Careerland Vocational Training Institute

Careerland Vocational Training Institute Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Careerland Vocational Training Institute, Education, ကမာကြည်လမ်းမ၊ ရန်ကုန်သစ်ရပ်ကွက်၊ သုဝဏ္ဏ, Yangon.

▶️Essay ရေးသားခြင်းEssay ဆိုတာ ဘယ်လို exam မျိုးပဲဖြေဖြေမပါမဖြစ်ပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ဒါကြောင့် 2025 ခုနှစ် ၊Grade 1...
26/01/2025

▶️Essay ရေးသားခြင်း
Essay ဆိုတာ ဘယ်လို exam မျိုးပဲဖြေဖြေမပါမဖြစ်ပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ဒါကြောင့် 2025 ခုနှစ် ၊Grade 12 ဖြေဆိုကြမည့် ကျောင်းသူ၊ကျောင်းသားများအတွက်အထောက်အကူဖြစ်စေဖို့ essay ရေးသားနည်းတစ်ချို့ကို ဝေမျှသွားပါမည်။ Essay ဆိုတာ အကြောင်းအရာ( a topic) တစ်ခုကို အချက်အလက်တွေ ၊ထင်မြင်ချက်တွေ၊စိတ်ကူးစိတ်သန်းတွေနဲ့ အစီစဉ်တကျ တင်ပြရေးသားရတဲ့ စာပိုဒ်အစုအဝေးမျိုးပါ။

▶️Essays အမျိုးအစားများ
Essays အမျိုးအစားများစွာရှိပြီး Exam မှာမေးလေ့မေးထရှိတဲ့Essays အမျိုးအစားများကို ဖော်ပြပေးလိုက်ပါတယ်။
Expository Essay
Narrative Essay
Descriptive Essay
Argumentative Essay
Persuasive Essay
Cause and Effect Essay
Compare and Contrast Essay
Analytical Essay
Definition Essay
Process Essay
Reflective Essay

▶️Essay တစ်ပုဒ်ရဲ့ အစိတ်အပိုင်းများ
Essay တစ်ပုဒ်မှာ အခြေခံအားဖြင့် အပိုင်းသုံးပိုင်းပါဝင်ပါတယ်။ introduction (နိဒါန်း)၊ Body (စာကိုယ်)၊ နဲ့ conclusion (နိဂုံး) တို့ပဲ ဖြစ်ပါတယ် ။ စာကိုယ် (introduction) က ပထမအပိုဒ်၊ conclusion (နိဂုံး)က နောက်ဆုံးစာပိုဒ်ဖြစ်ပြီး ၊နိဒါန်း နဲ့ နိဂုံး နှစ်ခုကြားထဲက စာပိုဒ်တွေကို စာကိုယ်လို့ခေါ်ပါတယ်။
အရေးများတဲ့ essay formats တွေထဲကမှ Five-paragraph essay ကိုနမူနာပြောပါမယ်။ paragraph one က topic နဲ့ the main idea( သို့ )thesis statement ကို ဖော်ပြပြီး၊ paragraph two ကနေ four အထိကတော့ topic ကို အထောက်အပံ့ပေးမယ့် supportive paragraphs များဖြစ်ပါတယ် ။ နောက်ဆုံး paragraph five ကတော့ conclusion paragraph ပဲဖြစ်ပါတယ်။

▶️Introduction (နိဒါန်း)
First paragraph ဖြစ်တဲ့ introduction paragraph မှာ topic နဲ့ thesis statement ဆိုပြီးနှစ်ပိုင်းပါဝင်ပါမယ်။ Thesis statement က essay တစ်ပုဒ်မှာပါရမယ့်အဓိကအကြောင်းအရာအပိုင်းဖြစ်ပြီး၊ essay ထဲကအချက်အလက်တွေဘယ်လို ပုံစံနဲ့ ဖွဲ့စည်းတင်ပြရမလဲဆိုတာကိုအဓိကပြောပါတယ်။ Thesis statement ကို introductory paragraph ရဲ့ အဆုံးသတ်နားမှာရေးရလေ့ရှိပါတယ်။

▶️Body (စာကိုယ်)
Essay တစ်ပုဒ်ရဲ့ paragraph တစ်ခုချင်းစီတိုင်းမှာ topic sentence နဲ့ ယင်းကိုအထောက်အပံ့ပေးမယ့် supporting sentences တွေပါဝင်ရပါမယ်။ topic sentence က paragraph တစ်ခုရဲ့ first sentence ဖြစ်ပြီး၊ယင်းမှာ ကိုယ်ရေးမယ့် topic နဲ့ paragraph ထဲမှာရေးမယ့် controlling idea တို့ပါဝင်ပါမယ် ။ Supporting sentences တွေကိုရေးတဲ့အခါ topic sentence နဲ့ ဆက်စပ်မှုရှိတဲ့ sentencesတွေကိုပဲရေးရမှာဖြစ်ပြီး၊topic နဲ့လုံးဝ မသက်ဆိုင်တဲ့ sentences တွေရေးတာမျိုးကိုတော့ရှောင်ဖို့လိုပါမယ်။ များသောအားဖြင့် supporting sentences တွေရေးတဲ့အခါ examples တွေ၊ reasons တွေ ၊facts အချက်အလက်တွေ ပေးကာ ရေးသားနိုင်ပါတယ်။

▶️Conclusion (နိဂုံး)
Essay တစ်ပုဒ်ရေးတဲ့အခါ conclusion ကလည်းအရေးကြီးတဲ့အပိုင်းတစ်ခုပါ။ များသောအားဖြင့် conclusion ကို ရေးတဲ့အခါ စာဖတ်သူတွေပြန်ပြီးအမှတ်ရစေဖို့ essay ရဲ့ introduction ထဲမှာပါတဲ့ main ideas (thesis statement)ကို restatement လုပ်ပြီး idea တူရေးလေ့ရှိပါတယ်။ အဲ့ဒီနောက် suggestion ပေးတာ၊ prediction လုပ်တာ၊ question မေးတာ၊ opinion ထင်မြင်ချက်ပေးတာ မျိုးနဲ့အဆုံးသတ်ရပါမယ်။
ဆက်ပါမည်….
With love,
Saya Hein Ko

🏆🏆သင်္ချာထူးချွန်ဖို့ အခြေခံမှစ လေ့ကျင့်ပါစို့🏆🏆ထိရောက်သောသင်ကြားမှု၊ မှန်ကန်သောလေ့ကျင့်ပေးမှုများဖြင့်ပေါင်းစပ်ထားသည့်👩...
11/02/2024

🏆🏆သင်္ချာထူးချွန်ဖို့ အခြေခံမှစ လေ့ကျင့်ပါစို့🏆🏆
ထိရောက်သောသင်ကြားမှု၊ မှန်ကန်သောလေ့ကျင့်ပေးမှုများဖြင့်ပေါင်းစပ်ထားသည့်
👩‍🏫👩‍🏫 Mathematics Zoom Online Class👩‍🏫👩‍🏫
📖✍️နွေရာသီတန်းခွဲသစ်များအတွက် စာရင်းပေးအပ်နှံနိုင်ပါပြီ

👩‍🏫သင်ကြားပေးမည့်ပုံစံ👩‍🏫
Zoom face to face သင်ကြားပေးမှုအပြင် အပတ်စဉ် homework များပေး၍ ထပ်ဆောင်းလေ့ကျင့်စေခြင်း ၊ homework လုပ်သည့်အခါ အဆင်ပြေစေရန် သင်ကြားရေး video file များ စီစဉ်ပေးထားပါသည်။

Singapore Math P6(နွေသုံးလပြတ်သင်ရိုး)
လက်ခံမည့်အသက်အရွယ် ....11/12/13
Timetable......Tue/Wed/Thur....1:00-2:30pm
Starting date ......5.3.2024
သင်တန်းကြေး......50000MMK(လစဉ်)
စာအုပ်ဖိုး................15000MMK

Basic Math (နွေသုံးလပြတ်သင်ရိုး)
လက်ခံမည့်အသက်အရွယ် ......11/12/13
Timetable......Tue/Wed/Thur....10:00-11:30am
Starting date ......5.3.2024
သင်တန်းကြေး......50000MMK(လစဉ်)

Basic Math (ခြောက်လပြတ်သင်ရိုး)
Timetable......Sat/Sun...8:00-9:30am
Starting date ......3.3.2024
သင်တန်းကြေး......35000MMK(လစဉ်)

🎉🎉သင်္ချာသင်တန်းမှ ရရှိနိုင်မည့်အကျိုးရလဒ်များ

ပုံမှန်သင်တန်းတက်ခြင်း၊ အတန်းတွင်းသွက်လက်စွာလိုက်ပါသင်ယူခြင်း၊အိမ်စာမှန်မှန်လုပ်ခြင်း စသည့် အချက်များကိုလိုက်နာသည့် သင်တန်းသားအားလုံးသည် တက်ရောက်လိုက်သည့် သင်ရိုးနှင့်ပက်သတ်၍ Calculation skill/Thinking Skillများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေရှင်းနိုင်ပြီး သင်္ချာဘာသာရပ်နှင့် ပက်သတ်၍ ယုံကြည်မှုရှိစွာ ရှေ့ဆက်နိုင်လိမ့်မည်ဟု အာမခံပါသည်။

📖✍️သင်တန်းအပ်နှံရမည့်ပုံစံ

၁.သင်တန်းသားအမည်
၂.အသက်
၃.တက်ရောက်လိုသည့်သင်တန်း
၄.သင်တန်းကြေးသွင်းထားသည့်ငွေသွင်း screen shot
တို့နှင့်အတူ အပ်နှံနိုင်ပါပြီ။
သင်တန်းကြေးများကို Wave/Kpay/Aya mobile banking/UAB wallet တို့မှတဆင့် ပေးသွင်းနိုင်ပါသည်။
သင်တန်းကြေးများကို တစ်လချင်းစီသာ ပေးသွင်းရပါမည်။

👩‍🏫👩‍🏫သင်ကြားပေးမည့်ဆရာမ
ဒေါ်သီတာ
BE( Mechanical)
Dip in Child Psychology (UK)

📲📲ဆက်သွယ်ရန်
09786730093

👩‍🏫If you want to be expect in Mathematics, you must practice very often 👩‍🏫
young learners
Zoom Online Class
Math
Math

10/01/2024

နွေရာသီ အသက် (၁၀) နှစ်မှ (၁၈) ၀န်းကျင်အရွယ်ကျောင်းသားလူငယ်များအတွက် အင်္ဂလိပ်စာသင်တန်းများ(Online Class)
———————————————————————————-
1️⃣ Grammar for Young learners

🌎ဒီသင်တန်းကိုတော့ Class 1 ( အသက် ၉ နှစ် မှ ၁၁ နှစ်) နှင့် Class 2 ( အသက် ၁၂ နှစ်အထက် )ဟူ၍ နှစ်တန်းခွဲထားပါသည်။
🌎Young learners များအတွက် အထူးသင့်လျော်တဲ့ Grammar Time text book ကိုအသုံးပြု သင်ကြားမှာဖြစ်ပြီး၊ အတန်းတွင်း Group work , individual work များဖြင့် ကျောင်းသားများ၏ စွမ်းရည်များကိုတိုးတက်ကောင်းမွန်စေမှာဖြစ်ပါသည်။
🌏သုံးစွဲထားသော Text book အပြင် ကျောင်းသား၊ကျောင်းသူများ သင်ယူပြီးထားသော အသိများကို ပို၍လက်တွေ့အသုံးချနိူင်စေရန် extra exercises များကိုလည်းလေ့ကျင့်စေပါမည်။
🌍Classroom language ကို English through English ကိုသာအသုံးပြုမည်ဖြစ်သောကြောင့် ကျောင်းသား၊ကျောင်းသူများ၏ listening နှင့် speaking ပါ သေချာပေါက်တိုးလာစေနိုင်ပါသည်။
🌍အပတ်စဥ် Writing လေ့ကျင့်ခန်းများကိုလည်း အိမ်စာအနေဖြင့် ရေးသားရမည်ဖြစ်သော‌ကြောင့် Essays , Letters များကိုလည်းကိုယ်တိုင်ရေးသားနိုင်စေရန် အခြေခံကောင်းများရရှိစေနိုင်ပါသည်။
——————————————————————————
——————————————————————————

2️⃣Writing Class

🌎ဒီသင်တန်းကိုတော့ Basic Grammar နှင့် Reading Skill အသင့်အတင့်ရှိတဲ့ အသက် (၁၂) နှစ်အထက် ကျောင်းသားလူငယ်များကိုသာ လက်ခံမည်ဖြစ်ပါသည်။
🌎National Geographic learning ကထုတ်တဲ့ နာမည်ကျော် Great Writing textbook ကို အသုံးပြုသင်ကြားမှာ ဖြစ်ပြီး၊ သင်ရိုးပါအကြောင်းအရာများနှင့် ဆက်စပ်ကာ ကျောင်းသား၊ ကျောင်းသူများ၏ Critical Thinking အပိုင်းကို နှိုးဆွ သင်ယူခွင့် ရရှိစေမှာ ဖြစ်ပါသည်။
🌎Writing ကို အဓိက လေ့ကျင့်မည်ဖြစ်သော‌‌ကြောင့် Grammar Rules များကိုအသေးစိတ်သင်ကြားမည်မဟုတ်ဘဲ လိုအပ်တဲ့ ၀ါကျတည်ဆောက်ပုံတွေ၊ ၀ါကျအမျိုးအစားတွေ၊ Phrases နဲ့ Clauses တွေ၊ Paragraph ဖွဲ့စည်းပုံတွေကို အဓိကထားကာ စာဖတ်ရင်း စာရေးရမည် ဖြစ်ပါသည်။
🌎အလယ်တန်း နှင့် အထက်တန်းအရွယ် Essays , Letters များကို ကိုယ်ပိုင်အတွေးအမြင်များဖြင့် ရေးသားလိုသူများ၊ Academic Writing အတွက် အခြေခံကောင်းကောင်းရလိုသူများ မည်သူမဆိုတက်ရောက်ရန် သင့်တော်ပါသည်။
🌎အတန်းတွင်း လေ့ကျင့်မှုများ နှင့် အတူ အိမ်စာ များလည်းပေးမည်ဖြစ်သောကြောင့် အိမ်စာလုပ်ရန်ပျင်းရိသူများအနေဖြင့် တိုးတက်မှု နှေးနိုင်ပါသည်။
————————————————————————————————————————————————————

3️⃣Grammar For high school students

🌎ဒီအတန်းကိုတော့ အစိုးရထုတ် (၁၀) တန်း၊ (၁၁) တန်း၊ (၁၂) တန်း မှ Grammar exercises များကိုထုတ်နုတ်ကာ Cambridge , oxford စတဲ့ နိုင်ငံတကာ သင်ရိုးများမှ လေ့ကျင့်ခန်းတွေ၊ မှတ်စုတွေ နဲ့ပေါင်းစပ်သင်ယူရမည့် သင်တန်းဖြစ်ပါသည်။
🌎အထက်တန်း Grammar ပိုင်လိုသော အခြေခံကောင်းသည့် ၈ တန်း၊ ၉၊တန်းအရွယ် ကျောင်းသားများမှ (၁၂) တန်းအတွက် ကြိုတင်ပြင်ဆင်လိုသော အထက်တန်းအရွယ် ကျောင်းသားများ မည်သူ မဆိုတက်ရောက်နိုင်ပါသည်။
🌎တက္ကသိုလ်၀င်တန်းဖြစ်သည့် (၁၂) တန်းစာမေးပွဲတွင် အထက်တန်းအဆင့် Grammar များကို ပိုင်နိုင် သင့်သည် ဖြစ်သော‌‌ကြောင့် ယခုသင်တန်းကိုတက်ရောက်သူများသည် မမှားသောရွေးချယ် မှု တစ်ခု မုချဖြစ်ပါသည်
————————————————————————————————————————————————————-

🔶သင်တန်းတက်ချင်သူများအတွက်

🌎အတန်းအားလုံးအတွက် လိုအပ်သည့် Text books များကို ၀ယ်ယူရမည်ဖြစ်ပါသည်။
🌎အတန်းအားလုံးအတွက် သင်တန်း‌ကြေးလစဥ် (၃၅၀၀၀) ကျပ်ဖြစ်ပြီး၊ ကျောင်းသားတစ်ဦးတည်းက နှစ်တန်းတစ်ပြိုင်နက်အပ်ပါက လစဥ် (၁၀၀၀၀) ကျပ် သက်သာ ခွင့်ရရှိပါမည်။
🌎Time tables များကို comment တွင်ကြည့်နိုင်ပါသည်။
🌎စိတ်၀င်စား၍ သင်တန်းအပ်လိုပါက page messenger သို့ 09420008075 viber သို့ ကျောင်းသား၊ကျောင်းသူများ၏
အမည် -
အသက်-
တက်ရောက်လိုသောအတန်း-
နေရပ်လိပ်စာ တို့ကို ပေးပို့ကာ စာရင်းသွင်းနိုင်ပါသည်။

10/01/2024

အင်္ဂလိပ်စကားကို ပြောချင်တယ် ပြောမထွက်ဘူးဆိုသူတွေအတွက် ဆရာကြီး AJ Hoge ရဲ့ lessons တွေကလည်း တော်တော်လေးကိုထိရောက်မှုရှိပြီးနာမည်ကြီးပါတယ်။(၆)လလောက်တစိုက်မတ်မတ်လုပ်ရင် သေချာပေါက် ပြောတတ်တယ်လို့လည်း ဆရာကြီးက အာမခံထားပါသေးတယ်။ အခြားဆရာတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ဆရာကြီးရဲ့ ministories တွေက အင်္ဂလိပ်စာလေ့လာသူတို့ ထိတွေ့သင့်တာမို့ မျှဝေပေးလိုက်ပါတယ်။
https://youtu.be/hYgoDhbGwE4?si=zufkIJUQVn-xv3ZU

09/01/2024

English speech တွေကို ကြိမ်ဖန်များစွာ နားထောင် လိုက်ပြော လုပ်ပေးခြင်းကလည်း အင်္ဂလိပ်တိုးတက်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
credit

07/01/2024

Careerland Vocational Training Institute မှ one-on-one နှင့် group Class များသင်ကြားလေ့ကျင့်နေမှုပုံရိပ်တချို့

06/01/2024

Young learners Mover Class မှ ကလေးငယ်တချို့ရဲ့Speaking လေ့ကျင့်နေမှု

Vocabulary လည်းတိုး၊ usage လည်းတိုးတက်အောင် quiz ကလေးတွေဖြေကြည့်ရအောင်၊ မနက်ဖြန်မှာ အဖြေမှန်နဲ့အတူ ရှင်းလင်းချက်ပါတင်ပေး...
29/12/2023

Vocabulary လည်းတိုး၊ usage လည်းတိုးတက်အောင် quiz ကလေးတွေဖြေကြည့်ရအောင်၊ မနက်ဖြန်မှာ အဖြေမှန်နဲ့အတူ ရှင်းလင်းချက်ပါတင်ပေးပါမယ်။

Address

ကမာကြည်လမ်းမ၊ ရန်ကုန်သစ်ရပ်ကွက်၊ သုဝဏ္ဏ
Yangon
11072

Telephone

+959420008075

Website

Alerts

Be the first to know and let us send you an email when Careerland Vocational Training Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Careerland Vocational Training Institute:

Shortcuts

Share

Category