Bright Star Learning Hub

Bright Star Learning Hub Be Bright Stars

"သင့်ကလေး စကားပြောရာမှာ Grammar အမှားလေးတွေ ပြောနေလား?"စကား‌ပြောတဲ့အခါ အထားအသို‌တွေမှားရင် အဓိပ္ပါယ်မှားသွားတာမို့ ကြားရ...
08/01/2026

"သင့်ကလေး စကားပြောရာမှာ Grammar အမှားလေးတွေ ပြောနေလား?"

စကား‌ပြောတဲ့အခါ အထားအသို‌တွေမှားရင် အဓိပ္ပါယ်မှားသွားတာမို့ ကြားရတဲ့သူကလည်း မရှင်းမလင်းနဲ့ နားမလည်ဖြစ်စေပါတယ်။

😥 ‌မိဘတွေအနေနဲ့ ကိုယ့်ကလေးငယ်က Grammar အမှားတွေအသုံးပြုပြီး စကားပြောမှာ၊ ဒါကြီးကိုအကျင့်ပါပြီး အမှန်မပြင်ဘဲ ဆက်သုံးနေမှာကို စိုးရိမ်တတ်ကြပါတယ်။

အခုပြောပြမှာကတော့ ကလေးငယ်တွေမှားတတ်တဲ့ Grammar ပုံစံလေးတွေဖြစ်လို့ မိဘတွေအနေနဲ့ ဖတ်ကြည့်ပြီး တူညီနေရင် ပြင်ပေးလိုက်ကြပါနော်။✊🏻

⏩ 𝗧𝗲𝗻𝘀𝗲
❌ "He 𝗿𝘂𝗻𝗻𝗲𝗱 to the park."
✅ "He 𝗿𝗮𝗻 to the park."

⏩ 𝗦𝘂𝗯𝗷𝗲𝗰𝘁 𝗩𝗲𝗿𝗯
❌"She 𝗹𝗶𝗸𝗲 ice cream."
✅"She 𝗹𝗶𝗸𝗲𝘀 ice cream."

❌"I brushed my 𝘁𝗼𝗼𝘁𝗵𝘀."
✅"I brushed my 𝘁𝗲𝗲𝘁𝗵."

⏩ 𝗣𝗿𝗼𝗻𝗼𝘂𝗻 𝗖𝗮𝘀𝗲
❌"𝗠𝗲 𝗮𝗻𝗱 𝗧𝗼𝗺 are playing."
✅"𝗧𝗼𝗺 𝗮𝗻𝗱 𝗜 are playing."

❌"𝗛𝗶𝗺 is my friend."
✅"𝗛𝗲 is my friend."

⏩ 𝗔𝗿𝘁𝗶𝗰𝗹𝗲𝘀 ( 𝗮,𝗮𝗻,𝘁𝗵𝗲 )
❌ "I saw 𝗮 elephant."
✅ "I saw 𝗮𝗻 elephant."

⏩ 𝗢𝗺𝗶𝘁𝘁𝗶𝗻𝗴 𝗔𝗿𝘁𝗶𝗰𝗹𝗲
❌"I want apple."
✅"I want 𝗮𝗻 apple.")

⏩ 𝗗𝗼𝘂𝗯𝗹𝗲 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲𝘀
❌ "I don't want 𝗻𝗼 vegetables."
✅ "I don't want 𝗮𝗻𝘆 vegetables."

⏩ 𝗣𝗹𝘂𝗿𝗮𝗹𝘀 𝗮𝗻𝗱 𝗣𝗼𝘀𝘀𝗶𝘃𝗲𝘀
❌"There are three 𝗰𝗵𝗶𝗹𝗱𝘀."
✅"There are three 𝗰𝗵𝗶𝗹𝗱𝗿𝗲𝗻."

❌"This is 𝗺𝗶𝗻𝗲𝘀."
✅"This is 𝗺𝗶𝗻𝗲."

ဆင်တူရိုးမှားလေးတွေဖြစ်သလို ကလေးငယ်တွေအမှားအများဆုံးလေးတွေဖြစ်တာမို့ မိဘတွေအနေနဲ့ တည့်မတ်ပေးဖို့ အသင့်တော်ဆုံးဖြစ်တာလေးတွေပါ။🥰💯

“သင့်ကလေးကိုနေ့တိုင်း အလေ့အကျင့်သေးသေးလေးတွေကနေ အကြီးဆုံး English Success ဖြစ်ပေါ်စေဖို့...”ကလေးငယ်ရဲ့ English စာတိုးတက်...
20/12/2025

“သင့်ကလေးကိုနေ့တိုင်း အလေ့အကျင့်သေးသေးလေးတွေကနေ အကြီးဆုံး English Success ဖြစ်ပေါ်စေဖို့...”

ကလေးငယ်ရဲ့ English စာတိုးတက်မှုမြန်ဖို့ဆို အတင်းဖိအားပေးတာထက် နေ့စဉ်ပုံမှန်လေ့လာစေတာက အကျိုးရှိဆုံးပါ။💯

🧑‍🧑‍🧒‍🧒 ဒါကြောင့် ရင်နှစ်သည်းချာ ချစ်သားလေး၊ချစ်သမီးလေးတို့အတွက်...

🪜ကလေးတစ်ယောက်ရဲ့ အနာဂတ်အောင်မြင်မှုကို တည်ဆောက်တဲ့အခါ Big Step တွေထက် စည်းစနစ်တကျရှိတဲ့ ခြေလှမ်းသေးသေးလေးတွေက ပိုအရေးပါပါတယ်။

👨🏻‍💼 Microsoft CEO ဖြစ်တဲ့ Satya Nadella ရဲ့ "Learn it all" (အမြဲတမ်း သင်ယူစိတ်) ကို အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်အဖြစ် မိဘတို့အနေနဲ့သိထားသင့်ပါတယ်။

သူကိုယ်တိုင်လည်း 🇮🇳 အိန္ဒိယကနေ တစ်နေ့တခြား ကြိုးစားအားထုတ်မှုတွေနဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့တာပါ။‼️

ဒီတော့... မေမေတို့ ကလေးရဲ့ English Journey ကိုလည်း ဒီလိုမျိုး အလေ့အထသေးသေးလေးတွေနဲ့ စတင်ပေးလိုက်ပါ။✅

⏭️ နေ့စဉ်သုံး စကားပြောမှာ အင်္ဂလိပ်စာလေးတွေ ရောစပ်ပါ။ "Good Morning!", "Thank you", "Very good" စတာတွေကို မိသားစုအတွင်းမှာ အသုံးပြုကြည့်ပါ။

⏭️ ကလေးကြိုက်တဲ့ Cartoon လေးတွေကို အင်္ဂလိပ်လို ကြည့်ခိုင်းပါ။ စကားပြောတွေ၊ အသံတွေက သူ့ဦးနှောက်ထဲ သဘာဝအတိုင်း စွဲသွားစေမှာပါ။

⏭️ တစ်ရက်ကို စကားလုံးအသစ် (၁) လုံးစာ သင်ပေးပါ။ မနက်စာစားချိန် ဒါမှမဟုတ် အိပ်ရာမဝင်ခင် အချိန်လေးမှာ သင်ယူခိုင်းပါ။

⏭️ အင်္ဂလိပ်လို ချီးကျူးစကားပြောပါ။ "I love you" ဆိုတဲ့ စကားလုံးကလည်း ကလေးကို အင်္ဂလိပ်စာနဲ့ ရင်းရင်းနှီးနှီး ရှိစေဖို့ အထောက်အကူဖြစ်စေပါတယ်။

ဒီလိုမျိုး နေ့စဉ်အလေ့အကျင့်လေးတွေက ချက်ချင်းကြီး ကြီးမားတဲ့ပြောင်းလဲမှုကို မမြင်ရပေမယ့်...

📆 တစ်လ၊ နှစ်လ ကြာတဲ့အခါ ကလေးငယ်ရဲ့ English စာအပေါ်ယုံကြည်မှု (Confidence) တိုးလာတာ၊

စကားလုံး (Vocabulary) မြန်မြန်ဆန်ဆန် တိုးတက်လာတာကို အမှန်တကယ် သတိထားမိလာပါလိမ့်မယ်။✅

👇🏻 သင့်ကလေးငယ်ကို အားမရဘဲ မြန်မြန်သင်‌စေချင်တိုင်းမှာ John Maxwell ရဲ့ဒီစကားကို သတိရလိုက်ပါ...

"Small daily improvements are the key to staggering long-term results." ပါတဲ့။🥳

✅ ဒါကြောင့် သင့်ကလေးငယ်အတွက် နေ့စဉ်တိုင်းမှာ အလေလွင့်မရှိဘဲ English စာတိုးတက်ဖို့အတွက် အခုလို ဗဟုသုတရစရာတွေကို တင်ပေးသွားမှာဖြစ်လို့...

🌟 Bright Star Learning Hub Page ကို Like & Follow လုပ်ပေးထားကြဦးနော်။

“သင့်ကလေးငယ်ရဲ့ English Skills ကို တိုင်းတာပေးမယ့် အဆင့်သုံးဆင့်”👦🏻 ကလေးတွေကို Cambridge English Young Learners (YLE) Te...
28/11/2025

“သင့်ကလေးငယ်ရဲ့ English Skills ကို တိုင်းတာပေးမယ့် အဆင့်သုံးဆင့်”

👦🏻 ကလေးတွေကို Cambridge English Young Learners (YLE) Test စစ်ဆေးပေးခြင်းက...

ကိုယ့်ကလေးရဲ့ English စာကို အခြေခံကနေ အမြင့်ထိရောက်အောင်လို့ တဖြည်းဖြည်းတိုးတက်လာအောင် လေ့လာနိုင်ဖို့သတ်မှတ်ထားတာဖြစ်ပါတယ်။💯

⛳ အဆင့်သတ်မှတ်ချက်အရ ခွဲခြားတဲ့အခါ Starters ( Pre A1 ), Movers (A1), Flyers (A2) ဆိုပြီး အဆင့် (3)ဆင့်ရှိပါတယ်။

1️⃣ Starters ( Pre A1 ) ဟာဆိုရင် အသက်(6) နှစ်မှ (8)နှစ်ကြား ကလေးငယ်တွေကို English စာစတင်မိတ်ဆက်ပေးရတဲ့ ပထမဆုံးအဆင့်ဖြစ်ပြီး...

English စာရဲ့ အခြေခံအကျဆုံး ဝေါဟာရ၊ စာကြောင်းနဲ့ မေးခွန်းလေးတွေကို နားလည်လွယ်အောင် သင်ကြားပြသပေးတဲ့အဆင့်ဖြစ်ပါတယ်။

2️⃣ Movers ( A1 ) မှာတော့ Grammar နဲ့ Vocabulary အခြေခံတွေကိုစတင်သိရှိလာမှာဖြစ်သလို ပုံမှန်အားဖြင့် အသက် (8)နှစ်ကနေ (10)နှစ်ကြားဖြစ်ပြီး...

စာကြောင်းရှည်‌တွေဖတ်နိုင်လာရုံသာမက School Life, Family, Daily Routines စတဲ့ အကြောင်းအရာတွေကိုလည်း ပြောပြလာနိုင်မှာဖြစ်ပါတယ်။

3️⃣ Flyers ( A2 ) မှာတော့ အသက် (9)နှစ်ကနေ (12)ကြား ကလေးငယ်‌တွေဖြစ်ပြီး Secondary English Learning အဆင့်ကိုတက်ရောက်နိုင်ပြီ ဖြစ်ပါတယ်။

Reading, Writing, Listening နဲ့ Speaking မှာ တစ်ခုချင်းစီအလိုက် တိုးတက်နေမဲ့ပုံစံကို မြင်တွေ့ရမှာဖြစ်ပြီး High Basic Level တန်းဖြစ်ပါတယ်။

🎯 ဒါဆို မိဘတွေအနေနဲ့ ဘာကြောင့် YLE Test ကိုယုံကြည်ပြီး စစ်ပေးသင့်တာလဲဆိုရင်...

✅ ကလေးရဲ့အရွယ်အလိုက် တိုးတက်မှုကို တိတိကျကျ တိုင်းတာလို့ရတယ်။

✅ International Standard တစ်ခုအဖြစ် မှတ်ပြုခံထားတဲ့ Test ဖြစ်တယ်။

✅ Pressure မရှိဘဲ Motivation တက်စေတဲ့ Badge System (Shields) တွေနဲ့ သင်ကြားပေးတယ်။

✅ Listening / Reading / Writing / Speaking 4 Skills လုံး တိုးတက်စေပါတယ်။

ဒါကြောင့် သင့်ကလေးငယ်ရဲ့ English Level ကိုသိချင်ကြတဲ့ မေမေတို့အနေနဲ့ YSL Test လေးစစ်ပေးကြပါ။

နောက်ထပ်လည်း English ဘာသာစကားသင်ယူဖို့နဲ့ပတ်သက်လို့ နည်းလမ်းလေးတွေမျှဝေပေးသွားမှာဖြစ်လို့ Bright Star Learning Hub Page လေးကို Like & Follow လုပ်ထားကြနော်။🥳💗

"ခိုင်မာတဲ့ English စာ အုတ်မြစ်ကိုအရင်းတည်ပြီး တောက်ပတဲ့အနာဂတ်ကို Bright Star ရဲ့ 4 skills Class နဲ့အတူလျှောက်လှမ်းကြမယ်...
26/11/2025

"ခိုင်မာတဲ့ English စာ အုတ်မြစ်ကိုအရင်းတည်ပြီး တောက်ပတဲ့အနာဂတ်ကို Bright Star ရဲ့ 4 skills Class နဲ့အတူလျှောက်လှမ်းကြမယ်..."

💯 ငယ်ရွယ်တုန်းမှာ ဘာသာစကားလေ့လာသင်ယူခြင်းက တကယ်ကိုကောင်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ အခြေခံကိုသေချာမသိခဲ့ရင် ဘဝတစ်လျှောက်လုံးမှာ အမှားကြီးဖြစ်နေမှာပါ။

အခြေခံမှာကတည်းက အမှားနဲ့စတင်မိတဲ့အတွက် လက်တွေ့မှာအသုံးချရတဲ့အခါ အခက်အခဲတွေရှိလာနိုင်ပါတယ်။😥

🎯 ဒါကြောင့် သင့်ကလေးငယ်ရဲ့ ငယ်ရွယ်စဉ်ကတည်းက ထိတွေ့ပေးမဲ့ English Learning ကို အုတ်မြစ်ခိုင်ဖို့...

🌟 Bright Star Learning Hub နဲ့အတူလက်တွဲပြီး အကောင်းဆုံး တည်ဆောက်ပေးလိုက်ရအောင်ပါ။

English Basic မှာလည်း Speaking, Listening, Writing, Reading (4 Skills) လုံးဘက်စုံညီမျှဖို့ လိုအပ်ပါတယ်။‼️

🧩 ဒါကြောင့် English 4 Skills လုံးမှာ လွတ်နေတဲ့နေရာမရှိအောင်တော်စေဖို့အတွက်...

🗓️ သင်တန်းရက် >> Monday-Tuesday.

⏰ သင်တန်းချိန် >> (5-6pm) ဆိုပြီး ကလေးငယ်တွေအတွက် သီးသန့် အတန်းချိန်လေးဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

✅ မိမိတို့ကလေးငယ်တွေရဲ့ English ဘာသာစကားကို အခြေခံကနေစနစ်တကျ ဖြစ်ထွန်းစေချင်တဲ့ မိဘတွေ...

✅ ကျောင်းသင်ခန်းစာတွေမှာ အခက်အခဲမရှိ ဖြတ်သန်းစေချင်တဲ့ မိဘတွေ...

✅ English စာကို ဘာသာစကားတစ်ခုအနေနဲ့ သိမြင်တတ်ကြားစေချင်တဲ့ မိဘတွေဆိုလက်လွှတ်မခံဘဲ သင်ယူစေသင့်တဲ့ 4 Skills Class ဖြစ်ပါတယ်။

🌟 Bright Star Learning Hub 4 Skills Class နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုသူတွေကတော့...

📞 09780652289
💬 Messenger (cb) မှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

“Grammar အခြေခံပိုင်တဲ့အခါ 4 Skills လုံးမှာ အခက်အခဲမရှိတော့ပါ..."Speaking လား ⁉️ Reading လား ⁉️ Writing လား ⁉️ ဒါတွေအတွက...
20/11/2025

“Grammar အခြေခံပိုင်တဲ့အခါ 4 Skills လုံးမှာ အခက်အခဲမရှိတော့ပါ..."

Speaking လား ⁉️ Reading လား ⁉️ Writing လား ⁉️ ဒါတွေအတွက်က မရှိမဖြစ်လိုအပ်တာ Grammar ပိုင်နိုင်သိရှိဖို့ပါ။

📚 Grammar မပိုင်ရင် အဓိပ္ပါယ်ကောက်လွဲမယ်၊ စကားအလွဲအချော်တွေပြောမယ်၊ ‌စာရေးရင်လည်း တဖက်သား နားလည်မှုလွဲတာတွေ ဖြစ်နိုင်ပါတယ်။

🎯 ဒါဆို Grammar အခြေခံပိုင်နိုင်တာနဲ့ 4 Skills လုံး ဘယ်လိုတွေတိုးတက်လာမလဲဆိုရင်...

👂🏻Listening Skill တိုးတက်ပြီး မကြာခဏ လွဲမှားနားလည်ခြင်း လျော့နည်းလာမယ်။

Grammar Structure တွေကို ကြိုတင်သိထားတဲ့အတွက် စကားပြောသံထဲက Sentence Pattern, Tense usage တွေကို အလိုလို လွယ်ကူစွာနားလည်နိုင်ပါတယ်။✌🏻

🗣️ Speaking Skill မှာ တိကျပြတ်သားတဲ့ Sentence တွေနဲ့ စကားပြောနိုင်မယ်။

Grammar မမှန်ရင် စကားပြောရာမှာ Confidence ကျသွားတတ်ပါတယ်။ အခြေခံတွေကို အသေမှတ်မယ်ဆိုရင် ပြောစရာကိုမစဉ်းစားဘဲ Fluently ပြောနိုင်တဲ့ အဆင့်ကို မြန်မြန်ရောက်ရှိနိုင်ပါတယ်။✅

📖 Reading Skill မှာ စာပိုဒ်ရှည်ရှည်တွေပါ အလွယ်တကူဖတ်နိုင်လို့ စာဖတ်ရသဘောကျလာမယ်။

Grammar Rule သိထားတဲ့အခါ Complex Sentence တွေကိုပဲ ဖြစ်ဖြစ် Logic နဲ့ Meaning ကို ချောချောမွေ့မွေ့နဲ့ဖတ်ရှုနိုင်ပါတယ်။🙌🏻

📝 Writing Skill မှာ အမှားလျော့နည်းပြီး Professional Skill ပိုရလာမယ်။

Tenses, Articles, Prepositions တွေ မှားယွင်းအသုံးပြုမှု လျော့သွားပြီး Academic/Business Writing မှာ ထင်ရှားတဲ့ Improvement ကို အမြန်ဆုံးမြင်တွေ့နိုင်မှာပါ။‼️

🇺🇲 ဒါကြောင့် English စာရဲ့ အခြေခံအကျဆုံး အုတ်မြစ်ဆို Grammar ကအရေးကြီးဆုံးဖြစ်တာမို့...

သင့်ကလေးငယ်ရဲ့ English စာခြေလှမ်းအစကို Bright Star Learning Hub ရဲ့ Grammar Special Class နဲ့ စတင်လိုက်ပါ။ 💯

📚 Grammar Pattern တွေကို အသေးစိတ်သင်ကြားပြသပေးခြင်းကနေ Exercises တွေလေ့ကျင့်ခြင်းနဲ့ Revision တွေပြန်လည်လုပ်ပေးပြီး စစ်ဆေးခြင်းအထိ သေချာသင်ကြားပြသပေးမှာပါ။

အခြေခံကအစ ပိုင်နိုင်ပြီး မှန်ကန်တဲ့ English စာလမ်းကြောင်းတစ်ခုအပေါ်ရောက်စေချင်တဲ့ မိဘတွေကတော့ Bright Star Learning Hub ရဲ့ Special Grammar Class ကိုထားဖို့ စာရင်းသွင်းလိုက်တော့နော်။✅

📑 Grammar Special Class ကို လာမဲ့ December မှာစတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးတော့...

🗓️ Saturday နဲ့ Sunday တစ်ပတ်ကိုနှစ်ရက်။

⏰ အချိန်က ( 7-8 PM ) ဆိုပြီး ကျောင်းချိန်လွတ်တဲ့ ညနေဘက်တွေမှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်ကလေးငယ်ရဲ့ အခြေခံအုတ်မြစ်ခိုင်ဖို့ Bright Star Learning Hub ရဲ့ Grammar Special Class ကို အမြန်ဆုံး JJoinလိုက်ပါ။💯

🌟 Bright Star Learning Hub ရဲ့ Grammar Special Class သင်တန်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုသူတွေကတော့...

📞 09 - 780 652 289.
💬 Messenger (cb) မှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

“သင့်ကလေး Grade 5, 6, 7 မှာ အင်္ဂလိပ်စာ နောက်ကျနေပြီဆို မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြန်လည်ထိန်းသိမ်း‌ပေးကြမယ်။"📚 ကျောင်းတွေမ...
17/11/2025

“သင့်ကလေး Grade 5, 6, 7 မှာ အင်္ဂလိပ်စာ နောက်ကျနေပြီဆို မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြန်လည်ထိန်းသိမ်း‌ပေးကြမယ်။"

📚 ကျောင်းတွေမှာက အတန်းကြီးလေ English စာက အရေးကြီးလာလေဖြစ်တဲ့အတွက် သင့်ကလေးငယ်အနေနဲ့ အခက်အခဲတွေလည်း ကြုံလာနိုင်ပါတယ်။

အလယ်တန်းဖြစ်တဲ့ Grade 5,6,7 မှာသာ English စာကို သေချာမသိထားဘူးဆိုရင် အထက်တန်းမှာကြိုးစားရုန်းကန်ပြီး ဖြတ်သန်းရမဲ့ Major တွေချည်းပါပဲ။😥

အထူးသဖြင့် အလယ်တန်းကျောင်းသားတွေရင်ဆိုင်ရတာ Grammar Pattern အမျိုးမျိုးကို မှန်ကန်အောင် ဖြေဆိုရတာပါပဲ။ ✅

💥 English စာသင်ကြားထားပေးတာက ကျောင်းအတွက်သာ အထောက်အကူဖြစ်တာမဟုတ်ဘဲ ဘဝအတွက်လည်း လိုအပ်ဆုံးအရာတစ်ခုပါ။

ဒါကြောင့် Bright Star Learning Hub ကနေပြီးတော့ Grade 5,6,7 တက်ရောက်သင်ကြားမဲ့ ကလေးငယ်တို့အတွက် Grammar Special Class လေး ဖွင့်လှစ်‌တော့မှာဖြစ်ပါတယ်။💯

📖 Grammar Special Class မှာဆိုရင် Grade 5,6,7 မှာတက်ရောက်သင်ကြားမဲ့ ကလေးငယ်တွေအတွက်...

အခြေခံကနေစလို့ လိုအပ်သမျှ Grammar Pattern, Exercises နဲ့ Revision တွေအထိ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။💯

📑 Grammar Special Class ကို လာမဲ့ December မှာစတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးတော့...

🗓️ Saturday နဲ့ Sunday တစ်ပတ်ကိုနှစ်ရက်။

⏰ အချိန်က ( 7-8 PM ) ဆိုပြီး ကျောင်းချိန်လွတ်တဲ့ ညနေဘက်တွေမှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် English စာမရလို့ သင့်ကလေးငယ် အားငယ်နေတာမျိုးမဖြစ်ရအောင် အခုထဲက အားနည်းနေတဲ့ English စာကို သင်ကြားပေးလိုက်တော့နော်။ 💯

🌟 Bright Star Learning Hub ရဲ့ Special Class နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုသူတွေကတော့...

📞 09 - 780 652 289.
💬 Messenger (cb) မှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်…

#

“ကလေးငယ်တွေ English ကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်ဖို့ နေ့စဉ်လိုအပ်တဲ့အရာများ”ကလေးငယ်တွေဆိုတာ အရာရာကို သဘာဝအတိုင်း ...
09/11/2025

“ကလေးငယ်တွေ English ကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်ဖို့ နေ့စဉ်လိုအပ်တဲ့အရာများ”

ကလေးငယ်တွေဆိုတာ အရာရာကို သဘာဝအတိုင်း သင်ယူတတ်မြောက်ကြသူလေးတွေဖြစ်တာမို့ စာသင်ကြားသလို အတင်းအကြပ်ဖိအားပေးလို့မရပါဘူး။😥

ဒါ့အပြင်ကိုမှ နေ့စဉ်ကြားနေကျမဟုတ်တဲ့ ဘာသာစကားအသစ်ကိုသင်ကြားပေးတာကို စာသင်သလိုသင်နေမယ်ဆိုလည်း မရပါဘူးနော်။😔🙌🏻

ဒါကြောင့် မိဘတစ်ဦးအ‌နေနဲ့ သဘာဝအတိုင်း ကလေးငယ်ကိုနေ့စဉ်မှာ ပျော်ရွှင်စွာ English သင်ကြားပေးနိုင်မဲ့ နည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်။ ✅💯

📍 နေ့စဉ်အလုပ်တိုင်းကို English လို ပြောပြပါ။

🌄 မနက်အိပ်ရာထချိန် "Good morning!" လို့ စပြောတာ၊ ထမင်းစားချိန်မှာ အစားအစာအမည်တွေကို English လိုညွှန်ပြပေးတာ၊ အဝတ်အစားဝတ်တဲ့အခါ အရောင်တွေ၊ အဝတ်အမျိုးအစားတွေကို English လို ပြောပြပေးတာမျိုး ပြုလုပ်ပေးပါ။

📍 ကစားခြင်းဖြင့် သင်ယူပါစေ။

🤸🏻‍♀️ အားလပ်ချိန်နဲ့ ဆော့ကစားချိန်မှာ English သီချင်းလေးတွေဖွင့်ပြီး ကခုန်တာ၊စကားလုံးတွေဆက်ရတဲ့ ပဟေဠိကစားစရာတွေဆော့စေတာ၊ ပုံပြင်ပြောခြင်းစတဲ့ နည်းလမ်းတွေလုပ်ပေးပါ။

📍 မျက်စိနဲ့ မြင်နေရအောင် ဖန်တီးပေးပါ။

🛋️ ကလေးရဲ့အခန်း၊ ဧည့်ခန်းမှာ English စာလုံးလေးတွေ ကပ်ထားပေးတာ၊ အိမ်သုံးပစ္စည်းတွေမှာ English နာမည်လေးတွေ ရေးကပ်ထားတာ၊ရောင်စုံစာလုံးလေးတွေနဲ့ စာအုပ်တွေ ဖတ်စေတာမျိုး ပြုလုပ်ပေးပါ။

📍နည်းပညာကို အသုံးချပါ။

💻 ကလေးတွေအတွက် ပညာရစေမဲ့ Application တွေသုံးစေတာ၊ English ကာတွန်းကားလေးတွေ ကြည့်ခိုင်းတာ၊ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ English YouTube Channel တွေ ရွေးချယ်ပေးတာမျိုးလည်း စမ်းကြည့်ပါ။

📍စာဖတ်ချိန်ကို ဦးစားပေးပါ။

🌌 ညအိပ်ရာဝင်ခါနီး English ပုံပြင်ဖတ်ပြချိန် သတ်မှတ်တာ၊ကလေးကိုယ်တိုင် စာအုပ်ရွေးချယ်ခွင့်ပေးတာ၊ပုံပြင်ထဲက ဇာတ်ကောင်တွေအကြောင်း မေးခွန်းထုတ်ပြီး ဆွေးနွေးတာက ကလေးငယ်ကို ပျော်ရွှင်စေပါတယ်။

📍 ပြုမူပြောဆိုမှုကို အားပေးပါ။

🥳 ကလေးပြောတဲ့ English စကားလုံးတိုင်းကို အားပေးချီးကျူးတာ၊ အမှားတွေကို ကြီးကြီးမားမား မပြင်ပေးဘဲ အလိုက်အထိုက်ပြောပေးတာ၊ ကိုယ်တိုင်လည်း ကလေးနဲ့အတူ English လိုပြောဆိုတာက ကလေးငယ်ကို စိတ်ဓာတ်ခွန်အားတက်ကြွစေပါတယ်။

📍လက်တွေ့ အသုံးချခြင်း။

🏛️ English စကားပြောလို့ရနိုင်တဲ့ နေရာတွေကို ခေါ်သွားတာ၊ အရွယ်တူတွေနဲ့ Activity တွေလုပ်ခိုင်းတာ၊ ပြတိုက်၊ တိရစ္ဆာန်ရုံ စတဲ့နေရာတွေမှာ English လို အရာဝတ္ထုတွေအကြောင်း ပြောပြပေးတာမျိုးက သဘာဝအတိုင်း သင်ယူစေခြင်းပါ။

📍စိတ်ရှည်သည်းခံပါ။

🌟 ကလေးတစ်ယောက် ဘာသာစကားအသစ်တစ်ခုကို လေ့လာရတာ အချိန်ယူရတာဖြစ်လို့ တစ်နေ့တည်းနဲ့ ကျွမ်းကျင်သွားမယ်လို့ မမျှော်လင့်ဘဲ ကလေးရဲ့ တိုးတက်မှုလေးတွေကို သတိထားပြီး အားပေးပါနော်။

ဒီနည်းလမ်းလေးတွေက မိဘတွေအနေနဲ့ ရက်သတ္တပတ်တော့ အချိန်ပေးလုပ်ဆောင်ရမယ်ဆိုပေမဲ့ ကလေးငယ်တွေအတွက်တော့ သဘာဝအတိုင်းလေးဖြစ်နေတဲ့ အရာတွေမို့ လိုက်လုပ်ကြည့်သင့်ပါတယ်။ 🙂‍↕️

✅ ဒါ့အပြင် ကလေးငယ်တွေကိုပျော်ရွှင်အောင်ထားပေးတာက လေ့လာသင်ယူမှုကို အလိုလိုတိုးတက်စေတာဖြစ်ပါတယ်။

ဒါကြောင့် English ဘာသာစကားသင်ယူရာမှာကိုယ့်ကလေးငယ်အတွက် ပျော်ရွှင်ပြီး စိတ်ဖိစီးမှုကင်းတဲ့နေ့ရက်လေးတွေဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေလိုက်လုပ်ကြည့်ကြပါ။ 🥰

နောက်ထပ်လည်း English ဘာသာစကားသင်ယူဖို့နဲ့ပတ်သက်လို့ နည်းလမ်းလေးတွေမျှဝေပေးသွားမှာဖြစ်လို့ Bright Star Learning Hub Page လေးကို Like & Follow လုပ်ထားကြနော်။🥳💗

“သင့်ကလေးအတန်းငယ်တုန်းမှာ အင်္ဂလိပ်စာ အားနည်းတာကို အမြစ်ပြတ်ဖြေရှင်းပေးမယ့် 4-Skills YLE Foundation အတန်းသစ် 🌟”ဘာသာစကားတ...
06/11/2025

“သင့်ကလေးအတန်းငယ်တုန်းမှာ အင်္ဂလိပ်စာ အားနည်းတာကို အမြစ်ပြတ်ဖြေရှင်းပေးမယ့် 4-Skills YLE Foundation အတန်းသစ် 🌟”

ဘာသာစကားတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုတာ Reading, Writing, Speaking, Listening (4) Skills လုံးမှာ ဟန်ချက်ညီနေဖို့ လိုအပ်ပါတယ်။ 💯

🤷🏻‍♀️ ကိုယ့်ကလေးငယ်က Reading မှာတော့ သာပါရဲ့... Writing မှာ လျော့နေတာ၊ ဒါမှမဟုတ် Speaking မှာ ယုံကြည်မှုမရှိတာ၊ Listening မှာ ဆရာသင်တာကို အပြည့်အဝ နားမလည်တာမျိုးတွေ ဖြစ်နေပါသလား?

ဒီလို (4) Skills လုံး ဘက်မညီတဲ့အခါ:

😥 သင်ယူမှု နှေးကွေးခြင်း၊

😥 ယုံကြည်မှု ကျဆင်းခြင်း၊

😥 ကိုယ့်အတွေးအခေါ်ကို ရှင်းလင်းစွာ မဖော်ပြနိုင်ခြင်း၊

😥 စာမေးပွဲတွေမှာ အခက်အခဲရှိခြင်း စတဲ့ အားနည်းချက်တွေ ဖြစ်လာနိုင်ပါတယ်။

ဘာသာစကားအုတ်မြစ်ခိုင်ဖို့က ငယ်ရွယ်စဉ်ကတည်းက ပိုင်နိုင်အောင် အခြေချပေးဖို့ အရေးကြီးဆုံးပါ။

🌟 ဒါကြောင့် Bright Star Learning Hub ကနေပြီးတော့ သင်ကြားရေးစတင်ဖို့ အကောင်းဆုံးအရွယ်ဖြစ်တဲ့ အသက် (၇) နှစ်မှ (၉) နှစ်အတွင်း ကလေးငယ်တိုင်းအတွက်...

"4-Skills YLE Foundation" (Beginners Friendly) အတန်းသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။

👩🏻‍🏫 In Campus Class ဖြစ်တာမို့ သင်ကြားရေးမှာ ပိုမိုထိရောက်သလို၊ ဆရာမများကလည်း ကလေးတစ်ဦးချင်းကို ဂရုတစိုက် အနီးကပ် သင်ကြားပေးမှာ ဖြစ်ပါတယ်။

အတန်းချိန် အသေးစိတ်

🗓️ သင်တန်းရက်: အပတ်စဉ် စနေ နှင့် တနင်္ဂနွေ

⏰ သင်တန်းချိန်: မနက် (11:30) နာရီ မှ (12:30) နာရီ

🎯 သင့်တော်သောအသက်: (၇) နှစ် မှ (၉) နှစ်

ကလေးငယ်ရဲ့ အနာဂတ် ပညာရေးလမ်းကြောင်းမှာ ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့ အင်္ဂလိပ်စာ (4) Skills အခြေခံကို အခုပဲ အမြစ်ခိုင်အောင် တည်ဆောက်ပေးလိုက်တော့နော် မေမေတို့။

🌟 Bright Star Learning Hub ရဲ့ English (4) Skills သင်တန်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက:

📞 09 - 780 652 289

💬 Messenger (cb) မှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

"သင့်ကလေး စကားပြောရာမှာ Grammar အမှားလေးတွေ ပြောနေလား?"စကား‌ပြောတဲ့အခါ အထားအသို‌တွေမှားရင် အဓိပ္ပါယ်မှားသွားတာမို့ ကြားရ...
03/11/2025

"သင့်ကလေး စကားပြောရာမှာ Grammar အမှားလေးတွေ ပြောနေလား?"

စကား‌ပြောတဲ့အခါ အထားအသို‌တွေမှားရင် အဓိပ္ပါယ်မှားသွားတာမို့ ကြားရတဲ့သူကလည်း မရှင်းမလင်းနဲ့ နားမလည်ဖြစ်စေပါတယ်။🙄

🇬🇧 အထူးသဖြင့် ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့ English ဘာသာစကားကို လူအများနဲ့ထိတွေ့ဆက်ဆံနိုင်ဖို့ ပြောကြားရတဲ့အခါမှာပေါ့...

😥 ‌မိဘတွေအနေနဲ့ ကိုယ့်ကလေးငယ်က Grammar အမှားတွေအသုံးပြုပြီး စကားပြောမှာ၊ ဒါကြီးကိုအကျင့်ပါပြီး အမှန်မပြင်ဘဲ ဆက်သုံးနေမှာကို စိုးရိမ်တတ်ကြပါတယ်။

အခုပြောပြမှာကတော့ ကလေးငယ်တွေမှားတတ်တဲ့ Grammar ပုံစံလေးတွေဖြစ်လို့ မိဘတွေအနေနဲ့ ဖတ်ကြည့်ပြီး တူညီနေရင် ပြင်ပေးလိုက်ကြပါနော်။✊🏻

⏩ 𝗧𝗲𝗻𝘀𝗲
❌ "He 𝗿𝘂𝗻𝗻𝗲𝗱 to the park."
✅ "He 𝗿𝗮𝗻 to the park."

⏩ 𝗦𝘂𝗯𝗷𝗲𝗰𝘁 𝗩𝗲𝗿𝗯
❌"She 𝗹𝗶𝗸𝗲 ice cream."
✅"She 𝗹𝗶𝗸𝗲𝘀 ice cream."

❌"I brushed my 𝘁𝗼𝗼𝘁𝗵𝘀."
✅"I brushed my 𝘁𝗲𝗲𝘁𝗵."

⏩ 𝗣𝗿𝗼𝗻𝗼𝘂𝗻 𝗖𝗮𝘀𝗲
❌"𝗠𝗲 𝗮𝗻𝗱 𝗧𝗼𝗺 are playing."
✅"𝗧𝗼𝗺 𝗮𝗻𝗱 𝗜 are playing."

❌"𝗛𝗶𝗺 is my friend."
✅"𝗛𝗲 is my friend."

⏩ 𝗔𝗿𝘁𝗶𝗰𝗹𝗲𝘀 ( 𝗮,𝗮𝗻,𝘁𝗵𝗲 )
❌ "I saw 𝗮 elephant."
✅ "I saw 𝗮𝗻 elephant."

⏩ 𝗢𝗺𝗶𝘁𝘁𝗶𝗻𝗴 𝗔𝗿𝘁𝗶𝗰𝗹𝗲
❌"I want apple."
✅"I want 𝗮𝗻 apple.")

⏩ 𝗗𝗼𝘂𝗯𝗹𝗲 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲𝘀
❌ "I don't want 𝗻𝗼 vegetables."
✅ "I don't want 𝗮𝗻𝘆 vegetables."

⏩ 𝗣𝗹𝘂𝗿𝗮𝗹𝘀 𝗮𝗻𝗱 𝗣𝗼𝘀𝘀𝗶𝘃𝗲𝘀
❌"There are three 𝗰𝗵𝗶𝗹𝗱𝘀."
✅"There are three 𝗰𝗵𝗶𝗹𝗱𝗿𝗲𝗻."

❌"This is 𝗺𝗶𝗻𝗲𝘀."
✅"This is 𝗺𝗶𝗻𝗲."

ဆင်တူရိုးမှားလေးတွေဖြစ်သလို ကလေးငယ်တွေအမှားအများဆုံးလေးတွေဖြစ်တာမို့ မိဘတွေအနေနဲ့ တည့်မတ်ပေးဖို့ အသင့်တော်ဆုံးဖြစ်တာလေးတွေပါ။🥰💯

✊🏻 ဒါကြောင့် လွယ်မလိုလိုနဲ့ ရှုပ်တတ်တဲ့ English ဘာသာစကားကို ကလေးငယ်တွေသင်ယူရတာမှာ အခက်အခဲရှိနေရင် မိဘတွေအနေနဲ့...

🌟Bright Star Learning Hub ကနေပြီး အမြဲမပြတ်တင်ပေးသွားမဲ့ Knowledge Sharing လေးတွေကို ကြည့်ရှုပြီး လေ့လာနိုင်ပါတယ်။

ဒါကြောင့် Bright Star Learning Hub Page လေးကို Like & Follow လေးလည်း လုပ်ထားကြဦးနော်။🥳

“စကားလုံးတိုင်းကို မြင်ရုံနဲ့ အသံထွက်ဖတ်နိုင်သည်အထိ ထူးချွန်နေမဲ့ ကလေးငယ်အတွက် Oxford Phonics World 📚✨”သင့်ကလေးငယ် Engli...
31/10/2025

“စကားလုံးတိုင်းကို မြင်ရုံနဲ့ အသံထွက်ဖတ်နိုင်သည်အထိ ထူးချွန်နေမဲ့ ကလေးငယ်အတွက် Oxford Phonics World 📚✨”

သင့်ကလေးငယ် English ‌စာဖတ်တဲ့အခါ အခက်အခဲတွေ ရှိနေလား? ⁉️

စကားလုံးအသစ်တွေကို မှတ်သားဖို့၊ အသံထွက်မှန်မှန်နဲ့ ပြန်ပြောဖို့ အချိန်ယူနေရတာမျိုး၊ စာဖတ်ရခြင်းကို ဖိအားတစ်ခုလို မြင်နေတာမျိုးတွေ ဖြစ်နေပါသလား?

ဒါဟာ ကလေးက ဉာဏ်မကောင်းတာ၊ မမှတ်
နိုင်တာ မဟုတ်ပါဘူး။ 🙅🏻‍♀️ အဓိကကတော့...

🔺 စကားလုံးအသံထွက်နဲ့ အဓိပ္ပါယ်ကို ဆက်စပ်ရခက်ခဲခြင်း၊

🔺 စကားလုံး ဝေါဟာရ (Vocabulary) သိရှိမှုနည်းပါးခြင်းတွေကြောင့်ပါ။

🤷🏻‍♀️ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ပြီး English ဘာသာစကားကို ပျော်ရွှင်စရာဖြစ်လာ‌စေဖို့ အဓိကသော့ချက်ကတော့ အခြေခံအကျဆုံးဖြစ်တဲ့ Phonics ကို ပိုင်နိုင်ဖို့ပါပဲ။

🌟 ဒါကြောင့် Bright Star Learning Hub ကနေ ကမ္ဘာကျော် "Oxford Phonics World" သင်ရိုးညွှန်းတမ်းကို အသုံးပြုပြီး အသက် (၅) နှစ်မှ (၈) နှစ်အတွင်း ကလေးငယ်တွေအတွက် Phonics အခြေခံအတန်းကို ဖွင့်လှစ်ပေးနေပါပြီ။

👉🏻 Phonics ကို ပိုင်နိုင်သွားတဲ့ ကလေးငယ်
တိုင်းဟာ...

✅ စကားလုံးအသစ်တွေတိုင်းကို အလွယ်တကူ မြင်ရုံနဲ့ ဖတ်နိုင်၊ သိရှိနိုင်မယ်။

✅ Vocabulary တွေကို အသံထွက်မှန်၊ အဓိပ္ပါယ်မှန်နဲ့ သိရှိပြီး စာဖတ်နှုန်း ပိုမိုမြန်ဆန်လာမယ်။

✅ Reading Skill ကို ပိုစိတ်ဝင်စားလာပြီး စာပို
ဖတ်ချင်တဲ့ ကလေးတစ်ယောက် ဖြစ်လာပါလိမ့်
မယ်။

သင့်ကလေးငယ်ရဲ့ English စာဖတ်စွမ်းရည် (Reading Skill) ကို အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာ တည်ဆောက်ပေးဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

အတန်းချိန် အသေးစိတ်

🎯 သင့်တော်သောအသက်: (၅) နှစ် မှ (၈) နှစ်

🗓️ သင်တန်းရက်: Monday နှင့် Tuesday (တနင်္လာ၊ အင်္ဂါ)

⏰ သင်တန်းချိန်: ညနေ (6:00) နာရီ မှ (7:00) နာရီ

🌟 Bright Star Learning Hub ရဲ့ Phonics အတန်းသစ်နဲ့ ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက:

📞 09 - 780 652 289

💬 Messenger (cb) မှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Address

774B, ထူပါရုံ(၁၇)လမ်း အနောက်၊ , သာကေတမြို့နယ်၊ ရန်ကုန်မြို့။
Yangon

Website

Alerts

Be the first to know and let us send you an email when Bright Star Learning Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category