26/11/2024
နှစ်ဖက်သော မိဘ ဘိုးဘွားများအား ရည်စူးအမှူးထား၍
ကျောင်းဒါယကာ ဒါယိကာမများ ဖြစ်ကြသော ဦးကြည်ဝင်း+ဒေါ်အေးမာ
သားသမီးများဖြစ်ကြသော ကိုသူရိန်ထွန်း+မဇွန်ပွင့်ဖြူအောင် မယွန်းဝတီစိုး မိသားစု ကံသာအေး ၃လမ်းကနေ
အရုဏ်ဆွမ်း အုန်းထမင်းနှင့် မူလကျောင်းဆောင် အမိုးသွပ် ၂ချပ်စာ အလှူတော်ငွေ ၆သောင်းကျပ် ကို လှူဒါန်းပါသည်။
အလှူရှင်မိသားစုများသည် ကိုယ်ကျန်းမာ စိတ်ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြလျက် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ🙏🙏🙏
25/11/2024
၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်ထိပြီးနောက် ပျက်စီးယိုယွင်း ဟောင်းနွမ်းဆွေးမြေ့နေသော
ကန်သာယာကျောင်းတိုက် မူလကျောင်းဆောင်ဟောင်း၏ အမိုးသွပ်များကိုဖြုတ်၍ ပြန်လည် အသစ်မိုးသွားမှာဖြစ်တဲ့အတွက်
သွပ် ၁ပေ ၅ထောင်ကျပ်
၇ပေ သွပ် တစ်ချပ်လျှင် ၃သောင်းကျပ်နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ပါသည့်အကြောင်း နိဗ္ဗာန်အကျိုးမျှော်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🙏🙏🙏🙏🙏🙏
Kbz pay/Wave pay
Ashin Indriya
09455733322
26/10/2024
ကျောင်းဒါယကာ ကိုတင်ကိုထွေး+ကျောင်းဒါယိကာမ မမေသန္တာဦး တို့၏ ချစ်လှစွာသော သမီးလေး မရွှေရုပ်လွှာ (၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းခဲဖွယ် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပါသည်။
17/10/2024
၁၃၈၆-ခုနှစ်၊ ဝါလကင်းလွတ် သီတင်းကျွတ် လပြည့်နေ၊ မငေးပဝါရဏာဂိုဏ်းလုံးဆိုင်ရာ သံဃာ့ပဝါရဏာပြုပွဲ
ယခုနှစ် ဂိုဏ်းဝင်ကျောင်း ၁၀ ကျောင်းမှ သံဃာ စုစုပေါင်း ၆၅ ပါးက ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်၊ မငေး အလယ်ရွာ၊ သာသနဝေပုလ္လကျောင်းတော်ကြီး၌ စုပေါင်း၍ ပဝါရဏာပြုကြပါသည်။
14/10/2024
ဒါယကာကြီး ဦးစိုးနိုင် နှင့် အဖွဲ့သားများမှ ဆရာတော်ကြီးအား အာစရိယပူဇော် နဝကမ္မဝတ္ထုငွေများနှင့် အာဟာရဒါနကျွေးမွေးရန်လည်းကောင်း
ဘုရားအမှူးရှိသော ရဟန်းသာမဏေ သမ္မုတိသံဃာတော်တို့အား အရုဏ်ဆွမ်း ဆက်ကပ်ရန် အတွက်လည်းကောင်း၊ အလှူတော်ငွေ ၄သိန်းကျပ်ကိုလှူဒါန်းပါသည်။
တရားနာ တရားအားထုတ်ကြကုန်သော ယောဂီများအား အာဟာရဒါန အချိုရည်များ လှူဒါန်းပါသည်။ ဤကောင်းမှုကြောင့် အလှူ့ရှင်ဒါယကာကြီး နှင့်တကွ အဖွဲ့သားများသည် ကိုယ်ကျန်းမာ စိတ်ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြလျှက် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။
စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ကြပါစေ။
12/10/2024
သမီးလေး မဝင်းပပလှိုင် (၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်တို့အား အရုဏ်ဆွမ်း နဝကမ္မ ဆွမ်းဆန် စသော လှူဖွယ်ရာတို့ကို ဆက်ကပ်လှူဒါန်းပါသည်။
ဤကောင်းမှုကြောင့် မွေးနေ့ရှင်ဖြစ်သော သမီးလေးသည် မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘာသာရေး စီးပွားရေး လူမှုရေး ပညာရေး အစရှိသည်တို့၌ တိုးတက်အောင်မြင်ပါစေ။
နှစ်ဖက်သော မိဘ ဘိုးဘွား ဆွေးမျိုးများသည်လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြကနိုင်ကြပါစေ။
11/10/2024
ကန်သာယာကျောင်းတိုက်၊ကံသာအေး၊စက်ကလေးရပ်ကွက်၊ကြည့်မြင်တိုင် တဖက်ကမ်း တွင်
မြန်မာလ(လစဥ်) လဆန်း ၈ရက်မှ ၁၂ ရက်နေ့အထိ နေ့တပိုင်း အာစိဏ္ဏကံ ခန္ဓာညာဏ်ရောက် ဒိဋ္ဌိပြုတ် ပဋိစ္စသမုပ္ပါဒ်ဒေသနာ အခြေခံသော မိုးကုတ်ဝိပဿနာ (ပထမအကြိမ်) တရားစခန်းပွဲလေး ကျင်းပလျှက်ရှိပါသည်။
လာရောက်ပါဝင်အားထုတ်နိုင်ပါသည်။ အာဟာရဒါနများလည်း ပါဝင်လှူဒါန်းနိုင်ပါသည်။
01/10/2024
နှစ်ဖက်သော မိဘတို့အား ရည်စူး အမှူးထား၍ #ဦးကြည်ဝင်း_ဒေါ်အေးမာ (သား)ကိုသူရိန်ထွန်း+(သမီး)မဇွန်ပွင့်ဖြူ (သမီး)မယွန်းဝတီစိုး မိသားစု ကံသာအေး ၃လမ်း၊ဘလုတ်ညွန့်ရပ်ကွက်မှ ကန်သာယာကျောင်းတိုက် ဘုရားအမှူရှိသော ဆရာတော် သံဃာတော်တို့အား အရုဏ်ဆွမ်း နန်းကြီးသုပ်၊ခေါက်ဆွဲသုပ်၊အချိုပွဲများ ဆက်ကပ်လှူဒါန်းပါသည်။
ဤကောင်းမှုကြောင့် မိသားစုဆွေတော်မျိုးတော်များ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြ၍ ဘာသာရေး စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေးများ အစရှိသည်တို့၌ တိုးတက်အောင်မြင်ကြကုန်လျှက် နိဗ္ဗာန်မဂ်ဖိုလ် မျက်မှောက်ပြုနိုင်ကြပါစေ။
ဤကောင်းမှုအဖို့ဘာဂကို ဘဝတပါးကူးပြောင်းကွယ်လွန်သွားကြကုန်သော မိဘဘိုးဘွား ဆရာသမား ဆွေတော်မျိုးတော်များနှင့် သတ္တဝာအပေါင်းတို့အား အမျှပေးဝေငှပါသည်။🙏🙏🙏🙏🙏သာဓု သာဓု သာဓု
19/08/2024
#ကျောင်းဒါယကာကြီး
#ဦးကုလား ၆၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းနှင့် ကျောင်းဝေယျာဝစ္စ နဝကမ္မ ၁သိန်း လှူဒါန်းပါသည်။
ကန်သာယာကျောင်းတိုက်အတွက် ရှေ့ကနေမားမားမတ်မတ် ရပ်တည်ပေးခဲ့၊ပေးနေဆဲအတွက် ဆရာတော်သံဃာတော်များက အထူးကျေးဇူးတင်ပါတယ်။ဆွေမတော် မျိုးမတော် ဒီကျောင်းတော် ဒီဘုန်းကြီးတွေကို ချစ်ခင်ကြည်ညိုပေးလို့ ကျေးဇူးတင်ပါတယ်။
ယခုကျရောက်သော မွေးနေ့မှစ၍ ကျန်းမာခြင်း ချမ်းသာခြင်းများ နှင့် ပြည့်စုံပါစေ။ ကျန်းမာရေးများ အထူးတိုးတက်ကောင်းမွန်ပါစေ၊နိဗ္ဗာန်မျက်မှောက်ပြုနိုင်ကြပါစေ။
03/05/2024
#ဓမ္မစကူးလ်_သင်တန်းအောင်ပွဲ_ဖိတ်ကြားလွှာ
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ကံသာအေး၊စက်ကလေးရပ်ကွက်၊ ကန်သာယာကျောင်းတိုက်တွင် ဖွင့်လှစ်သည့်
ကန်သာယာ ဓမ္မစကူးလ်ကျောင်း (၂၀၂၄ ခုနှစ်) ဓမ္မပညာသင်နှစ်၊
အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ပါသဖြင့် သင်ယူပြီးမြောက်ခြင်း သင်တန်းဆင်းအောင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် မိဘအုပ်ထိန်းသူများ၊ ဆရာ / ဆရာမများ ကျောင်းသူ / သားများ ဘက်စုံအလှူရှင်များ စုံညီစွာ တက်ရောက်ပေးကြပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
#နေ့ရက်
၁၃၈၆ - ခုနှစ် ၊ ကဆုန်လဆန်း(၉)ရက် ၊ ၁၆.၅.၂ဝ၂၄ (ကြာသပတေးနေ့)။
#အချိန်
နံနက်(၈းဝဝ)နာရီ မှ (၁ဝးဝဝ) နာရီအထိ၊ (ဆုပေးပွဲအခမ်းအနား)
ညနေ(၅းဝဝ) နာရီ မှ ည(၇းဝဝ)နာရီအထိ။ (ဖျော်ဖြေရေးအခမ်းအနား)
#နေရာ
ကန်သာယာကျောင်းတိုက်၊ ဓမ္မစကူးလ် မဏ္ဍပ်။
#ဖိတ်ကြားသူ
ဓမ္မစကူးလ်သင်တန်းဖြစ်မြောက်ရေးကော်မတီ
12/03/2024
သမီးလေး မသဒ္ဒါချို
၃နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်
ဘုရားအမှူးရှိသော ဆရာတော်သံဃာတော်များအား ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်းပါသည်။
ဤကောင်းမှုကြောင့် မွေးနေ့ရှင်သမီးလေးနှင့်အတူတကွ နှစ်ဖက်သော မိဘဘိုးဘွား ဆွေမျိုးများသည်
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြလျက် နိဗ္ဗာန်သို့မျက်မှောက်ပြငနိုင်ကြပါစေ🙏🙏🙏
26/02/2024
လွန်ခဲ့သော ၂နှစ်တာကာလက ဘဝတပါးကူးပြောင်းကွယ်လွန်သွားသော
ကျောင်းဒါယိကာ ဦးတင်အောင်မိုးသည် ကောင်းရာသုဂတိဘုံဘဝ၌ ကောင်းကျိုးချမ်းသာများ ရရှိပါစေခြင်း အကျိုးငှာ
ကျန်ရစ်သူ မိသားစုဆွေမျိုးများက ဘုရားအမှူးရှိသော သံဃာတော်တို့အား နေ့ဆွမ်းနှင့်အချိုပွဲများဆက်ကပ်လှူဒါန်းခြင်း၊သရဏဂုံငါးပါးသီလဆောက်တည်ကြခြင်း၊မေတ္တာဘာဝနာပွားများကြခြင်းတည်ဟူသော ဒါနသီလဘာဝနာ သုံးဖြာပေါင်းစု မြတ်ကောင်းမှုတို့ကို ပြုလုပ်အားထုတ်ကြပါကုန်၏။
ဤကောင်းမှုကြောင့် အလှူရှင်မိသားစုနှင့်ဆွေတော်မျိုးတော်အပေါင်းတို့သည် ကိုယ်ကျန်းမာ စိတ်ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြလျှက် နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။
ဤကုသိုလ်ကောင်းမှု အစုစုတို့ကို ဦးတင်အောင်မိုးနှင့်အတူတကွ ဆွေတော်မျိုးတော်များ သတ္တဝါအနန္တတို့အား အမျှပေးဝေငှပါသည် ။ သာဓုသာဓုသာဓု 🙏🙏🙏