Al-Haramain Islamic Institute

Al-Haramain Islamic Institute

Share

معهد الحرمين الإسلامي لتعليم العلوم الشريعة عبر منصة إلكترونية
Al-Haramain Islamic Institute for Teaching (Islamic) Sharia Sciences via Online Platform

08/10/2025

သင်တန်းသား/သူများ
အရဘီသင်ခန်းစာ ရွတ်ဖတ်နေပုံ

Photos from Al-Haramain Islamic Institute's post 30/09/2025

ကျွန်တော်တို့ မအ်ဟဒွရ်ရမိုင်းန် အလ်အစ်လာမီး
အွန်လိုင်း အရဘီ အရေး၊အဖတ်၊အ‌ေပြောနှင့်
သာသနာ့အသိပညာသင်ကြားရေးကျောင်းတွင်
သင်ကြားပေးနေသော ပုံရိပ်အချို့

Photos from Al-Haramain Islamic Institute's post 12/05/2024

ပေးကမ်းလှုဒါးန်ကပစ္စည်းဥစ္စါတိုးပွါး၏
အပြစ်တွေကိုပပျောက်စေ၏
အကျိုးထူးပိုင်ဆိုင်ရပေ၏
မြတ်နဗီصلى الله عليه وسلم မိန့်တော်မူလေသည်။
1/ဆင်းရဲကြပ်တည်းသူကိုပေးကမ်းလှူဒါန်းခြင်းကအလှူဒါနတခုသာလျင်ဖြစ်ပြီး၊(ဆင်းရဲကြပ်တည်းတဲ့ဆွေမျိုးသားချင်းကို)ပေးကမ်းလှူဒါးန်ခြင်းက အလှူဒါနဖြစ်ရုံမက၊ဆွေမျိုးအဆက်အသွယ်ထားခြင်း၏အကျိုးစဝါးဗ်ပါရရှိမှာဖြစ်ပါတယ်။
အို မိတ်ဆွေ။ နွမ်းပါးသူ‌ေတွ၊ချို့တဲ့နေတဲ့ဆွေမျိုးသားချင်းများကိုမပစ်ပယ်ထားလေနှင့်။
2/စွံပလွံသီးတလုံးပင်ဖြစ်ပါစေအသင့်တို့အနေဖြင့်အလှူဒါနပြုကြလေကုန်၊(ယင်းအလှူဒါနက‌)ဆာလောင်သူကို
ဆာလောင်မွတ်သိပ်ခြင်းမှဖယ်ရှားပေးလေ၏။အပြစ်များကိုရေကမီးကိုငြိမ်းသက်စေသလိုဖယ်ရှား၊ပလပ်စေ၏။
3/လျှို့ဝှက်စွာပေးကမ်းလှူဒါးန်ခြင်းက
ရဗ်အရှင်သခင်၏ဒေါသကိုငြိမ်းစေ၏။
4/မနက်ခင်းရောက်တိုင်းကောင်းကင်တမန်၂ပါးကဆော်‌ဩလေသည်မှာ။ ။ အိုاللهအရှင်(ကောင်းမွန်တဲ့နေရာမှာ၊အလ္လာအရှင့်လမ်းတော်မှာ၊မွန်မြတ်တဲ့လုပ်ငန်းတွေမှာ၊အရှင့်အမိန့်ကိုနာခံတဲ့နေရာတွေမှာ)ပေးကမ်းစွန့်ကြဲသူကိုအစားပြန်ချီးမြင့်တော်မူပါ၊(ပေးကမ်းစွန့်ကြဲရမည့်နေရာ၊တာဝန်ထိုက်သည့်ကိစ္စရပ်များမှာစေးနဲတွန့်တို၊ကုတ်စီးထားသူ)မပေးကမ်းပဲချုပ်တည်းထားသူကို(သူနှင့်သူ၏ဥစ္စါပစ္စည်းကို)ပျက်စီးစေတော်မူပါ။
အို ညီနောင်အပေါင်းတို့။
ချို့တဲ့၊ဒုက္ခတွင်းထဲ‌ေရာက်နေတဲအစ္စလာမ့်ညီနောင်အပေါင်းကိုမပစ်ပယ်ထားပါနဲ့၊(အထူးသဖြစ့်ဆွေမျိုးသားချင်းများကို)။
ပေးကမ်းခြင်းဖြင့်အသင့်၏ပစ္စည်းဥစ္စါမှာတိုးပွါးမှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရပေလိမ့်မည်။
အထူးသတိပြုရမည်မှာ မကောင်းတဲ့နေရာမှာ၊မကောင်းမှုကိုအားပေး၊အားမြှောက်လုပ်တဲ့နေရာမှာသုံးစွဲတာမဖြစ်လေနှင့်(အဆိပ်ပင်ရေလောင်းတာမဖြစ်လေနှင့်)။
အသင်ဟာတက်နိုင်ပါလျက်၊လှူဒါးန်နိုင်ပါလျက်မလှူပဲကုတ်စီးထားမည်ဆိုပါကအသင့်ပိုင်ဆိုင်မှုတွေမှာပျက်ဆီး၊ဆုံးရှုံးမှု‌ေတွကိုရင်ဆိုင်ကြုံတွေရမည်ဖြစ်ကြောင်း
အထက်‌ေဖါ်ပြပါဩဝါဒတော်များကသတိပေးနှိုးဆော်ထားလေသည်။
الله အရှင်
ကျွန်တော်တို့တသွေအားအမြဲတစေကောင်းမွန်တဲ့အလုပ်၊နေရာတွေမှာအလှူရေစက်လက်နဲ့မကွာဆိုသလိုလှူဒါးန်၊ပေးကမ်းနိုင်စွမ်းချီးမြင့်တော်မူပါစေ။
မဟုတ်မမှန်တဲ့အလုပ်၊နေရာတွေမှာအားပေးသူများမဖြစ်ရန်ထိန်းသိမ်းတော်မူပါစေ။
စေးနဲ၊တွန့်တိုစိတ်ကိုကျွန်တော်တို့၏စိတ်နှလုံးများထဲမှဖယ်ရှားပေးတော်မူပါစေ။အာမီးန်

10/05/2024

မသိနားမလည်က
ပါးစပ်နှင့်လက် သတိပြုကြ
ဂျာဟိလ်က အာလင်မ်နေရာ မဝင်ပါနှင့်

اتَّخَذَ النَّاسُ رُءُوسًا جُهَّالًا، فَسُئِلُوا فَأَفْتَوْا بِغَيْرِ عِلْمٍ، فَضَلُّوا وَأَضَلُّوا ".
قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ : " مَنْ أُفْتِيَ بِغَيْرِ عِلْمٍ كَانَ إِثْمُهُ عَلَى مَنْ أَفْتَاهُ ".
တမန်တော်မြတ်صلى الله عليه وسلم မိန့်ကြားတော်မူလေသည်။
1/လူအများဟာဂျာဟိလ်များ(သက်ဆိုင်ရာပညာရပ်၊ကဏ္ဌနှင့်ပတ်သက်သည့်အသိပညာမရှိသူများ)ကိုခေါင်းဆောင်အဖြစ်တင်မြှောက်ကြလိမ့်မည်။၎င်းခေါင်းဆောင်များဟာအသိပညာမရှိပဲဖသ်ဝါဓမ္မသတ်တွေထုတ်ပြန်လိမ့်မည်။ယင်းဖသ်ဝါထုတ်ပြန်သောသူ(ပညာမဲ့များ)ဟာကိုယ်တိုင်လမ်းလွဲခဲ့ယုံမက၊အခြားသူများကိုလဲလမ်းမှားအောင်ပြုလုပ်ခဲ့ချေပြီ။
2/အကြင်သူတဦးတယောက်ဟာလွဲမှားသည့်ဓမ္မသတ်စီရင်ဆုံးဖြတ်ထုံးခံခဲ့ရပါကမေးသူမှာအပြစ်မရှိပဲ၊လွဲမှားစွာဖသ်ဝါပေးသူသာလျင်အပြစ်ထိုက်ပေသည်။

အို မိတ်ဆွေအပေါင်းတို့။ သတိပြုကြလေကုန်
ခေတ်ကာလက လက်ထဲဖုန်းတလုံးရှိယုံနဲ့၊ဆိုရှယ်မီဒီယာမှာအကောင့်တခုရှိယုံနှင့်
သက်ဆိုင်ရာပညာရပ်ကိုနားမလည်ပဲ ကီးဘုတ်ဖိုက်တာလုပ်၊အာချောင်၊လက်သရမ်းသည့်ခေတ်ဖြစ်နေသည်ကိုဝမ်းနည်းစွာတွေ့မြင်နေရပေသည်။ မိမိသိလိုရာကိုမေးမြန်းချင်သောသူများအနေနှင့် တခုခုမေးမြန်းလိုကပညာ့ရှင်များကိုမေးမြန်းကြပါ။
ကျမ်းတော်မြတ်ကွရ်အားန်စူရဟ်အအ်ရားဖ်အာယသ်33/စူရဟ်နဟလ်အာယသ်116မှာလဲاللهအရှင်မြတ်ကမသိပဲပြောခြင်းကိုအလွန်ဆိုးဝါးလှသည့်ရှရစ်ကိစ္စရပ်များ၊စပ်ဆုတ်ရွံရှာဖွယ်ကောင်းသည့်လုပ်ရပ်များနှင့်ဆက်နွယ်ပြီးတင်ပြထားသည်ကိုတွေ့မြင်ရပေသည်။
သက်ဆိုင်ရာပညာရပ်ကိုမသိနားမလည်ပဲ
အာချောင်သူများအနေနှင့်အထူးသတိပြုရမည်မှာအသင့်နှုတ်၊လက် စည်းမဆောင့်ထိန်းမှုကအသင်ကိုလဲပျက်ဆီး‌ေစပြီး၊အများကိုလဲအသင်ကဖျက်ဆီးလိုက်သည့်အတွက်ဆိုးဝါးလှသည့်ပြစ်ဒဏ်ခံရမည်ကိုသတိလက်မလွှတ်လေနှင့်။اللهအရှင်ကျွန်တော်တို့အားလုံးကိုဂျာဟိလ်များနှင့်၊ဂျာဟိလ်များ၏ဖစ်သ်နာမှထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ။အာမီးန်

02/05/2024

မြတ်တမန်တော် သတိပေး
ဆင်ခြင်ရမှာ တို့များအရေး
ပေးကမ်းရမည့်သူကို
မပေးကမ်းပဲနေခြင်းဖြင့်
ကြီးလေးသောအပြစ်ထိုက်၏
မြတ်တမန်တော်صلى الله عليه وسلم မိန့်ကြားတော်မူလေသည်။
မိမိဘက်မှ(မဖြစ်မနေတာဝန်ယူ)ပေးကမ်း(ထောက်ပံ့၊ကျွေးမွေးရန်)တာဝန်ရှိနေပါလျက်မပေးကမ်းပဲ(မိမိနှင့်မဆိုင်သလို၊မိမိ၏တာဝန်မရှိသလို၊တာဝန်မယူ၊တာဝန်မဲ့စွာ)နေသူသည်အပြစ်ထိုက်ဖို့လုံလောက်ပေသည်။
အို ညီနောင်မွတ်စ်လင်။ ။ အထက်ပါဟဒီးစ်တော်အရသိရှိရသည်မှာ
ကျွန်တော်တို့တ‌ေသွဟာတရား‌ေတာ်လာနာခံရမည့်ဝတ္တရားအရမိမိဘက်မှပေးကမ်း၊ထောက်ပံ့၊တာဝန်ယူပေးရမည့်သူများကိုမပေးကမ်းပဲ၊တာဝန်မဲ့စွာမိမိနှင့်မဆိုင်သလိုနေထိုင်ပိုင်ခွင့်မရှိပေ။
၎င်းနည်းတူပေးကမ်းရမည့်သူများကိုမပေးကမ်းပဲအခြားသူများကိုဦးစားပေးလုပ်‌ေဆာင်‌ေနခြင်းကလဲမှားယွင်းသည့်၊ဆင်ခြင်အပ်သည့်လုပ်ရပ်ဖြစ်ပေသည်။
မျက်မှောက်ခေတ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအချို့သောသူများသည်အထက်တင်ပြပါကိစ္စရပ်များကိုမသိကျိုးကျွံပြု၊အမှုမဲ့၊အမှတ်မဲ့နေထိုင်ရင်း
မိမိတို့၏တာဝန်၊ဝတ္တရား၊ဘာသာတရားရဲ့ဆိုဆုံးမမှုတွေကိုဖီဆန်နေသည့်အလားပေါ်ပေါက်နေတာကိုတွေ့မြင်ရပေသည်။
ကျွန်တော်တို့တသွေဟာအစ်လာမ်သာသနာဝင်ဖြစ်နေသည့်အတွက်ကြောင့်မိမိတို့ပြုလုပ်သည့်လုပ်ရပ်တိုင်းကိုအမြဲတမ်းသတိမလပ်ပဲသာသာနာ့ဘောင်ကွရ်အားန်၊ဟဒီးစ်ပါအဆိုအမိန့်များအတွင်းမှာနေထိုင်ကျင့်ကြံရန်အလွန်အရေးကြီးပေသည်။

Photos from Al-Haramain Islamic Institute's post 11/03/2024

လမြတ်ရမဒွါးန်မှာကျင့်သုံးအပ်သောကိစ္စရပ်များ
တမန်တော်မြတ်صلى الله عليه وسلم ၏ဩဝါဒတော်များတွင်လာရှိသည်မှာ
၁/ကိုယ်တော်ဟာဝါဖြေချိန်မှာစွံပလွံသီးဖြင့်အစပြုလေသည်။
#အသင့်အတွက်အခက်အခဲမရှိပါကဝါဖြေချိန်မှာစွံပလွံသီးဖြင့်အစပြုပါလေ
ထူးကဲမှာများစွာရှိ၏။ #
၂/အကောင်းဆုံးသောစဲဟ်ရီဟာစွံပလွံသီးစားခြင်းပင်။
#အသင့်အနေဖြင့်ကိုယ်တော့ရဲ့ဩဝါဒတော်ကိုတန်ဖိုးထားသောအားဖြင့်စဲဟ်ရီစားချိန်မှာလဲစွံပလွံသီးကိုစားပါလေ #
၃/အသင်တို့ဟာစဲဟ်ရီ စားသုံးကြလေကုန်၊ယင်းစဲဟ်ရီမှာ ဘရ်ကသ်မင်္ဂလာအဖြာဖြာရှိတော်မူသည်။
#ဘရ်ကသ်မင်္ဂလာအပေါင်းပိုင်ဆိုင်ဖို့စဲဟ်ရီစားသုံးကြလေကုန် #
၄/ဉုပုဒ်သီလစောင့်ထိန်းသူတဦးအားအသင်ဟာဝါဖြေဖို့ရာအစားအသောကိကျွေးမွေးပါက၊ဉုပုဒ်စောင့်ထိန်းသူနည်းတူဘာတခုမျှလျော့ပါးခြင်းမရှိပဲကုသိုလ်အပြည့်ရရှိမှာဖြစ်ပါတယ်။
#အသင့်အနေနှင့်ဝါဖြေချိန်စားစရာမရှိတဲ့သူတွေ၊ဆင်းရဲသားတွေကို၊ဝါဖြေချိန်လေးတော့စားစရာလေးတခုခုရစေရငြားတက်နိုက်သလောက်ဆောင်ကျည်းပေးပါလေ၊တချို့သောညီနောင်များဟာတနေကုန်ရိုဇါထားထားသော်လည်းဝါဖြေချိန်မှာစားစရာမရှိ၊ရေသောက်၊ဗိုက်မှောက်ပြီးနေနေရတဲ့အဖြစ်ပါ၊အဲ့လိုပဲဆင်းရဲသားများကိုပေးကမ်းပါကလဲအတက်နိုင်ဆုံးအသင်စားသောက်သလိုမျိုးပေးကမ်းပါ၊ဒါမှစစ်မှန်တဲ့မို့အ်မင်ရဲ့အရည်အချင်းပါ၊
ဝမ်းနည်းဖွယ်ကောင်းသည်မှာလမြတ်ရမဒွါးန်မှာအချို့သောသူများဟာအမည်အမျိုးမျိုးခေါင်းစဉ်အောက်ကနေဆင်းရဲသားများကိုဝေငှပါသော်လဲ
၎င်းတို့ဝေငှသည့်ပစ္စည်းပစ္စယများမှာ
ရံဖန်ရံခါလူအများစားသုံးဖို့မသင့်သည့်
ပိုးထိုး၊လောက်တက်၊အနေအထားရှိပစ္စည်းများ၊ဆန်ဆိုလဲအလွန်ညံ့၊ကုလားပဲ၊ကြနာပဲဆိုလဲပိုးထိုးနေတာနဲ့အစရှိသဖြင့်အလွန်သိမ်ဖျင်းသော၊အရာများကိုဂုဏ်ယူဝင့်ကြွားစွားနဲ့၊ဝေငှနေတာတွေကိုကြားသိရပါတယ်။
အို မိတ်ဆွေ။
အဲ့လိုလုပ်ရပ်မျိုးကိုလုံးဝမလုပ်ပါနဲ့၊ရှောင်ကျဉ်ပါ၊မိမိနှစ်သက်သောအရာကိုမိမိညီနောင်အတွက်လဲနှစ်သက်ပေးပါ၊
အသင်အစားကောင်းကြိုက်နှစ်သက်သလို၊သူများလဲနှစ်သက်မှာအမှန်ပါ။
အလ္လာဟ်အရှင်ကျွန်တော်တို့တသွေအား
စစ်မှန်သောမို့အ်မင်ပီသစွာဘဝကိုလျှောက်လှမ်းပြီး၊မြင့်မြတ်တဲ့ရမဒွါးန်လပေါင်းများစွာဆုံစည်းခွင့်ရပြီး၊اللهအရှင့်နှစ်သက်မှုရမည့်လမ်းစဥ်၊အရှင့်ရစူးလ်صلى الله عليه وسلم ၏လမ်းစဉ်မှန်အပေါ်လျှောက်လှမ်းနိုင်စွမ်းချီးမြင့်တော်မူပါစေ။ အာမီးန်

Photos from Al-Haramain Islamic Institute's post 04/03/2024

မြတ်တမန်တော်صلى الله عليه وسلم
မိန့်မှာ‌ေလသည်မှာ
ဆာလောင်သူကို ကျွေးမွေးပါ
နာမကျန်းဖြစ်သူထံ သတင်းမေးသွားပါ
(မတရားဖမ်းဆီးချုပ်နှောင်)အကျဉ်းချခံရသူကိုလွှတ်မြောက်အောင်လုပ်ပေးပါ။

အို မို့အ်မင်မွတ်စ်လင်မ်။
၁/အသင်ဝမ်းဝစွာ‌ေဖါ‌ေဖါသီသီစားသုံးနေရပေမယ့်အသင့်ရဲ့ညီနောင်မွတ်စ်လင်မ်တဦးမစားရမသောက်ရဆာလောင်မွှတ်သိပ်နေရပြီဆိုအသင်သူ့ကိုပစ်ပယ်ထားလျစ်လျူရှုထားခွင့်မရှိပါ။အသင်တက်နိုင်သလောက်ကျွေးမွေးရန်တာဝန်ရှိပေသည်။လူပီသဖို့သွန်သင်ထားတဲ့အစ်လာမ့်ကျင့်ဝတ်တရပ်ပင်ဖြစ်သည်။
၂/အသင့်ရဲ့ညီနောင်တဦးကျန်းမာရေးမကောင်းဘူးဆိုပြီးသတင်းရယင်အသင်သူ့ဆီကိုသတင်းမေးသွားရမှာဖြစ်တယ်။
သူဠေးပဲဖြစ်ဖြစ်၊ဆင်းရဲသားပဲဖြစ်ဖြစ်လူတန်းစားမခွဲခြားပဲအစ်လာမ့်အသိ၊လူမှုကျင့်ဝတ်အရအသင်လုပ်ဆောင်ရမှာဖြစ်တယ်။မျက်မှောက်ခေတ်မှာတွေ့နေရတာကတော့အလွန်ဝမ်းနည်းဖို့ကောင်းတယ်။
ချမ်းသာသူတယောက်နေမကောင်းဖြစ်ယင်သတင်းမေးသွားမယ့်သူ၊သာကြောင်းမာကြောင်းမေးမည့်သူပေါများလှပေမယ့်၊ဆင်းရဲသားတယောက်ရောဂါဖြစ်ပြီး၊သေလုမျှောပါးဖြစ်နေယင်တောင်မေးမည့်သူမရှိ၊ကူညီမည့်သူမရှိ၊‌ေငွမရှိ၊‌ေဆးခန်းပြဖို့အဖိုးအခမရှိ၊စားစရာ၊‌ေသာက်စရာ၊ဝတ်စရာမရှိနှင့်နောက်ဆုံးကွယ်လွန်သွားခါမှသိဆိုတဲ့အခြေအနေကိုဆိုက်ရောက်နေတာတွေ့ရတယ်။မွစ်လင်အ‌ေပါင်းတို့သတိပြကြပါ
အလုပ်ရှင်ဆိုသူများအနေနှင့်လဲမိမိရဲ့လုပ်သားတဦးနာမကျန်းဖြစ်ပြီဆိုယင်၊တက်နိုင်ပါကလုပ်ခအပြင်ဆေးဖိုးဝါးခ၊တခြားသောလုပ်သားရဲ့လိုအပ်ချက်တွေကိုပံ့ပိုးပေးပါ၊ကပ်စေးမနဲပါနဲ့။
အိုမိတ်ဆွေ။
လိုအပ်နေသူကိုကူညီပါ၊ဖေးမပါ၊မတရားအဖမ်းခံထားရသူ၊အကျဉ်းချခံထားသူတွေကိုလဲ လွှတ်မြောက်အောင်မိမိတို့တက်နိုင်သည့်နည်းလမ်းအသွယ်သွယ်အသုံးပြုပြီးကူညီကြပါ၊မိမိနဲ့အခန့်မသင့်လို့မိမိဘက်က‌ေနမ‌ေတာ်မတရားလုပ်ပြီးတဖက်သားအဖမ်းခံရ‌ေအာင်လုပ်ထားသူများအ‌ေနနှင့်လဲအမြင်မှန်ရပြီးမိမိရဲ့မ‌ေကာင်းတဲ့အကျင့်ဆိုးကိုပြင်ခါတဖက်သားကိုပြန်ပြီးလွှတ်‌ေမြာက်‌ေအာင်လုပ်‌ေပးပါ၊‌ေသပြီး‌ေနာင်ရင်ဆိုင်ကြံု‌ေတွရမယ့်စာရင်းအင်းစစ်‌ေကြာ‌ေမးမြန်းခံရမယ့်‌ေန့ကိုသတိရပါ၊မ‌ေမ့‌ေလျာ့လိုက်ပါနဲ့။
မတရားခံနေရသူ၊ဆာ‌ေလာင်‌ေနသူ၊ကျန်းမာ‌ေရးမ‌ေကာင်းဖြစ်‌ေနသူ‌ေတွကိုကူညီနိုင်ပါလျက်လက်ပိုက်ကြည့်မနေဖို့အစ်လာမ်သာသနာကတိုက်တွန်းထားတာဖြစ်ပါတယ်။

အိုاللهအရှင် ကျွန်တော်တို့တသွေအားသာသနာ့အဆုံးအမ၊သွန်သင်ချက်တွေအတိုင်းလိုက်နာနိုင်စွမ်းချီးမြင့်ပါ
အာမီးန်

28/02/2024

သတိပြုကြ မွတ်စ်လင်များ
ရုပ်ခန္ဓာမသန့်ရှင်းက
ဆွလားသ်အရာမထင်ပါ
ရှာဖွေပစ္စည်းမသမာက
လှူတဲ့အလှူမမြောက်ပါ
မြတ်တမန်တော်صلى الله عليه وسلم
အမိန့်ရှိသည်မှာ ခန္ဓာကိုယ်မသန့်ရှင်းပဲ
ဆောက်တည်တဲ့ဆွလားသ်နှင့်မသမာသောနည်းလမ်း(တရားတော်ကတားမြစ်ထားသောပုံစံဖြင့်ရှာဖွေရရှိလာသောငွေကြေးဖြင့်)လှူဒါးန်သောအလှူကိုအလ္လာဟ်အရှင်မြတ်လက်ခံတော်မမူပေ။
အိုမိတ်ဆွေ။ အသင်ဟာစစ်မှန်‌ေသာမွတ်စ်လင်မ်ဖြစ်ဖို့ရာသာသနာ့လမ်းညွှန်ချက်အတိုင်းဘဝကိုကျင့်ကြံဆောက်တည်ဖို့ရာလိုအပ်ပေသည်။
ဆွလားသ်ဟာသာသနာရဲ့အဓိကအုတ်မြစ်ဖြစ်သည်၊ယင်းဆွလားသ်မှန်ကန်ဖို့اللهအရှင်လက်ခံဖို့ဆွလားသ်မတည်ဆောက်ခင်တရား‌ေတာ်ကပြသထားတဲ့အတိုင်းခန္ဓာကိုယ်သန့်ရှင်းဖို့လိုအပ်ပေသည်။သို့မှသာရုပ်ရောနာမ်ပါစင်ကြယ်သန့်ရှင်းပါလိမ့်မည်။
၎င်းနည်းတူအများသူငှါအကျိုးဖြစ်စေငြားဆိုပြီးရည်ရွယ်ကာလုပ်တဲ့ကိစ္စတိုင်းအကျိုးဖြစ်ထွန်းဖို့ရာاللهအရှင့်နှစ်သက်လက်ခံဖို့ရာအသင်ရှာဖွေထားတဲ့ငွေကြေးစင်ကြယ်ဖို့၊မသမာသောနည်းလမ်းဖြင့်တနည်းဆိုရသော်(ခိုးဝှက်ပြီး၊လိမ်ညာပြီး၊တပါးသူကိုနှိင့်ထက်စီးနှင်းလုပ်ပြီး၊မတော်မတရားလုပ်ပြီး)ရှာဖွေထားသောငွေကြေးမဖြစ်ဖို့အလွန်အရေးကြီးပေသည်။မျက်မှောက်ခေတ်မှာကျွန်တော်တို့ရဲ့လူမှုဘဝတွေနှိမ့်ကျနေတာ၊မတိုးတက်တာ၊အများအကျိုးဖြစ်ထွန်းအောင်မဆောင်ရွက်နိုင်တာတွေ၊အစရှိသောကိစ္စရပ်များဟာကျွန်တော်တို့ရဲ့လုပ်ရပ်တွေမမှန်ကန်လို့၊ရှာဖွေစုဆောင်းထားတာတွေမမှန်ကန်လို့၊မသန့်ရှင်းတဲ့ပိုက်ဆံ‌ေတွနဲ့အလှူ‌ေတွလုပ်‌ေနလို့ဖြစ်ကြောင်းအထက်ပါဟဒီးစ်တော်အရသိရှိရပေသည်။အလ္လာဟ်အရှင်ကျွန်တော်တို့တသွေအားမှန်ကန်သောတရားစစ်၊တရားမှန်ကိုမြင်တွေ့ပြီးလက်တွေ့ကျင့်ကြံနိုင်စွမ်းချီးမြင့်တော်မူပါစေ။ အာမီးန်

25/02/2024

အွမ်မသ်ကိုလမ်းမှားအောင်လုပ်နေတဲ့
အာလင်မ်ဆိုးများသတိပြုကြလေကုန်

1/ကွယ်လွန်ပြီးနောက်အသင်သိရှိနားလည်ခဲ့တဲ့အစ်လ်လင်မ်ပညာနဲ့ဘာလုပ်ခဲ့သလဲဆိုတဲ့မေးခွန်းကိုအသင်အမေးခံရမည်ကိုမမေ့လေနှင့်၊သတိပြုပါ၊အလ္လာဟ်ကိုအကြောက်တရားထားပါ။
عن أبي بَرْزَةَ نَضْلَةَ بن عبيد الأسلمي رضي الله عنه مرفوعاً: «لا تَزُولُ قَدَمَا عَبْدٍ يَومَ القِيَامَةِ حَتَّى يُسْأَلَ عَنْ عُمُرِهِ فِيمَ أَفْنَاهُ؟ وَعَنْ عِلْمِهِ فِيمَ فَعَلَ فِيهِ؟ وَعَنْ مَالِهِ مِنْ أَيْنَ اكْتَسَبَهُ؟ وفِيمَ أَنْفَقَهُ؟ وَعَنْ جِسْمِهِ فِيمَ أَبْلَاهُ؟».
[صحيح] - رواه الترمذي والدارمي
2/သာသနာ့အသိပညာပိုင်းဆိုင်ရာကိစ္စရပ်များမှာအထောက်အထားများကိုအလွဲသုံးစားပြု ခယာနသ်မလုပ်ပါနဲ့၊အမှန်တရားကိုဖုံးကွယ်ဖို့မကြိုးစားကြပါနဲ့။
အလ္လာဟ်အရှင့်ရဲ့လအ်နသ်ကိုအသင်ကြောက်ပါ။
ဂျဟန်နမ်ငရဲမီးနဲ့နဖါးကြိုးထိုးခံရမှာကိုမမေ့လေနှင့်။ اللهم أجرنا من النار

♦ ﴿ إِنَّ الَّذِينَ يَكْتُمُونَ مَا أَنْزَلْنَا مِنَ الْبَيِّنَاتِ وَالْهُدَى مِنْ بَعْدِ مَا بَيَّنَّاهُ لِلنَّاسِ فِي الْكِتَابِ أُولَئِكَ يَلْعَنُهُمُ اللَّهُ وَيَلْعَنُهُمُ اللَّاعِنُونَ ﴾ البقرة: 159

-((من سُئل عن علمٍ فكتمه ألجمه اللهُ بلِجامٍ من نارٍ يومَ القيامةِ))
الراوي : أبو هريرة | المصدر : صحيح أبي داود
الصفحة أو الرقم: 3658 | خلاصة حكم المحدث : حسن صحيح
التخريج : أخرجه أبو داود (3658) واللفظ له، والترمذي (2649)، وابن ماجه (266)، وأحمد (7571).
3/ကွရ်အားန်အကြောင်းပြောယင်အူလူးမွလ်ကွရ်အားန်နဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုတော့နားလည်ထားဖို့လိုအပ်ပါတယ်။
ဟဒီးစ်အကြောင်းပြောယင်လဲ
အူလူမွလ်ဟဒီးစ်ပညာရပ်ကိုနားလည်ဖို့တော့လိုပါတယ်။ထိုပညာရပ်များကို
နားမလည်ပဲ(သို့)သိပါသော်လည်းလက်ညှိုးထောင်ခေါင်းငြိမ့်၊ပုဂ္ဂိုလ်စွဲ၊ဝါဒစွဲတွေနဲ့သာသာနာကိုမိမိလုပ်ချင်တဲ့ပုံစံနဲ့ပုံဖေါ်ဖို့၊သာသနာ့ကျင့်စဥ်‌ေတွသက်မှတ်ပြဌါးန်ဖို့မကြိုးစားပါနဲ့။
လုပ်ချင်တာလုပ်ယင်အလုပ်ကော၊လုပ်သူကောအလ္လာဟ်အရှင့်ထံမှာအပယ်ခံပဲလို့မြတ်တမန်တော်صلى الله عليه وسلم
မိန့်ချွေထားတာကိုမမေ့လေနှင့်။
((من أحدَث في أمرِنا – أو دينِنا – هذا ما ليس فيه فهو رَدٌّ . وفي لفظٍ ( من عمل عملًا ليس عليه غيرُ أمرِنا فهو رَدٌّ))
الراوي : عائشة أم المؤمنين | المحدث : ابن تيمية | المصدر : نظرية العقد | الصفحة أو الرقم : 14 | خلاصة حكم المحدث : صحيح | التخريج : أخرجه البخاري (2697)، ومسلم (1718) باختلاف يسير

4/တမန်တော်မြတ်صلى الله عليه وسلم
ကသူ့အွမ်မသ်အတွက်မကွယ်လွန်မီကတည်းကတွေးပူခဲ့ရတယ်၊သူ့အွမ်မသ်ကိုလမ်းမှားဘက်တွန်းပို့မယ့်အာလင်မ်ဆိုးအာလင်မ်ယုတ်တွေပေါ်လာမှာကိုကြိုသတိပေးခဲ့တယ်။
မျက်မှောက်ခေတ်မှာ‌ေတွ့မြင်‌ေနရတဲ့အခြေအနေကဘယ်လောက်ထိတောင်ဆိုးဝါးလွန်းလဲဆိုယင်အာလင်မ်တွေကိုစနဒ်ပေးတဲ့အခမ်းအနားမှာတောင်ဟဒီးစ်တွေကိုရှင်းပြတဲ့ဆရားကြီးလို့သက်မှတ်ခံထားရတဲ့သူကိုယ်တိုင်ကကွရ်အားန်၊ဟဒီးစ်နဲ့ဆန့်ကျင်တဲ့၊လူမှုကျင့်ဝတ်၊လူ့ပတ်ဝန်းကျင်နဲ့ဆန့်ကျင်တဲ့အကျည်းတန်တဲ့စကားတွေကိုလူပေါင်းများစွာအရှေ့မှာအာပေါင်အာရင်း တန်တန်ပြောဆိုနေတာကို ဝမ်းနည်းစွာ၊အော့နှလုံးနာစွာတွေ့မြင်နေရတယ်။
တားမြစ်မယ့်သူမရှိ၊ဆုံးမမယ့်သူမရှိ၊လက်ခုပ်၊လက်ဝါးတီးအား‌ေပးမည့်သူသာရှိဆိုတဲ့အခြေအနေ၊‌ေခတ်ကာလကိုဆိုက်ရောက်နေသလားအောက်မေ့ရသလိုဖြစ်‌ေနတယ်။
- إنَّما أخافُ علَى أمَّتي الأئمَّةَ المضلِّينَ قالَ وقالَ رسولُ اللهِ صلَّى اللَّهُ عليهِ وسلَّمَ لا تزالُ طائفةٌ من أمَّتي علَى الحقِّ ظاهرينَ لا يضرُّهم من خذلُهم حتَّى يأتيَ أمرُ اللَّهِ
الراوي : ثوبان مولى رسول الله صلى الله عليه وسلم | المحدث : الألباني | المصدر : صحيح الترمذي | الصفحة أو الرقم : 2229 | خلاصة حكم المحدث : صحيح
لا تَزالُ طائِفَةٌ مِن أُمَّتي ظاهِرِينَ علَى الحَقِّ، لا يَضُرُّهُمْ مَن خَذَلَهُمْ، حتَّى يَأْتِيَ أمْرُ اللهِ وفي رواية: وهُمْ كَذلكَ.
الراوي : ثوبان مولى رسول الله صلى الله عليه وسلم | المحدث : مسلم | المصدر : صحيح مسلم
الصفحة أو الرقم: 1920 | خلاصة حكم المحدث : [صحيح]

عن أبي سعيدٍ الخدري رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: ((من رأى منكم منكرًا، فليغيره بيده، فإن لم يستطع فبلسانه، فإن لم يستطع فبقلبه، وذلك أضعف الإيمان))؛ رواه مسلم

အလ္လာဟ်အရှင်ကျွန်တော်တို့တသွေအား
သာသနာအပေါ်မြဲမြံစွာရပ်တည်နိုင်စွမ်း၊အမှန်တရားကိုသိရှိပြီးလက်တွေ့ကျင့်ကြံနိုင်စွမ်း၊အမှားကိုသိရှိပြီးရှောင်ကျဉ်နိုင်စွမ်း၊အာလင်မ်ဆိုး၊အာလင်မ်ယုတ်များ၏ဖိသ်နာဆိုးမှလွှတ်‌ေမြာက်နိုင်စွမ်းချီးမြင့်တော်မူပါစေ (အာမီးန်)

Photos from Al-Haramain Islamic Institute's post 19/02/2024

ဘာသာရေးဆိုင်ရာ သရော်စာများ
အိမားန်မပျက်ဖို့ သတိတရားထား
ရှောင်ကျဉ်ကြစို့ မွတ်စ်လင်မ်များ

ကျမ်းတော်မြတ်ကွရ်အားန်တွင်အလ္လာဟ်အရှင်မိန့်မှာထားလေသည်မှာ။
أَلَمْ يَعْلَمُوٓا۟ أَنَّهُۥ مَن يُحَادِدِ ٱللَّهَ وَرَسُولَهُۥ فَأَنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدًا فِيهَا ۚ ذَٰلِكَ ٱلْخِزْىُ ٱلْعَظِيمُ
ကုရ်အာန် (၉:၆၃)
9|63| ဧကန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဖက်ပြုပါလျှင် မလွဲဧကန် ထိုသူ၏အဖို့ ငရဲမီးသာလျှင်ရှိ၍ ထိုငရဲမီးတွင် ထာဝစဉ်နေထိုင်လျက်ရှိချေမည်။ ဤကား ကြီးကျယ်လှစွာသော ကျိုးယုတ်ရှက် ရစေခြင်းပင် ဖြစ်သည်ကို ထိုမုနာဖစ်က်များသည် (ယခုထက်တိုင်)မသိကြသေးသလော။
وَلَئِن سَأَلْتَهُمْ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلْعَبُ ۚ قُلْ أَبِٱللَّهِ وَءَايَٰتِهِۦ وَرَسُولِهِۦ كُنتُمْ تَسْتَهْزِءُونَ
ကုရ်အာန် (၉:၆၅)
9|65| စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား စစ်ဆေးမေးမြန်းခဲ့ပါလျှင် ဧကန်မလွဲ ၎င်းတို့ကကျွန်ုပ်တို့သည် အပျော်အပျင်းပြေစကား ပြောဆိုလျက်သာရှိကြပါသည်၊ ၎င်းပြင် ကျွန်ုပ်တို့သည် ရယ်စရာပြောဆိုလျက်သာ ရှိကြပါသည် ဟု ဖြေကြားလတ္တံ့။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏အာယတ်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ပြက်ရယ်ပြောင်လှောင်ကြလေသလော။
لَا تَعْتَذِرُوا۟ قَدْ كَفَرْتُم بَعْدَ إِيمَٰنِكُمْ ۚ إِن نَّعْفُ عَن طَآئِفَةٍ مِّنكُمْ نُعَذِّبْ طَآئِفَةًۢ بِأَنَّهُمْ كَانُوا۟ مُجْرِمِينَ
ကုရ်အာန် (၉:၆၆)
9|66| အသင်တို့သည် (အချည်းနှီး) အကြောင်း မပြုကြကုန်လင့်။ စင်စစ်ဧကန် အသင်တို့သည် မိမိတို့ အီမာန်သက်ဝင်ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြလေပြီ၊ အကယ်၍ ငါအရှင်မြတ်သည် အသင်တို့အနက် လူတစ်စုကို ခွင့်လွှတ်တော်မူငြားအံ့လည်း အခြားလူတစ်စုကိုမူကား ပြစ်ဒဏ် ပေးတော်မူမည်သာ ဖြစ်သည်။အကြောင်း သော်ကား ၎င်းတို့သည် ပြစ်မှု ထင်ရှားသောသူများဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ-14)
((ဘာသာပြန် သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့))

အို မိတ်ဆွေ။ အသင့်အနေနှင့်နှုတ်စည်းမစောင့်ပဲစကားဖြစ်ယင်ပြီးရောဆိုပြီး
အလ္လာဟ်အရှင်နှင့်အရှင့်ရစူးလ်
صلى الله عليه وسلم
အရှင့်ရစူးလ်صلى الله عليه وسلمရဲ့စွန္နသ်တော်၊ဟဒီးစ်တော်များ၊ဘာသာ၊သာသနာနဲ့သက်ဆိုင်သောကိစ္စရပ်များ
ဥပမာ။ သောင်ဟီးဒ်တပါးတည်း‌ေသာအရှင်နှင့်ပတ်သက်ပြီး၊ဟိဂျားဘ်
နည်းကျဝတ်စားဆင်ယင်ခြင်း၊မုတ်ဆိတ်ထားခြင်း၊ဂျန်နသ်၊ဂျဟန်နမ်၊ဆွလားသ်၊ဇကားသ်၊ကွရ်ဘာနီအစရှိ‌ေသာဘာသာ‌ေရးဆိုင်ရာကျင့်စဥ်ကျင့်ရပ်များနှင့်ပတ်သက်ပြီးလှောင်သလို၊ပြောင်သလို၊သရော်သလိုဘယ်သောအခါမှမလုပ်မိလေနှင့်၊ဤလုပ်ရပ်များကြောင့်အသင်ဟာသာသနာ့‌ေဘာင်အပြင်ကိုရောက်သွားပြီး မွရ်သဒ်ဘာသာပျက်ဖြစ်သွားနိုင်သလို၊အိမားန်ပျက်ပြီးကွဖ်ရ်အလ္လာဟ်အရှင်နှင့်အရှင့်ရစူးလ်صلى الله عليه وسلمကိုငြင်းပယ်သူအခြေအနေ
အဆင့်ထိပါဆိုးဝါးစွာရောက်ရှိသွားနိုင်ပါတယ်။
((၎င်း လုပ်ရပ်ဆိုးများ၏သက်ရောက်မှုကိုသိပါလျက်နှင့်ကျူးလွန်ပါကဘာသာပျက်ဖြစ်၊အိမားန်ပျက်၍ကာဖိရ်ဖြစ်သွားပေလိမ့်မည်))

အို မိတ်ဆွေ။
အသင့်အနေနှင့်ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင်အမှန်၊အမှားခွဲခြားသိမြင်နိုင်ခြင်းမရှိပဲမ‌ေကာင်း‌ေပြာဆိုခြင်း၊ပြစ်တင်ရှုတ်ချခြင်း၊နှုတ်စည်းမစောင့်အာချောင်ခြင်း၊ပါးစပ်သရမ်းခြင်း၊
လက်သရမ်းခြင်း(မသိ၊နားမလည်၊
မတက်ကျွမ်းပဲထင်သလိုမြင်သလိုဘာသာရေးစာပေရေးသားခြင်း၊မျှဝေခြင်း၊စာပေအဆိပ်ခတ်ခြင်း)စသည်တို့ကိုရှောင်ကျဉ်ပါ၊သတိပြုပါ။

ကျွန်တော်တို့တသွေအားအလ္လာဟ်အရှင်ယင်းအခြေအနေဆိုးများမှကာကွယ်၊ထိန်းသိမ်း၊စောင့်ရှောက်တော်မူပါစေ
(အာမီးန်)

07/02/2024

လူတွေထွင်ထားတဲ့ဘာသာ‌ေရးအမည်ခံကျင့်စဥ်၊ကျင့်ရပ်များမှရှောင်ကျဥ်နိုင်ရန်သတိ‌ေပးနှိုး‌ေဆာ်ထားတဲ့ကိုယ်တော်မြတ်صلى الله عليه وسلم ရဲ့ရွှေနှုတ်စကား။
((ကျွန်ုပ်(အလ္လာဟ်အရှင့်နဗီ)သည်အသင်တို့အားဂျန်နသ်ကို(ဝင်ခွင့်ရဖို့)နီးကပ်စေမည့်အမလ်ကျင့်စဉ်များကိုအမိန့်‌ေပး(ပြဌါးန်)ခဲ့သလို၊ဂျဟန်နမ်ငရဲမီးထဲ(ကျစေမယ့်)ငရဲမီးနဲ့နီးကပ်စေမယ့်လုပ်ရပ်များမှလဲ(အသင်တို့ရှောင်ကျဉ်နိုင်ရန်အထူးသတိပေး)တားမြစ်ခဲ့ပေသည်)))
သိရသည်မှာ။
သာသနာသည်ပြီးပြည့်စုံခဲ့ပြီ။
အပို၊အလိုမရှိပေ။
လူတွေထွင်ထားတဲ့လုပ်ရပ်တွေနဲ့သာသနာ့လမ်းစဉ်တခုသဖွယ်ကျင့်မူဆောင်ရွက်ပြီးဂျန်နသ်ထဲဝင်ဖို့စိတ်ကူးမယ်ဆိုယင်
ကိုယ်တော့်ရဲ့ ရွှေနှုတ်စကားတခွန်းကိုသတိရလေကုန်((ငါကိုယ်တော်မလုပ်ခဲ့တဲ့အလုပ်ကိုသာသနာ့လမ်းစဉ်သဖွယ်လုပ်လာမယ်ဆိုယင်လုပ်‌သူကော၊လုပ်ရပ်ပါاللهအရှင့်ထံပါအပယ်ခံဖြစ်မည်))
အိုးမိတ်ဆွေ။ ။ သာသနာ‌ေရးဆိုင်ရာပြဌါးန်ချက်၊လုပ်ရပ်၊ကျင့်စဉ်၊ကျင့်ရပ်များဟာ
ကွရ်အားန်၊ဟဒီးစ်နဲ့ကိုက်ညီဖို့လိုအပ်သည်ကိုဒီဟဒီးစ်တော်များကမီးမှောင်းထိုးပြနေပါတယ်။
الله အရှင်
ကျွန်တော်တို့တသွေအားဘာသာသာသနာနဲ့သက်ဆိုင်သောကိစ္စရပ်အဝဝမှာတရားသစ်တီထွင်သလိုဖြစ်သောကိစ္စရပ်များမှရှောင်ကျဉ်နိုင်စွမ်းချီးမြင့်ပြီး၊တရားစစ်၊တရားမှန်ကိုပြသပေးသနားတော်မူပါစေ(အာမီးန်)

Photos from Al-Haramain Islamic Institute's post 08/01/2024

မြတ်တမန်တော်မိန့်မှာထား
အရက်မသောက်ရပိတ်ပင်တား
ပြစ်မှုအပေါင်းရင်းမြစ်ဟာ
အရက်သေစာသောက်ခြင်းပါ
သောက်သူ၊လုပ်သူ၊
ရောင်းသူ၊ဝယ်သူငရဲမီးလား၊
ဆောက်တည်ဆွလားသ်
အလဟသအကျိုးမဲ့သွား

အရက်သေစာသောက်စားခြင်းဟာအလွန်ဆိုးကျိုးများတဲ့ကိစ္စရပ်၊လုပ်ရပ်ဖြစ်ပါတယ်။
တမန်တော်မြတ် صلى الله عليه وسلم
အမိန့်ရှိထားသည်မှာ
1/အသင်အရက်မသောက်လေနှင့်၊အရက်(သောက်ခြင်း)ဟာပြစ်မှု(မကောင်းမှုအပေါင်းကိုကျူးလွန်မိအောင်ပြုလုပ်ပေးမယ့်)သော့တံဖြစ်တယ်။
2/မုချဧကန် လူသားများသည်အရက်သေစာများကိုသောက်သုံးလာကြပြီး၊ယင်းအရက်သောက်သုံးခြင်းကို(အရက်ကို)အခြားသောအမည်များဖြင့်မှည့်ခေါ်လာကြပေလိမ့်မည်။
3/အရက်ဟာပြစ်မှုမ‌ေကာင်းမှုအပေါင်း၏ရေသောက်မြစ်ဖြစ်၏။
အရက်သေစာသောက်စားသူ၏ဆွလားသ်ကိုရက်လေးဆယ်တိုင်တိုင်(အလ္လာဟ်အရှင့်ထံပါ)လက်ခံခြင်းခံရမည်မဟုတ်။
အကြင်သူတဦးတယောက်ဟာကွယ်လွန်ချိန်မှာသူ၏ဝမ်းဗိုက်ထဲ၌အရက်သေစာရှိနေယင်(အရက်သောက်ပြီးကွယ်လွန်သွားလျင်)သူဟာဂျာဟိလိယားသ်ပုံစံ(အစ်လာမ်သာသနာမပေါ်ပေါက်ခင်ရှိခဲ့သည့်အမှောင်၊အမိုက်ခေတ်ကလူများကွယ်လွန်)သေဆုံးသူအလားဖြစ်ပေမည်။
4/တမန်တော်မြတ်صلى الله عليه وسلمသည်အရက်ပြုလုပ်‌ေပးသူ၊ညှစ်‌ေပးသူ၊ငှဲ့ပေးသူ၊သောက်သူ၊သယ်‌ေပးသူ၊မှာယူသူ၊ရောင်းသူ၊ဝယ်သူ၊အရက်ရောင်းပြီးရလာတဲ့အခကြေးငွေဖြင့်စားသုံးသူ၊ဝယ်ခိုင်းသူ
အားလုံးတို့အပေါ်လအ်နသ်ကျိန်ဆဲထားပေသည်။
အို မိတ်ဆွေ။
အသင်ဟာအလ္လာဟ်အရှင်ရွံ့မုန်းတဲ့ဤလုပ်ရပ်ဆိုးကိုရှောင်ကျဉ်ပါ၊အားပေးအားမြှောက်မလုပ်ပါနဲ့၊အရက်သေစာနဲ့ပတ်သက်ဆက်နွယ်သည့်အရာတိုင်းကိုاللهအရှင်ကဟရားမ်ပြစ်မှုကြီးအဖြစ်တားမြစ်ထားပေသည်။အရက်ဟာမကောင်းမှုအပေါင်းကျူးလွန်ဖို့လှုံ့ဆော်တဲ့အရာတခုဖြစ်ကြောင်း၊ပြစ်မှုအပေါင်း၏ရေသောက်မြစ်ဖြစ်ကြောင်းသာသနာကအတိအလင်းသွန်သင်၊လမ်းပြပေးထားပေမယ့်
မျက်မှေက်ခေတ်ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်မှာအရက်ကိုနံမယ်အမျိုးမျိုးတပ်ပြီးရောင်းဝယ်ဖောက်ကား၊ဖြန့်ချိ၊သုံးဆောင်၊အားပေးအားမြှောက်လုပ်နေတာကိုနေရာတိုင်း၊အခြေအနေတိုင်းမှာ၊ယုတ်အစွဆုံးမိတ်‌ေဆွ၊မိသားစု၊သူငယ်ချင်း‌ေတွ့ဆုံပွဲ‌ေတွကအစအရက်ပါမှပြည့်စုံတာမျိုး၊အရက်ပွဲ‌ေလးနဲ့တည်ခင်းဧည့်‌ခံ‌ေပးပါတယ်ဆိုပြီးမွတ်စ်လင်မ်ဟုတဖွဖွ‌ေပြာဆို‌ေနသူ‌ေတွကပင်လုပ်‌ေဆာင်ဖိတ်‌ေခါ်‌ေနတာကိုအလွန်ဝမ်းနည်း‌ေကြကွဲဖွယ်တွေ့မြင်နေရပေသည်။
الله
အရှင်ကျွန်တော်တို့တသွေအားဤအခြေအနေဆိုး၊အဖြစ်ဆိုးမှာကယ်တင်စောင်မတော်မူပါစေ(အာမီးန်)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon