Sayar Zaw Private High School

Sayar Zaw Private High School နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေ?

ဦးဇော်ဇော်မော် B.A(English), Dip in E.L.T.M. ဦးစီးတည်ထောင်သည့် "ဆရာဇော်" ကိုယ်ပိုင်အထက်တန်းကျောင်း————————————————————...
20/05/2022

ဦးဇော်ဇော်မော် B.A(English), Dip in E.L.T.M. ဦးစီးတည်ထောင်သည့်
"ဆရာဇော်" ကိုယ်ပိုင်အထက်တန်းကျောင်း
—————————————————————–

စိတ်ဓာတ်စည်းကမ်း
ပညာလမ်း
ရည်မှန်းချက်လည်း ရှိရမည်။

◾ လူကြီးမင်းတို့၏ ရင်နှစ်သည်းခြာသားသမီးရတနာများကို စည်းကမ်းရှိပြီး စိတ်ဓာတ်ကောင်းမွန်တဲ့ ပညာတတ်ကြီးတွေဖြစ်ဖို့ဆိုရင် ရည်မှန်းချက်ပန်းတိုင် ကိုယ်စီရှိဖို့လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်မယိမ်းယိုင်အောင် ပဲ့ကိုင်ပေးမယ့်တာဝန်က ကျွန်တော်တို့တာဝန် ဖြစ်ပါတယ်။

စာကိုလည်းသင်
စိတ်ကိုပြင်၍
နေ့စဉ်တိုးတက်စေရမည်။

◾ လူကြီးမင်းတို့၏ ရင်နှစ်သည်းခြာသားသမီးရတနာများကို ကျွဲကူးရေပါ ဆိုသလို ပညာသင်ရင်း စိတ်နေစိတ်ထားတိုးတက်အောင် ပြုပြင်ရင်း ကောင်းမွန်တဲ့အမူအကျင့်များနဲ့အတူ တန်ဖိုးရှိတဲ့လူငယ်လူရွယ်တွေဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါတယ်။

ပါဝင်နိုင်ရေး
ပညာပေး
နွေးနွေးထွေးထွေးရှိရမည်။

◾ လူကြီးမင်းတို့၏ ရင်နှစ်သည်းခြာသားသမီးရတနာများကို အားလုံးပါဝင်နိုင်ရေးအတွက် ပညာပေးစည်းရုံးရင်း အပြုသဘောသွန်သင်ဆုံးမရင်း တစ်ဦးချင်းကိုလက်တွဲခေါ်ဆောင်သွားမယ့် နွေးထွေးတဲ့ ပညာ့ရပ်ဝန်းတစ်ခုဖြစ်ပါတယ်။

နိုင်ငံ့သားကောင်း
ခေါင်းဆောင်လောင်းတို့
တို့ကျောင်းဂုဏ်ကိုဆောင်ကြလော့။

◾ လူကြီးမင်းတို့၏ ရင်နှစ်သည်းခြာသားသမီးရတနာများကို အမှီခိုကင်းပြီး အားကိုးအားထားရတဲ့ နိုင်ငံ့သားကောင်းရတနာများအဖြစ် နှစ်စဥ်လေ့ကျင့်ပျိုးထောင်ပေးခြင်းဟာ "ဆရာဇော်" ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့အစဉ်အလာကောင်းတစ်ခုဖြစ်ပါတယ်။

အထက်တန်းဆင့်
ပန်းတိုင်းပွင့်
ကမ်းလင့်ကြိုဆိုပါရစေ။

◾ လူကြီးမင်းတို့၏ ရင်နှစ်သည်းခြာသားသမီးရတနာများကို ပြုစုပျိုးထောင်ရာမှာ နည်းစနစ်မှန်ကန်ဖို့အရေးကြီးပါတယ်။ ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်းးလန်းစေမယ့် "ဆရာဇော်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ အရည်အသွေးပြည့်ဝတဲ့ ဥယျာဥ်မှူးဆရာဆရာမများက ကြိုဆိုလျက်ရှိပါတယ်။

မှတ်ချက်❗ G 10~G 11~စနစ်ဟောင်းဒသမတန်း ကျောင်းသူကျောင်းသားများအတွက် အထူးသီးသန့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

💯 သင့်တင့်မျှတသောကျောင်းလခဖြင့် လူတိုင်းတက်နိုင်အောင်စီစဥ်ထားပါတယ်💯

🔹 လိပ်စာ ➡ အမှတ်(၅၃၈) ခိုင်သဇင်လမ်း၊ ပုလဲ(၃)၊ပုလဲမြို့သစ်၊မင်္ဂလာဒုံမြို့နယ်

🔹 ဆက်သွယ်ရန်ဖုန်း ➡09795060695
➡09799604648

Address

No. 538, Khine Thazin Road, Pearl 3, Mingalardon
Yangon

Telephone

+959795060695

Website

Alerts

Be the first to know and let us send you an email when Sayar Zaw Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sayar Zaw Private High School:

Shortcuts

Share

Category