Future Stars Football Training

Future Stars Football Training Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Stars Football Training, Sports & Fitness Instruction, Yangon.

🏆 AFC Best Grassroots Club Award 2025
🏅 MFF Special Grassroots Award 2025

⭐Nurturing Future Stars aged 7–15 through quality grassroots football, discipline & passion ⚽✨
Since 2019, across 14 classes in Yangon, we’ve shaped 4,000+ young football dreams.

သူတို့လည်း လေ့ကျင့်တယ်... သူတို့လည်း ရယ်မောတယ်... သူတို့လည်း ကျွန်တော်တို့လိုပဲ ဘောလုံးကို ချစ်ကြတယ်။ ⚽❤️ "Myanmar Down ...
29/08/2026

သူတို့လည်း လေ့ကျင့်တယ်...
သူတို့လည်း ရယ်မောတယ်...
သူတို့လည်း ကျွန်တော်တို့လိုပဲ ဘောလုံးကို ချစ်ကြတယ်။ ⚽❤️

"Myanmar Down Syndrome Association" မှ ကလေးလေးတွေကလည်း
လေ့ကျင့်ကွင်းထဲမှာ ဂျာစီလေးတွေ ဆင်တူဝတ်ဆင်...
နည်းပြ သင်ကြားတာကို နားထောင် ...
သူငယ်ချင်းတွေနဲ့အတူ လေ့ကျင့်ရင်း…

“တို့လည်း လုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုလေးတွေ တဖြည်းဖြည်း ပေါ်လာပါတယ်။

တစ်ချို့ကလေးတွေက ပိုမြန်တယ်။
တစ်ချို့ကလေးတွေကတော့ ပိုနှေးတယ်။
တစ်ချို့က တစ်ခါပြောရုံနဲ့ နားလည်တယ်။
တစ်ချို့က အကြိမ်ကြိမ် လေ့ကျင့်ရတယ်။

ဒါပေမယ့်
ဘောလုံးကွင်းထဲ ရောက်လာတဲ့အခါ… အားလုံးက ကစားသမားတွေပါပဲ 🤗

အနိုင်ရဖို့ထက် .... အတူတူ ကစားနိုင်ဖို့။
ပြီးပြည့်စုံဖို့ထက် .... ကိုယ့်တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားဖို့။
ပြီးတော့ တစ်နေ့နေ့မှာ ...
“တို့လည်း လုပ်နိုင်တယ်” လို့
ကိုယ့်ကိုယ်ကို ယုံကြည်လာဖို့ပါ။

ကလေးတစ်ယောက်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုတာ ...
အရင်ဆုံး အိပ်မက်မက်ခွင့်နဲ့ ကြိုးစားခွင့် ပေးဖို့ လိုပါတယ်။

Future Stars Football Training ရဲ့ Charity Football Class မှာ
"Myanmar Down Syndrome Association" မှ ကလေးတွေနဲ့အတူ
ဘောလုံးကနေတစ်ဆင့် ပျော်ရွှင်မှု၊ ယုံကြည်မှုနဲ့ ပါဝင်မှုတွေကို အတူတူ တည်ဆောက်နေပါတယ်။ ⚽❤️

"တို့လည်း လုပ်နိုင်တယ်။
တို့အားလုံးက တူတူပါပဲ။"

အထူးကျေးဇူးတင်ရှိခြင်း။
ကလေးတွေ အားလုံးအတွက် Fit ဂျာစီလေးတွေနဲ့ Goal ဖိနပ်လေးတွေကို မေတ္တာဖြင့်ပံ့ပိုးကူညီပေးတဲ့ Olympic Sports Collection ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် 🥰


28/08/2026

ကျောင်းပိတ်ရက် မနက်ခင်းတွေမှာ StarCity Sports Club ရဲ့ စိမ်းလန်းတဲ့ မြက်ခင်းပြင်ကျယ်ပေါ်မှာ ကလေးတွေ တက်ကြွစွာ ပြေးလွှားရယ်မောနေတဲ့ အသံတွေကိုပဲ ပိုပြီး ကြားချင်ပါသလား? ⚽✨

​Future Stars လေးတို့အတွက် သန်လျင်မြို့နယ်၊ StarCity Sports Club မှာ ပိတ်ရက် (စနေ/ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့) မနက်ပိုင်း ဘောလုံးသင်တန်းလေး ဖွင့်လှစ်ထားပါတယ်နော် 🌅🌈

​မြက်ခင်းပြင်အကျယ်ကြီးမှာ လေ့ကျင့်ရမှာဖြစ်လို့ Waiting List စောင့်စရာမလိုဘဲ ချက်ချင်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဘောလုံးနည်းစနစ်တင်မကဘဲ စည်းကမ်း၊ စိတ်ဓာတ်နဲ့ ပျော်ရွှင်မှုတွေကိုပါ တစ်ပါတည်း ရရှိစေမှာပါ 💯

​✨ StarCity တန်းခွဲရဲ့ အသေးစိတ်အချက်အလက်များ
• ​🥅 သင်တန်းနေရာ: StarCity Sports Club (Sunset Field)၊ သန်လျင်မြို့နယ်

• 📍 Google Map: https://maps.app.goo.gl/WwJVv7SVe3cqCL5d6

• ​⏰ သင်တန်းချိန်: အပတ်စဉ် စနေ သို့မဟုတ် ဥပုသ်နေ့ နှင့် တနင်္ဂနွေနေ့ (မနက် ၇:၃၀ မှ ၉:၀၀ အထိ)

• ​🎯 လက်ခံသည့်အသက်: (၇) နှစ်မှ (၁၅) နှစ်အထိ

• ​🏆 နည်းပြများ: အာရှဘောလုံးအဖွဲ့ချုပ် (AFC) နည်းပြလိုင်စင်ရ Professional နည်းပြများမှ စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်

• ​⚽ သင်ရိုးညွှန်းတမ်း: အသက်အရွယ်အလိုက် သင့်လျော်သော ဘောလုံးအခြေခံ နည်းစနစ်များကို ပျော်စရာ Happy Games များဖြင့် ယှဉ်တွဲလေ့ကျင့်ပေးနေပါတယ်

​⚽ Free Trial Session အထူးအစီအစဉ်
ကလေးလေးတွေ ဘောလုံး လေ့ကျင့်ကစားရတာ တကယ်ကြိုက်နှစ်သက်မှု ရှိ/မရှိ အရင်ဆုံး လာရောက်စမ်းသပ် လေ့ကျင့်နိုင်ဖို့အတွက် Free Trial (၁) ကြိမ် အခမဲ့ ပါဝင်ကစားခွင့် စီစဉ်ပေးထားပါတယ်! ✨

​ကျောင်းပိတ်ရက် မနက်ခင်းတွေကို ကလေးတွေရဲ့ ပျော်ရွှင်မှု၊ ကျန်းမာကြံခိုင်မှု နဲ့ ယုံကြည်မှုတွေနဲ့ တည်ဆောက်ပေးဖို့အတွက် အခုပဲ စာရင်းပေးသွင်းလိုက်ပါနော် 👨‍👩‍👧‍👦

​📞 စုံစမ်းမေးမြန်းရန် & စာရင်းပေးသွင်းရန်
09 777 377 555 (StarCity Sports Club)
09405276076 (Future Stars Football Training)

​



23/08/2026

⚽ Future Stars လေးတွေက ဘောလုံးကစားတတ်ဖို့ထက်… ဘဝမှာ အောင်မြင်ဖို့ လေ့လာသင်ယူနေကြတာပါ 🌟⚽

ကလေးတစ်ယောက် ကွင်းထဲမှာ ပြေးလွှားကစားနေတဲ့အချိန်တိုင်းမှာ ဘောလုံးနည်းစနစ်တင်မကဘဲ ... မိမိကိုယ်ကို ယုံကြည်မှု၊ စည်းကမ်း၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့ လဲကျရင် ပြန်ထနိုင်တဲ့စိတ်ဓာတ်တွေကိုပါ တဖြည်းဖြည်း တည်ဆောက်နေကြပါတယ် 💪⚽

🏃‍♂️ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ ညနေပိုင်းမှာ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ဘောလုံးလေ့ကျင့်နိုင်ဖို့အတွက်
Future Stars Football Training ၉ မိုင်တန်းခွဲ ကို Sky Diving ဖူဆယ်ကွင်းမှာ ဖွင့်လှစ်ထားပါတယ်။

📍 နေရာ – Sky Diving Futsal Ground၊ ၉ မိုင်၊ တော်ဝင်လမ်း
(ဝိတိုရိယဆေးရုံနှင့် မျက်စောင်းထိုး)

📅 အပတ်စဥ် စနေ နဲ့ တနင်္ဂနွေနေ့

🕓 Training Time
• ပထမအချိန် – ညနေ ၄:၀၀ မှ ၆:၀၀
• ဒုတိယအချိန် – ညနေ ၆:၀၀ မှ ၈:၀၀

🥅 Sky Diving ကွင်းက မြက်ခင်းတုအရည်အသွေးကောင်းပြီး ကျယ်ဝန်းတာကြောင့် ကလေးတွေ လွတ်လပ်စွာ ပြေးလွှားကစားနိုင်သလို Car Parking လည်း အဆင်ပြေပါတယ်။

🎁 သင်တန်းမအပ်ခင် Free Trial တစ်ကြိမ် လာရောက်လေ့ကျင့်ကစားပြီး ကလေးအတွက် သင့်တော်မှုကို ကိုယ်တိုင်စမ်းသပ်ခံစားကြည့်နိုင်ပါတယ်။

🏆 AFC Best Grassroots Club Award 2025 ဆုရ Future Stars Football Training မှာ အသက် ၇ နှစ်မှ ၁၅ နှစ် အရွယ်ကလေးများအတွက် AFC Licensed Professional Coaches များက ၂၀၁၉ ခုနှစ်မှစတင်ပြီး စနစ်တကျ သင်ကြားပေးနေပါတယ်။

📞 အသေးစိတ်စုံစမ်းရန် – 09 405 276 076 / 09 405 276 077

⚽ Future Stars နဲ့အတူ ကြယ်ပွင့်လေးတွေဖြစ်ဖို့ အခုပဲ စတင်လိုက်ရအောင်! 😊

21/08/2026

ဘောလုံးကို မကန်ခင် ဒီစက္ကန့်အနည်းငယ်အတွင်းမှာ… ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲ? 👀⚽

ဂိုးရှေ့မှာ ဘောလုံးတစ်လုံးနဲ့ ရပ်နေတဲ့အချိန်မှာ ခြေထောက်ကန်ချက်တစ်ချက်ထက် စိတ်ကို အာရုံစူးစိုက်ထားနိုင်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့နဲ့ ဖိအားကို ထိန်းချုပ်နိုင်ဖို့က ပိုအရေးကြီးလာပါတယ်။ 🧠💪

Penalty ကန်တဲ့အချိန်မှာ ဘယ်နေရာကို ကန်မလဲ၊ ဘယ်လိုကန်မလဲဆိုတာ ဆုံးဖြတ်ရသလို… ကိုယ့်အလှည့်ရောက်လာတဲ့အခါ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်စွာ ရင်ဆိုင်တတ်ဖို့လည်း လိုအပ်ပါတယ်။

ဂိုးတစ်ဂိုးဝင်ရင် ပျော်ရွှင်မှုတစ်ခု ရရှိသလို၊ လွဲသွားခဲ့ရင်လည်း အဲဒီအတွေ့အကြုံကနေ နောက်တစ်ကြိမ် ပိုကောင်းအောင် ပြန်ကြိုးစားတတ်ဖို့ သင်ယူနိုင်ပါတယ်။ 💙

🌟⚽ ဒီနေ့ Thuwanna နဲ့ 9 Mile တန်းခွဲက Future Stars လေးတွေရဲ့ Penalty Challenge မှာလည်း ဂိုးဝင်တာ၊ လွဲတာထက် ပိုတန်ဖိုးရှိတဲ့အရာတစ်ခု ရှိပါတယ်။
ကိုယ့်အလှည့်ရောက်လာတဲ့အခါ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတဲ့စိတ်ဓာတ်နဲ့ ယုံကြည်မှု ဖြစ်ပါတယ် 🌟

Future Stars မှာတော့ ကလေးတွေကို ဘောလုံးကစားတတ်ဖို့သာမက… ကွင်းထဲက အတွေ့အကြုံတွေကနေ ဘဝအတွက် အသုံးဝင်မယ့် အရည်အချင်းကောင်းတွေပါ ရရှိလာစေဖို့ ကြိုးစားပေးနေပါတယ်။ 💙

📞 Future Stars Football Training သင်တန်းများအကြောင်း အသေးစိတ်စုံစမ်းရန်
09-405276076 | 09-405276077

19/08/2026

ကျောင်းပိတ်ရက် မနက်ခင်းတွေမှာ StarCity Sports Club ရဲ့ စိမ်းလန်းတဲ့ မြက်ခင်းပြင်ကျယ်ပေါ်မှာ ကလေးတွေ တက်ကြွစွာ ပြေးလွှားရယ်မောနေတဲ့ အသံတွေကိုပဲ ပိုပြီး ကြားချင်ပါသလား? ⚽✨

​Future Stars လေးတို့အတွက် သန်လျင်မြို့နယ်၊ StarCity Sports Club မှာ ပိတ်ရက် (ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့) မနက်ပိုင်း ဘောလုံးသင်တန်းလေး ဖွင့်လှစ်ထားပါတယ်နော် 🌅🌈

​မြက်ခင်းပြင်အကျယ်ကြီးမှာ လေ့ကျင့်ရမှာဖြစ်လို့ Waiting List စောင့်စရာမလိုဘဲ ချက်ချင်း တက်ရောက်နိုင်မှာဖြစ်ပြီး ဘောလုံးနည်းစနစ်တင်မကဘဲ စည်းကမ်း၊ စိတ်ဓာတ်နဲ့ ပျော်ရွှင်မှုတွေကိုပါ တစ်ပါတည်း ရရှိစေမှာပါ 💯

​✨ StarCity တန်းခွဲရဲ့ အသေးစိတ်အချက်အလက်များ
• ​🥅 သင်တန်းနေရာ: StarCity Sports Club (Sunset Field)၊ သန်လျင်မြို့နယ်

• 📍 Google Map: https://maps.app.goo.gl/WwJVv7SVe3cqCL5d6

• ​⏰ သင်တန်းချိန်: အပတ်စဉ် စနေ သို့မဟုတ် ဥပုသ်နေ့ နှင့် တနင်္ဂနွေနေ့ (မနက် ၇:၃၀ မှ ၉:၀၀ အထိ)

• ​🎯 လက်ခံသည့်အသက်: (၇) နှစ်မှ (၁၅) နှစ်အထိ

• ​🏆 နည်းပြများ: အာရှဘောလုံးအဖွဲ့ချုပ် (AFC) နည်းပြလိုင်စင်ရ Professional နည်းပြများမှ စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်

• ​🎮 သင်ရိုးညွှန်းတမ်း: အသက်အရွယ်အလိုက် သင့်လျော်သော ဘောလုံးအခြေခံ နည်းစနစ်များကို ပျော်စရာ Happy Games များဖြင့် ယှဉ်တွဲလေ့ကျင့်ပေးနေပါတယ်

​⚽ Free Trial Session အထူးအစီအစဉ်
ကလေးလေးတွေ ဘောလုံး လေ့ကျင့်ကစားရတာ တကယ်ကြိုက်နှစ်သက်မှု ရှိ/မရှိ အရင်ဆုံး လာရောက်စမ်းသပ် လေ့ကျင့်နိုင်ဖို့အတွက် Free Trial (၁) ကြိမ် အခမဲ့ ပါဝင်ကစားခွင့် စီစဉ်ပေးထားပါတယ်! ✨

​ကျောင်းပိတ်ရက် မနက်ခင်းတွေကို ကလေးတွေရဲ့ ပျော်ရွှင်မှု၊ ကျန်းမာကြံခိုင်မှု နဲ့ ယုံကြည်မှုတွေနဲ့ တည်ဆောက်ပေးဖို့အတွက် အခုပဲ စာရင်းပေးသွင်းလိုက်ပါနော် 👨‍👩‍👧‍👦

​📞 စုံစမ်းမေးမြန်းရန် & စာရင်းပေးသွင်းရန်
09 777 377 555 (StarCity Sports Club)
09405276076 (Future Stars Football Training)

​



Collaboration between "Future Stars Football Training" & "The Zawana Badminton School and Sport Arena" ⚽🏸🤝 "The Zawana B...
15/08/2026

Collaboration between "Future Stars Football Training" & "The Zawana Badminton School and Sport Arena" ⚽🏸🤝

"The Zawana Badminton School and Sport Arena" နဲ့ လက်တွဲပူးပေါင်းခွင့်ရလို့ Future Stars Football Training အနေဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူရပါတယ်။ ⚽🏸🥰

ဒီပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Future Stars လေးတွေနဲ့ ဖေဖေ၊ မေမေတို့အတွက် Special Benefits တွေကိုလည်း ရယူနိုင်တော့မှာ ဖြစ်ပါတယ်! 🎉✨

🎁 Future Stars လေးများနဲ့ ဖေဖေမေမေတို့အတွက် "The Zawana" ရဲ့ Special Benefits Program များ

🏸 The Zawana ရဲ့ Badminton Class နဲ့ 🏋️‍♂️ Gym Membership

• Future Stars Football Training ရဲ့ Official Receipt ပြသရုံဖြင့် Badminton Class နှင့် Gym Membership များကို 10% OFF ရရှိပါမယ်။ ဖေဖေ၊ မေမေတို့အတွက်လည်း 5% OFF ရရှိနိုင်ပါတယ်။

🩹✨ REVIVE Recovery Center

• Training ဆင်းရင်း သို့မဟုတ် ဘောလုံးကန်ရင်း ဒဏ်ရာ (Injury) ရရှိပါက REVIVE Recovery Center မှာ Official Receipt ပြသပြီး 30% OFF အထိ ရယူနိုင်ပါတယ်။ ဖေဖေ၊ မေမေတို့အတွက်လည်း 15% OFF ခံစားခွင့် ရရှိပါမယ်။

ဘောလုံးလေ့ကျင့်ခန်းများအပြင် မတူညီတဲ့အခြား Sports Activities များကို စမ်းသပ်ပြီး မိမိတို့ရဲ့ Physical Skills နှင့် Strength များကို ပိုမိုတိုးတက်စေရန် The Zawana တွင် Special Benefits များနှင့်အတူတကွ လေ့ကျင့်လိုက်ကြရအောင်။ 🌟

Future Stars လေးများရဲ့ နောက်ထပ် အောင်မြင်မှုတိုင်းကို The Zawana နှင့်အတူ လက်တွဲလျှောက်လှမ်းသွားပါမယ် 🤝

For more information about "The Zawana":

Zawana - Badminton School and Sport Arena
https://www.facebook.com/share/1D3QVQaG67/

Zawana - Gym and High Performance Centre
https://www.facebook.com/share/1BdYVCczFG/

Revive Sports Injury, Pain & Recovery Center
https://www.facebook.com/share/17rQuLUqpv/

⚽🏸💪 Train More. Get Stronger. Recover Better.


14/08/2026

မဟာဝိဟာရ (လှည်းကူး) ကျောင်းတိုက်သို့ နေ့ဆွမ်းနှင့် သင်္ကန်းများ ဆပ်ကပ်လှူဒါန်းခြင်း 🙏🙏🙏

Future Stars Football Training မှ နည်းပြဆရာများနှင့် မိတ်ဆွေသူငယ်ချင်းများ၏ နှစ်စဥ်ပြုလုပ်မြဲ အလှူကုသိုလ်အဖြစ် လှည်းကူးမြို့နယ်၊ မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ် အပါး (၁,၀၀၀) ကျော်တို့အား တစ်နေ့တာ နေ့ဆွမ်းနှင့် သင်္ကန်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ 🙏🙏🙏

ယခုကဲ့သို့ မွန်မြတ်သော အလှူဒါနတွင် ပါဝင်လှူဒါန်း၍ ကုသိုလ်ပြုပေးကြသော Future Stars Football Training မှ နည်းပြဆရာများနှင့် မိတ်ဆွေသူငယ်ချင်းများအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ပါဝင်လှူဒါန်းပေးကြသူများအားလုံး၏ စေတနာသဒ္ဓါတရားဖြင့် ပြုလုပ်လှူဒါန်းခဲ့ကြသော ကုသိုလ်အစုစုတို့အတွက် အားလုံးနှင့်အတူ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုအပ်ပါသည်။ 🙏🙏🙏


#နေ့ဆွမ်းအလှူ #ကုသိုလ်ဒါန

14/08/2026

အလုံမြို့နယ်က မေမေ၊ ဖေဖေတို့ရေ... မိမိတို့ရဲ့ ကလေးငယ်လေးတွေကို စနစ်ကျပြီး ပျော်ရွှင်စရာ ဘောလုံးသင်တန်းတစ်ခုမှာ လေ့ကျင့်ပေးချင်ပါသလား? ⚽✨

Future Stars Football Training ရဲ့ အလုံ MBC Futsal တန်းခွဲလေးမှာ သင်တန်းသားနေရာလွတ် အနည်းငယ် ကျန်ရှိပါသေးတယ်နော်! 🏃‍♂️💨

​အလုံတန်းခွဲလေးကို မိဘတွေ ဘာကြောင့် အကြိုက်ဆုံးဖြစ်နေရတာလဲ? 🤔

• ​ကွင်းနေရာက Downtown Area နဲ့နီးတဲ့အတွက် သွားရလာရတာ အရမ်း အဆင်ပြေခြင်း

• 🤝 မိတ်ဆွေကောင်းများ ရရှိနိုင်ခြင်း: အသက်တူ အရွယ်တူ ကလေးငယ်များ စည်းစည်းလုံးလုံး ပျော်ရွှင်စွာ လေ့ကျင့်ကစားနိုင်သည့် လူမှုပတ်ဝန်းကျင်ကောင်း ဖြစ်ခြင်း

• ​🚗 မိဘများအတွက် စိတ်အေးချမ်းမှု: မြက်ခင်းတု ဖူဆယ် ၂ ကွင်း၊ ကားပါကင် ကျယ်ဝန်းမှု၊ မိဘများ စောင့်ဆိုင်းရန် Waiting Area များ ပြည့်စုံစွာ ပါရှိခြင်း

• 🏆 ကမ္ဘာ့အဆင့် အသိအမှတ်ပြုမှု: အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် "AFC Best Grassroots Club Award 2025" ရရှိထားပြီး AFC နည်းပြလိုင်စင်ရ Professional နည်းပြများက အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးခြင်း

​အလုံတန်းခွဲလေးက စတင်ဖွင့်လှစ်စဉ်ကတည်းက မိဘများရဲ့ ယုံကြည်မှုကြောင့် သင်တန်းသား အမြဲပြည့်နေသည့် တန်းခွဲဖြစ်တာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🤗

​📌 သင်တန်းအသေးစိတ် အချက်အလက်များ
• ​အသက်အရွယ်: ၇ နှစ် မှ ၁၄ နှစ်ထိ
• ​သင်တန်းအချိန်: အပတ်စဉ် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့ (ညနေ 4:00 PM - 5:30 PM)
• ​သင်တန်းနေရာ: MBC Futsal ကွင်း၊ မင်းရဲကျော်စွာလမ်း၊ အလုံမြို့နယ်။ (အထက-၄ အလုံကျောင်း ဘေး)
• ​📍 Google Map Location: https://maps.app.goo.gl/vSJZyG2qSYW14NhU8

​📞 သင်တန်းအကြောင်း အသေးစိတ် စုံစမ်းရန်နှင့် Free Trial အတွက် စာရင်းပေးရန်:
09405276076 သို့ အခုပဲ ဆက်သွယ်လိုက်ပါ 📱

​Future Stars နဲ့အတူ ကလေးငယ်များရဲ့ အနာဂတ် ရည်မှန်းချက်တွေကို စတင် ပျိုးထောင်လိုက်ရအောင်... ⚽🌟

​

12/08/2026

Rainy days, Good vibes & Football skills!" 🌧️⚽✨
​မိုးရာသီ ရောက်လာပေမယ့် Future Stars လေးတွေကတော့ ကွင်းထဲက မထွက်ဘဲ ဆက်လက်ကစားပြီး ခြေစွမ်းထက်နေတုန်းပါပဲနော်။

​ကလေးတွေ အကြိုက်ဆုံးဖြစ်တဲ့ မိုးရာသီလေးမှာ အလန်းဆုံးခြေစွမ်းပြပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့အတွက် Future Stars Football Training နဲ့အတူ လေ့ကျင့်ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗

​🌧️ မိုးရွာရင် ရေစိုပြီး ဖျားမှာ စိတ်ပူစရာမလိုဘဲ စိတ်ကြိုက်ကစားလို့ရမယ့် မိုးလုံလေလုံကွင်းတွေ၊

🥅 ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကွင်းအပြည့်ကစားနိုင်ဖို့ Full-Sized Pitch မြက်ခင်းတုကွင်းကြီးတွေ

👶 ကလေးငယ်လေးတွေ နည်းစနစ်ကျကျ ခြေလှမ်းစဖို့အတွက် Mini Pitch မြက်ခင်းတုကွင်းလေးတွေ နဲ့အတူ...

​အသက် ၇ နှစ်ကနေ ၁၅ နှစ်အထိ ကလေးတို့အတွက် စနစ်တကျ လေ့ကျင့်ပေးမယ့် မိုးရာသီဘောလုံးသင်တန်း တန်းခွဲ (၁၂) ခုကို အခုပဲ မိတ်ဆက်ပေးပါရစေ 🤗

• ​တန်းခွဲ ၁ - (လှိုင်မြို့နယ်) (မိုးလုံလေလုံ) မြက်ခင်းတု ဖူဆယ်ကွင်း၊ အင်းစိန်လမ်း။
📆 Mon & Wed (4:30 - 6 PM)

• ​တန်းခွဲ ၂ - (အလုံ) MBC ဖူဆယ်ကွင်း။
📆 Tue & Thu (4 - 6 PM)

• ​တန်းခွဲ ၃ - (မြောက်ဒဂုံ) (မိုးလုံလေလုံ) Zabu ဇမ္ဗူ ဖူဆယ်ကွင်း၊ ဦးဝိစာရလမ်း။
📆 Tue & Thu (4 - 6 PM)

• ​တန်းခွဲ ၄ - (သုဝဏ္ဏကွင်း) Mini Pitch ဖူဆယ်မြက်ခင်းတုကွင်း။
📆 Fri & Sat (4 - 6 PM)

• ​တန်းခွဲ ၅ - (သုဝဏ္ဏကွင်း) Mini Pitch ဖူဆယ်မြက်ခင်းတုကွင်း။
📆 Sat & Sun (4 - 6 PM)

• ​တန်းခွဲ ၆ - (သုဝဏ္ဏကွင်းကြီး) အကယ်ဒမီမြက်ခင်းတု (ကွင်းကြီး)။
📆 Sat & Sun (6:30 - 8 PM)

• ​တန်းခွဲ ၇ - (သုဝဏ္ဏကွင်းကြီး) အကယ်ဒမီမြက်ခင်းတု (ကွင်းကြီး)။
📆 Wed & Fri (6:30 - 8 PM)

• ​တန်းခွဲ ၈ - (၉ မိုင်) Sky Diving ဖူဆယ်ကွင်း၊ ဝိတိုရိယဆေးရုံရှေ့။
📆 Sat & Sun (4 - 6 PM)

• ​တန်းခွဲ ၉ - (၉ မိုင်) Sky Diving ဖူဆယ်ကွင်း၊ ဝိတိုရိယဆေးရုံရှေ့။
📆 Sat & Sun (6 - 7:30 PM)

• ​တန်းခွဲ ၁ဝ - (မြေနီကုန်း) ပြည်သူ့ရင်ပြင်၊ CSC ဖူဆယ်ကွင်း (မနက်ပိုင်း)။
📆 Sat & Sun (7 - 8:30 AM)

• ​တန်းခွဲ ၁၁ - (သန်လျင်) StarCity Sports Club (မနက်ပိုင်း)။
📆 Sat & Sun (7:30 - 9 AM)

• ​တန်းခွဲ ၁၂ - (မင်္ဂလာတောင်ညွန့်) စက်ဆန်း၊ A&T Football Training Centre၊ Macro အနီး။
📆 Sat & Sun (4 - 6 PM)

နွေရာသီလောက် ကြိတ်ကြိတ်တိုး မဟုတ်ပေမယ့် တချို့တန်းခွဲလေးတွေမှာတော့ Waiting List လေးတွေ ရှိနေတာမို့လို့ နေရာလေးတွေ အမြန်ဦးလိုက်ရအောင်နော်။

​ကလေးတို့ရဲ့ တိုးတက်မှု၊ ပျော်ရွှင်မှုတွေနဲ့အတူ ကွင်းထဲမှာ ဆုံကြဖို့ Future Stars လေးတို့ကို ရင်ခုန်စွာနဲ့ စောင့်ကြိုနေပါတယ်နော် 🙌

​☎️ Contact us: 09405276076


07/08/2026

ကွင်းထဲရောက်သွားရင် ဘောလုံးကို တက်တက်ကြွကြွ အားတက်သရော ကစားကြတဲ့ Future Stars လေးတွေရဲ့ အကောင်းဆုံး ပြိုင်ဘက်များ (သို့မဟုတ်) Future Stars Daddies FC ⚽🔥

​အလုပ်ပင်ပန်းတာတွေကို ခဏမေ့ပြီး Future Stars လေးတွေရဲ့ ကွင်းတွင်းပြိုင်ဘက်အဖြစ် အစွမ်းပြခဲ့ကြတဲ့ Future Stars Daddies FC နဲ့ U15 ကလေးများရဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ လေး ပျော်ရွှင်စွာ ပြီးဆုံးသွားခဲ့ပါပြီ! 😎✨

​ကလေးတွေ ကွင်းထဲမှာ ကစားရင်း ချစ်ခင်ရင်းနှီးလာကြသလိုပဲ၊ ဖေဖေတွေလည်း အပတ်စဉ် ဘောလုံးအတူတူကစားရင်း ကွင်းတွင်းရော ကွင်းပြင်မှာပါ အတွဲအဖက်ညီညီ ရင်းနှီးမှုတွေ ပိုမိုတိုးပွားလာကြပါတယ်။ 👏💪
​ဒါဟာ ရိုးရှင်းတဲ့ ဘောလုံးပွဲတစ်ပွဲ မဟုတ်ပါဘူး။ ဘောလုံးအားကစားမှတစ်ဆင့် မိသားစုများအချင်းချင်း ချစ်ကြည်ရေးနဲ့ နွေးထွေးမှုကို တည်ဆောက်နိုင်ခဲ့တဲ့ သာဓကတစ်ခုပဲ ဖြစ်ပါတယ်။

​"Football for All" ဆောင်ပုဒ်နဲ့အညီ ဘောလုံးဆိုတာ အသက်အရွယ်မရွေး၊ အတွေ့အကြုံမရွေး ပျော်ရွှင်စွာ ပါဝင်ကစားနိုင်တယ်ဆိုတာကို ဒီပွဲလေးက သက်သေပြသွားခဲ့ပါပြီ။ 💖

​မိမိတို့ရဲ့ ကလေးငယ်များကို ဘောလုံးနည်းစနစ် မှန်မှန်ကန်ကန်နဲ့ ပျော်ရွှင်စရာ မိသားစုဝန်းကျင်တစ်ခုမှာ လေ့ကျင့်ပေးချင်တယ်ဆိုရင်တော့ Future Stars Football Training သို့ အမြန်ဆုံး လာရောက်လေ့ကျင့်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ။ 🌟

​Future Stars Daddies တွေအဖွဲ့ကရော နောက်ထပ် ဘယ်လို စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေနဲ့ ပြိုင်ပွဲတွေ ဆက်လက်ယှဉ်ပြိုင်ကြမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်! 🤗

​📥 သင်တန်းအကြောင်း အသေးစိတ် စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန် -
📞 Phone: 09405276076 သို့ စုံစမ်းနိုင်ပါတယ်

​

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959405276077

Website

Alerts

Be the first to know and let us send you an email when Future Stars Football Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Future Stars Football Training:

Shortcuts

Share