=WC7FNe
5. ကျောင်းတက်ဖို့ professor ရွေးမယ်
https://www.facebook.com/share/p/1DtFQyfAwD/?mibextid=WC7FNe
6. ဂျပန်မှာမစတာတက်ရင်ဘယ်လောက်ကုန်မလဲ
https://www.facebook.com/share/p/1WK8WRHbhG/?mibextid=WC7FNe
7.Scholarship အတွက် Terms and Conditions များ
https://www.facebook.com/share/p/19JgC8Y5Ri/?mibextid=WC7FNe
8.ဂျပန်စာမလိုဘဲတက်လို့ရတဲ့ private တက္ကသိုလ်များ
https://www.facebook.com/share/p/19iduBncdS/?mibextid=wwXIfr
9.ဂျပန်စာမလိုဘဲတက်လို့ရတဲ့ အစိုးရတက္ကသိုလ်များ
https://www.facebook.com/share/p/15n3ZQEuen/?mibextid=wwXIfr
10.မာစတာတန်းအတွက် research idea, proposal idea
https://www.facebook.com/share/p/1Cm1d8GpZQ/?mibextid=wwXIfr
သေချာရေးထားတာဖြစ်လို့ ကူးယူခွင့်မပြုပါရှင့်
09/01/2025
ဂျပန်မလာခင် စာနဲ့ အဆက်သွယ်မပြတ်ရအောင် ဒါမျိုးလေး ဝင် join သင့်တယ် Japan စာအပြင် တခြားပညာရပ်အတွေ့အကြုံလေးပါ ရတယ်
Yangon မှာ နေရင်း ဂျပန်စာ သင်တန်းတွေတက်ရတာ အကုန်အကျများလိုက်တာဆိုပြီး ပူပင်သောကရောက်နေကြသူများ ရှိပါသလား‼️
ကျွန်မရဲ့ Shizuoka Japanese Language Center သင်တန်းကျောင်းမှာ
Volunteer (အချိန်ပိုင်း) ဆင်းရင်းနဲ့ ဂျပန်စာကိုအခမဲ့သင်ယူနိုင်မည့် အခွင့်အရေးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
📌အခမဲ့သင်ယူနိုင်မည့်ဂျပန်စာ level
✅N5
✅N4
✅N3
✅N2
✅N1
📌ဂျပန်စာအပြင် အလုပ်အင်တာဗျူး တွေပါ ဝင်ခွင့်ရရှိနိုင်ပါမယ် (သတ်မှတ်အောင်လက်မှတ်တွေတော့ရှိဖို့လိုပါတယ်)
📌Volunteer ဆင်းရမည့် အလုပ်များ
✅office staff
✅digital marketing
✅assistant teacher
✅page admin
✅video editing
📌Volunteer ဆင်းရမယ့်ရက်များ
တပတ် ၂ရက်
✅Tuesday and Wednesday
✅Thursday and Friday
✅Saturday and Sunday
မိမိ volunteer ဆင်းရမယ့် ရက်ကလွဲပြီး ကျန်တဲ့ရက်တွေမှာ မိမိ တက်ချင်တဲ့ Japan စာlevel ကို တက်ရောက်နိုင်ပါတယ် ‼️‼️‼️
(ကြားရက် သို့ စနေ တနင်္ဂနွေ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်)
📌လျှောက်ထားရန်လိုအပ်ချက်များ
✅သင်တန်းကျောင်းသို့ CV form လာတင်ပေးရန်
✅interview လာရန် လိုပါသည်
စိတ်ပါဝင်စားသူများ
အမှတ် 142(A) ဒုတိယထပ် အောက်ကြည့်မြင်တိုငိလမ်းမကြီး အလုံမြို့နယ် ရန်ကုန်
☎️09-252393107, 09-787504375 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်
13/10/2024
iPhone 16Pro & 16ProMax 💗Direct from Japan Apple Official Store💗
ရှေ့ရက်က အသစ်ထွက်ထားတဲ့ iPhone 16 နဲ့ 16plus က showroom တွေ ဆိုင်တွေမှာ သွားဝယ်လို့ရပါတယ်နော်
16pro နဲ့ 16pro max ကတော့ ဆိုင်သွားဝယ်လည်း preorder ပဲ ရတာပါ
အကယ်လို့မှ ကိုယ်က 16pro or pro max ကိုမှ လိုချင်နေပေမယ့် ဆိုင်သွားဖို့ အခက်အခဲရှိတာပဲဖြစ်ဖြစ် ကိုယ်တိုင်တင်ဖို့ အခက်အခဲရှိတာပဲဖြစ်ဖြစ် ငွေချေဖို့ ကဒ်အခက်အခဲရှိတာပဲဖြစ်ဖြစ် apple official store ကနေ order တင်ပေးပါတယ်ရှင်
ကိုယ်တိုင်တင်တာ 1 ပတ်အတွင်း ပစ္စည်းရောက်ပါတယ် သူငယ်ချင်းကိုတင်ပေးတာလည်း 10 အတွင်း ရောက်ပါတယ်။ ဒါက ခန့်မှန်းကြာချိန် သိရအောင်လို့ပါ။
ဟိုးနဂိုထဲက တခြား education ပိုင်းနဲ့ passport service တွေ ပေးလာခဲ့တာဆိုတော့ ( ငွေလွှဲပြီးမှ လိမ်သွားမှာမျိုး) ငွေရေးကြေးရေးပိုင်းကိုတော့ စိတ်ပူစရာမလိုပါဘူးနော်
iPhone နဲ့ ပတ်သက်တဲ့ adapter, cover, case တွေပါ တစ်ခါတည်း order တင်ပေးပါတယ်။
ဈေးတွေက official website က ဈေးနှုန်းအတိုင်းဖြစ်ပြီး service fees ကတော့ ¥4500 ပါရှင်
16pro နဲ့ pro max colour 4 ရောင်နဲ့ ဈေးနှုန်းလေးတွေပါရှင်
Desert Titanium / Natural Titanium / White Titanium / Black Titanium
iPhone 16 Pro
128Gb-159,800¥
256Gb-174,800¥
512Gb-204,800¥
1TB -234,800¥
iPhone 16 Pro max
256Gb -189,800¥
512Gb - 219,800¥
1TB -249,800¥
ကိုယ်ကြိုက်တဲ့ Series/ Colour/ Gb တွေနဲ့ လိပ်စာ ဖုန်း နာမည်ရယ်နဲ့
Direct from Japan Apple Official Store ကနေမှ Preorder/ 100% Prepaid မှာယူလို့ရပါပြီရှင်
အောင်စာရင်းမထွက်ခင်
My Dad: မအောင်ရင် ငါ့ကို အဖေလို့မခေါ်နဲ့
私: ဟုတ်ကဲ့အဖေ
အောင်စာရင်းထွက်ပြီး
My Dad: အောင်စာရင်း ထွက်ပြီလား?
私: ထွက်ပြီ ဦးစိုးကြိုင် 😑
ကဲ နောက်တစ်ကြိမ် 12 လပိုင်း ဖြေမယ် အဲ့တော့မှ မအောင်ရင် ယောင်္ကျားပဲ ရှာယူတော့မယ် ရှင်းလားမသိဘူး😆
25/08/2024
12ကျော်ရင်အောက်linkမှာ အောင်စာရင်းကြည့်လို့ရပါပြီ
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 23:00 |
| Tuesday | 08:00 - 23:00 |
| Wednesday | 08:00 - 23:00 |
| Thursday | 08:00 - 23:00 |
| Friday | 09:00 - 17:00 |
| Saturday | 08:00 - 23:00 |
| Sunday | 09:00 - 17:00 |