Dollar စျေးလျော့ပေးထားပါတယ်
1$ = 5,300 ကျပ်
5$အနည်းဆုံးစလုပ်လို့ရပါတယ်
5$x5,300=26,500 ကျပ်ပါ
TSM Online Class
Digital Marketing Angency, Facebook Marketing, Tiktok Marketing ရပါတယ်
မနေ့က ၃၀ တန်းဝန်းကျင် လူငယ်တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ရှေ့ရေးလာတိုင်ပင်ရင်းပေါ့။ အခု ၂၅-၃၀ ဝန်းကျင်လူငယ်တန်းဟာ အသက်ရွယ်ပိုင်းခြားအရ ဖြစ်သင့်တဲ့အနေအထားတစ်ခုကို မရောက်လာနိုင်တဲ့အပြင် တဆင့်တောင် နိမ့်ကျသွားသလိုဖြစ်နေတယ်။ အဲဒီမျိုးဆက်အတွက် စီးပွားရေးအရ ဖွံ့ဖြိုးနိုင်တဲ့နယ်ပယ်ဟာ အရမ်းကျဉ်းသွားပြီ။ ဂျူနီယာတွေက စီနီယာဖြစ်လာနိုင်ဖို့၊ ဝန်ထမ်းတွေက ကိုယ်ပိုင်စီးပွားရေး လုပ်လာနိုင်ဖို့ အခွင့်အရေး အရမ်းနည်းလာတယ်။ ဥပမာပြောရရင် အရင်တုန်းက လူငယ်တွေကို content create လုပ်ဖို့ပြောတယ်။ ကျနော်ကတော့ monetization ထက်စာရင် ကိုယ့်နာမည်ပုံရိပ်တစ်ခုတည်ဆောက်ထားစေချင်လို့ပြောတာ။ ဒါပေမယ့် အခုက တိုးမပေါက်တော့ဘူး။ ဝင်ငွေရလမ်းက ကျုံ့လာတော့ ရနိုင်မယ့်လမ်းကြောင်းကို ပြုံတိုးကြတော့တာ။ Content တွေဆိုတာ ပလူပျံနေတာပဲ။ အများစုက တကယ့် အညှီအဟောက်တွေချည်းပဲဆိုတော့ အဲဒီထဲ ဝင်တိုးမနိုင်တော့ဘူး။
ဒီလိုကြည့်ရင် ကျနော်တို့လို ၄၀ နဲ့ ပိုနီးလာတဲ့အရွယ်တန်းလည်း အခြေနေမကောင်းပါဘူး။ အခြေကျပြီး ထပ်ထပ်ဖွံ့ဖြိုးနေရမယ့်အစား ဝင်ငွေရလမ်းအသစ်တွေဖန်တီးနေရတယ်။ ရှင်သန်မှာသေချာတဲ့စီးပွားရေးတွေ ပြန်စနေရတယ်။ ရှေ့မှာ တောက်လျှောက်ရုန်းပြေး ပြေးခဲ့တော့ စောစောနားချင်ပြီ။ စီးပွားရေးကို ပြေးမလုပ်ချင်တော့ဘူး။ ခပ်ဖြည်းဖြည်းလမ်းလျှောက်ရင်း လုပ်ချင်ပြီ။ ဒါပေမယ့် အခြေအနေအရ အလုပ်အသစ်တွေလုပ်ပြီး ပြန်ရုန်းပြေးပြေးနေရပြန်တယ်။ ကိုယ်တင်ပဲလားဆိုတော့ ကိုယ့်ထက်စီနီယာအများကြီးကျတဲ့ စီးပွားရေးနယ်ပယ်က အသိမိတ်ဆွေတွေဆိုလည်း အတော်ပြန်ရုန်းနေကြရတာပဲ။ တကယ် အားထည့်နေကြရတာချည်းပဲ။ အေးအေးသက်သာလုပ်နေနိုင်တယ်ဆိုတာ မရှိသလောက်ပါပဲ။
ကိုယ်တောင်ပြန်ရုန်းနေရတယ်ဆိုတော့ ၂၅-၃၀ တန်းလူငယ်တွေကို အားပေးစရာစကားက တစ်ခုပဲရှိတော့တယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူးပေါ့။ ကျနော်တို့လည်း လမ်းလျှောက်ရမယ့်အချိန် ပြေးနေရတုန်းဆိုတော့ ညီတို့ညီမတို့ ရုန်းကန်ပြေးနေရတာလည်း သိပ်အားမငယ်နဲ့။ ဒီအချိန်ဒီကာလ ဒီလောက်တော့ ရှိမှာပဲ။ လုပ်နိုင်တာသာ အစွမ်းကုန်လုပ်။ အနည်းဆုံးတော့ ဘယ်နေရာမှာဖြစ်ဖြစ် ကျားကုတ်ကျားခဲ ရုန်းကန်ရှင်သန်နိုင်တဲ့စွမ်းရည် ရှိသွားလိမ့်မယ်။
Credit
Dollar စျေးလျော့ပေးထားပါတယ်
1$ = 5,400 ကျပ်
5$အနည်းဆုံးစလုပ်လို့ရပါတယ်
5$x5,400=27,000 ကျပ်ပါ
Facebook and Tiktok Boost လုပ်နည်း
အတက်သင် တစ်သိန်းကျပ်
04/09/2025
Tittokမှာ မကတတ်တော့ အလုပ်သွားရဦးမှာပေါ့လေ
အရောင်းအ၀ယ်တွေ ကောင်းကြလားဗျာ့? Boost လုပ်ရတာလည်း၊ လူသိရုံ/ ဆိုင်ရှိတာ လူသိရုံ၊ တရက် အနည်းဆုံး ၆ ဒေါ်လာလောက် လုပ်နေရတယ်။
ပစ္စည်းပို့တာကျတော့လည်း နယ်ဘက်က အ၀ယ်ရှိရင်တောင် အိမ်ရောက်၊ ငွေချေဖြစ်လို့ ပို့လို့ မရ။ ကားဂိတ်ကနေ ပို့တာကျတော့လည်း၊ ငွေကြိုရှင်းရလို့ မယူပြန်။ ရန်ကုန်မြို့တွင်းကျတော့လည်း 2Kg ထက် ပိုပြီး ပို့လို့ မရပြန်။ တလထက်၊ တလ ဆိုင် အသုံးစရိတ်တွေ၊ အရင်းကျေရုံ မနည်းရုန်းကန်နေရတယ်ဗျာ့။
credit
27/08/2025
လူမှုကွန်ယက်ပေါ်မှာ ယနေ့တွေ့မိတဲ့သတင်း။
Delivery ပို့ဆောင်ပေးရန် တားမြစ်ကန့်သတ်ထားသော နေရာများနှင့် ပိတ်ပင်ပစ္စည်းများ ။
21/08/2025
Facebook မှာ Reel Video တွေတင်တဲ့အခါမှာ View တွေများအောင် ဒီအချက် ( 8 )ချက်နဲ့ ကိုက်ညီအောင်တင်ဆက်ပေးပါ။
📌 Reel Video တွေကိုတင်တဲ့အခါမှာ Story မှာပါတပါတည်းတွဲတင်ပေးပါ။
📌 မိမိတင်လိုက်တဲ့ Reel Video တွေနဲ့သက်ဆိုင်တဲ့ Group တွေမှာပါ တပါတည်းတွဲတင်ပေးပါ။
📌 မိမိတင်မည့် Reel Video တွေမှာ ခေါင်းစဉ်တပ်ရပါမယ်။
📌 မိမိရဲ့ Reel Video တွေနဲ့ သက်ဆိုင်တဲ့ Hashtag တွေကိုလဲ ထည့်ပေးရပါမယ်။
📌 မိမိတင်မည့် Reel Video တွေမှာ Sticker နဲ့ Effects တွေကို ထည့်ပေးပါ။
📌 မိမိတင်လိုက်တဲ့ Reel Video တွေကို တခြားသူတွေပြန်တွဲဆော့လို့ရအောင် အသံကိုဖွင့်ပေးထားရပါမယ်။
📌 Reel Video တွေရဲ့ အရှည်ဟာ ( 15 စက္ကန့်) ကနေ ( 90 စက္ကန့် ) ကြားဖြစ်ရပါမယ်။ ( 15စက္ကန့် ) ထက်တော့ မတိုပါစေနဲ့။
📌 Reel Video တွေရဲ့ Quality Resolution က အနည်းဆုံး 720 P ရှိရပါမယ်။
မိတ်ဆွေတို့အနေနဲ့ ဒီအချက် ( 8 )ချက်နဲ့အညီ Reel Video တွေကို ဖန်တီးတင်ဆက်မယ်ဆိုရင်ဝောာ့ Facebook မှာမိမိတင်လိုက်တဲ့ Video တွေကို လူအများဆီကိုရောက်အောင် Facebook ဘက်ကနေပြီး ဖြန့်ပေးမှာဖြစ်ပါတယ်။
#မေတ္တာဖြင့်မျှဝေပါသည်
Popping လုပ်တာဘယ်အရာမှမကောင်းဘူး။ 😀
ဒီရက်ပိုင်း Trend တစ်ခုကခေတ်စားလာပါတယ်။ အဲ့ဒီ Trend ကိုလည်းလူတိုင်းသိကြမှာပါ။
မျက်လုံးကွယ် လူအရှေ့မှာ ကုန်ပစ္စည်းတွေချပြီး ဓာတ်ပုံရိုက်တဲ့ Trend တစ်ခု (Jail Trend လို့လည်းတချို့ကခေါ်ကြတယ်)
ပေါက်တယ်ဆိုတာ ကုန်ပစ္စည်းကို သေချာကြော်ငြာရင်းပေါက်သွားတာအကောင်းဆုံးပါခင်ဗျာ။
Trend နောက်လိုက်တဲ့ Post ဟာခဏပါပဲ။
ရေရှည် Customer ရဲ့ စိတ်အာရုံမှာမရှိပါဘူး။
ဘာလို့လဲ ကြော်ငြာတဲ့အခါ သူတို့အတွက် ဘာ Value. မှာမပါလို့ပါ။ ဒါ့ကြောင့် Content တွေ Copywriting တွေဖန်တီးတဲ့အခါ စေတနာမပါပဲ Productive ဖြစ်သွားတာ Brand ကို ထိခိုက်စေပါတယ်။
Camping တွေ Run တဲ့အခါ Brand/Product/Service
ပေါ်ကို မူတည်ပြီး ဖန်တီးလို့ရတဲ့ Campaign တွေအများကြီးရှိပါတယ်။
"နာမည်မှာ ဘာပါရင် ဘာအလကား"ဆိုတဲ့ Trend ပေါက်ခဲ့တာပဲ။ ဒါပေမယ့် ဒီလိုကြော်ငြာတဲ့အခါ အားပေးနေကျ Customer ကိုစော်ကားသလိုဖြစ်သွားတာကို မသိလိုက်ကြပါဘူး။
အမြဲအားပေးနေသူတွေ ခမျာ အားပေးလက်စအစီအစဉ်ဝောာင် ပျက်သွားနိုင်တဲ့ Customer အပေါ်တန်ဖိုးမထားတဲ့ Campaign တွေ Run ပြီး လူသိမှတ်မိတဲ့ Brand ဟာ ခပ်ရှားရှားပါ။
Trend နောက်ခဏလိုက်ချိန်လေးမှာတော့ Like /Comment/Engagement တွေဟာတန်းစီနေမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ ရင်ထဲ စိတ်ထဲကပါ ပျောက်သွားတာပါပဲ။
ဒါတွေကြောင့် ကိုယ့်လုပ်ငန်းကို တန်ဖိုးထားရင် Content Marketing နဲ့ Brand ကိုတည်ဆောက်ပါ။
Customer ကိုစေတနာပါတဲ့ Campaign တွေကို Run ပါ
Value ပါတဲ့ Content တွေကို ဖန်တီးပါ။ ✅
21/07/2025
MyanmarPay MMQR ကို ရိုးမဘဏ် နဲ့လည်း တွဲဖက်အသုံးပြုပြီး ငွေပေးချေမှုတွေကို ပြုလုပ်နိုင်ပါပြီ။
ဒီအပတ်ထဲမှာ Reach ကျရတဲ့အကြောင်းအရင်ကတော့ အမဟုန်းကြောင့်ဖြစ်နိုင်ပါတယ်
Fb ကလဲ ပွဲဟေ့ဆိုတာနဲ့ ကျတော့တာပဲ
ထက်ဖြစ်ပြန်ပြီ
အခုလို တစ်နိုင်ငံလုံး စိတ်ဝင်စားမယ့် သတင်းရှိတဲ့ရက် (သို့) တစ်နိုင်ငံလုံးစိတ်ဝင်စားမယ့် ပွဲဖြစ်တဲ့ရက် တွေဆို Boost ထားတာတွေ အလကားဖြစ်နိုင်ပါတယ်
တစ်ရက်နှစ်ရက်လောက် Reach မရောက်တာမျိုးဖြစ်တက်ပါတယ်။ Attention က Boost ထားတာတွေအပေါ် အာရံရဖို့နည်းပါတယ်။ Amount နည်းနည်းပဲသုံးတဲ့သူတွေကတော့ စိတ်မပူလဲရပါတယ် အမောင့်များများ လုပ်တဲ့သူတွေအတွက် ဂရုစိုက်ဖို့ပြောတာပါ
Click here to claim your Sponsored Listing.
Location
Telephone
Website
Address
Opening Hours
| Monday | 07:00 - 23:00 |
| Tuesday | 07:00 - 23:00 |
| Wednesday | 07:00 - 23:00 |
| Thursday | 07:00 - 23:00 |
| Friday | 07:00 - 23:00 |
| Saturday | 07:00 - 23:00 |
| Sunday | 07:00 - 23:00 |