K Engineering Training Center

K Engineering Training Center

Share

K Education Center

08/05/2026

Auto CAD ပညာကို သင်ယူထားသူ (ဒီဇိုင်းနာ)တစ်ယောက်အတွက် အားသာချက်များ -
1. Professional ဆန်ခြင်း : သင့်ရဲ့ ဒီဇိုင်းအိုင်ဒီယာတွေကို လက်နဲ့ဆွဲပြတာထက် ကွန်ပျူတာနဲ့ သေသပ်စွာ Drafting လုပ်ပြနိုင်တာက Customer တွေရဲ့ ယုံကြည်မှုကို ပိုရစေပါတယ်။
2. အမှားပြင်ရလွယ်ခြင်း: ဒီဇိုင်းတစ်ခုကို အကြိမ်ကြိမ် ပြင်ဆင်ရတဲ့အခါ AutoCAD က အချိန်ကုန်သက်သာစေပြီး တိကျတဲ့အတိုင်းအတာ (Accuracy) ကို ပေးနိုင်ပါတယ်။
3. အခြား Software များနှင့် ချိတ်ဆက်နိုင်မှု: AutoCAD မှာဆွဲထားတဲ့ 2D ပုံတွေကို SketchUp သို့မဟုတ် 3ds Max လိုမျိုး 3D Software တွေထဲကို ထည့်သွင်းပြီး အသက်ဝင်တဲ့ ဒီဇိုင်းတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။
စစ်မှန်တဲ့ Interior Designer တစ်ယောက်ဖြစ်ဖို့ဆိုရင် AutoCAD ဟာ သင့်ရဲ့ အဓိက လက်နက်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အတွင်းပိုင်းအလှဆင်ခြင်း နယ်ပယ်မှာ AutoCAD ကို အောက်ပါအတိုင်း အဓိက အသုံးချရပါတယ် -
• အသေးစိတ် အခင်းအကျင်း ရေးဆွဲခြင်း (Detailed Floor Plans): နံရံတွေရဲ့ အထူ၊ တံခါးနဲ့ ပြတင်းပေါက် တည်နေရာတွေကို အတိအကျ ရေးဆွဲနိုင်ပါတယ်။ ဒါဟာ ပရိဘောဂတွေ နေရာချဖို့အတွက် အခြေခံအကျဆုံး အဆင့်ဖြစ်ပါတယ် ။
• အဆောက်အဦးရဲ့ Elevations & Sections: အခန်းတစ်ခန်းရဲ့ နံရံမျက်နှာပြင် ဒီဇိုင်းတွေ၊ ဗီရို (Cabinet) ဒီဇိုင်းတွေနဲ့ အမြင့်ပိုင်း ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ဘေးတိုက်မြင်ကွင်းကနေ တိတိကျကျ ရေးဆွဲနိုင်ပါတယ် ။
• အဆောက်အဦးရဲ့ Lighting & Electrical Layouts: မီးဆိုင်းတွေ ဘယ်နေရာမှာ ထားမလဲ၊ Switch တွေ ဘယ်နားမှာ တပ်မလဲဆိုတာကို Drawing ပေါ်မှာ အမှတ်အသားပြုပြီး ကန်ထရိုက်တာတွေ နားလည်အောင် ပြသနိုင်ပါတယ် ။
• အဆောက်အဦးရဲ့ ကုန်ကျစရိတ် တွက်ချက်ခြင်း (Estimation): AutoCAD ရဲ့ တိုင်းတာမှုစနစ်တွေကြောင့် အခန်းရဲ့ ဧရိယာ (Square feet) ကို အလွယ်တကူ သိနိုင်ပြီး ကြွေပြားဘယ်နှချပ်ကုန်မလဲ၊ ဆေးဘယ်နှပုံး သုံးရမလဲဆိုတာကိုပါ တိကျစွာ တွက်ချက်နိုင်ပါတယ်။



Send a message to learn more

08/05/2026

AutoCad ကို ဘယ်လိုလူတွေ သင်ယူသင့်သလဲ?

AutoCAD ဟာ အဓိကအားဖြင့် ဒီဇိုင်းနဲ့ ပုံစံထုတ်လုပ်ခြင်း (Design & Drafting) နယ်ပယ်မှာ လုပ်ကိုင်ချင်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Tool တစ်ခုပါ။ အောက်ပါလူပုဂ္ဂိုလ်တွေ အဓိက သင်ယူသင့်ပါတယ် -
အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ: Civil, Architecture, Mechanical, Electrical နှင့် Plumbing (MEP) နယ်ပယ်မှ ကျွမ်းကျင်သူများနှင့် ကျောင်းသား/သူများ အတွက် မရှိမဖြစ်လိုအပ်ပါသည်။အထူးသဖြင့် အဆောက်အအုံပုံစံတွေ၊ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ လျှပ်စစ်ပတ်လမ်းတွေကို တိတိကျကျ ရေးဆွဲဖို့အတွက် သင်ယူသင့်ပါတယ်။ အိမ်၊ အဆောက်အအုံတွေရဲ့ အခင်းအကျင်း (Floor Plans) နဲ့ အသေးစိတ်ဒီဇိုင်းတွေကို 2D/3D ရေးဆွဲဖို့အတွက် အခြေခံအကျဆုံး လိုအပ်ပါတယ်။

• ကျောင်းသား/သူများ: TU ၊ GTI နှင့် Private University များမှ အင်ဂျင်နီယာသင်တန်းသားများ။

ဒီဇိုင်နာများ (Interior Designers) : အိမ်ဆောက်လုပ်ရေးမှစ၍ အခန်းဖွဲ့စည်းပုံတွေ၊ ပရိဘောဂနေရာချထားမှုတွေကို အတိုင်းအတာ အတိအကျနဲ့ Layout ဆွဲနိုင်ဖို့ အသုံးပြုကြပါတယ်။

• လုပ်ငန်းခွင်ဝင်ရောက်မည့်သူများ နှင့် Drafters : ဆောက်လုပ်ရေးနှင့် Design company များတွင် ပုံဆွဲဝန်ထမ်း (Drafter) အဖြစ် လုပ်ကိုင်လိုသူများ သို့မဟုတ် Engineering ပိုင်းဖြင့် လုပ်ငန်းခွင် စတင်ဝင်ရောက်မည့်သူများအတွက် သင်ယူသင့်ပါသည်။

• Freelancer Designer များ : ကိုယ်ပိုင် Project များ လက်ခံရေးဆွဲလိုသူများ သို့မဟုတ် အဝေးရောက် (Remote) အလုပ်များ လုပ်ကိုင်လိုသူများအတွက် သင်ယူသင့်ပါသည်။

• အခြားနယ်ပယ်မှ စိတ်ဝင်စားသူများ : ပုံဆွဲခြင်းနှင့် ဒီဇိုင်း ပိုင်းကို စိတ်ဝင်စားပါက အင်ဂျင်နီယာမဟုတ်သူများလည်း လေ့လာသင်ယူနိုင်ပါသည်။ထုတ်ကုန်ဒီဇိုင်း ဖန်တီးသူများနှင့် ဖက်ရှင်ဒီဇိုင်နာများပင်လျှင် ပုံစံတူ (Prototypes) များ ဖန်တီးရန် အသုံးဖို့ သင်ယူသင့်ပါသည်။

• စိတ်ဝင်စားသူများ : AutoCAD ကို အခြေခံမှစ၍ Advanced Level အထိ လေ့လာလိုသူများနှင့် ပုံဆွဲဝါသနာပါသူများ။ အင်ဂျင်နီယာတွေ၊ ပုံဆွဲတာကို ဝါသနာ ပါတဲ့သူတွေ ၊ စိတ်ကူးထဲက ပန်းပင်နဲ့ အိမ် ခြံ ဝန်းလေးတွေ ကို အပြင်မှာ တကယ်လက်တွေ့ ဖြစ်လာအောင် Auto CAD software , SketchUp Software အသုံးပြုပြီး အကောင်အထည် ဖော်ကြည့်လို့ရပါတယ်။ လက်ဖြင့်ဆွဲခြင်းထက် ပိုမိုမြန်ဆန်ပြီး အတိုင်းအတာ တိကျမှု (Precision) ရှိခြင်းကြောင့် လုပ်ငန်းခွင်တွင် အမှားအယွင်းများကို လျှော့ချပေးနိုင်ပါတယ်။ AutoCAD ကို တတ်မြောက်ထားသူ တစ်ဦးအနေဖြင့် စာတွေ့သင်ခန်းစာများကို လက်တွေ့အသုံးချနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် ပိုမို ပွင့်လန်းလာမှာ ဖြစ်ပါတယ်။ ယနေ့ခေတ် အင်ဂျင်နီယာကုမ္ပဏီအများစုသည် AutoCAD ကျွမ်းကျင်သူများကို ဦးစားပေး ခေါ်ယူလေ့ရှိပြီး လစာပိုမိုရရှိနိုင်သည့် အခွင့်အရေးလည်း ရှိပါသောကြောင့် AutoCAD ကိုသင်ယူသင့်ပါတယ်။ အတိုချုပ်ပြောရရင် "အတိုင်းအတာ အတိအကျနဲ့ နည်းပညာပိုင်းဆိုင်ရာ ပုံဆွဲရတဲ့ မည်သည့်အလုပ်မျိုးမဆို" လုပ်ကိုင်ချင်တယ်ဆိုရင် AutoCAD ကို မဖြစ်မနေ သင်ယူထားသင့်ပါတယ်။
• K Education Learning Center မှာလည်း (online Class) များဖြင့် လေ့လာသင်ယူနိုင်ပါတယ်။



26/04/2026

Electrical background နဲ့ MEP ကို 6 months plan ဘယ်လိုလေ့လာမလဲ”

Electrical background ရှိပြီးသားဆိုရင် MEP ကို 6 months အတွင်း “job-ready level” နီးပါးရောက်အောင် လေ့လာနိုင်ပါတယ်—ဒါပေမယ့် consistent လုပ်ဖို့လိုပါတယ်။ အောက်မှာ လစဉ် plan လေးတစ်ခု ချပြမယ်

6-Month MEP Learning Plan (Electrical Background)
🟢 Month 1: MEP Overview + Electrical Basics for Building
Focus: Building Electrical System နားလည်မှု
Lighting system (lux level, types of lights)
Power distribution (DB, MDB, SMDB)
Cable types & wiring system
Basic load calculation
👉 Software: AutoCAD (basic drawing commands)
👉 Goal: Simple electrical layout တစ်ခုဆွဲနိုင်ရမယ်
🟢 Month 2: Electrical Design (MEP)
Focus: Design skill
Lighting layout design
Socket layout
Load schedule
Cable sizing & voltage drop 👉 Software: AutoCAD (advanced)
ETAP (basic intro)
👉 Goal: Small building electrical design complete လုပ်နိုင်ရမယ်။
🟢 Month 3: HVAC (Mechanical Basics)
Focus: Air conditioning system
HVAC system types (Split, VRF, Chiller)
Cooling load calculation (basic)
Duct system (layout + sizing)
👉 Software: Revit MEP (basic start)
👉 Goal: Simple AC layout နားလည်ပြီး drawing ဖတ်နိုင်လာပါလိမ့်မယ်။🟢 Month 4: Plumbing + Fire Fighting
Focus: Water system Water supply system
Drainage system
Fire fighting (sprinkler, pump)
👉 Goal: Plumbing drawing ကို နားလည်နိုင်ပြီး Basic pipe layout ဆွဲနိုင်လာပါလိမ့်မယ်။
🟢 Month 5: BIM + Coordination
Focus: Real MEP Work Style
Revit MEP (intermediate)
Clash detection (system မတိုက်မိအောင်)
MEP coordination
👉 Goal: 3D MEP model တစ်ခုလုပ်နိုင် ဆွဲနိုင်လာပါလိမ့်မယ်။
🟢 Month 6: Real Project + Site Knowledge
Focus: Job-ready
Full MEP project (Electrical + HVAC + Plumbing and Sanitary )
Shop drawing / As-built drawing
BOQ (Bill of Quantity)
👉 Extra: Site experience (internship / training)
Safety rules
👉 Goal: Portfolio (CV အတွက် projects) ပြင်ဆင်နိုင်ပါလိမ့်မယ်။
🔧 Daily Study Plan (Important)
1–2 hours/day
50% theory + 50% practice
Weekend → project work
🚀 Final Result (6 months ပြီးရင်)
မင်းအနေဖြင့်—Electrical MEP design လုပ်နိုင်လာနိုင်ပါလိမ့်မယ်။
Basic HVAC + Plumbing နားလည်လာပါမယ်။
AutoCAD + Revit အသုံးပြုနိုင်နိုင်ပါလိမ့်မယ်။
MEP Engineer job apply လုပ်နိုင်ပါတယ်။တစ်ချက်ပြောချင်တာက
6 months plan က “fast-track” ဖြစ်တဲ့အတွက် မလွယ်ကူးဘူး။ ဒါပေမယ့် နေ့တိုင်းလုပ်ရင် တကယ်ဖြစ်နိုင်ပါတယ်။

Engineer မောင်လေး၊ညီမလေးတို့ တိုးတက်အောင်မြင်ကြပါစေ။

25/04/2026

MEP Engineer တစ်ယောက်အတွက် ဘာတွေ လိုအပ်မလဲ...?

1. MEP Engineer တစ်ယောက်အတွက် office မှာဆို software skill လိုအပ်ပါတယ် —
AutoCAD (2D drawing)
Revit MEP (3D modeling)
ETAP (power calculation)
👉 Revit (BIM) သိရင် job market မှာ အလုပ်ရဖို့ အရမ်းအဆင်ပြေပါတယ်။

2. MEP Engineer တစ်ယောက်အတွက် site မှာဆို Technical Knowledge, Experience, Skills တွေလိုအပ်ပါတယ်။
⚙️ 1.Technical Knowledge
Load calculation (မီးအားတွက်ချက်ခြင်း)
Cable sizing
HVAC load calculation
Pipe sizing
Building codes & standards
👉 စံနှုန်းတွေ (IEC, NEC စတာတွေ) သိဖို့လိုအပ်ပါတယ်။

⚙️ 2. Site Experience
Construction site experience ရှိရမယ်။
Drawing နဲ့ actual work ကို ချိတ်ဆက်နားလည်ရမယ်။
Contractor, consultant နဲ့ အလုပ်လုပ်တတ်ရပါမယ်။
👉 Site မသိရင် MEP engineer မဖြစ်နိုင်သလောက်ပါပဲ။

⚙️ 3. Soft Skills
Communication (site မှာအရေးကြီးအချက်)
Problem-solving
Time management ဒါတွေ လေ့လာသင်ယူရန် လိုအပ်ပါတယ်။

⚙️ 4. Beginner အနေနဲ့ စတင်ဖို့ ဆိုရင်
AutoCAD ကို အရင်သင်ပါ
Electrical basic + building wiring လေ့လာပါ။
HVAC & plumbing basics လေ့လာပါ။
YouTube ကနေ လေ့လာလည်း ရပါတယ်။
ကိုယ်တိုင် Small drawing projects တွေလုပ်ပါ။
ကိုယ်နဲ့သိတဲ့ Project တွေရှိရင် Internship / site training ရှာပါ။
⚙️ 5 . Career Path
Junior MEP Engineer
MEP Design Engineer
MEP Site Engineer
Senior / Project Engineer / တစ်ခုသိထားရမယ်—
MEP Engineer က “office + site” နှစ်ခုလုံးလုပ်ရတာဖြစ်လို့ practical + software skill နှစ်ခုလုံး balanced ဖြစ်ရမယ်။

25/04/2026

MEP Engineerတစ်ယောက် အခြေခံ သိထားသင့်သည့် အချက်...

1.MEP System အခြေခံ
MEP မှာ သိထားရမယ့် system သုံးခု—
🔌 Electrical System
Lighting system
Power distribution system
Lightning Protection System
Elv System
🔌 Mechanical (HVAC) System
Air conditioning (AC)
Ventilation
Heating system
🚿 Plumbing and Sanitary System
Water supply
Drainage system
Fire fighting system

👉 သုံးခုလုံးကို basic တော့ နားလည်ထားရပါမယ်။

24/04/2026

Engineer တစ်‌ေယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ ...?
1. Problem-Solving Skills
ပြဿနာတွေကို စဉ်းစားဖြေရှင်းနိုင်မှု
Logical thinking (တစ်ဆင့်ချင်း စဉ်းစားနိုင်ခြင်
2.Technical Skills
Computer အသုံးပြုနိုင်မှု
Software tools (AutoCAD, programming languages စသည်)
Engineering tools တွေကို အသုံးပြုနိုင်ရမယ်
3.Communication Skills
Team နဲ့အလုပ်လုပ်နိုင်မှု
ကိုယ်လုပ်တဲ့အရာတွေကို ရှင်းပြနိုင်မှု
4.စိတ်အားထက်သန်မှု (Passion & Patience)
Engineering က ခက်ခဲတဲ့ field တစ်ခုဖြစ်လို့
စိတ်ရှည်ပြီး ဆက်လက်လေ့လာနိုင်ရမယ်
'ါတွေ မရှိမဖြစ်လိုအပ်ပါတယ်.

11/08/2024

Hello everyone
Engineer ဘဝကို စပြီးလျှောက်လမ်းမဲ့​လူငယ်လေးတွေ အတွက် ဘာတွေသင်ယူရမလဲ။ဘာတွေလေ့လာရမလဲ ဆိုတာကို ဒီ page ကနေ share လုပ်ပေးပါမည်။MEP Engineer တစ်ယောက်နဲ့ ပက်သက်တာတွေကို အလုပ်အားရင် အားသလို့ share လုပ်ပေးပါမည်။

13/08/2023

you can study this video.

13/08/2023

Grammar.... !

13/08/2023

Test your English!

12/08/2023

Prepositions...
ဒီvideo လေးကြည့်ပြီး မေးခွန်း letter လေးတွေဖြေနိုင်ကြပါစေ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon