28/03/2025
ကျနော့် အကိုတွေ ၊ ဆရာတွေက တောင်းဆိုလို့ ၊ ကျနော် တို့သင်္ဘောမှာ တပ်ထားတဲ့ Ballast Water Treatment System ကို နားလည် သလောက်လေး အကြမ်းဖျင်း ရှင်းပြပါမယ် ။
Ballast Water Treatment System ကို Operate လုပ်တော့မယ် ဆိုရင် Ballasting ( သို့ ) Deballasting နဲ့ Stripping လုပ်တဲ့ Function တွေက မတူဘူးဆိုတာ အရင်ဆုံး သိထားရပါမယ်။
အဲ့ဒီမှာ AFU, EDU and TRO ဆိုတဲ့ လုပ်ဆောင်ချက်တွေရှိပါတယ်။
Ballasting မှာ Treatment Agent မလိုပေမယ့်၊
Deballasting လုပ်ရင်တော့ ကျနော်တို့ သင်္ဘောက တပ်ထားတဲ့ System အရ Sodium Thiosulphate ( 25 kg per bag ) ကို AFU ထဲ ရေ နဲ့ အချိုးကျ ထည့်ပေးရပါတယ် ( Neutralize ) လုပ်တယ်လို့လဲ ပြောလို့ရပါတယ်။
အောက်က Figure 1 မှာပြထားတဲ့ valve တွေကို အရင်ဆုံးမှန်အောင် အဖွင့် တွေ / အပိတ်တွေ ပြုလုပ်ပြီး စစ်ဆေး ရပါမယ်။
ပြီးရင် ကိုယ် အထုတ် / အသွင်း လုပ်ချင်တဲ့ Tanks' valve တွေကို ဖွင့် ထားရပါမယ်။
ပြီးရင်တော့ Ballast Treatment System ကို စတင် Operate လုပ်ဖို့ အတွက် System ရဲ့ Monitor ကနေ Start ဆိုတဲ့ Touch Key ကို နှိပ်ပေးရပါမယ်။
အဲ့ဒါတွေ အားလုံးပြီးပြီဆိုမှ Ballast Pump ကို Run ရပါမယ်။
ကိုယ် လုပ်ဆောင်ချင်တဲ့ အထုတ် / အသွင်း ပြီးရင်တော့ Ballast Pump ကို အရင်ပိတ်ရပါမယ် ။
ပြီးရင် Tanks' valve တွေကို ပိတ်၊ ပြီးရင် Figure 1 မှာပြထားတဲ့ အတိုင်း Valve တွေကို အဖွင့် လုပ်ထားရင် ၊ အပိတ် position ပြန်လုပ်ရပါမယ်။
Valve တွေ အားလုံးပိတ်ပြီးရင်တော့ Operation ပြီးပါပြီ။
Treatment System ရဲ့ Operation ကိုတော့ စက်က အလိုအလျောက် ရပ်ပေးပါတယ်။
အားလုံးပြီးပြီ ဆိုရင်တော့ System Monitor မှာ ပါတဲ့ Record မှာရှိတဲ့ page 1 / 2 / 3 / 4 / 5 က အတိုင်း Start and Stop, အတွက် Time and Position ကို Ballast Water Record Book ထဲမှာ Entry လုပ်ရပါမယ် ( in Port ဆိုရင်တော့ Port Name ရေးလည်း ရနိုင်ပါတယ် )။ At Sea ဆိုရင်တော့ Lat: and Long: ရေးရပါမယ်။
ပုံတွေမှာ ကျနော် အကြမ်းမှတ်ထားတာလေးတွေ အမှားပါခဲ့ရင်လည်း ပြင်ပေးဖို့ တောင်းဆိုပါတယ်။
ဆရာသမား၊ ညီ အကို၊ သူငယ်ချင်းများ အစစ အရာရာ အောင်မြင် ချောမွေ့ကြပါစေ။
ကျေးဇူးတင်ပါတယ်။