Let's Learn Japanese

Let's Learn Japanese ဂျပန်ဘာသာစကားကို တူတူလေ့လာကြမယ်

11/05/2024

မိနစံတို့ おはようございます☀

LISTENING ကောင်းအောင် ဘယ်လိုလေ့လာကြမလဲ

တစ်ယောက်နဲ့တစ်ယောက်ရဲ့ လေ့လာပုံနည်းလမ်းချင်း
မတူတဲ့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ လေ့လာရင်းနဲ့
ကိုယ်နဲ့အဆင်ပြေဆုံးနည်းကို ရှာကြည့်ကြရအောင် 💡

1️⃣ကိုယ့်ကိုယ်ကို ယုံကြည်မှု

ဝါတရှိက အရင်တည်းက ကိုယ့်ကိုယ်ကို Listening အားနည်းတယ်လို့ ထင်နေတဲ့အတွက် ဖြည်းဖြည်းလေးပြောနေရင်တောင် တလွဲ ကြားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်
နားမလည်မှာကို ကြောက်ပြီး ပိုပြီး နားမလည်တာမျိုး ဖြစ်ဖူးပါတယ်
အဲ့ဒါကြောင့် အရင်ဆုံး ကိုယ့်စိတ်ကို ပြင်ရပါတယ်
စိတ်ကို အေးအေးထားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိထားပြီး နားထောင်ကြည့်ပါ 💓

2️⃣ပတ်ဝန်းကျင်

ကိုယ်နေတဲ့နေရာက Japanမဟုတ်လို့ Listening မကောင်းနိုင်ဘူး ❌ မဟုတ်ပါဘူး
နေ့တိုင်း နားရည်ဝအောင်နားထောင်ဖို့ ထိတွေ့နေဖို့ လိုအပ်ပါတယ်
ဥပမာအားဖြင့် Japanese Radio နားထောင်တာမျိုး
Podcast နားထောင်တာမျိုး Animeကြိုက်တဲ့သူက Animeကြည့်တာမျိုး Drama /Variety Showပဲကြည့်မလား
YouTube က Daily Vlog တွေကို Subtitleနဲ့ ကြည့်ရင်းကနေ လေ့လာပြီး အသားကျတဲ့အခါ Subtitleကို ဖျောက်ပြီး ပြန်နားထောင်ကြည့်တာမျိုးပဲဖြစ်ဖြစ် လေ့ကျင့်နိုင်ပါတယ်
Reels ကနေတက်လာတဲ့ Videoအတိုလေးတွေကလည်း အကျိုးရှိပါတယ်
အမြဲတမ်း ထိတွေ့ပြီး လေ့လာရတာလည်း ပျင်းစရာမကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးကြည့်ပါ 💓

3️⃣အာရုံစိုက်နိုင်မှု

Listening နားထောင်တဲ့အခါ စိတ်ကြည်နေဖို့လည်း လိုပါတယ်
နေမကောင်းတာမျိုး စိတ်လောနေတာမျိုး
စိတ်အဆင်မပြေတဲ့အခါမျိုးမှာ ဘာပဲပြောနေနေ အာရုံစိုက်ပြီး နားမထောင်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်

ဒီ၃ချက်က Listeningလေ့လာရာမှာ အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်ရှင့်…💓

နောက်ရက်တွေကျရင်လည်း Listeningအတွက် လေ့လာလို့ကောင်းတဲ့ Channnel လေးတွေကို သိသလောက် ပြောပြ
သွားပါ့မယ်…💓

YouTube 🔗
https://youtube.com/?si=9mRoqJppQ5K0tke7

31/03/2024

私ရဲ့ Channel လေးပါ 🩵🩵

25/06/2022

3.7.2022 ရက်နေ့မှာဖြေဆိုမဲ့ စာမေးပွဲနဲ့ ပတ်သက်ပြီး ဒီအချက်တွေကို ဂရုပြုပေးကြပါနော်....

စာဖြေခန်းထဲသို့ ယူဆောင်ခွင့်ပြုသောပစ္စည်းများ

1. စာမေးပွဲဖြေဆိုခွင့်ကတ်
2. သက်သေခံကတ်ပြားမူရင်း
3. ခဲတံ (No. 2B/ HB), ခဲဖျက်, ချွန်စက်
ဖော်ပြပါပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်းများအား စာဖြေခန်းထဲသို့ လုံးဝ(လုံးဝ) ယူဆောင်ခွင့် မပြုပါ။
(ဥပမာ - သောက်ရေဘူး၊ ခဲတံအိတ်၊ ကွန်ပါဘူး၊ တစ်သျှူး စတဲ့ ပစ္စည်းတွေကို ယူဆောင်ခွင့် မပြုပါ။)

စာဖြေခန်းအတွင်းသို့ ယူဆောင်ခွင့်မပြုသောပစ္စည်းများ

1. Mobile Phone, Smart Phone, Smart Watch, Alarm Watch, Pocket Watch & Table clock တွေကို စာဖြေခန်းထဲသို့ ယူဆောင်ခွင့်မပြုပါ။
2. ကျောပိုးအိတ် နှင့် အခြားသော အိတ်များ၊ ပိုက်ဆံအိတ်နှင့် တန်ဖိုးကြီးပစ္စည်းများ ယူဆောင်လာခြင်း ကို ရှောင်ရှားပေးပါ။
***ပျောက်ဆုံးမှုများအတွက် လုံးဝ(လုံးဝ) တာဝန်ယူမည်မဟုတ်ပါ။***

ပါးစပ်နှာခေါင်းစည်း၊ မက်စ် (Mask) မဖြစ်မနေတပ်ဆင်လာရန်၊ လက်ဆေးရန် နေရာနှင့် လက်သန့်ဆေးများကို စာဖြေဌာနတွင် ပြင်ဆင်ပေးထားမည် ဖြစ်ပါသည်။

Test Voucher တွင် ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန်၊ နေ့ရက် အတိုင်း လာရောက်ဖြေဆိုရပါမည်။ စာဖြေဌာန နေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စာမေးပွဲ ဖြေဆိုရန် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။

တချို့သော စာဖြေဌာနများအတွက်သီးသန့်စည်းကမ်းသတ်မှတ်ချက်များအား Email ဖြင့်ထပ်မံပေးပို့ထားပါသည်။ Email ထပ်မံမရရှိသူများမှာ ယခုကြေငြာချက်ပါစည်းကမ်းချက်များအတိုင်းသာဖြစ်ပါသည်။

ဖြေဆိုသူရဲ့ ကိုယ်ရေးအချက်အလက် အမှားပြင်ဆင်ခြင်း

အမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုပါက ကြီးကြပ်ရေးမှူးဆရာ၊ ဆရာမထံ အသိပေးပြီး စာမေးပွဲပြီးဆုံးသည့်အချိန်တွင် သက်ဆိုင်ရာ ရုံးခန်းသို့ အထောက်အထားအပြည့်အစုံဖြင့် လာရောက်ပြင်ဆင်ပေးပါရန်။

အထူးသတိပြုရမည့် အချက်များ

စာဖြေဌာနနှင့် စာမေးပွဲခန်းများ၌ လက်ကိုင်ဖုန်း၊ လျှပ်စစ်အဘိဓါန်၊ အသံဖမ်းစက်၊ Smart Watch နာရီများ၊ လျှပ်စစ်ပစ္စည်းများ လုံးဝ(လုံးဝ) မယူလာရန် အထူးတားမြစ်ထားပါသည်။ စာဖြေနေစဉ် ဖုန်းရှိနေခြင်း၊ ဖုန်းသံမြည်လာခြင်း၊ ဖုန်း Vibration မြည်လာခြင်းများသည် ပြစ်မူကျူးလွန်စာရင်းထဲ ပါမည်ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သည့် စာဖြေသူ၏ အောင်စာရင်းအား ထုတ်ပေးမည်မဟုတ်၍ အထူးသတိပြုကြပါရန်။

ကျောင်းသားအားလုံး ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT ကို ရမှတ်အပြည့်နှင့် ဖြေဆိုနိုင်ကြပါစေ။
JLPT စာမေးပွဲကျင်းပရေးကော်မတီ (MAJA)
09- 428 756 746 09- 986 093 637

11/03/2022

庭には二羽ニワトリがいる。🐥🐥

ရှုပ်ကုန်ရော 🤪

Source- YouTube

15/01/2022

တစ်ယောက်ယောက်ဆီက ကျေးဇူးတင်ပါတယ်လို့ ပြောခံရတဲ့အခါ...✨
ဘယ်လိုပြန်ပြောလို့ရလဲ?

Source - YouTube

15/01/2022

How to say I miss u in Japanese 💓

Self-Study လုပ်ချင်တဲ့သူများအတွက် YouTube Channelလေးတစ်ခုကို Share ပေးလိုက်ပါတယ်

https://youtube.com/channel/UC7ETROycjsuo49xkneiX6MA

希望 (きぼう) ဆန္ဒ၊မျှော်လင့်ချက်💙希望を捨てるべきではありません。きぼうをすてるべきではありません。မျှော်လင့်ချက်ကို မစွန့်လွှတ်သင့်ပါ။ကိုယ့်ရဲ့မျှော်လင့်ချက...
22/12/2021

希望 (きぼう) ဆန္ဒ၊မျှော်လင့်ချက်💙

希望を捨てるべきではありません。
きぼうをすてるべきではありません。
မျှော်လင့်ချက်ကို မစွန့်လွှတ်သင့်ပါ။

ကိုယ့်ရဲ့မျှော်လင့်ချက်၊ဆန္ဒတွေကို မစွန့်လွှတ်လိုက်ပါနဲ့။
အကောင်းဆုံး ပုံဖော်နိုင်ဖို့ ကြိုးစားပါ။

11/12/2021

N4 Speed Master Reading ရဲ့စာပိုဒ်တစ်ခုကို တူတူလေ့လာကြရအောင်နော် 📖
N3 Levelလေ့လာနေဆဲ သူတွေအတွက်ဆို ဖတ်ရတာအဆင်ပြေပါတယ်ရှင့် ဘာလို့လဲဆိုတော့ N3 ရဲ့ Grammar တချို့နဲ့ Vocab တချို့ပါနေလို့ပါ💙
First Video လေးမို့ အမှားပါခဲ့ရင်ခွင့်လွှတ်ပေးပါရှင့်💙

အကြည်ဓာတ်လေးတွေ 🌸💗Photos -Credit✨
27/10/2021

အကြည်ဓာတ်လေးတွေ 🌸💗

Photos -Credit✨

N4 Speed Master (Reading) ✨ဒီစာအုပ်လေးကို N4 လေ့လာနေတုန်းအချိန်ထက်N4 course လေ့လာအပြီး N3 ကိုသင်နေတဲ့အချိန်လေးမှာ ဖတ်ကြည...
04/05/2021

N4 Speed Master (Reading) ✨

ဒီစာအုပ်လေးကို N4 လေ့လာနေတုန်းအချိန်ထက်
N4 course လေ့လာအပြီး N3 ကိုသင်နေတဲ့အချိန်လေးမှာ ဖတ်ကြည့်တာ ပိုအဆင်ပြေမယ်လို့ထင်ပါတယ် ❤

တချို့ 言葉 (ဝေါဟာရ) တွေနဲ့ Grammarအချို့က N3 မှာမှ သင်ရတာမျိုးတွေ ရှိလို့ပါ
Reading skill အတွက် တကယ်ဖတ်သင့်တဲ့စာအုပ်လေးပါ ❤

Self-Study အတွက် တော်တော်လေးအဆင်ပြေပါတယ် ❤

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Let's Learn Japanese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share