GY Keto Diet Plan

GY Keto Diet Plan

Share

Keto by Gorgeous You

05/04/2022

ပိန်ချင်ရုံသက်သက်နဲ့တော့
❎အဆီကျဆေးတွေသောက်ဖို့မလို
❎အဆီကျကော်ဖီတွေလဲသောက်ဖို့မလို
❎အစာအငတ်ခံဖို့မလို
❎Detox Juice တွေသောက်ပီး အဆာခံနေဖို့မလို

✅စားလို့ရတာတွေ အဝစား.. ရှောင်သင့်တာလေးရှောင်ပြီး တစ်လပေါင်ချိန် လက်ဆယ်ချောင်းအထက် ကျလိုတယ်ဆိုရင်.. ဆက်သွယ်လိုက်ပါနော်

ပိုပြီးသေချာလေး သိချင်ရင် Cb မှာ မေးပေးနော်..
✅✅ plan အကြောင်းကို page ထဲမှာ ရှာကြည့်လို့လဲရပါတယ် ✅✅

03/04/2022

Keto Diet အတွက် မေးလေ့ရှိသော မေးခွန်းများ

🌻 ကီတိုဆိုတာဘာလဲ..

👉 ကီတိုဆိုတာ ပိန်ဆေး/ detox/ လေ့ကျင့်ခန်းများမဟုတ်ဘဲ အစားအစာနဲ့ အဆီကျစေတဲ့ diet တမျိုးဖြစ်ပါတယ်..

🌻ကီတိုက ဘယ်လိုမျိုး အဆီကျစေတာလဲ?

👉လူတယောက်ဟာ နေ့စဉ်လှုပ်ရှားသွားလာရှင်သန်ဖို့ စွမ်းအင်လိုပါတယ်.. ကားများ လောင်စာဆီလိုသလိုပါဘဲ..ဒါကြောင့် လိုအပ်တဲ့ စွမ်းအင်ထုတ်ဖို့ လောင်စာကို,
ပုံမှန်လူ = ပုံမှန်အစားအစာကရတဲ့ ဂလူးကိုစ့်သုံးတယ် (ပုံမှန်လူအတွက် ဂလူးကိုစ့်က လောင်စာပါ)
ကီတိုစားသူ= လောင်စာအတွက် ကိုယ်တွင်းက အဆီကိုသုံးတယ် (ကီတိုစားသူအတွက် ကိုယ်တွင်းအဆီက လောင်စာပါ)
ဒါကြောင့် ကီတိုဟာ အဆီကျနှုန်းဆယ်ဆမြန်ပါတယ်..

🌻ကီတိုမှာ ဘာတွေအဓိကစားရတာလဲ

ကီတိုမှာ အဓိက အသားငါး နဲ့ အသီးအရွက်စားရပါတယ်

🌻ကီတိုမှာ အစာစားချိန်သတ်မှတ်ထားပါသလား?

ကီတိုမှာ အစာစားချိန်သတ်မှတ်မထားပါ.. အဆင်ပြေတဲ့အချိန်စားလို့ရပါတယ်..

🌻Keto Dietဟာ ခက်ခဲသလား ?? ကီတို၀င်ဖို့ ဘာတွေ ၀ယ်ရမှာလဲ ??ကီတို၀င်ဖို့ ပစ္စည်းတွေ ၀ယ်ရတာခက်သလား..နယ်က လူများ ကီတိုဝင်လို့ရပါသလား❓❓

ကီတိုdiet ဟာ မခက်ခဲပါဘူး.. အက်မင်တို့က ပုံမှန်စားနေကျ မြန်မာဟင်းတွေကိုဘဲ ကီတိုဖြစ်အောင်စီမံပေးတာပါ .. နောက်ပီး အပိုတွေလည်း ၀ယ်စရာသိပ်မလို ..လုပ်ရတာလည်းလွယ်ကူ ..မိသားစုနဲ့လည်း ပေါင်းချက်လို့ရတဲ့ သဘာ၀ အစားအစာနဲ့ပလန်မျိုးတွေကိုသာပေးပါတယ်..
ဘယ်ဒေသကမဆို အခြေခံအားဖြင့် အသားငါးနဲ့ အသီးအရွက်ရနိုင်ရင် ကီတိုဖြစ်အောင်စားလို့ရပါပြီ..

🌻ကီတိုစားရင် ဘယ်လောက်ကုန်ကျမလဲ.. စျေးကြီးလား?

👉တဦးနဲ့တဦး စျေးကြီးတယ်ဆိုတဲ့ သတ်မှတ်ချက်က မတူတာမို့ စျေးကြီးတယ် မကြီးဘူး သတ်မှတ်ဖို့ ခက်ပါတယ်...
👉ကိုယ်က ချွေတာမယ်.. ကီတိုမုန့်တွေလဲလုပ်မစားဘူးဆိုရင်တော့ တနေ့ စျေးဖိုး ၂၀၀၀ ကျပ်/၃၀၀၀ ကျပ်.. များများစားမယ်ဆို တနေ့ ၅၀၀၀ ကျပ်လောက်ဆို ကောင်းကောင်းစားလို့ရပါပီ...
👉 ချွေတာနေတာမို့ mct oil/ သံလွင်ဆီတွေ ဟင်းချက်ရာမှာ မသုံးနိုင်ဘူးဆိုရင်လဲ မြေပဲဆီ နှမ်းဆီသုံးလို့ရပါတယ်...
👉ကီတိုမုန့်လေးတွေလုပ်စားမယ်ဆို အယ်မွန်မှုန့် ( Almond flour)/ သကြားတု/ အယ်မွန်နို့ စတာလေးတွေ ဝယ်ဖို့ ၂၀၀၀၀ ခန့် ထပ်မံကုန်ကျမှာပါ...

🌻ကီတိုမှာ ဆီများများစားရတယ်ဆိုတာ ဟုတ်ပါသလား..❓❓

👉ကီတိုမှာ ဆီများများစားစရာမလိုပါ.. လူတဦးတယောက်ချင်းရဲ့ ကိုယ်အလေးချိန်နဲ့ အသက်အလိုက် စားရမဲ့ အဆီကိုပမာဏကို တွက်ထုတ်ပီးစားရတာပါ..ပုံမှန်အားဖြင့် မြန်မာရိုးရာဟင်းများဟာ ဆီများများသုံးပြီး ချက်ပြုတ်ထားတာမို့ ကီတိုမှာစားရတဲ့ဆီဟာ မြန်မာဟင်းတွေနဲ့ယှဉ်ရင် များတယ်လို့ မဆိုနိုင်ပါဘူး..

🌻Keto Flu ဆိုတာ ဘယ်လိုဖြစ်တာလဲ… တခါဖြစ်ပြီး ထပ်ဖြစ်မှာလား❓❓

👉အပေါ်မှာ ပြောခဲ့တဲ့ ပုံမှန် ဂလူးကိုစ့်သုံးတဲ့ စနစ်ကနေ ကီတုန်းကိုသုံးတဲ့ စနစ်ကို လုံး၀ပြောင်းသွားပြီဆိုရင် အဲဒီလူကို ketosis ဖြစ်တယ်လို့ခေါ်ပါတယ်.. ketosis ဖြစ်တဲ့အခါ, တဦးတယောက်ချင်းအပေါ်မူတည်ပြီး ကိုက်ခဲတာ ၊ ခေါင်းကိုက်တာ ၊ ကိုယ်ပူတာ ၊ ကြွက်တက်တာ ၊ မအီမသာဖြစ်တာ ၊ ယားတာ ၊ ရင်တုန်တာ ၊ အန်တာမျိုးဖြစ်တတ်ပါတယ်…အကုန်တော့မဖြစ်ပါဘူး တမျိုးဘဲဖြစ်တာရှိသလို ၂မျိုးလဲ ဖြစ်ကြပါတယ်.. ပုံမှန်အားဖြင့် တရက်ပဲဲဖြစ်ပါတယ်…
အကိုက်အခဲပျောက်ဆေးသောက်လို့လိမ်းလို့ရပါတယ်.. ယားတာအတွက် လူးဆေးလူးလို့ရပါတယ်…
နောက်တနေ့မှာ ပေါ့ပါးနေတယ်ဆိုရင်တော့ ကီတိုဖလူကို အောင်မြင်စွာကျော်ဖြတ်ပြီးပါပီ….
ကီတိုပျက်ပီး ပြန်စားရင် ဖလူထပ်ဖြစ်နိုင်ခြေရှိပါတယ်..

🌻သွေးတိုး ဆီးချိုသမားတွေ ကီတိုစားလို့ရပါသလား..❓

👉ဆီးချို type 1 သမားတွေ ကီတိုစားလို့မရပါ.. type 2 သမားတွေ ဆရာ၀န်နဲ့ တိုင်ပင်ပြီး စားနိုင်ပါတယ်..type 2 သမားများ ကိုယ့်သဘောနဲ့ ကိုယ် ကီတိုမစားသင့်ပါ ဆရာ၀န်နဲ့ အမြဲ monitor လုပ်နေသင့်ပါတယ်..။ သွေးတိုးသမားတွေလဲ ဆရာ၀န်နဲ့တိုင်ပင်ပြီးစားသင့်ပါတယ်…။ GY keto မှာပလန်၀ယ်ရင်တော့ အရင်ဆုံး personal data တွေအကုန်မေးပြီး ဆီးချိုသွေးတိုးသမားများအတွက် ဆရာ၀န်နဲ့ တိုင်ပင်ပြီးဆွဲပေးတာပါ…

🌻ကီတိုက အစားလျှော့စားရတာလား..❓❓

👉ကီတိုက အစားလျော့စားစရာမလိုပါဘူး.. အက်မင်တို့က တယောက်ချင်းရဲ့ နေ့စဉ်လိုအပ်နေတဲ့ ပမာဏကို အတိအကျတွက်ပေးထားပြီး ပြည့်မှီအောင်စားပေးရမှာဖြစ်ပါတယ်… လျော့စားခြင်းက ဝိတ်ကျတာကို နှေးစေပါတယ်…

🌻ကီတိုက အစားရှောင်ရလား..❓❓

👉ကီတိုက အစားအနည်းငယ်ရှောင်ရပါတယ်..

🌻ကီတိုလုပ်ရင် တလကို ဘယ်နှစ်ပေါင်ကျလဲ..❓❓

👉ပျှမ်းမျှတပတ်ကို လေးပေါင်ကျပါတယ်… သေချာလိုက်လုပ်မယ်ဆို တလကို အနိမ့်ဆုံး ဆယ်ပေါင်ကျပါတယ်..

🌻ကီတိုdiet လုပ်ပြီးရင် ဝိတ်ပြန်တက်မှာလား❓❓

👉ကီတိုမှမဟုတ်ပါဘူး ဘယ်dietမဆို ဘယ်လေ့ကျင့်ခန်းမဆိုလုပ်ပြီး မဆင်မခြင်ပြန်စားရင်တော့ ပြန်၀မှာပါဘဲ..ချင့်ချိန်စားရင်ပြန်မ၀ပါ… GY Keto နဲ့ဝိတ်ချပြီးရင် နောက်ပိုင်းထိန်းစာရမယ့်ပုံစံကိုလည်း ပြောပြပေးမှာပါ..

🌻ကီတိုရဲ့ကောင်းကျိုးဆိုးကျိုးတွေက

ကီတိုက ဝိတ်ကျစေပါတယ်..
သွေးချိုဆီးချိုကျစေပါတယ်..
သွယ်လျလာတဲ့ အတွက် နှလုံးသွေးကြောကျဉ်းသက်သာစေပါတယ်
ပိန်ဆေး/အဆီကျဖြည့်စွက်စာ အသောက်များပြီး ဆေးယဉ်နေသူများ Gymဆော့သော်လည်းဝိတ်ကျနှေးနေသူများ၊ အ၀လွန်ပြီး gym ထိထိရောက်ရောက်မဆော့နိုင်သူများအတွက် သင့်တော်ပါတယ်..

🌻ကီတိုရဲ့ သတိထားရမည့်အချက်

👉အဓိကကတော့ အစားလုံး၀အမှားခံလို့မရပါဘူး.. သတိထားရပါတယ်.. တရက်တလေကီကိုပျက်မယ်ဆို တရက်ဘဲပျက်တာမဟုတ်ဘဲ ကီတို process တခုလုံးပျက်ပါတယ်..ketosis ပြန်ဖြစ်ဖို့ အချိန်ယူရပီး keto flu ပြန်ဖြစ်ပါတယ်..။
အက်မင်ကိုယ်ပိုင် အယူအဆကတော့ မည်သည့်ဝိတ်ချနည်းမဆို Target weight အထိအရင်ချပြီး ကိုယ်လက်အားကစားလုပ်ခြင်းဖြင့် ဝိတ်ထိန်းတာအကောင်းဆုံးပါပဲ.

ဒါဆိုရင်.. ဝိတ်ကျဖို့အတွက်
ပိန်ဆေးတွေ အဆီကျကော်ဖီတွေလဲ သောက်ဖို့မလိုတော့ပါဘူး...
ပိုပြီးသေချာလေး သိချင်ရင် Cb မှာ မေးပေးနော်..
✅✅ plan အကြောင်းကို page ထဲမှာ ရှာကြည့်လို့လည်းရပါတယ် ✅✅

29/03/2022

တပါတ်နှစ်ရက်ဘဲ cheat တာပါ.. 😄😄
Photo - Credit

28/03/2022

ကိုယ်အလေးချိန်လျော့ချလိုသူ .. ကိုယ်အလေးချိန်ထိန်းထားလိုသူတွေကြားမှာ နာမည်ကြီးတဲ့ Chia Seed ဟာ တကယ်ပဲ ပိန်စေပါသလား ??

တကယ်တော့ ကိုယ်အလေးချိန်လျော့ချရာမှာ အရမ်းရေပန်းစားနေတဲ့ Chia Seed မှာ လူကို ပိန်စေတဲ့ဓါတ် ဘာမှမပါပါဘူး...ဒါ့အပြင် ကယ်လိုရီလဲများပြီး ကာဘိုဟိုက်ဒရိတ်လဲများပါသေးတယ်...
Chia Seedကိုသောက်သုံးတဲ့အခါ သူ့မှာပါတဲ့ ဖိုက်ဘာ ( အမျှင်ဓါတ်) က ရေမှာပျော်ဝင်တာကြောင့် ရေထိရင်ပွလာပီး အဆာအနည်းငယ်ပိုခံစေတာမို့ ထမင်းအစားထိုးသောက်ပေးမယ်ဆိုရင် ကိုယ်ရေစစ်လာနိုင်ပါတယ်... Chia Seed အစား ရေနွေးကြမ်း ( Green Tea/Jasmin Tea),ရိုးရိုးရေ/detox water များသောက်ပေးရင်လဲ အတူတူပါပဲနော်... Chia Seed တော့သောက်ပါရဲ့ အစားတော့မလျော့ဘဲလျှောက်စားနေရင်တော့ ပိန်မှာမဟုတ်ပါဘူး...

Chia Seed စားပွဲတင်ဇွန်း ( ထမင်းစားဇွန်း) ၁ဇွန်းမှာ
69 Calories
💢6g of Carbs ( Carbohydrates)
💢4g of Fat
💢5g of Fiber
💢2g of protein ပါဝင်တာကြောင့် ကယ်လိုရီမြင့်မားပီး ကာဘိုဟိုက်ဒရိတ်ပါဝင်နှုန်းလဲမြင့်မားပါတယ်...ဒါကြောင့် Keto Diet စားသုံးသူများအနေနဲ့ကတော့ Chia Seedက နေ့စဉ်သောက်သုံးရန်မသင့်လှပါဘူး ...
Chia Seed ဖျော်ရည်ဟာ Calorie ပါဝင်တဲ့အတွက်ကြောင့် Fasting ( အချိန်အကန့်အသတ်ဖြင့်အစာရှောင်ခြင်း/ အစာမစားဘဲနေခြင်း)လုပ်ချိန်မှာလဲ သောက်သုံးလို့မရပါဘူး.. Fasting ပျက်ပါတယ်နော်...

ကိုယ်အလေးချိန်လျော့ချဖို့ ဆောင်ရန်ရှောင်ရန်လေးတွေကိုသိချင်တယ်ဆိုရင်GY keto page ကို like and follow လုပ်ထားပေးပါနော်...

25/03/2022

ချစ်တို့ကော အဲ့လိုဘဲလား?? 😁😁
Photo - Credit

25/03/2022

Mozzarella Cheese Stick လှလှလေး ကြော်စားကြရအောင်.. 😋😋

ကီတိုသမားတွေ မုန့်လုပ်စားဖို့အတွက်ဆိုရင်တော့ မော်ဇရဲလားချိစ်က အကောင်းဆုံးပါဘဲ.. မြန်မာပြည်မှာဆိုရင်တော့ Market Place မှာ 200g လောက်ခွဲရောင်းတာလေးတွေရှိပါတယ်.. ခွဲထုပ်ထားပီးသားလေးတွေကုန်နေရင် ချိစ်တုံးတွေထားတဲ့ကောင်တာမှာ ခွဲထုပ်ပေးဖို့ပြောလို့ရပါတယ်.. တခြား Anchor လို Emborg လိုမျိုး ၂၀၀ ဂရမ် မူလပါကင်နဲ့လာတာတွေထက် ခွဲဝယ်တဲ့ ၂၀၀ ဂရမ်က စျေးထက်ဝက်လောက်သက်သာပါတယ်..

ကဲ ဝယ်တဲ့ ကိစ္စပြီးရင် ကြော်တဲ့ဆီသွားပါမယ်.. အဓိက အရာလေးတွေအရင်ပြောမယ်နော်...

၁.ချိစ်စတစ် လှလှပပထွက်လာဖို့ဆို ဆီနည်းလို့ မရပါဘူး အနည်းဆုံး ဆီလက်၂ လုံးခန့်နက်ရပါမယ်.(မျက်စိထဲမြင်ကြည့်ပါ ဒယ်အိုးကြီးနဲ့ အီကြာကွေးကြော်သလို ဆီထဲမှာပေါလောဖြစ်နေရပါမယ်နော်) ဒီတော့ အိုးသေးနိုင်သမျှသေးလေ ဆီကုန်သက်သာလေပါပဲ...အက်မင်ကတော့ အဝ ၅လက်မပဲရှိတဲ့ အိုးသေးသေးလေးကို သုံးပါတယ်..

၂. ချိစ်တွေကို ကပ်ကြော်မှုန့်ကပ်ပြီးရင် ရေခဲသေတ္တာထဲမှာ နာရီဝက်(အလျင်လိုရင် ရေခဲခန်းမှာ ၁၀/၁၅ မိနစ်) ထားဖို့ပါဘဲ..

ကြော်လိုက်ကြရအောင်
ချိစ်ကို လိုသလောက် အချောင်းရှည်လေးတွေတုံးပါ../မကြီးလွန်းမသေးလွန်းပေါ့.. ကြက်ဥတလုံးကိုခေါက်ထားပါ..
ကပ်ကြော်မှုန့်ဖျော်နည်း
အယ်မွန်မှုန့် သို့ အုန်းသီးမှုန့် ၄ ဇွန်း အချိုအတွက် Stevia တထုပ် ဆားအနည်းငယ် ငရုတ်ကောင်းမှုန့်မဲအနည်းငယ်ကို ရောမွှေထားပါ..ဖျော်ထားတဲ့ကပ်ကြော်မှုန့်အရသာမြည်းပါ.. အချိုအငံ လိုတာထည့်ပါ..

ကပ်ကြော်မှုန့်ရပီဆိုရင် ချိစ်ချောင်းတွေကို ကြက်ဥမှာနှစ်ပီး ကပ်ကြော်မှုန့်နဲ့ကပ်ပါ.. ထူနေတဲ့နေရာလေးတွေကို အသာလေးခေါက်ထုတ်ပါ.. အပြင်ခွံထူတာမကြိုက်ရင် ကြက်ဥကပ်ပြီး အမှုန့်ကပ်တာကို ၂ ခါပဲပြန်လုပ်ပါ..

ကပ်ကြော်မှုန့်ကပ်ထားတဲ့ ချိစ်ချောင်းတွေကို အပေါ်မှာပြောထားတဲ့အတိုင်း ရေခဲသေတ္တာထဲ အချိန်ခဏထည့်ထားပါမယ်.. ရေခဲသေတ္တာထဲကထုတ်ပြီးရင် ဆီပူပူမှာထည့်ကြော်ပါ.. မီးကိုအပူဆုံးထား ဆီပူလာပီဆို မီးကို လျှော့ချပီး ချိစ်ချောင်းတွေထည့်ပါ.. ပထမ ၁၀/၁၅ စက္ကန့်လောက် မမွှေ မလှည့်ပါနဲ့..ပြီးရင် ညှပ်/တူလေးနဲ့ အထက်အောက်လှန်ပေးပါ.. အပြင်ခွံလေးတွေနီလာရင်ရပါပြီ..

လုပ်လည်းစားကြည့်ပါ.. ရှယ်လည်း ရှယ်ပေးကြပါဦးနော်..
ကောမန့်မှာ ချိစ်တုံးပုံပြထားပါတယ်..

21/03/2022

ခုလိုအချိန်မှာ ရာသီစာ ကီတိုကော်ဖီအုန်းနို့ကျောက်ကျောလည်း လုပ်စားလို့ရသေးတယ်နော် 😋😋

20/03/2022

ဒီလိုနေ့လယ်ခင်းတွေမှာ ရေနွေးကြမ်းလေးနဲ့ ကီတိုလက်ဖက်လေးနဲ့ ထိုင်မြုံ့နေမယ်ဆိုရင် နွေပူပူကလည်း အရသာဖြစ်နေမှာပါနော် 😊😊

“လက်ဖက်ငပျင်း”

လက်ဖက်ကလည်းစားချင် များများကလည်း မစားချင်တာမို့ ဂေါ်ဖီထုပ် ရိတ်ရိတ်လေး ခပ်များများနဲ့ပေါ့...နှမ်းနဲ့ကြက်သွန်ဖြူကြော်က စိတ်ဝင်စားရင်ထည့်..
ပုစွန်ခြောက်တဆ လက်ဖက်နှစ်ဆ ရောနှပ်ထားတဲ့ လက်ဖက်ထောင်းလေးကလည်း အသက်...
မမ်ဘာညီမယောက်ပေးတဲ့နည်းပါ..ပုစွန်ခြောက်သေးနိုင်သမျှသေးသေးလေးတွေကို ၁၀၀ဂရမ်ဆို လက်ဖက်က ၂၀၀/၂၅၀ ဂရမ်နဲ့ရောနယ်ပီး ဘူးနဲ့သိမ်းထားတာ.. ဝါးသမျှအလုပ်တိုင်းမှာ လက်ဖက်ထဲမြုပ်နေတဲ့ ပုစွန်ခြောက် နိုင်းချင်းကလေ.. ဘာပြောကောင်းမလဲ စိမ့်နေရောပဲ 🤤🤤
လက်ဖက်ခါးစိမ့်ချဉ်စပ်လေး မြှုံ့လိုက်.. ရေနွေးကြမ်းပူပူလေး တဖူးဖူးမှုတ်သောက်လိုက်နဲ့သာ ဇိမ်ခံနေလို့ကတော့ အိမ်ကမေမေက နင်ဝိတ်ချတာဟုတ်ကဲ့လားလို့ မေးမှာ ဧကန်မလွဲ 😋😋 ​ေ

ဒါနဲ့လေ.. တနေ့တနေ့ဆီမပြည့်ဘူး..ဆီဘယ်လိုပြည့်အောင်စားရမလဲလို့ ညီးနေကြတဲ့ မောင်ညီမလေးတို့ရေ.. အဲဒီလက်ဖက်ထဲမှာ ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းပါပါတယ်နော်..လက်ဖက်ကအပြင်မှာ နည်းနည်းလေးပါ ၂၅-၃၀ ဂရမ်လောက်ပဲရှိတယ် ..အသုပ်တွေကဆီစုပ်ပါတယ်.. ဆီမပြည့်ရင် အသုပ်စားကြပါလို့
ပုံပြင်လေးကတော့ဒါပါပဲကွယ်..

Photos from GY Keto Diet Plan's post 19/03/2022

ဒီနွေပူပူအတွက် အထူးသင့်လျော်တဲ့
ကီတို ချောကလက်ရေခဲမုန့်
ကီတို နဂါးမောက်သီးရေခဲမုန့် 😋😋

Photos from GY Keto Diet Plan's post 15/03/2022

ကီတိုနဲ့
💢 အဆီဘဲချချင်တာပါ
💢 အသားတွဲကျတာမျိုး မဖြစ်ချင်ပါဘူး
💢 ကျန်းကျန်းမာမာ ဝိတ်ကျသွားချင်တာပါ
ဆိုသူတွေအတွက်...

ချစ်တို့လည်း သူတို့လို ပြောင်းလဲနိုင်တာပေါ့😍😍
အစားအသောက်သီးသန့်နဲ့ဘဲ ဝိတ်ချရတဲ့ ကီတိုပလန်အကြောင်းလေးတွေ အသေးစိတ်သိရအောင် ခုဘဲ Chat Box ကို လာ “Hi” လိုက်တော့နော်..

🌼 ဝိတ်ချချင်သူတွေ Motivation ရအောင် Before & After ပုံတွေကို စေတနာနဲ့ အသုံးပြုခွင့်ပေးတဲ့ ​မမ်ဘာဟောင်းများကိုလည်း ကျေးဇူးပါနော်🥰🥰

Photos from GY Keto Diet Plan's post 15/03/2022

ကီတိုက
💢 ဗိုက်အဆီကျလား??
💢 ဝိတ်ကျပြီးရင်ကော အသားတွဲကျလား??
💢 ယောက်ျားလေးတွေနဲ့ကော အဆင်ပြေလား??
စတဲ့ “လား” ပေါင်းများစွာအတွက်...

🌼 ဝိတ်ချချင်သူတွေ Motivation ရအောင် Before & After ပုံတွေကို စေတနာနဲ့ အသုံးပြုခွင့်ပေးတဲ့ မောင်လေးတို့ကိုလည်း ကျေးဇူးပါနော်🥰🥰

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Gabaraye Pagoda Road
Yangon
11111

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00