Let's Learn English Together

Let's Learn English Together Learning and Sharing English

09/08/2025

Hand movements နဲ့ပတ်သက်တဲ့
Verbs တချို့ကိုလေ့လာကြမယ်‌နော်..

This ,That, These , Those ကို ဘယ်လိုသုံးမလဲ ❓❓❓This ကိုတော့ ကိုယ်လက်လှမ်းမှီတဲ့ နေရာမှာရှိတဲ့  ကိုယ့်အနီးက အရာ(တစ်ခုကိန်...
02/07/2025

This ,That, These , Those ကို ဘယ်လိုသုံးမလဲ ❓❓❓

This ကိုတော့ ကိုယ်လက်လှမ်းမှီတဲ့ နေရာမှာရှိတဲ့ ကိုယ့်အနီးက အရာ(တစ်ခုကိန်း)ကို ရည်ညွှန်းပြောတဲ့အခါမှာ သုံးတယ်
ဥပမာ This is my book.👉📘
ဒါကျွန်တော့်စာအုပ်ပါ။

That ကိုတော့ ကိုယ်လက်လှမ်းမမှီတဲ့ နေရာမှာရှိတဲ့ ကိုယ့်အဝေးက အရာ(တစ်ခုကိန်း) ကို ရည်ညွှန်းပြောတဲ့အခါမှာ သုံးတယ်
ဥပမာ That is your book.👉 📗
ဟိုဟာ ခင်ဗျားစာအုပ်ပါ။

These ကိုတော့ This လိုပဲ ကိုယ့်အနီးမှာရှိတဲ့ အရာတွေကို ရည်ညွှန်းတဲ့အခါမှာသုံးတယ် ဒါပေမယ့် Theseကို အများကိန်းကို ရည်ညွှန်းတဲ့အခါသုံးတယ်
ဥပမာ These are my books .👉📚
ဒါတွေက ကျွန်တော့်စာအုပ်တွေပါ။

Those ကိုလည်း Thatလိုပဲ ကိုယ့်အဝေးမှာ ရှိတဲ့ အရာတွေကို ရည်ညွှန်းပြောတဲ့အခါမှာသုံးတယ် Those ကို အများကိန်းကို ရည်ညွှန်းပြောတဲ့အခါမှာသုံးတယ်
ဥပမာ Those are your books .👉 📚
ဟိုဟာတွေက ခင်ဗျားစာအုပ်တွေပါ။

ဒီလောက်ဆို This, That, These, Those အသုံးကို ရပြီလို့ မျှော်လင့်ပါတယ်။ပုံထဲက exercise လေးတွေဖြေသွားကြည့်ပါနော်။💁

English
's Learn English Together
Khine

am, is , are ကို main verb အနေနဲ့ ဘယ်လို အခြေအနေတွေမျိုးမှာသုံးမလဲ ?1.am, is , are ကို main verb အနေနဲ့  နာမည် ကို ပြောတ...
01/07/2025

am, is , are ကို main verb အနေနဲ့ ဘယ်လို အခြေအနေတွေမျိုးမှာသုံးမလဲ ?

1.am, is , are ကို main verb အနေနဲ့
နာမည် ကို ပြောတဲ့အခါမှာသုံးလို့ရတယ်

For example,
I am Julia.
She is Sophia.
He is James.

2.အသက်အရွယ် ပြောတဲ့အခါမှာသုံးတယ်
For example,
I am 20.
She is 23.
He is 17.

3.ကိုယ် ဘယ်အရပ်ဒေသက လာတယ် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုက ဘယ်အရပ်‌ဒေသက လာလဲ ပြောတဲ့အခါမှာ သုံးတယ်
For example,
I am from Myanmar.
She is from Thailand.
He is from the UK.
They are from the USA .
It's from Japan.

4.နောက်ပြီး nationality (လူမျိုး/နိုင်ငံသား) ပြောတဲ့အခါမှာသုံးတယ် ပစ္စည်းတစ်ခုခု အစားအသောက်တစ်ခုခုရဲ့ လာရင်းဒေသကို ပြောတဲ့အခါမှာသုံးတယ်
For example,
I am Burmese.
She is Thai.
He is British.
They are American.
Sushi is Japanese.

5.အလုပ်အကိုင်ပြောတဲ့အခါမှာလည်း သုံးတယ်
For example,
I am a teacher.
She is a student.
He is a lawyer.
They are doctors.

6.နောက်တစ်ခုက ဘယ်နေရာမှာလဲ ဆိုတာ ပြောတဲ့အခါသုံးတယ်
For example,
I am at home.
She is in the kitchen.
He is at work.
They are in the classroom.
It is on the table.

English စကားပြောနဲ့ English informal writing တွေမှာ am , is , are ရဲ့ contractions (အတိုကောက်) ကို အသုံးများတယ်
am= 'm
is = 's
are= 're
I'm 12.
He's in the class.
We're at the cinema.

English
's Learn English Together
Khine

Possessive 's,s''s (apostrophe s) နဲ့ s' (s apostrophe)ကို ပိုင်ဆိုင်မှုကို ဖော်ပြတဲ့အခါမျိုးမှာသုံးပါတယ် ဥပမာ My brothe...
27/06/2025

Possessive 's,s'

's (apostrophe s) နဲ့ s' (s apostrophe)ကို ပိုင်ဆိုင်မှုကို ဖော်ပြတဲ့အခါမျိုးမှာသုံးပါတယ်

ဥပမာ
My brother's phone
My friends' bags
John's glasses

Apostrophe s ('s) နဲ့ s apostrophe ရဲ့ ကွာခြားချက်ကတော့ 's ကို singular nouns (တစ်ခုကိန်းနာမ်) နဲ့ တွဲသုံးတာဖြစ်ပြီး s apostrophe (s') ကို plural nouns (အများကိန်းနာမ်) နဲ့ တွဲသုံးတာပါ

ဥပမာ John's sister
My parents' house

ဒါပေမယ့် irregular plural nouns တွေကိုတော့ apostrophe s ('s) နဲ့ပဲ သုံးပါတယ်

ဥပမာ This is my children's school.

English
's Learn English Together
Khine

English Four Skills Class(Pre-intermediate Level)Platform: ZoomTime:7:30 PM to 9:00PM          (Tuesday & Wednesday)Dura...
25/06/2025

English Four Skills Class
(Pre-intermediate Level)

Platform: Zoom
Time:7:30 PM to 9:00PM
(Tuesday & Wednesday)
Duration: 6 months
Fees: Only 25000 kyats for each month
( June 29 ထိအစောဆုံး register လုပ်သူများအတွက် Early Bird Discount 20% ရရှိမှာဖြစ်ပါတယ်)

English အခြေခံရှိထားပြီး ကိုယ့်ရဲ့ English Level ကို upgrade လုပ်ချင်တဲ့ သူများတက်ရောက်နိုင်ပါတယ်

Tr.Evelyn
B.A (English)
Diploma in ELTM( YUOE)(Candidate)
Diploma in Educational Management
(Lincoln University College)

09773917612


Khine

ဒီနေ့ရာသီဥတု အခြေအနေဘယ်လိုလဲ ဆိုတာကို English လိုဘယ်လိုပြောမလဲ။🤷💁What's the weather like today?လို့ပြောလို့ရပါတယ် ။အဲ့လိ...
25/06/2025

ဒီနေ့ရာသီဥတု အခြေအနေဘယ်လိုလဲ ဆိုတာကို English လိုဘယ်လိုပြောမလဲ။🤷
💁What's the weather like today?လို့ပြောလို့ရပါတယ် ။
အဲ့လိုလေးမေးတဲ့အခါ ဘယ်လိုပြန်ဖြေကြမလဲ အောက်ကအသုံးလေးတွေနဲ့ ပြန်ဖြေလို့ရပါတယ်👇

It's stormy.⛈️
မုန်တိုင်းထန်နေတယ် ။

It's raining.🌧️
မိုးရွာနေတယ် ။

It's cloudy.☁️
တိမ်ထူနေတယ်။

It's windy.🌪️🌬️
လေတိုက်နေတယ်။

It's snowing.❄️
နှင်းကျနေတယ်။

It's sunny.☀️
နေသာနေတယ်။

ကဲ အခုကိုယ်နေနေတဲ့ နေရာမှာ ရာသီဥတုဘယ်လိုရှိလဲ comment မှာရေးသွားကြပါဦး။👇💁

English
's learn English Together
Khine

24/06/2025

How to make suggestions?
ငါတို့ ရေသွားကူးကြရအောင်လား ငါတို့ မုန့်လုပ်စားကြရအောင် စသဖြင့် အကြံပြုစကားလေးတွေကို English လိုဘယ်လိုပြောကြမလဲ ??🤷

ဒီအောက်က phrases လေးတွေကို အသုံးပြုပြီး ပြောလို့ရပါတယ်👇

Let's+infinitive (V1).
Shall we +infinitive(V1).
Why don't we+ infinitive(V1).
How about+Gerund (Ving).

Let's go for a swim.🏊
ရေသွားကူးကြရအောင် ။

Shall we go for a swim?🏊
ရေသွားကူးကြမလား။

Why don't we go for a swim? 🏊
ငါတို့ ရေသွားကူးကြရအောင်။

How about going for a swim? 🏊
ငါတို့ရေသွားကူးကြရအောင်။

English
's learn English Together
Khine

18/06/2025

Character နဲ့ပတ်သက်တဲ့
English အသုံးတွေက်ိုလေ့လာကြမယ်။

14/06/2025

Racks
စင်တွေနဲ့ပတ်သက်ပြီး လေ့လာကြမယ်။

26/05/2025

Internal Organs တွေအကြောင်းလေ့လာကြမယ်

22/05/2025

Hand Action Verbs တွေကိုလေ့လာကြမယ်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959773917612

Website

Alerts

Be the first to know and let us send you an email when Let's Learn English Together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category