Charmya Study Japanese Language Learning Center

Charmya Study Japanese Language Learning Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Charmya Study Japanese Language Learning Center, Language school, Gamone Pwint (San Yeik Nyein), 5th Floor, Yangon.

ဂျပန်စာကို အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့မို့ သက်တောင့်သက်သာ အိမ်ကနေပဲသင်ချင်သူများအတွက် CS-JLLC ရဲ့ မိတ်ဖက်ကျောင်းဖြစ်တဲ...
16/08/2025

ဂျပန်စာကို အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့မို့ သက်တောင့်သက်သာ အိမ်ကနေပဲသင်ချင်သူများအတွက် CS-JLLC ရဲ့ မိတ်ဖက်ကျောင်းဖြစ်တဲ့ ခီဘိုးမှ ဩဂုတ်လအတွင်း ဖွင့်လှစ်ပေးသွားမယ့် ဂျပန်စာ Online သင်တန်းတွေလာပါပီ🚨

အတန်းတစ်တန်းမှာ လူနည်းစုကိုပဲ လက်ခံပြီးသင်ပေးတာမို့ သင်ကြားမှုပိုင်း မထိရောက်မှာ ပူစရာမလိုပါဘူးနော်။ လူပြည့်လည်းမြန်တာမို့ အမြန်လေးစာရင်းသွင်းပေးဖို့ လိုပါတယ်ရှင်‼️

ဂျပန်စာသင်ပြီး ဂျပန်ကို ကျောင်း (သို့) အလုပ်နဲ့ရောက်တဲ့အထိ တာဝန်ယူဆောင်ရွက်ပေးမှာမို့ စိတ်ပါဝင်စားသူများက အသေးစိတ်ကို-

💬 Messenger - m.me/745663975445532

📱 Viber - +66627060018

📞 Phone - +66627060018 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ယခုလို ငလျင်ဒဏ်သင့် ဒေသများကို စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ကူညီတော့မယ်ဆိုရင် ဆောင်ရန် ရှောင်ရန်အဖြစ် သတိထားသင့်တဲ့ အချက်...
01/04/2025

ယခုလို ငလျင်ဒဏ်သင့် ဒေသများကို စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ကူညီတော့မယ်ဆိုရင် ဆောင်ရန် ရှောင်ရန်အဖြစ် သတိထားသင့်တဲ့ အချက်လေးတွေကို NHK World က ဖော်ပြပေးထားတဲ့အတိုင်းပြန်လည်မျှဝေပေးလိုက်ပါတယ်

🔸 ပထမဦးဆုံးအနေနဲ့

-အစွန်းအထင်း အညစ်အပေခံနိုင်ပြီး ခန္ဓာကိုယ်ကို လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ ချောင်ချိတဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်သင့်ပါတယ်။

-ခရမ်းလွန်ရောင်ခြည် နေအပူဒဏ်ကိုကာကွယ်ဖို့ လက်ရှည်၊ ဘောင်းဘီရှည်နဲ့ ဦးထုပ်တွေကို ဝတ်ဆင်ဖို့ တိုက်တွန်းလိုပါတယ်။(ဖြစ်နိုင်ရင် လုပ်ငန်းခွင်သုံး အမာစားဦးထုပ်၊ အလုပ်ကြမ်းသုံးလက်အိတ်၊ ရာဘာလက်အိတ်တွေ ဝတ်ဆင်သွားသင့်ပါတယ်)

-ချွေးသုတ်ဖို့ မျက်နှာသုတ်ပုဝါတွေလည်း ပါဖို့လိုအပ်ပါတယ်။

-သံတိုသံစ ဒါမှမဟုတ် မှန်ကွဲစတွေကို တက်နင်းမိပြီး ထိခိုက်ဒဏ်ရာရတာကနေ ကာကွယ်ဖို့ ခိုင်ခံ့ထူထဲတဲ့ဖိနပ်ကို ဝတ်ဆင်ပြီး ကိုယ့်ခြေထောက်ကို ဂရုစိုက်ကာကွယ်သင့်ပါတယ်။(ဆောက်လုပ်ရေးအလုပ်သမားတွေသုံးတဲ့ ဘွတ်ဖိနပ်တွေရှိရင် ဝတ်ဆင်သွားသင့်ပါတယ်)

🔸စေတနာ့ဝန်ထမ်းအလုပ်တွေကို ပါဝင်လုပ်ဆောင်တဲ့အခါ သယ်ဆောင်သွားသင့်တဲ့ ပစ္စည်းတွေကတော့

-ပထမဆုံး ကိုယ်တိုင်စားဖို့အတွက် အစားအစာနဲ့ ရေကို လုံလောက်အောင် ပြင်ဆင်ယူဆောင်သွားပါ။ နွေရာသီအချိန်တွင်းမှာဆိုရင် ရေကိုပိုပိုသာသာ ယူသွားဖို့လိုပါတယ်။ အလွယ်တကူ မပုပ်သိုးသွားနိုင်တဲ့ အစားအစာတွေကိုလည်း ယူဆောင်သွားပါ။ အထူးသဖြင့် ကိုယ်လုပ်ဆောင်ရမယ့် တာဝန်က ချွေးထွက်များစေမယ့် အလုပ်မျိုးဆိုရင် ဆားဓာတ် အလုံအလောက်ရှိဖို့ ဆားဓာတ်ပါတဲ့ သကြားလုံး၊ဆားငံစေ့၊ ဓာတ်ဆားရည်ကိုလည်း ပါအောင် ယူသွားဖို့ ဂရုစိုက်သင့်ပါတယ်။

-မျက်နှာသုတ်ပုဝါတွေ အရမ်းညစ်ပတ်လာတဲ့အခါ သုံးနိုင်အောင် တစ်ရှူးတွေ၊ ပိုးသတ်ဆေးပါတဲ့ wet tissue တွေကို ယူသွားတာ ကောင်းပါတယ်။

-မိုးရွာတဲ့အခါမျိုးအတွက် အပေါ်အင်္ကျီနဲ့အောက်ကဘောင်းဘီ သပ်သပ်စီ ရှိတဲ့ မိုးကာ အဝတ်အစားကိုလည်း ယူဆောင်သင့်ပါတယ်။ ကော်တိပ်၊ ကတ်ကြေးနဲ့ marker pen တွေကိုဆောင်ထားတာက ကိုယ်ပိုင်အနေနဲ့သုံးချင်တဲ့အချိန်သုံးလို့ရတာကြောင့် ပို‌ကောင်းပါတယ်။

🔸နောက်ထပ် သိထားရမယ့် သတိထားစရာ အချက်တချို့ကတော့

-သဘာဝဘေးအန္တရာယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်တဲ့အခါ ဘေးသင့်ရပ်ရွာဒေသကိုသွားတဲ့အခါ ဒေသခံတွေအတွက် ကိုယ်က ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် နေတတ်ဖို့ အရေးကြီးပါတယ်။

-ကိုယ်သွားရောက် လုပ်အားပေးမယ့် နေရာဒေသရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကြိုပြီး အပြည့်အဝ သိထားအောင်လေ့လာပြီး ဘေးကင်းလုံခြုံမယ့် သယ်ယူပို့ဆောင်ရေး နည်းလမ်းနဲ့သွားဖို့ တိုက်တွန်းလိုပါတယ်။

-လုပ်အားပေးတဲ့အလုပ်ကို စလုပ်တာနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ရမှာဖြစ်ပါတယ်။ အပူမလျှပ်အောင်နဲ့အန္တရာယ်မရှိအောင် အခြေအနေ ကြည့်ပြီး သတိနဲ့ အလုပ်လုပ်ရပါမယ်။ မကြာခဏ အနားယူပါ။ နေမကောင်းဘူးလို့ ခံစားရတယ်ရင် ကူညီလုပ်ကိုင်နေတာကိုနားလိုက်သင့်ပါတယ်။

-ကိုယ့်အတွက်အလွန်ခက်ခဲတာ ဒါမှမဟုတ် အန္တရာယ်များမယ်လို့ ယူဆရတဲ့အလုပ်တွေဆိုရင် တက်ကျွမ်းနားလည်သူများနဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီး ထိခိုက်ဒဏ်ရာမဖြစ်အောင် ‌ရှောင်ရှားသင့်ပါတယ်။

-ဘေးသင့်ခံရတဲ့နေရာဒေသတွေမှာ စေတနာ့ဝန်ထမ်းအလုပ်ကို လုပ်တဲ့အခါ စိတ်ထိခိုက်စရာမြင်ကွင်းတွေကို မြင်တွေ့ရနိုင်တာကြောင့် စိတ်ဖိစီးမှုတွေလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် စေတနာ့ဝန်ထမ်းအလုပ်တွေ လုပ်ပြီးရင် စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ ကောင်းကောင်းအနားယူဖို့ တိုက်တွန်းလိုပါတယ်။

Crd to NHK World

Source : https://www3.nhk.or.jp/nhkworld/my/multilingual_links/disaster/3510/

Hiroshimaမြို့မှာရှိနေတဲ့ ကမ္ဘာ့အမွေအနှစ် နေရာက 👇
30/03/2025

Hiroshimaမြို့မှာရှိနေတဲ့ ကမ္ဘာ့အမွေအနှစ် နေရာက 👇

29/03/2025

နေ့မြင်၊ညပျောက်သလို ကြုံတွေခဲ့ကြရတဲ့ ပျက်စီးဆုံးရှုံးခြင်းတွေအတွက် ကျွန်မတို့ Charmya မိသားစုများအနေနဲ့လည်း များစွာ စိတ်မကောင်းဖြစ်ရပါတယ်ရှင်။

အမြန်ဆုံး ပြန်လည်ပြင်ဆင်တည်ထောင်နိုင်ဖို့ ဆုတောင်းပေးရင်း ဘေးအန္တရာယ်​အမျိုးမျိုးတို့မှ လွတ်ငြိမ်းနိုင်ဖို့ကိုပါ မေတ္တာပို့သလိုက်ရပါတယ်ရှင်။ 🙏🙏🙏

Charmya တို့ကျောင်းသူ၊ ကျောင်းသားတွေနဲ့မိသားစုတွေ လဲ အခက်အခဲတွေကိုကျော်လွှားနိုင်ပြီး လုံခြုံစွာ နေထိုင်နိုင်ကြစေဖို့ အထူးသတင်းတွေကို မျက်ခြေမပြတ်ကြစေဖို့လဲ တိုက်တွန်းလိုက်ရပါတယ်။

#ငလျင် #မြန်မာ

ဂျပန်က ကျောင်းတွေမှာ ကျောင်းသားတွေအပြင်  ကျောင်းဆရာဆရာမတွေပါ  ပါဝင်နိုင်တဲ့ ရာသီအလိုက် ပွဲတော်အမျိုးမျိုးကို ဆင်နွှဲကြပါ...
26/03/2025

ဂျပန်က ကျောင်းတွေမှာ ကျောင်းသားတွေအပြင် ကျောင်းဆရာဆရာမတွေပါ ပါဝင်နိုင်တဲ့ ရာသီအလိုက် ပွဲတော်အမျိုးမျိုးကို ဆင်နွှဲကြပါတယ် ✨

Undokai လို့ခေါ်တဲ့ အားကစားပွဲတော်တွေကိုလည်း ကျင်းပကြပြီး Bunkasai လို့ခေါ်တဲ့ ရိုးရာပွဲတော်တွေကိုလည်း ကျင်းပကြပါတယ်

ဒီလို ရာသီအလိုက် ကျင်းပကြတဲ့ ဂျပန်ရိုးရာပွဲတော်တွေကို ဆင်နွှဲနိုင်ဖို့ Language School လျှောက်ထားမယ်ဆိုရင် ရွေးချယ်စရာ ကျောင်း (၈) ကျောင်းတောင်ရှိတဲ့ Charmya Study နဲ့ လက်တွဲနိုင်ပါတယ်နော် 😉

ဂျပန်နိုင်ငံမှာ 2026 Aprilလက စပြီး လူပျိုအပျိုတွေ အခွန်ဆောင်ရမယ်ဆိုတာ သိပြီးပြီလား ? ဂျပန်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်း...
23/03/2025

ဂျပန်နိုင်ငံမှာ 2026 Aprilလက စပြီး လူပျိုအပျိုတွေ အခွန်ဆောင်ရမယ်ဆိုတာ သိပြီးပြီလား ?

ဂျပန်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဂျပန်အစိုးရက ထုတ်ပြန်ထားတဲ့ အခွန်အသစ်တစ်မျိုးကတော့ Singleသမားများအတွက် "独身税 (どくしんぜい) - Single Person အခွန်"ဖြစ်ပါတယ် 😂

👉独身税 (どくしんぜい)ရဲ့ အဓိက ရည်ရွယ်ချက်က ကလေးငယ်ကို မွေးဖွားထားတဲ့ မိသားစုများကို ထောက်ပံ့ပေးနိုင်ဖို့အပြင် မွေးဖွားနှုန်းကျဆင်းနေတဲ့ ပြဿနာကို ထိန်းချူပ်နိုင်ရန်အတွက် ဘဏ္ဍာငွေအရင်းအမြစ်အသစ်ကို စတင်လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်

👉ဒါပေမယ့် ဒီအခွန်ဆောင်ရမယ့်ကိစ္စမှာ လပ်မထပ်ရသေးတဲ့ တစ်ကိုယ်ရည်သမားများ၊ ကလေးမရှိတဲ့ ဇနီးမောင်နှံများ၊ ကလေးငယ်ပျိုးထောင်ချိန် ပြီးဆုံးသွားတဲ့ အိမ်တောင်စုများအစရှိသဖြင့် အလုပ်ရှိနေတဲ့သူများအားလုံး နိုင်ငံသားမရွေး ဂျပန်မှာ နေထိုင်သူအားလုံး ပါဝင်ပါတယ်လို့ သိရပါတယ်

👉ဒီအခွန်ငွေကနေ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမွေးဖွားစရိတ်ထောက်ပံ့ပေးခြင်း၊ ပညာသင်စရိတ်များ ထောက်ပံ့ပေးခြင်းတို့အပြင် အိမ်ငှားခမတတ်နိုင်တဲ့ အိမ်ထောင်စုများကိုလည်း ပြန်လည်ထောက်ပံ့ပေးသွားမယ်လို့ ကနဦးထုတ်ပြန်ထားပါတယ်

အခုလိုမျိုး ဂျပန်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ သတင်းအချက်တွေကို နောက်ပိုင်းမှာလည်း မျှဝေပေးသွားမှာဖြစ်လို့ CS-JLLC Page လေးကို စောင့်ကြည့်ပေးကြပါဦးနော် 😗

Hiroshimaမြို့မှာရှိနေတဲ့ ကမ္ဘာ့အမွေအနှစ် နေရာက ဘယ်နေရာများလဲ ?
19/03/2025

Hiroshimaမြို့မှာရှိနေတဲ့ ကမ္ဘာ့အမွေအနှစ် နေရာက ဘယ်နေရာများလဲ ?

17/03/2025

❗ ဒီ Intake မှ ကျောင်းမလျှောက်ရင် ဒီနှစ် ၂၀၂၅ မှာ ဂျပန်မရောက်နိုင်တော့ဘူး

၂၀၂၅ မှာ ဂျပန်အရောက်သွားမယ်လို့ ဆုံးဖြတ်ထားရင် အခုချိန်လျှောက်မယ်ဆို မီနိုင်သေးတဲ့ October Intake ကို အမြန်ဆုံး လျှောက်ထားလိုက်ပါ

𝐁𝐞𝐲𝐨𝐧𝐝 𝐓𝐡𝐞 𝐋𝐢𝐦𝐢𝐭𝐬

Meme about Japanese Word 🙂
16/03/2025

Meme about Japanese Word 🙂

မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့ (ခေါ် ) တပေါင်းလပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်နှလုံးအေးချမ်းမှုမ...
13/03/2025

မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့ (ခေါ် ) တပေါင်းလပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်နှလုံးအေးချမ်းမှုများနှင့် ပြည့်စုံကြပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း CS-JLLC မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

#တပေါင်းလပြည့်နေ့

ကျောင်းသားများအတွက် အထောက်အကူဖြစ်စေဖို့ စာသင်ခန်းထဲမှာ ပြောလေ့ရှိတဲ့ စကားလုံးတွေကို မျှဝေပေးလိုက်ပါတယ် အတူတူမှတ်သားလိုက်...
09/03/2025

ကျောင်းသားများအတွက် အထောက်အကူဖြစ်စေဖို့ စာသင်ခန်းထဲမှာ ပြောလေ့ရှိတဲ့ စကားလုံးတွေကို မျှဝေပေးလိုက်ပါတယ်

အတူတူမှတ်သားလိုက်ရအောင်နော် 😗

Address

Gamone Pwint (San Yeik Nyein), 5th Floor
Yangon

Alerts

Be the first to know and let us send you an email when Charmya Study Japanese Language Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Charmya Study Japanese Language Learning Center:

Shortcuts

Share