YT sharings

YT sharings

Share

We are sharing the knowledges such as Programming Languages, Human Languages and Technologies by upl

Photos from YT sharings's post 02/09/2021

Learning Resources for Programming 👩‍💻

24/06/2021

How to learn Kanji ( Kanji Reading )

->IntroOutro

10/06/2021

ဒီ article မှာ JLPT exam ရဲ့ စာမေးပွဲစနစ်တွေ၊ အမှတ်ပေးစည်းမျည်းတွေနဲ့ တစ်ခြား သိသင့်တာတွေကိုဖတ်ရမှာပါ။

JLPT ဆိုတာ Japan စာအရည်အချင်းတက်မြောက်ကြောင်းစစ်ဆေးတဲ့စာမေးပွဲတွေထဲကတစ်ခုပါ၊ ပြီးတော့ ဖြေဆိုသူအများဆုံး ဂျပန်စာ စာမေးပွဲစနစ်တစ်ခုပါ။ စာမေးပွဲကို နှစ်တစ်နှစ်ရဲ့ Juneလ နဲ့ Decemberလ ပထမအပတ်အတွင်းလုပ်လေ့ရှိပါတယ်။ စာမေးပွဲဖြေဖို့ form တွေကို နှစ်လကြိုပြီးထုတ်ပေးလေ့ရှိပါတယ်။ အခု Juneလ မှာလုပ်မယ့်စာမေးပွဲကတော့ တစ်ချို့နိုင်ငံတွေမှာ ဆက်ပြီးလုပ်မှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ခဏရပ်ဆိုင်းထားလို့ နောက်လ (June) မှာရှိတဲ့စာမေးပွဲကို မြန်မာနိုင်ငံမှာဖြေလို့မရသေးပါဘူး။ December ကြရင် စာမေးပွဲရှိမရှိကိုလည်းခုထိတရားဝင်မထုတ်ပြန်သေးပါဘူး။ ပုံမှန်အားဖြင့်တော့ June နဲ့ December မှာစာမေးပွဲရှိပါတယ်။

စာမေးပွဲကို အဆင့် ၅ဆင့်ခွဲထားပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း
[ N5:Beginner, N4:Elementary, N3:Intermediate, N2:Pre-Advanced, N1:Advanced ] level တို့ပဲဖြစ်ပါတယ်။ စာမေးပွဲဖြေရာမှာ တစ်ဆင့်ခြင်းဖြေလို့ရသလို မိမိကြိုက်နှစ်သက်သည့် အဆင့်ကို ကျော်ဖြေခွင့်လည်းရှိပါတယ်။ အဆင့်တိုင်းရဲ့ စာမေးပွဲမေးခွန်းတိုင်းဟာ Multiple_choice စနစ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရွေးချယ်စရာ ၄ခု (သို့) ၃ခု ထဲကမှ အဖြေမှန်ကိုရွေးပေးရတာပါ။(!!Multiple_choice ဆိုပြီးလျော့မတွက်စေချင် 😂 )
Kanji ကိုမလေ့လာဖူးသေးတဲ့သူအနေနဲ့ဆို ပထမဆုံးအဆင့်ဖြစ်တဲ့ N5 ဖြေဆိုဖို့ ခန့်မှန်းခြေ နာရီ ၃၂၅နာရီ ကနေ နာရီ၆၀၀ ခန့်စာကြည့်ရပါတယ်။
စာပေးပွဲဖြေဆိုပုံ format ကတော့ N5 မှာ Vocabulary,(Grammar+Reading),Listening ဆိုပြီး section သုံးခုပါပြီး စုစုပေါင်း ၁၀၅ မိနစ်ကြာပါတယ်။ N4,N3 မှာလည်း ထိုနည်းတူ section ၃ ခုပါပြီး N4 ရဲ့ စုစုပေါင်းစာမေးပွဲကြာချိန်က ၁၂၅ မိနစ်ဖြစ်ကာ N3 ကတော့ ၁၄၀မိနစ်ကြာပါတယ်။ N2 နဲ့ N1 မှာတော့ (Vocabulary/Grammar+Reading) နဲ့ Listening ဆိုပြီး section နှစ်ခုပါပြီး N2 က စုစုပေါင်း ၁၅၅မိနစ်ကြာကာ၊ N1 က စုစုပေါင်း ၁၇၀မိနစ်ထိကြာပါတယ်။ ဒါကတော့ စာမေးပွဲဖြေတဲ့အခါ ဘယ်လို section တွေကိုအချိန်ဘယ်လောက်နဲ့ဖြေရတယ်ဆိုတာပါ။ အခုအမှတ်ပေးစည်းမျည်းကိုပြောပါမယ်။ စာမေးပွဲကစုစုပေါင်း အမှတ် "180" ဖိုးမေးတာဖြစ်ပြီး N5 စာမေးပွဲကိုအောင်ဖို့ စုစုပေါင်း "80" မှတ်ရဖို့လိုပါတယ်။ N4 ကတော့ စုစုပေါင်း "90" မှတ်, N3 က "95"မှတ်, N2 က "90"မှတ် နဲ့ N1က စုစုပေါင်း အမှတ် "100" ရဖို့လို့ပါတယ်။ ( !!Warning!!... စုစုပေါင်းရမှတ်ပြည့်ရုံနဲ့ မအောင်သေးပါဘူး။ JLPT exam က item response theory ကိုသုံးထားပါတယ်။ အဲ့တာက စာမေးပွဲရဲ့ section တစ်ခုစီမှာ အရည်အချင်းပြည့်မှီရမယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ စောနကပြောခဲ့တဲ့ N5 စာမေးပွဲမှာဆို section 3 ခုထဲက ကိုယ်က ပထမ section နှစ်ခုဖြစ်တဲ့ Vocab,(Grammar+Reading) ကိုကျွမ်းကျင်လို့ အမှတ်ပြည့်( 120 )ရပေမယ့်နောက်ဆုံး Listening မှာအားနည်းပြီး "10" မှတ်လောက်ပဲရရင် စုစုပေါင်းအမှတ် 130မလို့ဆိုပြီးမအောင်ပါဘူး။ ဘာလို့လဲဆိုတော့သူက section တစ်ခုစီတိုင်းကိုကျွမ်းကျင်မှသာအအောင်ပေးသောစနစ်မလို့ပါ။ ဒါဆို section တစ်ခုစီအတွက်စာမေးပွဲအောင်ဖို့လိုအပ်တဲ့အမှတ်တွေကိုပြောပြပါမယ်။ N5 မှာဆိုရင် Vocab,(Grammar+Reading) ဆိုတဲ့ ပထမ section 2 ခုပေါင်းအမှတ်က အများဆုံး 120 ထဲမှ အနည်းဆုံး "38"မှတ်ရဖို့လိုပါတယ်။ နောက် Listening section မှာ အများဆုံး 60 မှတ်ထဲမှ အနည်းဆုံး 19 မှတ်ရဖို့လိုပါတယ်။ (!!Warning!!... နောက်ထပ်သတိထားရမှာရှိပါသေးတယ်။အဲ့တာက section တစ်ခုစီမှာရရမယ့်အမှတ်ပြည့်ပေ့မယ် စာမေးပွဲမအောင်တာဖြစ်နိုင်ပါသေးတယ်။ အခု N5 မှာဆိုရင် အနည်းဆုံးရရမယ်ဆိုတဲ့ ပထမ section 2 ခုပေါင်းအမှတ် 38မှတ် နဲ့ Listening အနည်းဆုံးရရမယ့်အမှတ် 19မှတ် ပေါင်းရင် "57"မှတ် ပဲရှိပါသေးတယ်။ အဲ့တာကြောင့် အနည်းဆုံးရ ရမယ့်အမှတ်တွေပြည့်ရုံဆိုလည်းမအောင်သေးပါဘူး။ section တစ်ခုစီမှာအနည်းဆုံးရမှတ် ပြည့်ရမယ့်အပြင် ကိုယ်အားသာတဲ့ section မှာလည်းအောင်မှတ်အတွက် အမှတ်ပိုရအောင်သေချာဖြေဖို့လိုပါတယ်။) ဒီလိုအချက်လေးတွေကို သတိထားပြီး စာကြည့်ကတည်းက ကြိုတင် plan ဆွဲပြီးကြည့်ရင်ပိုပြီးအဆင်ပြေနိုင်မယ်လို့ထင်ပါတယ်။

Ok,That's all for this article. Thanks for reading guys. နောက် article မှာ Kanji အကြောင်းနဲ့ Kanji reading ကိုဖတ်ရမှာမလို့ stay tune with us...

17/05/2021

We are sorry to announce that our page is temporary suspended its activities due to the conditions of MilitaryCoup and Internet issues, happening in our country[Myanmar] . We are promise to be back in coming December of the year with more good quality contents and more categories. So that this page is no longer related only to coding but more than that. Technologies, Languages, Knowledges and much more. Page name will be changed as well.

See you soon.

Photos from YT sharings's post 01/12/2020

Programming Hub pro version ( android app ) # ဝယ်ရင်အများကြီးပေးရပါတယ်

စုစုပေါင်း latest trending course တွေအပါအဝင် လက်တလော 106 courses ရှိပါတယ် ။ အပတ်စဥ်တိုင်းလည်း courses အသစ်တွေတင်ပေးပါတယ်။
Courses တွေပြီးတိုင်း Certificate of completion ဆိုပြီးပေးပါတယ်။ ဘယ်လို technologies တွေပါလဲဆိုတော့ coding သီးသန့်မဟုတ်ပဲ digital marketing တွေလည်းပါပါတယ်။ ခုနောက်ပိုင်း trend ဖြစ်နေတဲ့ Flutter,React,SEO,AI,ML တွေလည်းပါပါတယ်။
Topics တွေကိုကြည့်မယ်ဆိုရင်

- Hacking
- Full stack development
- Python series
- Digital Marketing
- Web development
- Mobile App Development
- Analytics
- Game development
- courses for Beginners
- courses for Advanced
- New courses

ဆိုပြီး topics တွေအများကြီးပါပါတယ်။
အကုန်လုံးကို free enrollment လုပ်နိုင်မှာပါ။ apk လေးကိုလိုချင်ရင်တော့ post အောက်မှာ Hi လိုက်ပါ။ 😉

Photos from YT sharings's post 28/11/2020

👨‍💻👨‍💻 Social Media for coders 👩‍💻👩‍💻


webview နဲ့ဖတ်ချင်တဲ့သူတွေက ဒီ link ကနေဖတ်လို့ရပါတယ်။ -> https://thiha112.medium.com/social-media-for-coders-c5ac5e78a02e

Facebook က ပုံမှန်လူတွေအတွက် social media တစ်ခုဆိုရင် programmer/coder တွေအတွက်ဘယ် platform တွေကို social media အဖြစ်သုံးလို့ရလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။
coder တွေအတွက် social media platform တွေအများကြီးထဲကမှ website တစ်ခုရယ်၊ mobile app တစ်ခုရယ်ကိုရွေးပြီးပြောပြသွားမှာပါ။ ပထမဆုံး website ကိုပြောပြရရင် သူ့ကို morioh ( social network for programmer ) လို့ခေါ်ပါတယ်။
Morioh မှာဘယ်လို section တွေပါလဲဆိုတော့ explore ဆိုတဲ့ section ထဲမှာ technologies တွေနဲ့ပတ်သတ်တဲ့ articles တွေအများကြီးကိုဖတ်လို့ရမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက နည်းပညာသမားတွေပဲသုံးတာမလို့ ပေါတောတော Facebook status တွေလိုမဟုတ်ပဲ၊ သေချာရေးထားတဲ့ article တွေကိုဖတ်ရမှာဖြစ်ပါတယ်။
နောက် video section မှာဆိုရင်လည်း technologies အလိုက်တင်ထားတဲ့ short video clip များစွာကို ကြည့်လို့ရမှာဖြစ်ပါတယ်။ ကိုယ်က technologies အကုန်စိတ်မဝင်စားဘူး။ တစ်ချို့ပဲသိချင်တယ်ဆိုရင်လည်း topics ဆိုတဲ့ section ထဲမှာ specific အနေနဲ့ တစ်ခုချင်း follow လုပ်လို့ရပါတယ်။ topics တွေကတော့ တော်တော်စုံပါတယ်။ နောက်ထပ်အမိုက်စားတစ်ခုက free courses တွေအများကြီးကိုလေ့လာလို့ရမှာဖြစ်ပါတယ်။ အချိန်နဲ့တပြေးညီတင်ထားတဲ့ technologies အစုံက free courses တွေကို free enroll လုပ်ပြီးလေ့လာရုံပါပဲ။ တကယ့်ကိုစမ်းသုံးကြည့်သင့်တဲ့ website လေးပါ။ သူ့ link ကတော့ www.morioh.com ပဲဖြစ်ပါတယ်။

နောက်တစ်ခုကတော့ mobile app တစ်ခုဖြစ်တဲ့ Sololearn ပဲဖြစ်ပါတယ်။ Sololearn ဆိုရင်လည်း Facebook နီးပါးလောက်ကောင်းပါတယ်။ သူ့မှာ coder တွေအချင်းချင်း chatting လုပ်လို့ရအောင်လုပ်ပေးထားတယ်။ group တွေဖွဲ့ပြီး team လိုက် project တွေဆွေးနွေးလို့ရတယ်။ ပြီးတော့ programming languages နဲ့ Database, markup languages တွေကိုလည်း course လိုလုပ်ပေးထားပြီး free လေ့လာလို့ရပါတယ်။ လေ့လာပြီးတဲ့အခါ code ပြန်ရေးဖို့ online code editor ကိုလည်းထည့်ပေးထားလို့ ခုလေ့လာပြီး ခုချက်ချင်း code ရေးကြည့်လို့ရပါတယ်။ လေ့လာတာကိုနားမလည်ရင် မေးခွန်းတွေမေးလို့ရတဲ့ Q&A section လည်းပါတာမလို့ လေ့လာရတာအဆင်ပြေလွန်းပါတယ်။ languages တွေလေ့လာပြီး MOD တွေကလုပ်ပေးထားတဲ့ short Question လေးတွေဖြေပြီး point တွေရအောင်လုပ်လို့ရပါတယ်။ point တွေနဲ့ Local rank, world rank လည်းခွဲထားပေးထားပါတယ်။ ပြီးတော့ practice လုပ်ဖို့အတွက် Practice section, knowledge sharing section တွေလည်းရှိပါတယ်။ achievement တစ်ခုရတိုင်း badges လေးတွေလည်းပေးပါတယ်။ project တွေရေးထားပြီး post လိုမျိုးတင်ထားလို့ရပြီး အဲ့တာတွေကို like, comment & share တွေလည်းလုပ်လို့ရတာမလို့၊ professional coder တွေက project တွေတင်ပြိး audience ယူတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ Sololearn လေးကလည်းစမ်းသုံးသင့်တဲ့ app လေးတစ်ခုဖြစ်ပါတယ်။ local friend သာမက global က coder friend တွေလည်းရနိုင်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့ရဲ့ link ကတော့ www.soloearn.com ပဲဖြစ်ပါတယ်။


26/11/2020

လူငယ်များထံသို့ . . .
🙏

25/11/2020

Using your phone as we**am

imageများနှင့်တကွဖော်ပြထားသောကြောင့် ဒီlinkလေးမှဖတ်ရင်ပိုအဆင်ပြေပါတယ်။
https://thiha112.medium.com/use-your-cellphone-as-we**am-32b6de27652d

အရင် article မှာ ကိုယ့်ရဲ့ phone ကို mic အဖြစ်ဘယ်လိုသုံးရမလဲဆိုတာကိုပြောပြခဲ့ပြီးပြီမလို့ ခု article မှာ phone ကို we**am ( camera for computer )အဖြစ်ဘယ်လိုသုံးရမလဲဆိုတာကိုပြောပြပေးသွားပါမယ်။ အရင်ဆုံးလိုအပ်တဲ့ software လေးတွေကိုအရင် download လုပ်ဖို့လိုပါတယ်။

Droidcam for computer ->

https://u.pcloud.link/publink/show?code=XZe1IRXZzQgjphvKkwp71YpajixMWYfy0jPX

Droidcam for phone ->

https://apkpure.com/droidcam/com.dev47apps.droidcam

ဒီ ၂ ခုစလုံးကို download ဆွဲပြီးပြီဆိုရင်တော့ အရင်ဆုံး ဖုန်းထဲမှာ setting အနည်းငယ်ချိန်ရပါမယ်။ we**amကို zoom တို့ google meets တို့မှာသုံးမှာဆိုရင် camera က stable ဖြစ်ဖို့လိုတာမလို့ wifi နဲ့ချိတ်တာထက် usb နဲ့ချိတ်နည်းကိုပြောပြသွားမှာပါ။ ဒါကြောင့် phone ထဲက developer options ထဲမှာ USB debugging mode ကိုဖွင့်ပေးရပါမယ်။ ပြီးရင် phone နဲ့ computer ကို USB cable နဲ့ချိတ်ပါ။ အဲ့လိုချိတ်တဲ့နေရာမှာ USB cableဟာ data pin ပါသော cable ဖြစ်ရပါမယ်။ တစ်ချို့ USB cable တွေက +pos, -neg, ကြိုးတွေပဲပါတာမလို့ အားသွင်းလို့ပဲရပြီး data transfer လုပ်မရပါဘူး။ ဒါကြောင့် +data,-data ကြိုးတွေပါ ပါတဲ့ကြိုးဖြစ်ဖို့လိုပါတယ်။ phone နဲ့ computer ကို USB cable နဲ့ connect လိုက်ရင် Use USB to ဆိုတဲ့ popup bar လေး phone မှာပေါ်လာပါလိမ့်မယ်။ အဲ့မှာ Transfer files ဆိုတာကိုရွေးပေးပါ။ ပြီးရင် computer ထဲက Droidcam software ကိုဖွင့်လိုက်ပါ။ အရင်ဆုံး Computer ထဲက software မှာပြင်ရမှာကတော့ HD modeဖွင့်ဖို့ပါ။ ဒါမှ ပိုပြီးကြည်လင်တဲ့အရည်အသွေးကိုရမှာပါ။

ပထမဆုံး Droidcamဆိုတာကိုနှိပ်ပြီး HD modeထဲဝင်ပါ။ ပြီးလျှင် ကိုယ်လိုချင်သော resolution ကိုရွေးပါ။ ထို့နောက် computer ကို restart ချပေးဖို့လိုပါတယ်။ ကိုယ်က အရင် ရမရ စမ်းချင်သေးရင် HD mode ကိုနောက်မှပြောင်းပြီး phone နဲ့အရင် connect လုပ်ကြည့်ပါ။ phone ရဲ့ camera နဲ့ connect ဖို့ဆိုရင် Droidcamဆိုတာကိုနှိပ်ပြီး start ဆိုတာကိုရွေးပေးရပါမယ်။

ပြီးရင်အလယ်က USB cable ပုံကိုနှိပ်ပေးပါ phone နဲ့ connect ထားတဲ့ deviceတွေအကုန်ပေါ်လာပါလိမ့်မယ်။ down arrow key လေးကိုနှိပ်ပြီး ကိုယ် we**am အဖြစ်သုံးချင်တဲ့ phone ကိုရွေးပြီး start ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် စပြီးသုံးလို့ရပါပြီ။

Everyone

22/11/2020

Using Your cellphone as a "MIC" for computer

ပုံတွေနဲ့တကွဖော်ပြထားတာမလို့ ဒီ link လေးကနေ ဖတ်ပေးရင် ပိုအဆင်ပြေပါတယ်။ ->
https://thiha112.medium.com/using-your-cellphone-as-mic-for-laptop-4f2e75b01495

Covid 19 စကတည်းက လူတိုင်းက online video conference တွေနဲ့ပဲ meeting တွေလုပ်လာတယ်။ စာသင်တာတွေလုပ်လာတယ်။ အဲ့တာကြောင့်မလို့ video conference လုပ်တဲ့အခါ ကိုယ့်ရဲ့ computer မှာ we**am တွေ microphone တွေ မပါတာ၊ ပျက်နေတာတွေရှိလာရင် ထွက်ဝယ်ဖို့ကလည်း အဆင်မပြေတော့ ကိုယ်သုံးနေတဲ့ cell phone ကနေပဲ we**am တွေ၊ mic တွေအဖြစ် ပြောင်းသုံးလို့ရအောင်ပြောပြသွားမှာပါ။ အခု article မှာတော့ mic အဖြစ်အသုံးပြုပုံကိုအရင်ပြောပြပါမယ်။
အရင်ဆုံး ကျွန်တော်တို့တွေ wo mic ဆိုတဲ့ဟာကို download ဆွဲရပါမယ်။ download ဆွဲတဲ့နေရာမှာ computer အတွက် setup နှစ်ခုနဲ့ phone မှာ setup တစ်ခုကို download ဆွဲရပါမယ်။
Wo mic setup for pc ->

https://u.pcloud.link/publink/show?code=XZH8eRXZcwLgz5PPbJVM0v3Lxu5eA8d9lPEk

wo mic driver to connect cellphone via computer ->

https://u.pcloud.link/publink/show?code=XZkueRXZpCl9SOlNnrhJzKREVD8hYFgU1a57

wo mic set up for cellphone ->

https://play.google.com/store/apps/details?id=com.wo.voice2

ဒီ setup တွေအကုန် download ဆွဲပြီးပြီဆိုရင် phone နဲ့ computer ကြားမှာ connection တစ်ခုလုပ်ရပါမယ်။ connection လုပ်ဖို့ရွေးချယ်စရာကျတော့ 4 ခုရှိပါတယ်။ Bluetooth,WIFI,USB နဲ့ WIFI direct ဆိုပြီး ၄ ခုထဲက မိမိ အဆင်ပြေတာကို ရွေးချယ်ပေးရမှာပါ။ ဒါပေမယ့် တစ်ချို့ computer တွေမှာ bluetooth driver မပါတာရှိတတ်လို့ ဒီarticleမှာ bluetooth connection ကိုထည့်မပြောသွားပါဘူး။ အလားတူပဲ wifi ကိုသုံးမယ်ဆိုရင်လည်း ကိုယ်က ဖုန်းကနေ hotspot shareပြီး pcကို internet ချိတ်ထားတဲ့အခါ wifi နဲ့ hotspot တစ်ပြိုင်တည်းသုံးမရလို့ ဒီနည်းကိုလည်းမပြောတော့ပါဘူး။ ဒါဆိုကျန်တဲ့ USB ရယ် WIFI Direct နဲ့ချိတ်တာရယ်ကိုပြောသွားပါမယ်။ အရင်ဆုံး စတော့မယ်ဆိုရင် computer မှာရော phone မှာရော software တွေကိုဖွင့်ထားပေးပါ။
အောက်ကပုံနှစ်ခုကတော့ wo mic ကို phone ထဲမှာဖွင့်ထားရင် မြင်ရမယ့်ပုံတွေပါ။

ပြီးရင် Transport မှာ ဘယ်လို connection မျိုးလုပ်မယ်ဆိုတာရွေးပေးပါ။ အရင်ဆုံး wifi Direct ကိုရွေးထားတယ်ဆိုရင် ကိုယ့်ရဲ့ cellphone ကနေ WIFI Hotspot ကို share ထားပါ။ ပြီးရင် computer ထဲက Wo mic ကိုဖွင့်ပါ။ ပြီးရင် ပုံ၁ မှာပါတဲ့ setting icon ဘေးက play icon လေးကိုနှိပ်ထားလိုက်ပါ။

ပြီးရင် computer ထဲက wo mic software ကို option>>Advance ဆိုတာကိုရွေးပေးပြီး cellphone ထဲက control port number နဲ့တူအောင်ပြောင်းပေးပါ။ ထပ်တူညီနေမှရမှာပါ။ အဲ့တာပြီးရင်တော့ စပြီးချိတ်လို့ရပါပြီ။

computer ထဲက wo mic software မှာလည်း WIFI direct ဆိုတာကိုရွေးပေးပါ။ ပြီးရင် connect ဆိုတာကို နှိပ်လိုက်ရင် connection စပါပြီ။ တကယ်လို့ connect ဖြစ်သွားရင် connected လို့ပြပြီး။ connect လုပ်မရရင် server ကိုချိတ်မရဘူးလို့ပြပါမယ်။ ချိတ်မရရင်တော့ control port number, transport type တွေကိုပြန်စစ်ပြီး ပြန်လုပ်ပေးပါ။ ရသွားတဲ့အခါ computer ရဲ့ window key ကိုနှိပ်ပြီး recorder လို့ရေးပြီး enterနှိပ်လိုက်ပါ။ ပြီးရင် ဖုန်းထဲကနေပြောပြီး record လုပ်လို့ရတာကိုတွေ့ရပါလိမ့်မယ်။ 🤨
အခုနောက်တစ်နည်းဖြစ်တဲ့ USB နဲ့ချိတ်ဆက်နည်းကိုပြောပြပါမယ်။ USB နဲ့ချိတ်နည်းကတော့ ကိုယ့် cellphone က android version 5နဲ့အထက်ရှိရပါမယ်။ ပြီးရင် developer option ထဲမှာ USB debugging ကိုဖွင့်ထားပေးပါ။ phone နဲ့ computer ကို USB cable နဲ့ချိတ်ထားပြီး transport type ကို USB လို့ရွေးပေးပါ။ ပြီးရင် connect လုပ်လို့ရပါပြီ။
အားလုံးအဆင်ပြေကြပါစေ။…

Photos from YT sharings's post 27/10/2020


to all Op

Photos from YT sharings's post 12/10/2020

အားလုံးပဲ မဂ်လာပါ။ ဒီနေ့ Sharing လုပ်ပေးချင်တဲ့အကြောင်းအရာကတော့
Radio Wave တွေရဲ့အလုပ်လုပ်ပုံ ဖြစ်ပါတယ်။
Radio Wave Propagation ဆိုတာဘာလဲ ❓
Transmitter ကနေ radio wave တစ်ခုကိုထုတ်လွင့်တယ်။ အဲ့ radio wave ဟာ space ကိုဖြတ်ပြီး receiver ဆီကိုသွားတယ်။ ဒီလုပ်ငန်းစဥ်ကို radio wave propagation လို့ခေါ်ပါတယ်။
ပုံတစ်ပုံချင်းစီရဲ့အောက်မှာ သက်ဆိုင်ရာ ခေါင်းစဥ်လေးတွေနဲ့အတူ ဆက်ပြီးဖော်ပြထားပါတယ်။
စာဆက်ဖတ်ပေးကြပါအုံး🤗

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00