PSR Procurement and Supply Chain Management Training

PSR Procurement and Supply Chain Management Training

Share

PSR (Phray Sal Rar) Certificate Level Vocational Training: Your gateway to a successful career in Procurement and Supply Chain.Unlock your potentail.

Let us take this opportunity to thank Everyone- People and organizations-whose work we may have used as reference to complete our courses !

19/05/2026

အိပ်မက်ကိုယ်စီနဲ့... 💭✨ Procurement Manager Coaching Training

ထူးခြားတာက PSR ရဲ့ လက်ရှိ (1st Batch ) One-on-One Procurement Manager Vocational Training တန်းခွဲမှာ တက်ရောက်နေကြတဲ့ ၅ ဦးစလုံးဟာ မိန်းကလေးတွေပါ။ 👩‍💼💼

NGO နယ်ပယ်ကပဲဖြစ်ဖြစ် ၊ Business လောကကပဲဖြစ်ဖြစ် မတူညီတဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ယူနေကြပေမယ့် အားလုံးမှာ တူညီတဲ့ ထက်သန်တဲ့ ရည်မှန်းချက်တစ်ခု ရှိကြပါတယ် -

✅ ကိုယ့်လုပ်ငန်းခွင်မှာ ယုံကြည်မှုအပြည့်နဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့
✅ ဝယ်ယူရေး မဟာဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့
✅ ကိုယ့် Team ကို စနစ်တကျ စီမံခန့်ခွဲပြီး အခြားဌာနတွေနဲ့ အချိတ်အဆက်မိမိ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့
✅ လုပ်ငန်းခွင်ရဲ့ Policy, SOP တွေကို တိကျစွာ Compliance ဖြစ်စေဖို့

သူတို့ရဲ့ မတူညီတဲ့ လုပ်ငန်းခွင်တွေမှာ တကယ့် Procurement Manager စစ်စစ်တစ်ယောက်လို စီမံခန့်ခွဲနိုင်အောင် PSR အနေနဲ့ အနီးကပ် လမ်းညွှန်ပံ့ပိုးကူညီခွင့်ရတဲ့အတွက် အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ကျေးဇူးလည်း တင်ရှိပါတယ်ဗျာ။ 🙏❤️

💡 မိတ်ဆွေကော... Procurement လုပ်ငန်းခွင်မှာ လုံလောက်တဲ့ လုပ်သက်အတွေ့အကြုံ ရှိနေပြီလား? ဒါဆိုရင် ဝယ်ယူရေးမန်နေဂျာ (Procurement Manager) အဆင့်သို့ တက်လှမ်းနိုင်ဖို့ PSR ရဲ့ နာရီ ၅၀ အနီးကပ် Coaching Training ကို လေ့လာသင်ကြားဖို့ အခုပဲ ဆက်သွယ် စုံစမ်းလိုက်ပါ! 09-776191219

LinkedIn post: https://www.linkedin.com/feed/update/urn:li:activity:7447682707331055616

Facebook post: https://www.facebook.com/share/p/18NxvGxyKX/

Photos from PSR Procurement and Supply Chain Management Training's post 12/05/2026

[Batch 34 – Procurement (In Person ) သင်တန်းအား (Zoom Online )တန်းခွဲအဖြစ် ပြောင်းလဲဖွင့်လှစ်ခြင်းနှင့် သင်တန်းသားသစ်များအတွက် ဖိတ်ခေါ်ခြင်း]

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေခင်ဗျာ 🙏

PSR Logistics and Supply Chain Management မှ ယခင်က In-person အနေဖြင့် ကြေညာထားခဲ့သော Batch 34 သင်တန်းအား သင်တန်းဆရာ၏ အချိန်ဇယား အခက်အခဲကြောင့် သင်တန်းသားများအတွက် ပိုမိုအဆင်ပြေစေမည့် Zoom Online Live Training အဖြစ် ပြောင်းလဲသင်ကြား ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

နေရာဒေသမရွေး၊ အချိန်ကုန်သက်သာစွာဖြင့် သင်တန်းဆရာနှင့် တိုက်ရိုက်ဆွေးနွေးသင်ယူနိုင်မည့် 📘 “Practical Procurement Skills for Professionals” (Basic to Intermediate Level) သင်တန်းကို အောက်ပါအတိုင်း စတင်စာရင်းပေးသွင်းနိုင်ပါပြီ။

🎯 ဘယ်သူတွေတက်ရောက်သင့်သလဲ?
•Procurement Beginners & NGO / Company Staff များ
•Career Change လုပ်လိုသူများ
•မိမိ၏ ဝယ်ယူရေးကျွမ်းကျင်မှုကို စနစ်တကျ မြှင့်တင်လိုသော Professionals များ
________________________________________
💻 သင်တန်းအသေးစိတ် (Batch 34)

•သင်တန်းစမည့်ရက် : ၁၇ မေလ ၂၀၂၆
•သင်ကြားမည့်ပုံစံ: Zoom Online Live Class
•အချိန်: အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (ညနေ ၅:၀၀ မှ ၆:၃၀ ထိ)
•ကြာမြင့်ချိန်: ၁ လခွဲ (1.5 Months)
•သင်တန်းကြေး: ၁၅၀,၀၀၀ ကျပ် (10% Discount အထူးအခွင့်အရေး ရှိပါသည်။)
•နောက်ဆုံးစာရင်းပေးရမည့်ရက်: ၁၆.၅.၂၀၂၆

🎁 သင်တန်းပြီးဆုံးပါက:
•Training Completion Certificate ရရှိမည်။
•Training Acknowledgement Letter ထုတ်ပေးမည်။
•Recorded Videos များကို Google Drive မှတစ်ဆင့် ပြန်လည်လေ့လာနိုင်မည်။
________________________________________
Trainer Profile U David Oung (Aung)
ဝယ်ယူရေး (Procurement)အတွေ့အကြုံ နှစ် ၂၀ ရှိပြီး၊ UN NGO အဖွဲ့အစည်း (၉) ခုနှင့် နိုင်ငံတကာကုမ္ပဏီ (၂) ခုတို့တွင် ကျယ်ပြန့်စွာ တာဝန်ထမ်းဆောင်ခဲ့သူ/နေသူ ဖြစ်ပါသည်။

(Entrepreneur) တစ်ဦးလည်းဖြစ်ပြီး၊ Supply chain သင်ကြားရေးတွင်ယနေ့အထိ သင်တန်းသား ၉၀၀ ကျော် အား ကျွမ်းကျင်ဘာသာရပ်များ ပို့ချပေးခဲ့သည့်အပြင်၊ ကုမ္ပဏီ ၂၀ ကျော် အား အကြံပေးဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ထို့အပြင်၊ NGO နှင့် ကုမ္ပဏီများအတွက် (Procurement and Warehouse Policy Handbook) များကို ရေးသားပြုစုခဲ့သူလည်း ဖြစ်ပါသည်။

သင်တန်းချိန် တစ်လခွဲ အတွင်း အသေးစိတ် အချိန်ပေး သင်ကြားပေးမယ့် Module 5 တွင် ပါ၀င်သော Outlines များကို သင်တန်းမအပ်မီ လေ့လာနိုင်ပါတယ်နော်။

ဒီသင်တန်းကို တက်ရောက်ပြီး Procurement နယ်ပယ်မှာ ပိုမိုတိုးတက်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်လိုက်ပါ။

သင်တန်းတက်ရောက်လိုပါက
ဖုန်း: ၀၉-၇၇၆-၁၉၁-၂၁၉ , Viber , Telegram သို့မဟုတ် (PSR Logistics and Supply Chain Management Training ) page Messenger/ LinkedIn Page (PSR Supply Chain Education Service ) မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(Corporate Training နှင့် Individual Training များကိုလည်း ရရှိနိုင်ပါသည်)

Photos from PSR Procurement and Supply Chain Management Training's post 21/04/2026

"20% Theory & 80% Practical"

✅သင်တန်းသား တစ်ဦးချင်းစီအတွက် ဂရုစိုက်မူ ရှိစေမည့် Procurement Practical Vocational Training (Batch 34) (လက်တွေ့ လေ့ကျင့် လေ့လာရေးသင်တန်း)
စာရင်းသွင်းထားနိုင်ပါပြီ

✅စာအုပ်ထဲက Procurement မဟုတ်ဘဲ လုပ်ငန်းခွင်ထဲက Procurement ကို တကယ်တတ်မြောက်ချင်ပါသလား?

✅အခြားသင်တန်းတွေမှာ မရနိုင်တဲ့ PSR ရဲ့ သီးသန့် "Workspace Practical Exercise" နဲ့အတူ Procurement နယ်ပယ်ထဲကို ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းလှည့်လိုက်ပါ။

✅INGO NGO Company တစ်ခုချင်းစီရဲ့ ဝန်ထမ်းများကိုယ်တိုင် လက်တွေ့သင်ယူပြီး အကျိုးရှိစွာ လုပ်ငန်းခွင်မှာ ပြန်အသုံးချရမည့် သင်တန်းတစ်ခုဆို ပိုမှန်ပါလိမ့်မယ်

🛎️ဘာတွေ ဘာလိုအပ်ချက်တွေ ကြောင့် ဒီသင်တန်းကို တက်ဖို့ လိုအပ်မယ် ထင်ပါသလဲ?

🛎️NGO/ Company များ၏ ဝယ်ယူမူ လုပ်ငန်းစဥ် များတွင် နေ့စဥ်ကြုံတွေ့ နေရသော အခက်အခဲများအတွက် ဖြေရှင်းဆွေးနွေးလိုပါသလား?

🛎️Procurement policy မရှိဘဲ စမ်းတဝါးဝါး ဝယ်ယူမူအတွက် လုပ်နေတုန်းလား?

🛎️အဝယ်ပိုင်းကို သီအိုရီတွေ ချည်းထိုင်ရှင်းပြမယ့် သင်တန်း တွေကို တက်ရတာ ငြီးငွေ့နေပြီလား?
သင်ယူမူတိုင်းကို လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချ ချင်ပြီလား?

🛎️ ဝန်ထမ်းတွေက Company ရဲ့ Procurement policy ကို လိုက်နာဖို့ ခက်ခဲနေသလား?

🛎️ ဝယ်ယူရေး ရာထူးတိုး အလုပ်သစ် ရှာဖွေဖို့ ယုံကြည်မူ အားနည်းနေပါသလား?

🔔အလုပ်အကိုင် အခွင့်အလမ်းများလှတဲ့ Procurement Assistant /Officer ရာထူးအတွက် Interview ပြင်ဆင်ဖို့ ခက်ခဲနေသလား?

🔔 ဒါတွေ အားလုံး ရဲ့ အဖြေက PSR မှာဘဲ ရှိပါတယ်နော်

🔔Company၊NGO တွေမှာ Procurement Positions အလုပ်ခေါ်ယူမူ မြင့်မားနေဆဲမို့ PSR မှာ သင်တန်း တက်ရောက်ပြီး လုပ်ငန်းခွင် ဝင်ကြမယ် ။

🔔တကယ့်လုပ်ငန်းခွင် (Company and NGO )တွေမှာ Procurement Professional တွေက နေ့စဥ် ဘာတွေ လုပ်ရလဲ ဘာတွေဘယ်လို စဥ်စားပြီး Policy ကို လိုက်နာ လုပ်ဆောင်ကြလဲ ဘယ်လို Supporting Documents တွေ နဲ့ Communication Tools တွေကိုသုံးပြီး ယုံကြည်မူ ရှိရှိ နဲ့ ပင်ကိုယ်စွမ်းဆောင်ရည် တိုးတက်စေမယ့် သင်တန်းဖြစ်ပါတယ်။

🔔အမေးများဆုံး PSR ရဲ့ Procurement Management Course က ဘယ်လိုသင်တန်းမျိုးလဲ?
Supply Chain Management ရဲ့အဓိကအကျဆုံးအခန်းကဏ္ဍတစ်ခုဖြစ်တဲ့ လက်ရှိ ပြည်တွင်း ပြည်ပတွင် Trend အဖြစ်ဆုံး ၀ယ်ယူမူ ပုံစံတစ်ခုဖြစ်တဲ့ Strategic Procurement Sourcing ကို အဓိက အခြေခံပြီး သင်ကြားရမှာဖြစ်ပါတယ်

🔔ဘယ်သူတွေ လေ့လာသင့်သလဲ?

• Procurement ကို အခုမှစလေ့လာမယ့်သူတွေ
• အခြားနယ်ပယ်ကနေ ကူးပြောင်းချင်သူတွေအတွက်
• လက်ရှိ UN၊ NGO၊ ကုမ္ပဏီ၊ ဟိုတယ်၊ စက်ရုံနှင့် ဆေးရုံများမှာ (Procurement , Admin , Finance , Engineer ) တာဝန်ယူထားသူတွေ

🔔 ဘာတွေ သင်ယူရမလဲ၊ ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?

✅Procurement Cycle လုပ်ငန်းစဉ်တစ်ခုလုံးကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ခြင်း
Planning အဆင့်ကနေစပြီး Payment နှင့် Reporting အဆင့်အထိ လုပ်ထုံးနည်းများ၊ ကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုများကိုပါ လက်တွေ့ကျကျနားလည်သွားမှာပါ။

✅ လက်တွေ့အသုံးချ လေ့ကျင့်ခန်းများဖြင့် သင်ကြားခြင်း

✅Real Life Case Studies များကို အသုံးပြုပြီး နေ့စဉ် လုပ်ငန်းခွင်တွင် မရှိမဖြစ်လိုအပ်သော ဝယ်ယူရေးဆိုင်ရာ စာရွက်စာတမ်းများ (Plan, PR, RFX, Market Survey, CBA, Negotiation Note, PO, SO, Contract, GR, QC, Tracking Sheet, Supplier List, Monthly Report, Payment Request & Clearance စသည်တို့) ကို Global Standard SOP နည်းစနစ်များအတိုင်း ရှင်းပြ သင်ပြပေးမည့် တစ်ခုတည်းသော Practical Workspace Class (လက်တွေ့လုပ်ငန်းခွင် သင်တန်း) ဖြစ်ပါတယ်။

✅မိမိ၏ SOP ကို ပိုမိုကောင်းမွန်အောင် မြှင့်တင်နိုင်ခြင်း

✅Procurement Cycle တစ်ခုလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားတဲ့အတွက် မိမိလုပ်ငန်းခွင်ရဲ့ SOP (Standard Operating Procedure) တွေကို ပိုမိုထိရောက်အောင် ပြန်လည်ရေးဆွဲခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နိုင်ပါလိမ့်မယ်။

✅Global Standard များနှင့်အညီ လုပ်ဆောင်နိုင်ခြင်း
သင်တန်းကို Global Procurement Practices ကို အဓိကအခြေခံပြီး သင်ကြားပေးတာဖြစ်လို့ ပြည်တွင်းပြည်ပကုမ္ပဏီတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ယုံကြည်မှုရှိရှိ လိုက်နာဆောင်ရွက်နိုင်စေမှာပါ။

✅Career အတွက် အခွင့်အရေးကောင်းများရရှိခြင်း

✅လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီတဲ့ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေကို ရရှိသွားမှာဖြစ်တဲ့အတွက် သင့် Career အတွက် အကောင်းဆုံးလမ်းပြပေးနိုင်မှာပါ။

✅ အင်တာဗျူးအတွက် စိတ်ချလက်ချပြင်ဆင်နိုင်ခြင်း

✅Procurement နယ်ပယ်ရဲ့ သဘောတရားနဲ့ လုပ်ဆောင်ချက်တွေကို ရင်းနှီးကျွမ်းဝင်လာပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်တဲ့ အသိပညာတွေကြောင့် အင်တာဗျူးတွေကို ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုနိုင်ဖို့ပါ အထောက်အကူပြုပေးပါလိမ့်မယ်။

💟သင်တန်းကြေး: ၂၅၀,၀၀၀ကျပ်

💟PSR သင်တန်းသား/ဟောင်းများအတွက် သင်တန်းကြေး ၁၀၀,၀၀၀ ကျပ်သာ ပေးသွင်းရပါမည်

💟သင်တန်းကာလ: ၁၀.၅.၂၀၂၆ မှ ၁၂.၇.၂၀၂၆

💟စုစုပေါင်းသင်ကြားချိန်: နာရီ ၂၀ ကျော်

💟သင်တန်းရက်နှင့် အချိန်: အပတ်စဉ် တနင်္ဂနွေနေ့ (မနက် ၁၀ နာရီမှ ၁၂နာရီအထိ)

💟၅.၅.၂၀၂၆ မတိုင်ခင် ကြိုတင် ငွေစာရင်းသွင်းသူများတစ်ဦးချင်းအတွက် ၃၀၀၀၀ ကျပ် Discount ရရှိပါမည်။

💟ငွေပေးချေမူစနစ်: Kpay, AYA Pay , Mobile Banking (AYA, KBZ, CB)

💟သင်တန်းလက်ခံသည့်နောက်ဆုံးရက်: ၉.၅.၂၀၂၆

💟 သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ပေးပို့မှာဖြစ်ပါတယ်။

💟သင်တန်းကာလက အချိန်ကာလအားဖြင့် ၁၀ပတ်ကျော်ခန့် ကြာမြင့်မှာဖြစ်ပြီး Group Discussion/ Group Practical Exercise များပါဝင်သောကြောင့် ၁၀ပတ် ထက် ၁ပတ် (သို့) ၂ပတ်ခန့် ပိုကြာမြင့်နိုင်ပါတယ်။)

🏺သင်တန်းတည်နေရာ Area 39 (၃၉လမ်း အပေါ်ဘလောက် ကျောက်တံတားမြို့နယ် ရန်ကုန်)

🎉Trainer Profile: U David Oung (Aung)

NGO Company များတွင် ဝယ်ယူမူ အတွေ့အကြုံ နစ်၂၀ ကျော်ရှိသော Trainer (David Oung )နဲ့ လူတွေ့ တွေ့ဆုံ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်
ဝယ်ယူရေး (Procurement)အတွေ့အကြုံ နှစ် ၂၀ ရှိပြီး၊ UN NGO အဖွဲ့အစည်း (၉) ခုနှင့် နိုင်ငံတကာကုမ္ပဏီ (၂) ခုတို့တွင် ကျယ်ပြန့်စွာ တာဝန်ထမ်းဆောင်ခဲ့သူ/နေသူ ဖြစ်ပါသည်။
(Entrepreneur) တစ်ဦးလည်းဖြစ်ပြီး၊ Supply chain သင်ကြားရေးတွင်ယနေ့အထိ သင်တန်းသား ၉၀၀ ကျော် အား ကျွမ်းကျင်ဘာသာရပ်များ ပို့ချပေးခဲ့သည့်အပြင်၊ ကုမ္ပဏီ ၂၀ ကျော် အား အကြံပေးဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ထို့အပြင်၊ NGO နှင့် ကုမ္ပဏီများအတွက် (Procurement and Warehouse Policy Handbook) များကို ရေးသားပြုစုခဲ့သူလည်း ဖြစ်ပါသည်။

💟သင်တို့ရဲ့ သင်ယူတက်မြောက်နိုင်မှု စွမ်းအင်နဲ့ Career opportunity များကိုမြှင့်တင်ဖို့ PSRမှ အသင့်ရှိနေတာမို့ ဖုန်း : 09-776-191-219 (Viber) (သို့) PSR page Messenger မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်ပြီး သင်တန်းအပ်နှံနိုင်ပါပြီ။

သင်တန်းကာလ အတွင်း အသေးစိတ် အချိန်ပေး သင်ကြားပေးမယ့် Module 5 တွင် ပါ၀င်သော Outlines များကို သင်တန်းမအပ်မီ လေ့လာနိုင်ပါတယ်နော်။

ဒီသင်တန်းကို တက်ရောက်ပြီး Procurement နယ်ပယ်မှာ ပိုမိုတိုးတက်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်လိုက်ပါ။

Photos from PSR Procurement and Supply Chain Management Training's post 17/04/2026

🛎Procurement Manager ဖြစ်ဖို့ သင်၏စိတ်ကူးကို လက်တွေ့အောင်မြင်မှုအဖြစ် ပြောင်းလဲလိုက်ပါ။🛎

✅Procurement Manager အဖြစ် တက်လှမ်းလိုသူများအတွက် လက်တွေ့ကျွမ်းကျင်မှုများကို အပြည့်အစုံရရှိစေရန် ရည်ရွယ်ထားသော နာရီ (၅၀) ပါဝင်သည့် Practical Training Program တစ်ခုဖြစ်ပြီး လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေရန် Job-Ready Skills များကို တိုးတက်ရယူနိုင်ပြီး Procurement Manager အဆင့်သို့ ယုံကြည်မှုနှင့်အတူ တက်လှမ်းနိုင်ရန် အထောက်အကူပြုမည့် Practical Coaching Program တစ်ခုဖြစ်ပါသည်။

✅စိတ်ဝင်စားသူများအနေဖြင့် သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို အောက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

✅ထို့အပြင် မေးမြန်းလိုသော အချက်အလက်များရှိပါက Page Messenger (သို့မဟုတ်) ဖုန်း (09-776191219 )ဖြင့် ဆက်သွယ်၍လည်း တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ပါသည်။

09/03/2026

Procurement starting point or PR

Procurement ကို တာဝန်ယူ ​လုပ်ကိုင်​နေကြတဲ့ Professional အတွက် Strategy Sourcing ရဲ့ Part တစ်ခု (or ) Procurement Process တစ်ခုရဲ့ စမှတ် (Starting Point) လို့ ​ပြောကြတဲ့ PR ……

Purchase Request or Requisition ဆိုတာ
Company ရဲ့ ​ငွေ​ကြေး တပြားက အစ ဝယ်ယူ သုံးစွဲမယ်ဆို ဘယ် Staff မဆို မဖြစ်မ​နေ PR တင်ကိုတင်ကြရတယ်။ အဆင့်ဆင့် ခွင့်ပြုချက်​တွေ ​တောင်းကြရ​လေ​ရော တိကျ​သေချာတဲ့ Spec ​တွေ Sample ​တွေ TOR ​တွေ BOQ ​တွေ ​​ပေးပြီး အဝယ်မမှားရ​​​အောင် ​Asset and Inventory Balance ကိုကြည့်ပြီး ဝယ်ရမယ့် Quantity ကို Confirm လုပ်ကြတယ်။ အဓိက က​တော့ Cost Control , Fraud Prevention and Corruption ,budget tracking လုပ်ဖို့ရန် အတွက် PR က အ​ရေးပါတယ်။

Budget forecasting အတွက် သတ်မှတ်ထားတဲ့ ဝယ်ယူမူ လျာထားချက်​တွေ 100% အ​​ကောင်အထည်​ဖော် ​ဆောင်မူအတွက် PR နဲ့ ချိတ်ဆက်ထားကြပြီး PR preparation with details က Procurement lead time အ​ပေါ်မှာ​ရော ဘယ်​လောက် Impact ရှိနိုင်မလဲ။

User /Requester side က​ရော PR ‘s SOP ကို မှန်ကန်စွာ လိုက်နာဖို့ ဘယ်​လောက်နားလည်သ​ဘော​ပေါက် အသုံးပြုတတ်လည်းဆိုတာအ​ရေးကြီးသလို Procurement team ဘက်က​ရော PR ရဲ့ Proposed delivery Date ကို ရ​အောင် ဝယ်နိုင်ကြရဲ့လား။

Budget controller ဘက်က​ရော တက်လာတဲ့ PR တ​စောင်ကို ဘာကို ကြည့်ပြီး Approve လုပ်​ပေးလဲ?။ Finance ဘက်က​ရော PR က Procurement plan မှာ ပါရဲ့လား Budget code မှန်ရဲ့လား DOA approved person မှနိရဲ့လားစစ်ကြတာလား။

ကျွန်​တော်တို့ အ​တွေ့အကြုံအရ PR နဲ့ ပတ်သတ်ရင် Company Type and SOP ​အပေါ် ကွဲပြားတဲ့ PR အမျိုးအစား လုပ်​ဆောင်ပုံ ဆက်စပ်ပူး​ပေါင်းလုပ်ကြရာမှာ လုပ်ငန်းခွင်မှာအမြဲ ကြုံရတဲ့ Challenges ​တွေကို အ​ခြေခံရင်း ထွက်လာတဲ့ ​မေးခွန်း​များစွာရှိတဲ့ အထဲက​ ဆွေး​နွေးစရာ တစ်ခု ဖြစ်မယ့်

Topic 1 of PR : “Without PR or with PR for any procurement threshold? “

♦️ ဘယ် Procurement threshold မ ဆို PR လိုမလို ဆိုတာ Ngo or Company policy ​​ကြောင့် ကွဲပြားမူရှိ

♦️တချို့က Direct Purchase ဆို PR မလိုဘူး ဒါ​ပေမယ့် Asset item ‘s ဝယ်မယ်ဆိုရင်​တော့ တချို့က PR လိုပြန်​ရော

♦️Any staff က PR မပါဘဲ (Direct Purchase ) ကို ကိုယ်တိုင် Run တာ ကြုံဖူးသလို

♦️Only Procurement Staff က အ​သေးအ​မွားကအစ Company all staff ​​​​တွေရဲ့ လိုအပ်ချက်ကို ​နေတိုင်း Direct Purchase or 3RFQ -Comparison Stage နဲ့တင် တိုင်ပတ်​နေ​ရော

♦️SOP’s policy ထဲမှာ​ရော PR ကို User Guideline တိတိကျကျ ​ရေးမထားရင် အထာနပ်တဲ့ Staff ​တွေက လက်တစ်လုံးခြားလုပ်ကြမလား/​မေးခွန်းထုတ်ကြမလား

♦️ကောင်းကျိုးဆိုးကျိုး က​တော့ Without PR ဆို Process မြန်တယ် အချိန်မီ ဝယ်နိုင်တယ် ဘာမမလိုဘူး ဒါ​ပေမယ့် Audit အကြိုက် ​ထောက်ပြစရာ​ကောင်း​နေပြန် Asset control မရှိနိုင် 3RFQ Comparison ကို Skip လုပ်ချင်လို့ Small purchase ကို ကြိမ်ဖန်များစွာ လုပ်နိူင်​ချေများတယ် ကြာလာရင် budget control အားနည်းလာပြီး fraud and corruption ဖြစ်နိုင်​ချေများ

will be continuous …………………. welcome any comments

David Oung Trainer

18/02/2026
18/02/2026

"Corporate Training: Practical Applications in the Workplace"

✅ Company , NGO ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တွင် တိုက်ရိုက်အသုံးချနိုင်သော
• Certificate in Procurement သင်တန်း
• Certificate in Warehouse သင်တန်း
• Certificate in Office Asset သင်တန်း
• Certificate in Office Cars in Fleet သင်တန်း
• Certificate in Office Admin Management သင်တန်း

Company I NGO ဒါမှမဟုတ် INGO ရဲ့ Supply Chain လုပ်ငန်းစဉ်တစ်ခုလုံး ချောမွေ့အောင် အရေးပါတဲ့ (Procurement -Warehouse -Asset – Fleet Management) ဘာသာရပ်များကို လုပ်ငန်းကျွမ်းကျင်သူ အဖြစ် အဆင့်မြှင့်တင်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲ။

၂၀ နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိတဲ့ Supply Chain Management နယ်ပယ်မှ သင်တန်းနည်းပြ (U David Oung ) က ဦးဆောင်ပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။

✨ သင်တန်း၏ထူးခြားချက်များ ✨

• အဖွဲ့လိုက်တက်ရောက်နိုင်ခြင်း — အဖွဲ့ဝင်အနည်းဆုံး 4-5 ဦးမှစ၍ သင်တန်းတက်ရောက်နိုင်ပါတယ်။

• အဆင့်မြှင့်တင်ခြင်း — ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်အသိပညာ (Knowledge) နဲ့ ကျွမ်းကျင်မှု (Skills) တွေကို ထိရောက်စွာ မြှင့်တင်ပေးမယ့် Corporate Training ပုံစံဖြင့် စီစဉ်ထားပါတယ်။

• အချိန်ရွေးချယ်နိုင်ခြင်း — သင်တန်းအချိန်နှင့် ရက်များကို သင်တို့အဖွဲ့အစည်းအဆင်ပြေဆုံးဖြစ်မည့် အချိန်နှင့်ရက်ကို ညှိနှိုင်းရွေးချယ်နိုင်ပါတယ်။

• ပြောင်းလွယ်ပြင်လွယ်ရှိခြင်း — လိုအပ်ချက်ပေါ်မူတည်ပြီး သင်ရိုးညွှန်းတမ်း (Course Outlines) များကို စိတ်ကြိုက်ပြင်ဆင် (Customized) ပေးပါတယ်။

• ရွေးချယ်စရာများ — ရက်တို၊ ရက်ရှည်သင်တန်းများကို သင်တို့အဆင်ပြေစေရန် Online (Zoom Live) သို့မဟုတ် In-person (Campus) ပုံစံဖြင့် သင်ယူနိုင်ပါတယ်။

💡 အထူးအစီအစဉ်များ 💡 သင်တန်းနှင့်ပတ်သက်ပြီး စိတ်ချလက်ချဖြစ်စေရန် အောက်ပါအစီအစဉ်ကောင်းများကိုလည်း ထပ်မံပေးအပ်ပါသေးတယ်-

• သင်တန်းအသေးစိတ်မေးဖို့ အခမဲ့ ဆွေးနွေးမှု (Free Consultation)အခုဘဲ ရယူလိုက်ပါ

• လိုအပ်ရင် အခမဲ့ သင်တန်းအဆိုပြုလွှာ (Proposal) သို့မဟုတ် ဈေးနှုန်းတင်သွင်းလွှာ (Quotation)ပါ ထပ်ပို့ပေးဖို့ အဆင်သင့်ပါ

• အဆင်ပြေစေမယ့် ပြောင်းလွယ်ပြင်လွယ်ရှိသော ငွေပေးချေမှု (Flexible Payment Term)ဖြစ်စေဖို့ပါ

• သင်တန်းရက်တို ရက်ရှည် ဘယ်နစ်ရက် တက်တက် သင်ပြီးသားသင်ခန်းစာတွေ အပေါ် နားမလည်တာ ပြန်ရှင်းပြပေးဖို့ (Free Revision Session)

• သင်တန်းအသေးစိတ်ကို လေ့လာနိုင်ရန် သင်ရိုးညွှန်းတမ်း (Course Outlines) များကို လိုအပ်သလို customized ပြုလုပ်ပေးပြီး Quotation မှာ တပါတည်း ပူးတွဲပေးပို့ပါမည်။

📞သင်တန်းအသေးစိတ်ကို အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ

ဖုန်း: 09-776191219

Viber ဖုန်းနံပါတ် 09-776191219

PSR Page Messenger စသည်တို့မှတစ်ဆင့် ဆက်သွယ်နိုင်ပါပြီ။

15/02/2026

🛎PSRရဲ့ သာမန်နဲ့ မတူတဲ့ အထူးအစီအစဥ် 🛎

လုပ်ငန်ခွင် လက်တွေ့ အသုံးချ 100% သေချာသော သင်တန်း

သင်တန်းသား တစ်ဦးတည်းသီးသန့် ဆရာနဲ့ One by One သင်ကြားနိုင်မယ့် (Zoom Online ) ၀န်ဆောင်မှုလေး ပြန်လာပါပြီ

✅Procurement (Basic to Intermediate level) Course
✅Warehouse ( Basic to Intermediate level) Course
✅Office Asset Management Course
✅Office Cars Management in Fleet Course
✅Office Admin and Support Management Course

ဘယ်သူတွေ လေ့လာသင်ယူသင့်ပါသလဲ ?

• ပုံမှန်သင်တန်းရက်တွေမှာ တက်ရောက်သင်ကြားဖို့ အချိန်မပေးနိုင်တဲ့သူများ

• အရေးတကြီးလုပ်ငန်းခွင်၀င်ဖို့ အမြန်ရက်ဆက်သင်တန်းတက်ရောက်ချင်သူများ

• လုပ်ငန်းခွင်မှာ ကျွမ်းကျင်စွာ ယုံကြည်မှုရှိရှိ လုပ်ကိုင်နိုင်ဖို့ အခက်ကြုံနေရသူများ

• နေ့စဥ် မရိုးနိုင်အောင် ပြဿနာတွေနဲ့ ရှုပ်ထွေးပြီး လုပ်ငန်းခွင်မှာ ရှေ့ဆက်ဖို့ ယုံကြည်မှုပျောက်နေသူများ အတွက် အထူးသင့်တော်ပါတယ်

(နှစ် ၂၀ ကျော် အတွေ့အကြုံရှိပြီး သင်တန်းသား/သူ 900 ကျော်အထိ သင်ကြားပို့ချပြီးဖြစ်တဲ့ ဆရာ (David Oung ) နဲ့ စာသင်ရင်း လုပ်ငန်းခွင်အခက်အခဲတွေကို ဆွေးနွေးခွင့်ရမှာပါ)

(တစ်ဦးချင်း သီးသန့် သင်တန်းကို စာရင်းပေးသွင်းဖို့ စုံစမ်းနိုင်ပါပြီ)

(သင်ကြားမည့်သူ၏ လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်းအပေါ် မူတည်၍ သင်တန်းကာလ နှင့် သင်တန်းကြေး အပြောင်းအလဲရှိနိုင်ပါတယ်)

တစ်ဦးချင်းဖြစ်စေ တစ်ဦးထက်ပိုသည်ဖြစ်စေ သင်တန်းကြေး၊ သင်တန်းရက်၊ သင်တန်းအချိန်များကို (အထူး)ညှိနှိုင်းဆောင်ရွက်ပေးပါမည်။

Photos from PSR Procurement and Supply Chain Management Training's post 13/02/2026

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေကြောင်းနဲ့ PSR Logistics and Supply Chain Management ရဲ့ "Practical Procurement Skills for Professionals” Zoom Online သင်တန်း (Batch 33)ကို မိတ်ဆက်ရှင်းပြခွင့်ပြုပါခင်ဗျာ။

Practical Procurement Skills for Professionals Training (Basic to Intermediate Level)

ပရော်ဖက်ရှင်နယ်များအတွက် လက်တွေ့ ဝယ်ယူရေး ကျွမ်းကျင်မှု သင်တန်း (အခြေခံအဆင့်မှ အလယ်အလတ်အဆင့်အထိ)

Company၊NGO တွေမှာ Procurement Positions အလုပ်ခေါ်ယူမူ မြင့်မားနေဆဲမို့ PSR မှာ သင်တန်း တက်ရောက်ပြီး လုပ်ငန်းခွင် ဝင်ကြမယ် ။

တကယ့်လုပ်ငန်းခွင် (Company and NGO )တွေမှာ Procurement Professional တွေက နေ့စဥ် ဘာတွေ လုပ်ရလဲ ဘာတွေဘယ်လို စဥ်စားပြီး Policy ကို လိုက်နာ လုပ်ဆောင်ကြလဲ ဘယ်လို Supporting Documents တွေ နဲ့ Communication Tools တွေကိုသုံးပြီး ယုံကြည်မူ ရှိရှိ နဲ့ ပင်ကိုယ်စွမ်းဆောင်ရည် တိုးတက်စေမယ့် သင်တန်းဖြစ်ပါတယ်။

🌟 အမေးများဆုံး PSR ရဲ့ Procurement Management Course က ဘယ်လိုသင်တန်းမျိုးလဲ?
Supply Chain Management ရဲ့အဓိကအကျဆုံးအခန်းကဏ္ဍတစ်ခုဖြစ်တဲ့ Procurement ‘s Strategic Sourcing Process ကို အစအဆုံး ပြည့်ပြည့်စုံစုံနားလည်ချင်သူတွေအတွက် ရည်ရွယ်ပြီး ဒီသင်တန်းကို ဖန်တီးထားပါတယ်။

🌟 ဘယ်သူတွေ လေ့လာသင့်သလဲ?
Procurement ကို အခုမှစလေ့လာမယ့်သူတွေ၊ အခြားနယ်ပယ်ကနေ ကူးပြောင်းချင်သူတွေအတွက်သာမက၊ လက်ရှိ UN၊ NGO၊ ကုမ္ပဏီ၊ ဟိုတယ်၊ စက်ရုံနှင့် ဆေးရုံများမှာ ဝယ်ယူရေးတာဝန်ယူထားသူတွေအတွက်ပါ အကျိုးရှိစေမယ့် လက်တွေ့ကျတဲ့ သင်တန်းတစ်ခုပါ။

📚 ဘာတွေ သင်ယူရမလဲ၊ ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?

✅ Procurement Cycle လုပ်ငန်းစဉ်တစ်ခုလုံးကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ခြင်း
Planning အဆင့်ကနေစပြီး Payment နှင့် Reporting အဆင့်အထိ လုပ်ထုံးနည်းများ၊ ကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုများကိုပါ လက်တွေ့ကျကျနားလည်သွားမှာပါ။

✅ လက်တွေ့အသုံးချ လေ့ကျင့်ခန်းများဖြင့် သင်ကြားခြင်း
Real Life Case Studies များကို အသုံးပြုပြီး နေ့စဉ် လုပ်ငန်းခွင်တွင် မရှိမဖြစ်လိုအပ်သော ဝယ်ယူရေးဆိုင်ရာ စာရွက်စာတမ်းများ (Plan, PR, RFX, Market Survey, CBA, Negotiation Note, PO, SO, Contract, GR, QC, Tracking Sheet, Supplier List, Monthly Report, Payment Request & Clearance စသည်တို့) ကို Global Standard SOP နည်းစနစ်များအတိုင်း ရှင်းပြ သင်ပြပေးမည့် တစ်ခုတည်းသော Practical Workspace Class (လက်တွေ့လုပ်ငန်းခွင် သင်တန်း ) ဖြစ်ပါတယ်။

✅ မိမိ၏ SOP ကို ပိုမိုကောင်းမွန်အောင် မြှင့်တင်နိုင်ခြင်း
Procurement Cycle တစ်ခုလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားတဲ့အတွက် မိမိလုပ်ငန်းခွင်ရဲ့ SOP (Standard Operating Procedure) တွေကို ပိုမိုထိရောက်အောင် ပြန်လည်ရေးဆွဲခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နိုင်ပါလိမ့်မယ်။

✅ Global Standard များနှင့်အညီ လုပ်ဆောင်နိုင်ခြင်း
သင်တန်းကို Global Procurement Practices ကို အဓိကအခြေခံပြီး သင်ကြားပေးတာဖြစ်လို့ ပြည်တွင်းပြည်ပကုမ္ပဏီတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ယုံကြည်မှုရှိရှိ လိုက်နာဆောင်ရွက်နိုင်စေမှာပါ။

✅ Career အတွက် အခွင့်အရေးကောင်းများရရှိခြင်း
လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီတဲ့ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေကို ရရှိသွားမှာဖြစ်တဲ့အတွက် သင့် Career အတွက် အကောင်းဆုံးလမ်းပြပေးနိုင်မှာပါ။

✅ အင်တာဗျူးအတွက် စိတ်ချလက်ချပြင်ဆင်နိုင်ခြင်း
Procurement နယ်ပယ်ရဲ့ သဘောတရားနဲ့ လုပ်ဆောင်ချက်တွေကို ရင်းနှီးကျွမ်းဝင်လာပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်တဲ့ အသိပညာတွေကြောင့် အင်တာဗျူးတွေကို ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုနိုင်ဖို့ပါ အထောက်အကူပြုပေးပါလိမ့်မယ်။

✅သင်တန်းကြေး: ၁၅၀,၀၀၀ကျပ်
✅သင်တန်းကာလ: ၈.၃.၂၀၂၆ မှ ၁၂.၄.၂၀၂၆
✅သင်တန်းရက်နှင့် အချိန်: အပတ်စဉ် တနင်္ဂနွေနေ့ (နေ့လယ် ၁၂:၀၀ နာရီ မှ ၁:၃၀ နာရီ အထိ)
✅သင်ကြားမည့်ပုံစံ: Zoom မှ တိုက်ရိုက်သင်ကြားခြင်း
✅ကြိုတင်စာရင်းသွင်းသူများအတွက် ၁.၃.၂၀၂၆ အထိ ၂၀% အထူးလျှော့စျေး ရရှိမည်။
✅ငွေပေးချေမူစနစ်: Kpay, AYA Pay , Mobile Banking (AYA, KBZ, CB)
✅သင်တန်းလက်ခံသည့်နောက်ဆုံးရက်: ၇.၃.၂၀၂၆
✅သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် အပြင် Training Acknowledgement Letterပါ ပူးတွဲပေးပို့မှာဖြစ်ပါတယ်။

✅သင်တန်းပျက်ကွက်ရက်များအတွက် ပြန်လေ့လာလို့ရအောင် ( Recorded Videos သင်ခန်းစာများ ) ကို ၂၄ နာရီ ပြန်ကြည့်နိုင်အောင် (Google Drive ) မှာ တင်ပေးထားမှာ ဖြစ်ပါတယ်။

✅သင်တန်းကာလက အချိန်ကာလအားဖြင့် ၁လ ခန့်ကြာမြင့်မှာဖြစ်ပြီး Group Discussionများပါဝင်သောကြောင့် ၁လ (၅ ပတ်)ထက် ၁ပတ် (သို့) ၂ပတ်ခန့် ပိုကြာမြင့်နိုင်ပါတယ်။)

Trainer Profile U David Oung (Aung)

ဝယ်ယူရေး (Procurement)အတွေ့အကြုံ နှစ် ၂၀ ရှိပြီး၊ UN NGO အဖွဲ့အစည်း (၉) ခုနှင့် နိုင်ငံတကာကုမ္ပဏီ (၂) ခုတို့တွင် ကျယ်ပြန့်စွာ တာဝန်ထမ်းဆောင်ခဲ့သူ/နေသူ ဖြစ်ပါသည်။ (Entrepreneur) တစ်ဦးလည်းဖြစ်ပြီး၊ Supply chain သင်ကြားရေးတွင်ယနေ့အထိ သင်တန်းသား ၉၀၀ ကျော် အား ကျွမ်းကျင်ဘာသာရပ်များ ပို့ချပေးခဲ့သည့်အပြင်၊ ကုမ္ပဏီ ၂၀ ကျော် အား အကြံပေးဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ထို့အပြင်၊ NGO နှင့် ကုမ္ပဏီများအတွက် (Procurement and Warehouse Policy Handbook) များကို ရေးသားပြုစုခဲ့သူလည်း ဖြစ်ပါသည်။

သင်တန်းချိန် တလ အတွင်း အသေးစိတ် အချိန်ပေး သင်ကြားပေးမယ့် Module 5 တွင် ပါ၀င်သော Outlines များကို သင်တန်းမအပ်မီ လေ့လာနိုင်ပါတယ်နော်။

ဒီသင်တန်းကို တက်ရောက်ပြီး Procurement နယ်ပယ်မှာ ပိုမိုတိုးတက်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်လိုက်ပါ။

သင်တန်းတက်ရောက်လိုပါက ဖုန်း: ၀၉-၇၇၆-၁၉၁-၂၁၉ , Viber , Telegram သို့မဟုတ် (PSR Logistics and Supply Chain Management Training ) page Messenger/ LinkedIn Page (PSR Supply Chain Education Service ) မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(Corporate Training နှင့် Individual Training များကိုလည်း ရရှိနိုင်ပါသည်)

Photos from PSR Procurement and Supply Chain Management Training's post 13/02/2026

🛎PSR ရဲ့ Certificate in Office Cars Management in Fleet သင်တန်း (Batch-3 ) အတွက် Schedule ထွက်ပါပြီခင်ဗျာ 👑

• Training Duration: (8th March 2026 ) to ( 5th April 2026)
• Training Date & Time: Sunday (2 PM to 3.30 PM )
• Training Platform: Zoom Online Live session

• ပျက်ကွက်ရက်တွေ မှာ ပြန်လေ့လာနိုင်အောင် Recorded Zoom Class Videos သင်ခန်းစာများကို 24 နာရီ (Wi-Fi ) နဲ့ ပြန်ကြည့်နိုင်အောင် (Google Drive) မှာ တင်ပေးထားမှာ ဖြစ်ပါတယ်။

• Training Materials & Certificates : Presentation Documents for Modules 4 ခုလုံးကို အပတ်စဉ် email မှတစ်ဆင့် ပို့ပေးမည် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Certificate လက်မှတ်အပြင် Course Outlines Acknowledge Letter ပါ ရရှိမှာပါ။)

• သင်တန်းကာလအတွင်း လက်တွေ့ကျကျ လေ့ကျင့်နိုင်ရန်နှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် နေ့စဉ်သုံး နမူနာ စာရွက်စာတမ်းများနှင့် ဖောင်ပုံစံများကို ထည့်သွင်းသင်ကြားပေးပါမည်။

• သင်တန်းကာလက အချိန်ကာလအားဖြင့် ၁လ ခန့်ကြာမြင့်မှာဖြစ်ပြီး ရက်သတ္တပတ်အားဖြင့် (၄-၅)ပတ်ခန့် ကြာမြင့်မှာဖြစ်ပါတယ်။

• (သင်တန်းကာလအတွင်း Group Discussion များပါဝင်သောကြောင့် ၁လ (၅ ပတ်) ထက် ၁ပတ် (သို့) ၂ပတ်ခန့် ပိုကြာမြင့်နိုင်ပါတယ်။)

💟သင်တန်းကြေးက ဘယ်လောက်လဲ?
Training Fee: 150,000 MMK

• (14th February to 1st March 2026 ) အတွင်း သင်တန်းအပ်ပါက 20% လျှော့စျေး (တစ်ဦး) နှင့် 25% လျှော့စျေး (နှစ်ဦးနှင့်အထက်) ရရှိပါမည်။

• (PSR ကျောင်းသူ/သားဟောင်းများအနေဖြင့် သင်တန်းကြေး 90,000 ကျပ်ဘဲပေးသွင်းရမှာပါ)

Payment Type: Cash, Kpay, Wave Money, Mobile Banking (AYA, KBZ, CB) အဆင်ပြေရာ ငွေပေးချေမှုဖြင့် ပေးချေလို့ ရပါတယ်။

သင်တန်းလက်ခံသည့်နောက်ဆုံးရက် - 7th March 2026

သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် (Course Completion Certificate -Soft)အပြင် ဒီသင်တန်းမှာဘာတွေသင်ကြားခဲ့လဲ ဖော်ပြပေးမဲ့ Course Outlinesများပါဝင်တဲ့ Training Acknowledgement Letterပါ ပူးတွဲပေးပို့မှာဖြစ်ပါတယ်။

Office Cars Management ဆိုတာဘာလဲ

Office Cars Management ဆိုတာ ကုမ္ပဏီပိုင် ရုံးသုံးယာဉ်တွေ ကို သတ်မှတ်ထားတဲ့ ဘတ်ဂျက်အတွင်းမှာ ထိရောက်အကျိုးရှိရှိ၊ အချိန်မှီ လည်ပတ်နိုင်ဖို့ စနစ်တကျ စီမံခန့်ခွဲတာကို ဆိုလိုပါတယ်။

Office Cars Management ရဲ့ အဓိကရည်ရွယ်ချက်ကတော့

• ယာဉ်အသုံးပြုမှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့၊

• လုပ်ငန်းရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီအောင် ယာဉ်တွေကို အကောင်းဆုံး အသုံးပြုနိုင်ဖို့

• ယာဉ်မောင်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အမြဲတမ်းသေချာစေဖို့

• ယာဉ်တွေရဲ့ ပြုပြင်ထိန်းသိမ်းမှုကို စနစ်တကျလုပ်ဆောင်ပြီး သက်တမ်းပိုရှည်စေဖို့ ဖြစ်ပါတယ်။

Office Car Management ရဲ့ အဓိက လုပ်ဆောင်ချက်များ
✅ယာဉ်အသုံးပြုမှု စောင့်ကြည့်ခြင်း ၊ ကုန်ပစ္စည်းနဲ့ ဝန်ထမ်း သယ်ယူပို့ဆောင်ရေး စီမံခြင်း၊
✅လူနဲ့ ယာဉ် ဘေးကင်းလုံခြုံမှု ထိန်းသိမ်းခြင်း ၊စက်သုံးဆီ လောင်စာ ထိန်းချုပ်ခြင်း၊
✅ ယာဉ်လမ်းကြောင်း သတ်မှတ်ခြင်း ၊ယာဉ် ဝယ်ယူ/ငှားရမ်းခြင်း လုပ်ငန်းစဉ်များ၊
✅နေ့စဉ် အပတ်စဉ် လစဉ် လုပ်ငန်းစဉ်များအတွက် စာရွက်စာတမ်းများ စီမံခြင်း၊
✅နယ်ခရီးစဉ်နဲ့ မြို့တွင်း ရုံးဝန်ထမ်း ဖယ်ရီများ စီမံခြင်း၊
✅ကားမောင်းသူများနဲ့ Fleet ဝန်ထမ်းများ စီမံမှု၊
✅ယာဉ်ပြင်ဆင်ထိန်းသိမ်းမှုနဲ့ ဝန်ဆောင်မှုပေးခြင်း စီမံမှုများ စတာတွေ ပါဝင် ပါလိမ့်မယ်။

Certificate in Office Cars Management သင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်လဲ။

(NGOs , Hotel , Private Hospital , Private School , Company ,Factory , Delivery စတဲ့ လုပ်ငန်းနယ်ပယ်များတွင် တာဝန်ထမ်းဆောင်နေကြသော

• Fleet Management/ Logistics Team Members များ (လုပ်ငန်းခွင်အတွေ့အကြုံရှိပြီးသားဖြစ်ပေမဲ့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုစနစ်တကျဖြစ်အောင်၊ ထိရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို နည်းလမ်းကောင်းတွေ ထပ်မံလေ့လာချင်သူများ)

• စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် SME (လုပ်ငန်းအသေးစားနှင့် အလတ်စား) ပိုင်ရှင်များ (ကိုယ်ပိုင်လုပ်ငန်းမှာရှိတဲ့ ယာဉ်တွေကို ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်စီမံခန့်ခွဲချင်သူများ၊ ဒါမှမဟုတ် ယာဉ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းတွေကို ဘယ်လိုစနစ်တကျ ကြီးကြပ်ရမယ်ဆိုတာ သိရှိချင်သူများ)

• Supply Chain / Operation / Procurement ဝန်ထမ်းများ (ယာဉ်အသုံးပြုမှုနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လုပ်ငန်းနယ်ပယ်က ဝန်ထမ်းတွေအနေနဲ့ ယာဉ်စီမံခန့်ခွဲမှုရဲ့ အခြေခံမူတွေနဲ့ လက်တွေ့လုပ်ဆောင်ပုံတွေကို နားလည်ပြီး လုပ်ငန်းစွမ်းရည် တိုးတက်ချင်သူများ)

• Office Admin နဲ့ Office Receptions ဝန်ထမ်းများ (လုပ်ငန်းခွင်မှာ နေ့စဉ်ရုံးသုံးကားစီမံခန့်ခွဲမှုတာဝန်ယူနေရတဲ့သူတွေအနေနဲ့ လက်တွေ့အသုံးဝင်မယ့် နည်းလမ်းတွေနဲ့ အတွေ့အကြုံတွေကို ထပ်ပြီးလေ့လာချင်သူများ)

ဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် ရရှိမယ့် အဓိကအကျိုးကျေးဇူးတွေကတော့-

၁။ လက်တွေ့ကျွမ်းကျင်မှု တိုးတက်လာမယ် (ဒီသင်တန်းက သီအိုရီတွေကိုပဲ သင်ကြားပေးတာမဟုတ်ဘဲ နေ့စဉ်လုပ်ငန်းခွင်မှာ တကယ်အသုံးဝင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို အဓိကထားပြီး လေ့ကျင့်ပေးမှာပါ။ သင်တန်းပြီးတာနဲ့ သင်ဟာ ရုံးသုံးယာဉ်တွေကို စနစ်တကျ၊ ထိထိရောက်ရောက် ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကို လက်တွေ့လုပ်ငန်းခွင်မှာ ချက်ချင်းအသုံးချနိုင်ပါလိမ့်မယ်။)

၂။ အချိန်နဲ့ ငွေကြေး သက်သာစေနိုင်မယ် (Office Cars Management ကို စနစ်တကျ လုပ်ဆောင်တတ်လာတဲ့အတွက်- မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ လျှော့ချနိုင်မယ်၊ (ဥပမာ- လောင်စာဆီဖိုး၊ ပြုပြင်ထိန်းသိမ်းစရိတ်) ၊ ယာဉ်တွေရဲ့ သက်တမ်းကို ပိုကြာကြာအသုံးချနိုင်မယ်၊ လုပ်ငန်းခွင် စွမ်းဆောင်ရည် ပိုကောင်းလာမယ်၊ ဒါတွေအားလုံးက ကုမ္ပဏီအတွက် အချိန်နဲ့ ငွေကြေး နှစ်ခုစလုံးကို သိသိသာသာ ချွေတာနိုင်စေမှာပါ။

၃။ အလုပ်အကိုင် အခွင့်အလမ်း ပိုများလာမယ် (လက်ရှိမှာ လုပ်ငန်းကြီးတွေ၊ NGO တွေနဲ့ ကုမ္ပဏီတွေဟာ Fleet Management/ Office Cars Management ပိုင်းမှာ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကို အလွန်လိုအပ်နေပါတယ်။ ဒီသင်တန်းကို တက်ရောက်ပြီးတဲ့အခါ သင့်ရဲ့ စွမ်းရည်နဲ့ အတွေ့အကြုံတွေဟာ ပိုပြီးပြည့်စုံလာတဲ့အတွက် အလုပ်အကိုင်ဈေးကွက်မှာ သင့်တန်ဖိုးက ပိုမြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာပါလိမ့်မယ်။)

Trainer Profile

မြန်မာနိုင်ငံရှိ NGOs နဲ့ လုပ်ငန်းကဏ္ဍများတွင် Operation, Supply Chain, Logistics, Procurement, Fleet စတဲ့ အခန်းကဏ္ဍများ၌ အနှစ် 20 ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့

PSR-Experienced Trainer (U. David Oung) မှ Office Cars and Fleet ဆိုင်ရာ သီအိုရီများနှင့်အတူ လက်တွေ့အတွေ့အကြုံများကို အခြေခံပြီး မြန်မာလို နားလည်လွယ်အောင်သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

သင်တို့ရဲ့ သင်ယူတက်မြောက်နိုင်မှု စွမ်းအင်နဲ့ Career opportunity များကိုမြှင့်တင်ဖို့ PSRမှ အသင့်ရှိနေတာမို့ ဖုန်း : 09-776-191-219 (သို့) PSR page Messenger မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်ပြီး သင်တန်းအပ်နှံနိုင်ပါပြီ။

(Corporate Training (office staff private group-၀န်ထမ်းအဖွဲလိုက် ) and Individual (one by one-တစ်ဦးချင်းသီးသန့် ) သင်ကြားပေးသည့် ၀န်ဆောင်မူ ရယူချင်လည်း စုံစမ်းနိုင်ပါပြီနော်

ဒီသင်တန်းက ဘာတွေ သင်ပေးမှာလဲ (သင်တန်းချိန် တလ အတွင်း အသေးစိတ် အချိန်ပေး သင်ကြားပေးမယ့် Module 4 တွင် ပါ၀င်သော Outlines များကို သင်တန်းမအပ်မီ လေ့လာနိုင်ပါတယ်နော်)

09/02/2026

ကျေးဇူးတင်လွှာ 👑💟

PSR Logistics and Supply Chain Management ရဲ့ "Practical Procurement Skills for Professionals” (Batch 32) In person class (ဆယ်ယောက်ဝိုင်း သီးသန့်- အပြင်လူတွေ့ သင်တန်း) ကို အချိန်ပေး တက်ရောက်သင်ကြားပေးကြသော သင်တန်းသား/သူများ အားလုံးကို PSR သင်တန်း မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
11182