I Love Myanmarsar Education Center

I Love Myanmarsar Education Center

Share

Teaching Agency & Online Classes

09/08/2026

International School ကလေးများအတွက် Online Tution👩‍🏫
မြန်မာပထဝီ/မြန်မာသမိုင်းရော သင်ပေးလား ဆိုသူတွေအတွက်📢
တီချယ်တို့ဆီမှာ လက်ရှိသင်ကြားပေးနေတဲ့ Cambridge/Oxford သင်ရိုးအပြင် မြန််မာစာ မြန်မာပထဝီ မြန်မာသမိုင်းပါ အတန်းတိုင်းကို သင်ကြားပေးပါတယ်။တီချယ်တို့ ကျူရှင်examမှာလည်း ထည့်ဖြေခိုင်းပါတယ်။ဒီနှစ်မှာ မြန်မာသမိုင်း နဲ့ မြန်မာပထဝီ ထည့်သင်ရလို့ အဲ့ဒီဘာသာတွေအတွက် ကျူရှင်လခထပ်ပိုမတောင်းပါဘူးရှင့်။မူလကျူရှင်လခ အတိုင်းပါပဲရှင့်။freeထပ်သင်ပေးတာပါရှင့်။Four Skills Classတွေ အားလုံးကလည်း တီချယ့်ဆီမှာ ကျူရှင်တက်တာနဲ့ freeတက်ခွင့်ရှိတဲ့ အတန်းတွေပါပဲရှင့်။အရာရာခက်ခဲနေတဲ့အချိန်မှာ မိဘတွေကိုလည်း ပိုက်ဆံတွေအများကြီး ထပ်မကုန်စေချင်တဲ့ တီချယ့်ရဲ့ဆန္ဒလေးပါရှင့်။သင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေအားလုံးကလည်း တစ်ကယ်အရည်အချင်းရှိတဲ့ ဆရာ၊ဆရာမတွေကပဲ သင်ကြားပေးနေတာပဲဖြစ်ပါတယ်ရှင့်။

စုံစမ်းရန်
Phone 09252419912/09983403729/09966487891
Viber 09966487891
ဖုန်းဆက်မရပါကviber(သို့)cbမှာမေးထားလို့ရပါတယ်ရှင့်။

07/08/2026

ဒီနှစ်မှာဖွင့်ထားတဲ့ တန်းခွဲဟောင်းတွေရော တန်းခွဲအသစ်တွေပါ ကလေးတွေအကုန်ပြည့်အောင် အပ်ပေးကြတဲ့ ကျွန်မကိုယုံကြည်စိတ်ချပေးတဲ့ မိဘတစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။လောလောဆယ်မှာ examတွေနဲ့ အလုပ်ရှုပ်နေတဲ့အတွက် တန်းခွဲအသစ်တွေ ထပ်မဖွင့်သေးတာပါရှင့်။တန်းခွဲအသစ်တွေ ထပ်ဖွင့်ဖို့လည်း ရှိပါတယ်။ကျွန်မရဲ့အဖွဲ့အစည်းလေးတစ်ခု အောင်မြင်လာတာဟာ ကျွန်မဆီမှာ စာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေကြောင့်လည်း အများကြီးပါတာဖြစ်တဲ့အတွက် ကျွန်မရဲ့ ဆရာ၊ဆရာမတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။စာသင်တာလည်းတော်ပြီး စိတ်ဓာတ်ပိုင်းကအစ ပြောစရာမရှိအောင် တစ်ကယ်ကောင်းမွန်တဲ့ ဆရာ၊ဆရာမတွေနဲ့ လက်တွဲခွင့်ရတာဟာ ကျွန်မအတွက်တော့ ကောင်းမွန်တဲ့ဆုလာဘ်တစ်ခုပါ။ကလေးတွေရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်မတို့ဆရာ၊ဆရာမတွေက အမြဲကြိုးစားပေးနေမှာပါရှင့်။

28/07/2026

Edit တီချယ်ရသွားပါပြီရှင့်။

28/07/2026
Photos from I Love Myanmarsar Education Center's post 23/07/2026

တီချယ်တို့ကျူရှင်ရဲ့ စာမေးပွဲ ပထမဆုံးနေ့ကို ဖြေဆိုနေကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ✍️

စာမေးပွဲဆိုတာ ရမှတ်တစ်ခုတည်းကို တိုင်းတာဖို့ မဟုတ်ဘဲ ကိုယ်တိုင် ဘယ်လောက်ထိ နားလည်ထားလဲ၊ ဘယ်နေရာမှာ အားနည်းနေသေးလဲဆိုတာကို သိနိုင်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

စာရွက်ပေါ်မှာ ယုံကြည်ချက်အပြည့်နဲ့ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူတစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုက တန်ဖိုးရှိပါတယ်။ ရလဒ်က ဘယ်လိုပဲ ထွက်လာပါစေ၊ ကြိုးစားခဲ့တဲ့ အချိန်တွေက အနာဂတ်အတွက် အတွေ့အကြုံကောင်းတွေ ဖြစ်လာမှာပါ။

ကျွန်မတို့ကျူရှင်မှာတော့ ဝါရင့်ဆရာ၊ဆရာမကြီးတွေက exam question format နဲ့အညီ ထုတ်ထားတဲ့ မေးခွန်းတွေကို first term,mid term,final ဆိုပြီး စာမေးပွဲကြီး ၃ခါလည်းစစ်ပေးသလို mini test လေးတွေလည်း ကြားထဲမှာ ဖြေဆိုခိုင်းပါတယ်ရှင့်။

ထွက်လာတဲ့ရလဒ်တွေပေါ် မူတည်ပြီး အားနည်းတဲ့ ကလေးတွေကို ဆွဲခေါ်ပြီး ပိုမိုသင်ကြားပေးမှာဖြစ်သလို ရလဒ်ကောင်း ရရှိတဲ့ ကလေးတွေကိုလည်း ပိုမိုကောင်းမွန်တဲ့ရလဒ်တွေရရှိအောင် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးနေ့ စာမေးပွဲကို အေးအေးချမ်းချမ်း၊ ယုံယုံကြည်ကြည်နဲ့ ဖြေဆိုနေကြတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံးကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။နောက်ရက်တွေမှာလည်း အကောင်းဆုံး ဖြေဆိုအောင်မြင်နိုင်ကြပါစေ။

ကြိုးစားမှုတိုင်း အောင်မြင်မှုဆီကို ဦးတည်နေပါတယ်။

👌ကြိုးစားချင်စိတ်လေးသာ ယူလာခဲ့ပါ ရှိနေတဲ့အရည်အချင်းထက် ပိုပြီးတိုးတက်လာဖို့ တီချယ်တို့တာဝန်ထားလိုက်ပါရှင့်။

စုံစမ်းရန်
Phone 09252419912/09983403729/09966487891
Viber 09966487891
ဖုန်းဆက်မရပါကviber(သို့)cbမှာမေးထားလို့ရပါတယ်ရှ

Photos from I Love Myanmarsar Education Center's post 28/06/2026

Edit တီချယ်ရသွားပါပြီရှင့်။

Photos from I Love Myanmarsar Education Center's post 20/06/2026

မိဘများရှင့်
ကျွန်မတို့ကျူရှင်ဝိုင်းရဲ့ July Exam Timetable လေးတွေပဲဖြစ်ပါတယ်ရှင့်။Examမှာမဖြစ်မနေဝင်ရောက်ဖြေဆိုပေးကြဖို့အသိပေးအပ်ပါတယ်ရှင့်။
# #ကျွန်မနဲ့တစ်ပုံတည်းတူအောင်လိုက်လုပ်ခြင်းသည်းခံပါရှင့်။

Photos from I Love Myanmarsar Education Center's post 18/06/2026

🏆 I Love Myanmarsar Education Center ဆုပေးပွဲအခမ်းအနား အမှတ်တရပုံရိပ်များ 🏆(Part - 2)

အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ ကြိုးစားအားထုတ်မှုတွေ၊ ဇွဲလုံ့လတွေ၊ အချိန်ပေးလေ့လာမှုတွေနဲ့ မိဘ၊ ဆရာဆရာမများရဲ့ အားပေးပံ့ပိုးမှုတွေ အမြဲရှိနေပါတယ်။

ဆုပေးပွဲအခမ်းအနားတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့သည့် အမှတ်တရပုံရိပ်များကို မျှဝေလိုက်ပါတယ်။

ဒီဆုလေးများဟာ အောင်မြင်မှုရဲ့ အဆုံးသတ်မဟုတ်ဘဲ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်များဆီသို့ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ အားအင်သစ်တစ်ခု ဖြစ်ပါစေ။

ဆုရရှိခဲ့သူများအားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပြီး နောင်လာမည့်နေ့ရက်များတွင်လည်း ယုံကြည်ချက်အပြည့်ဖြင့် ဆက်လက်ကြိုးစားကာ ပိုမိုမြင့်မားသော အောင်မြင်မှုများကို ဆွတ်ခူးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ယခုတစ်ကြိမ် မပါဝင်နိုင်သေးသူများလည်း စိတ်မလျှော့ဘဲ ဆက်လက်ကြိုးစားကြပါရန် အားပေးတိုက်တွန်းအပ်ပါသည်။ အောင်မြင်မှုသည် ကြိုးစားသူတိုင်းအတွက်တစ်နေ့နေ့တွင် သေချာပေါက် ရောက်ရှိလာမှာပဲဖြစ်ပါတယ်။

နယ်ကကလေးတွေလည်း မကြာမီ ဆုတွေရောက်လာပါလိမ့်မယ်နော်။

Photos from I Love Myanmarsar Education Center's post 15/06/2026

🏆 I Love Myanmarsar Education Center ဆုပေးပွဲအခမ်းအနား အမှတ်တရပုံရိပ်များ 🏆(Part - 1)

ပညာရေးဆိုတာ စာသင်ခန်းထဲက သင်ခန်းစာတွေနဲ့သာ မပြီးဆုံးပါဘူး။ ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှု၊ ယုံကြည်မှုနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လမ်းပြပေးတဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေ့ကျင်းပပြုလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ထူးချွန်စွာ ကြိုးစားခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အောင်မြင်မှုကို ဂုဏ်ပြုချီးမြှင့်နိုင်ခဲ့တာဟာ Education Center အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။

ရရှိခဲ့တဲ့ ဆုတစ်ခုချင်းစီဟာ အချိန်ပေးကြိုးစားမှု၊ ဆရာ၊ ဆရာမများရဲ့ လမ်းညွှန်ပေးမှု၊ မိဘများရဲ့ ပံ့ပိုးအားပေးမှုနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ဇွဲလုံ့လတို့ရဲ့ ရလဒ်ကောင်းတစ်ခု ဖြစ်ပါတယ်။

ယခုရရှိထားတဲ့ အောင်မြင်မှုတွေကို အားအင်အဖြစ်ယူပြီး အနာဂတ်မှာ ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဆုမရတဲ့ကလေးတွေ အနေနဲ့လည်း နောက်နှစ်မှာ ဆုယူနိုင်ဖို့ ကြိုးစားကြပါနော်။နောက်နှစ်မှာ ကလေးတွေအားလုံး ဆုရတာလေး မြင်ချင်မိပါတယ်။

နိုင်ငံခြားနဲ့ နယ်မှာရှိနေတဲ့ ဆရာ၊ဆရာမတွေကများတော့ ဆုပေးပွဲမှာ ဆရာ၊ဆရာမတွေ အကုန်လုံးနဲ့ မတွေ့ရတာလေးတစ်ခုတော့ သည်းခံပေးကြပါရှင့်။

အစဉ်တစိုက် ယုံကြည်အားပေးကြတဲ့ မိဘများ၊ ကြိုးစားသင်ယူကြတဲ့ ကျောင်းသား၊ ကျောင်းသူများနှင့် စေတနာအပြည့်ဖြင့် သင်ကြားပေးကြတဲ့ ဆရာ၊ ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

✨ ပညာဖြင့် အနာဂတ်ကို တည်ဆောက်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေ။ ✨

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon