Cosmopolitan Learning Center

Cosmopolitan Learning Center

Share

Learning Center for All.

30/04/2026

What is Mathematical Reasoning?

25/04/2026

What is Social Studies ❓

22/04/2026

မိဘအများစု မသိသေးတဲ့ GED အကြောင်း (၅) ချက် ❗

မိဘတွေအနေနဲ့ GED ကို ပိုပြီး နားလည်သဘောပေါက်သွားစေမယ့် အချက် (၅) ချက်ကို Cosmopolitan Learning Center ကနေပြီးတော့ အသေးစိတ် မျှဝေပေးလိုက်ရပါတယ်နော်။ 🙌

(၁) GED ဆိုတာ ဘာလဲ?

GED ဆိုတာ General Educational Development ရဲ့ အတိုကောက် ဖြစ်ပြီးတော့ အမေရိကန်နိုင်ငံက သတ်မှတ်ထားတဲ့ အထက်တန်းအဆင့် ပညာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ပဲ ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းကျောင်းမပြီးဆုံးသေးတဲ့ သူတွေအတွက် အထက်တန်းအောင်လက်မှတ်ရရှိနိုင်တဲ့ အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်တာမလို့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့ အနာဂတ်ပညာရေးလမ်းကြောင်းအတွက် လက်လွှတ်မခံသင့်ပါဘူးနော်။

(၂) GED ရဲ့ အသိအမှတ်ပြုမှု

GED အောင်လက်မှတ်ကို ကမ္ဘာတစ်ဝှမ်းလုံးက အသိအမှတ်ပြုထားကြပါတယ်။ အများအားဖြင့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တွေ၊ ကောလိပ်တွေနဲ့ အလုပ်ရှင်တွေက GED ကို အထက်တန်းအောင်လက်မှတ်နဲ့ တန်းတူသတ်မှတ်ထားကြပါတယ်။

(၃) GED ရဲ့ အကျိုးကျေးဇူးများ

GED အောင်လက်မှတ်ကို ရရှိထားခြင်းက ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အရေးများစွာကို တစ်ဖက်တစ်လမ်းကနေ ဖွင့်လှစ်ပေးနိုင်ပါတယ်။ GED ဟာဆိုရင် ရမှတ်အပေါ်မူတည်ပြီး သက်ဆိုင်ရာ ပြည်ပ တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိခြင်း၊ တက္ကသိုလ်ပြီးဆုံးတာနဲ့ မိမိဝါသနာနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့်အရေးကို ရရှိနိုင်ခြင်းနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုတိုးတက်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

(၄) Cosmopolitan Learning Center ရဲ့ GED အတန်းက ကျောင်းသူကျောင်းသားတွေအတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ပေးထားလဲ ❓

Cosmopolitan Learning Center မှာဆိုရင် GED သင်တန်းတွေကို ဘာသာရပ်အလိုက် သင်ကြားမှုဝါရင့်ပြီး ကျွမ်းကျင်မှုရှိတဲ့ ဆရာ/ မ တွေနဲ့ တက်ရောက်သင်ယူ လေ့လာနိုင်ပါတယ်။ သင်တန်းတက်နေစဉ်ကာလအတွင်းမှာ GED စာမေးပွဲအတွက် လိုအပ်တဲ့ ဗဟုသုတနဲ့ အရည်အချင်းတွေကို CLC မှာ ပြည့်စုံစွာ သင်ကြားပေးနေပါတယ်။

(၅) Cosmopolitan Learning Center ရဲ့အတန်းတွေကို ဈေးနှုန်းချိုသာစွာနဲ့ တက်ရောက်နိုင်ခြင်း

Cosmopolitan Learning Center ရဲ့ အတန်းတွေကို Facilities အပြည့်နဲ့တက်ရောက်နိုင်မည့်အပြင် ဈေးနှုန်းချိုသာစွာနဲ့ပါ တက်ရောက်နိုင်တာဖြစ်လို့ ယခုလို အစစ အရာရာ ဈေးကြီးနေတဲ့အချိန်မှာတော့ Cosmopolitan Learning Center (CLC) ကျောင်းသား/သူတွေ အတွက်သာမက မိဘများအတွက်ပါ အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်ပါတယ်..

ကဲ… ဒါဆိုရင်တော့ ကိုယ့်သားသမီးတိုင်းရဲ့ အနာဂတ် ပညာရေးလမ်းကြောင်းအတွက် GED အပ်မယ့် မိဘတွေအနေနဲ့ GED နဲ့ ပတ်သက်ပြီး အလုံးစုံသိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။

GED နဲ့ ပတ်သက်ပြီး အသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့_
📥 Page Messenger မှာ လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်...

CosmopolitanLearningCenter

21/04/2026

What is Reasoning Through Language Arts?

18/04/2026

GED တက်ဖို့ ပြင်ဆင်နေပေမဲ့ အခြေခံ မခိုင်မှာကို စိုးရိမ်နေပါသလား ❓

ဒါမှမဟုတ် ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေကို နားမလည်မှာ ကြောက်နေပါသလား ❔

​ဒါဆိုရင်တော့ Cosmopolitan Learning Center ရဲ့ Pre-GED Class အကြောင်းကို သိထားဖို့ လိုပါပြီ။ ✨

​🤔 Pre-GED ဆိုတာဘာလဲ?
​Pre-GED ဆိုတာ GED ဘာသာရပ်တွေကို တိုက်ရိုက်လေ့လာဖို့ အခက်အခဲရှိသူတွေနဲ့ ကျောင်းစာနဲ့ အတန်ကြာ ဝေးကွာနေသူတွေအတွက် အထူးစီစဉ်ထားတဲ့ Bridging Course တစ်ခုပဲ ဖြစ်ပါတယ်။
​Pre-GED ဆိုတဲ့အတိုင်း ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး CLC ကနေ အောက်ပါ အဓိက (၃) ချက်ကို အာရုံစိုက် ပျိုးထောင်ပေးသွားမှာပါ။

​(၁) Foundation First (အခြေခံကို ပထမဦးစားပေးခြင်း)
GED ဘာသာရပ်တွေကို လေ့လာတဲ့နေရာမှာ အဓိကကျတဲ့ English (Grammar & Reading) နဲ့ Mathematics အခြေခံတွေကို ပိုင်နိုင်အောင် အရင်ဆုံး စနစ်တကျ သင်ကြားပေးပါတယ်။

​(၂) Skill Focus (တွေးခေါ်မှုစွမ်းရည် မြှင့်တင်ခြင်း)
စာတွေကို အလွတ်ကျက်တာမျိုးမဟုတ်ဘဲ မေးခွန်းတွေကို ကိုယ်တိုင် ဆင်ခြင်တုံတရားနဲ့ ဖြေဆိုနိုင်ဖို့ Critical Thinking Skill တွေကို လေ့ကျင့်ပေးပါတယ်။

​(၃) Confidence Building (ယုံကြည်မှု တည်ဆောက်ခြင်း)
ဘာသာရပ်ဆိုင်ရာ Terminology (ဝေါဟာရ) အသစ်တွေနဲ့ ရင်းနှီးသွားအောင် လုပ်ဆောင်ပေးလို့ Pre-GED ပြီးတာနဲ့ GED On Campus အတန်း တက်ရောက်တဲ့အခါမှာ စိတ်မောစရာမလိုဘဲ ယုံကြည်မှုအပြည့်နဲ့ တက်လှမ်းနိုင်မှာပါ။

​💡 အခြေခံခိုင်မာမှ အောင်မြင်မှုက မြန်ဆန်မှာမလို့ ​ခိုင်မာတဲ့ အနာဂတ်ဆီကို လျှောက်လှမ်းဖို့အတွက် Cosmopolitan Learning Center ရဲ့ Pre-GED အတန်းမှာ အခုပဲ အခြေခံကောင်းတွေ စတင် ရယူလိုက်ပါ။ 🚀

​📍 Cosmopolitan Learning Center

☎ 09786698405

🏠 အခန်းအမှတ် (၉၀၂/ ဘီ)၊ မဟာနဝရတ်ကွန်ဒို၊ လမ်း (၅၀) အောက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်။

18/04/2026

What is Science?

17/04/2026

🙏🏻 ဒီကနေ့‌ကျရောက်တဲ့ နှစ်ဆန်း (၁) ရက်နေ့ကစပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ 𝐂𝐋𝐂 မှ နှစ်သစ်ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်...🤗

#နှစ်သစ်ဆုတောင်း

12/04/2026

🌍 နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ခြေတစ်လှမ်းကို CLC နဲ့အတူ စတင်လိုက်ရအောင်... 🙌

နိုင်ငံတကာ တက္ကသိုလ်တွေမှာ မိမိဝါသနာပါရာ ဘာသာရပ်တွေအလိုက် ပညာသင်ကြားပြီး အောင်မြင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ချင်ပါသလား… ဒါဆိုရင်တော့ သင့်အနာဂတ် အိပ်မက်တွေဆီကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် CLC က အဆင်သင့် စောင့်ကြိုနေပါတယ်။

ခိုင်မာတဲ့ အဆောက်အဦးတစ်ခုဖြစ်ဖို့ အုတ်မြစ်ကောင်းဖို့ လိုအပ်သလိုမျိုးပဲ GED အောင်မြင်ဖို့အတွက်ဆိုရင်လည်း Pre-GED က အရေးကြီးဆုံး ခြေလှမ်းတစ်ခုပါပဲနော်။ 🤗

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ဆယ်တန်းမအောင်မြင်သေးသူဖြစ်စေ၊ ဒါမှမဟုတ် နိုင်ငံတကာပညာရေးစနစ် (International Curriculum) သို့ ကူးပြောင်းချင်သူဖြစ်စေ GED မဖြေဆိုခင် အခြေခံခိုင်မာစေဖို့ CLC ရဲ့ Pre-GED အတန်းက အကောင်းဆုံး အဖော်မွန်ဖြစ်မှာပါ။ 🤝

✨ ဘာကြောင့်များ CLC မှာ Pre-GED တက်သင့်တာလဲဆိုရင်တော့-

✅ GED ဘာသာရပ်တွေကို လေ့လာတဲ့အခါ အခက်အခဲမရှိစေဖို့ English နဲ့ Mathematics အခြေခံတွေကို စနစ်တကျ အမြစ်ကစပြီး ပျိုးထောင်ပေးပါတယ်။

✅ အလွတ်ကျက်ဖြေ စနစ်ထက် နိုင်ငံတကာအဆင့်မီ Critical Thinking ပိုင်း မြင့်မားလာအောင် လေ့ကျင့်သင်ကြားပေးပါတယ်။

✅ GED ဘာသာရပ်အလိုက် သက်ဆိုင်ရာ Subject တစ်ခုချင်းစီကို လေ့ကျင့်သင်ကြားပေးမယ့် ကျွမ်းကျင်ဆရာ၊ ဆရာမများက ကျောင်းသားတစ်ဦးချင်းစီရဲ့ အားနည်းချက်ကို သိမြင်ပြီး သင်ခန်စားများကို နားမလည်မချင်း အနီးကပ် လမ်းညွှန်ပြသပေးပါတယ်။

ကျောင်းသူကျောင်းသားတိုင်း ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်တဲ့ ခြေလှမ်းလေးတစ်ခုက နောင်တစ်ချိန်မှာ ထူးချွန်တောက်ပတဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ကျွန်မတို့ရဲ့ Cosmopolitan Learning Center က အကောင်းဆုံး ဖန်တီးပေးသွားမှာပါ။

ခိုင်မာတဲ့ အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို CLC နဲ့အတူ အခုပဲ တည်ဆောက်လိုက်ပါ။ 🎓✨

📌 Pre-GED Class စုံစမ်းမေးမြန်းရန် -

☎ 09786698405
🏠 အခန်းအမှတ် (၉၀၂/ ဘီ)၊ မဟာနဝရတ်ကွန်ဒို၊ လမ်း (၅၀) အောက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်။

07/04/2026

သင်္ကြန်ပြီးရင် ကိုယ့်ရဲ့ အနာဂတ်အောင်မြင်မှုလမ်းကြောင်းအတွက် GED ပညာရေးကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? 💦📚

အဆင်သင့် ဖြစ်နေပြီဆိုရင်တော့ အဲဒီအခွင့်အရေးက သင့်လက်တစ်ကမ်းမှာ ရှိနေပါပြီနော်။ 🙌

Cosmopolitan Learning Center (CLC) ကနေပြီးတော့ သင်္ကြန်ကာလအထူး Surprise Promotion အနေနဲ့ GED တက်ရောက်လိုတဲ့ ကျောင်းသူ/ကျောင်းသားများအတွက် GED အောင်မြင်ဖို့ အဓိက အရေးအပါဆုံးဖြစ်တဲ့ GED ဘာသာရပ်တွေရဲ့ အခြေခံသဘောတရားတွေကို သေချာနားလည်စေဖို့အတွက် Pre-GED အတန်းကို (၃) လတိတိ အခမဲ့ တက်ရောက်ခွင့်ပေးသွားမှာဖြစ်ပါတယ်။

🎓 CLC ရဲ့ Pre-GED အတန်းမှာ ဘာတွေသင်ကြားပို့ချပေးသွားမှာလဲ ❓

✅ GED အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်များကို အစကနေ နားလည်လွယ်ကူအောင် စနစ်တကျ သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။

✅ ဒါ့အပြင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမများက တစ်ဦးချင်းစီရဲ့ တိုးတက်မှုကို အနီးကပ်လမ်းညွှန်ပေးသွား မှာလည်း ဖြစ်တာမို့ အခွင့်ရေးရတုန်းကို လက်လွတ်မခံပဲ အရယူလိုက်ပါနော်..

🎓 Pre-GED အတန်းအသေးစိတ်
🗓 ကာလ - မေလမှ ဇူလိုင်လအထိ (၃ လ)
🚀 အတန်းစတင်မည့်ရက် - မေလ ၄ ရက်နေ့
⏰ အချိန် - နံနက် ၉:၀၀ နာရီ မှ နေ့လည် ၂:၃၀ နာရီအထိ
📅 ရက် - တနင်္လာနေ့ မှ သောကြာနေ့အထိ

လူဉီးရေအကန့်အသတ် ရှိတာဖြစ်လို့ အချိန်မဆွဲဘဲ အခုပဲ စာရင်းပေးသွင်းထားလိုက်တော့နော်…

💬 အသေးစိတ်သိရှိလိုပါက ဖုန်း ( သို့ ) Messenger မှာ မေးမြန်းနိုင်သလို၊ CLC သင်တန်းကျောင်းသို့လည်း လာရောက် စုံစမ်းနိုင်ပါတယ်။

📍 Cosmopolitan Learning Center

‎📞 09786698405

🏠 အခန်းအမှတ် (၉၀၂/ ဘီ)၊ မဟာနဝရတ်ကွန်ဒို၊ လမ်း (၅၀) အောက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်။

#သင်္ကြန်အထူးအစီအစဉ်

20/03/2026

နောက်ပိုင်း GED က ဘာလို့ အရေးပါလာရတာလဲ ⁉

​ယနေ့ လို အစစ အရာရာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး နိုင်ငံတကာအဆင့်မီ ပညာရေးလမ်းကြောင်းပေါ်ကို မြန်မြန်တက်လှမ်းချင်တဲ့ ဆယ်ကျော်သက် လူငယ်တွေအားလုံးအတွက် GED က အကောင်းဆုံး Shortcut တစ်ခု ဖြစ်လာလို့ပါပဲ။

🎓 ​GED ဆိုတာ ဘာကြီးလဲ?

​GED ဆိုတာ General Educational Development ရဲ့ အတိုကောက်ဖြစ်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ အထက်တန်း ပညာရေး အဆင့်နဲ့ ညီမျှတဲ့ အထက်တန်း အောင်လက်မှတ်တစ်ခုပါ။

အကြောင်းအမျိုးမျိုးကြောင့် ဆယ်တန်း မပြီးမြောက်ခဲ့ရတဲ့ လူငယ်တွေအတွက်သာမက နိုင်ငံခြားမှာ တက္ကသိုလ်တက်ဖို့အတွက် ရည်ရွယ်ထားတဲ့ ကျောင်းသားကျောင်းသူတွေအတွက်ပါ Grade 12 ပညာရေး အရည်အချင်းနဲ့ တန်းတူ ပြည့်မီကြောင်း သက်သေပြနိုင်တဲ့ စာမေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။

🎓 GED မှာ ​ဘယ်ဘာသာရပ်တွေ ဖြေရမှာလဲ?

GED မှာဆိုရင် သက်ဆိုင်ရာ ​ဘာသာရပ်တွေကို အများကြီး ကျက်နေစရာ မလိုအပ်ပါဘူး။ အဓိက အရေးကြီးတဲ့ Core Subjects (၄) ခုပဲ ဖြေရမှာပါ။

အဲဒီ Subjects (၄) ခုကတော့ -

🔷 ​Mathematical Reasoning (သင်္ချာ)

🔷 ​Reasoning Through Language Arts
(အင်္ဂလိပ်စာ - ဖတ်ရှုခြင်းနှင့် ရေးသားခြင်း)

🔷 ​Social Studies (လူမှုရေးသိပ္ပံ) နဲ့

🔷 ​Science (သိပ္ပံ)

ဘာသာရပ်တို့ပဲ ဖြစ်ပါတယ်။

🎓 ​ဘယ်သူတွေ ဖြေသင့်တာလဲ?

💼 ​အထက်တန်းပညာရေးကို အချိန်တိုအတွင်း အောင်မြင်ပြီးမြောက်ချင်တဲ့ ကျောင်းသားကျောင်းသူတွေ၊
💼 ​ပြည်ပတက္ကသိုလ်တွေကို အချိန်မဖြုန်းဘဲ မြန်မြန်ဆန်ဆန်နဲ့ တိုက်ရိုက် တက်ရောက်ချင်တဲ့လူငယ်တွေ၊

💼 ​အလုပ်ခွင်ဝင်နေရင်း တစ်ဖက်တစ်လမ်းကနေ ကိုယ့်ရဲ့ ပညာအရည်အချင်းကို မြှင့်တင်ချင်သူတွေ
အားလုံး GED ကို တက်ရောက်ဖြေဆိုသင့်ပါတယ်နော်။

💼 ​အမှတ်ပေးစနစ် (Scoring) ကရော?

​ဘာသာရပ်တစ်ခုချင်းစီကို အမှတ် (၂၀၀) ဖိုး သတ်မှတ်ထားပြီး အောင်မှတ်ကတော့ (၁၄၅) မှတ်ပဲ ဖြစ်ပါတယ်။

✅ 145 - 164 (Pass)
✅ ​165 - 174 (College Ready)
​✅ 175 - 200 (College Ready + Credit)

💼 ​GED အောင်ရင် ဘာဆက်လုပ်လို့ရလဲ?

​GED အောင်လက်မှတ်ရှိထားရုံနဲ့ မြန်မာပြည်က Private College နဲ့ Universities တွေအပြင် ထိုင်း၊ စင်ကာပူ၊ မ​လေးရှား၊ ဂျပန် စတဲ့ နိုင်ငံတကာက Private & Public တက္ကသိုလ်ပေါင်းများစွာမှာ ဆက်လက်တက်​ရောက်နိုင်မှာဖြစ်ပါတယ်။

💼 GED အတွက် ​ကုန်ကျစရိတ်ကရော ?

​စာမေးပွဲကြေးကတော့ 1.4.2026 မှ စပြီး တစ်ဘာသာကို US $90 ကျသင့်မှာဖြစ်ပြီး (၄) ဘာသာလုံးအတွက် US $360 ရှိပါမယ်။

Ready Practice Test - US $ 7.90 per Subject ပါရှင်။

⭕️ သတိထားရမှာလေးတစ်ခုကတော့ Ready Practice Test အောင်မြင်မှသာလျှင် Real Test ကို ဖြေဆိုရမှာပါနော်

​ဒါကြောင့် လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆက်ပြီး အချိန်ဆွဲမနေနဲ့တော့… GED နဲ့သာဆိုရင် ပြည်ပ တက္ကသိုလ်တွေမှာ တက်ရောက်ခွင့် ရရှိနိုင်မယ့် အခွင့်အရေးက သင့်ရဲ့ အနီးအနားလေးမှာပါပဲ။ 🙌

​ဒီ GED လမ်းကြောင်းအတွက် Cosmopolitan Learning Center က ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ သိချင်ရင်တော့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေးလို့ ရနေပြီနော်။

GED နဲ့ ပတ်သက်ပြီး သိချင်တဲ့ အကြောင်းအရာများ ရှိနေသေးတယ်ဆိုရင်လည်း 📥 Comment မှာ ဝင်ရောက် မေးသွားခဲ့နိုင်ပါတယ်ရှင့် 👏




17/03/2026

Cosmopolitan Learning Center ရဲ့ ကျောင်းသူတစ်ဦးဖြစ်တဲ့ B.B တစ်ယောက် သူ့ရဲ့တစ်နေ့တာကို CLC မှာ ဘယ်လိုတွေ အချိန်ကုန်ဆုံးဖြစ်လဲဆိုတာကို ဒီ Video လေးထဲမှာ အားလုံးပဲ အတူတူ ကြည့်လိုက်ကြရအောင်နော်… 🙌

B.B လိုမျိုး CLC ရဲ့ On Campus အတန်းတွေကို Join ချင်တဲ့ လူငယ်တွေ၊ GED Class ကို တက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသူကျောင်းသားတွေ အားလုံးကို ကျွန်မတို့ရဲ့ CLC က နွေးထွေးစွာနဲ့ စောင့်ကြိုနေပါတယ်ရှင့်။

CLC

GEDOnCampus

StudentsReview

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

အခန်းအမှတ် ၉၀၂(ဘီ) , မဟာနဝရတ်ကွန်ဒို ၊ လမ်း ၅၀ အောက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်။
Yangon