18/11/2025
နေ့စဉ်သုံး စကားပြောများ 여러분 매일 한국어회화 အစီအစဥ်လေးမှ ကြိုဆိုလိုက်ပါတယ်....
쇼핑하기 ...(စျေးဝယ်ထွက်ခြင်း)
할인가는 얼마예요?
လျော့စျေးကဘယ်လောက်လဲ။
이게 정가예요? 아님 할인가예요?
ပုံမှန်လား၊ဒါမှမဟုတ် လျော့စျေးလား။
몇 프로 할인 돼요?
ဘယ်လောက် %လျော့စျေးရလဲ။
그건 할인 안 들어가요?
အဲဒါက လျော့စျေးမရဘူးလား။
세일 언제 끝나요?
Saleက ဘယ်ချိန်ပြီးမှာလဲ။
지금 백화점에서 세일하고 있어요.
အခု ကုန်တိုက်မှာ လျော့စျေးချနေပါတယ်။
이건 안 사고 뺄게요.
ဒီဟာ မဝယ်ပါဘူး။
그냥 돌러보는 중이에요.
ဒီအတိုင်း လှည့်ပတ်ကြည့်တာပါ။
세일 제품이었는데 정가로 계산되었어요.
လျော့စျေး ပစ္စည်းဖြစ်ပေမဲ့ ပုံမှန်စျေးနဲ့ တွက်ယူခဲ့တယ်။
이거 반품하고 싶은데요.영수증은 여기 있어요.
ပစ္စည်းမကြိုက်လို ပြန်ပို့လဲချင်ပါတယ်။ဒီမှာ ဝယ်ထားတဲ့ ပြေစာရှိပါတယ်။
이거 교환하고 싶어요.
ဒါကို လဲလည်ချင်ပါတယ်။
어제 샀는데 마음에 안 들어요.환불할 수 있을까요?
မနေ့ကဝယ်ခဲ့တာပါ။ စိတ်ထဲမကြိုက်လို့ ငွေပြန်အမ်းနိုင်မလား။
더 큰 사즈로 바꾸고 싶어요.
ပိုပြီး sizeကြီးတဲ့အရာနဲ့ လဲချင်ပါတယ်။
좀 더 작은 사이즈로 바꾸고 싶어요.
ပိုပြီး သေးတဲ့ sizeနဲ့လဲချင်ပါတယ်။
유통기간이 지나서 반품하고 싶어요.
ထုတ်ကုန်ရက်စွဲက ကုန်နေလို ပစ္စည်းပြန်ပို့လဲချင်ပါတယ်။
Korea စကားမပြောထွက်တာဟာ မပြောရဲလို ၊အမှားပါမှားကို အာရုံစိုက်နေလိုပါ ပြောပါများရင် တက်လာမှာပါ……