Yadanarpon Academy Preschool

Yadanarpon Academy Preschool Age 3 to 5 years for preschooler

ကျွန်မတို့ရဲ့ Yadanarpon Academy Preschool မှ မကြာမီ ဖွင့်လှစ်တော့မည့် နွေရာသီ English 4 skills နှင့် International Math...
28/02/2023

ကျွန်မတို့ရဲ့ Yadanarpon Academy Preschool မှ မကြာမီ ဖွင့်လှစ်တော့မည့် နွေရာသီ English 4 skills နှင့် International Maths ကို စိတ်ဝင်စားကြသော မိဘများအတွက် သတင်းကောင်းလေး ပါရှင် ။

👫ကလေး အသက် ၆ နှစ်မှစ၍ သားသားမီးမီးလေးတို့အတွက် English 4 skills အပြင် International Maths ကို ကလေးတို့ရဲ့ level အလိုက် test စစ်ဆေးပြီးမှ ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက် များကို ဂရုစိုက်သင်ကြားပေးမှာ ဖြစ်ပါတယ်ရှင့်။

📖 သင်ရိုးညွှန်းတမ်းအနေဖြင့်
🏛 Cambridge University 🏛 မှ သင်ရိုးညွှန်းတမ်းအတိုင်းသင်ကြားပေးမှာဖြစ်ပါတယ်။

📝 အတန်းကိုတော့ 📝

🗓 06.03.2023 to 25.05.2023 🗓
📌 Every Monday to Thursday 📌
⏲ ညနေ 5:00PM to 6:30PM ⏲

ညနေ တစ်ချိန်သာ ရှိတာမို့ အမြန်ဆုံးစုံစမ်းအပ်နှံနိုင်ပါတယ်ရှင့်။

အသေးစိတ် သိရှိလိုပါက Yadanarpon Academy Preschool page နှင့် massager မှတဆင့် (သို့)
☎ 09 2626 345 46 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

🏛 Yadanarpon Academy Preschool🏛 မှ English Language အခြေခံသော Preschool လေးကို 1.2.2023 (February) လမှစ၍စတင်ဖွင့်လှစ်လို...
03/02/2023

🏛 Yadanarpon Academy Preschool🏛 မှ English Language အခြေခံသော Preschool လေးကို 1.2.2023 (February) လမှစ၍စတင်ဖွင့်လှစ်လိုက်ပါပြီ။ ၃နှစ်မှ ၅နှစ်အရွယ် သားသားမီးမီးတို့အတွက် English Language ကို ငယ်စဥ်မှစ၍ English (4) skills အခြေခံကောင်းရရှိစေရန်အတွက် International သင်ရိုးအတိုင်းကစားခြင်းဖြင့် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။

👉🏛 ဘာသာရပ်များအနေဖြင့် 🏛👈

📖 Myanmar (Mother Language)
📖 English (International)
📖 Maths (Myanmar and English)
🎨 Art and Crafts
🎼 Music
🤼‍♀️ Physical Exercises
👫 Social
🔍 Sciences and
⚖ Learning Activities များကို ကလေးချစ်တတ်ပြီးစိတ်ရှည်သော International Preschool အတွေ့အကြုံ ရှိ ဆရာမများက ကစားခြင်းဖြင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။

Yadanarpon Academy Preschool ကျောင်းလေးအကြောင်း ပိုမိုသိရှိလိုပါက
☎ 09 2626 345 46

သို့ ကျောင်းချိန်အတွင်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

အမှတ် ၁၀၄၁/ခ နဝရတ်လမ်းကျယ် ၉ရပ်ကွက် သာကေတမြို့နယ် ရန်ကုန် သို့လည်း ကျောင်းချိန်အတွင်း လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

တစ်နေကုန် ဖုန်းကြည့်၊ you tube ကြည့်ပြီးမြန်မာစကားတောင် မပြောတတ်ဘဲ ဘိုလိုတွေဘဲပြောတတ်တဲ့ ကလေးတွေ ဒီခေတ်အတော်ပေါလာပါပြီသာ...
30/05/2022

တစ်နေကုန် ဖုန်းကြည့်၊ you tube ကြည့်ပြီး
မြန်မာစကားတောင် မပြောတတ်ဘဲ ဘိုလိုတွေဘဲ
ပြောတတ်တဲ့ ကလေးတွေ ဒီခေတ်အတော်ပေါလာပါပြီ
သာမန်ကြည့်ရင် ကလေးကတော်လိုက်တာပေ့ါ
တကယ်တော့ screetime များပြီးside effects တွေပိနေတဲ့ ကလေးတွေ ဖြစ်လာတာပါ

သင်တန်းမှာလာတဲ့ အချို့ကလေးတွေ
အသက် ၅ နှစ်ပြည့်ပြီးတာတောင်
ခဲဖျက်တောင် လက်ထဲမြဲအောင် မကိုင်နိုင်တော့တာ
Grip တွေမကောင်းတော့တာ
Body က passive ဖြစ်ပြီး
သေးသေး လီလီ ဖြစ်နေတာတွေ
လက်တွေ့ မြင်နေရပါတယ် …

ဘိုစကားတတ်ဖို့က
တစ်နေ့နည်းနည်း သင်လည်းတတ်ပါတယ်
လောဘမကြီးပါနဲ့
ဖုန်းအပေးလွန်ပြီး
ကလေး physical/ mental abnormal ဖြစ်သွားတာက
ပိုဆိုးပါတယ်

♦️♦️♦️♦️♦️♦️

မိဘများအချိန်ပေးပြီးဖတ်ပေးပါရန်💕💕💕

ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်ကြပါရန်။မည် မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်။

ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။

Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ

ဦးနှောက်အားရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်းအာဟာရကို ပုံမှန်ကလေးများလို မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့ ကလေးအား
Phone, Tablet, Games, TV, ကာတွန်း စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြသနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်းခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက် ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့ အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ❤❤❤

မူကြိုပညာရေးက ဘာကြောင့် အရေးကြီးသလဲ? =========================ဦးနှောက်ဖွံ့ဖြိုးမှု-------------------မွေးကင်းစကနေ အသက် ၅...
19/05/2022

မူကြိုပညာရေးက ဘာကြောင့် အရေးကြီးသလဲ?
=========================

ဦးနှောက်ဖွံ့ဖြိုးမှု
-------------------

မွေးကင်းစကနေ အသက် ၅-နှစ်အထိ အရွယ် ကလေးငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုနှုန်းက အမြင့်မားဆုံးလို့ ပြောနိုင်ပါတယ်။

ဦးနှောက်ရဲ့ နျူရွန်ဆဲလ်တွေက မွေးကင်းစကနေ ၁-နှစ်သားအတွင်း နှစ်ဆလောက် တိုးပွားလာပြီး၊ ၃-နှစ်သား အရွယ်မှာဆိုရင် လူကြီးတစ်ဦးရဲ့ ဦးနှောက်ပမာဏရဲ့ ၈၀% လောက်ထိ ရောက်လာပါတယ်။

ထိုအတူပဲ နျူရွန်ဆဲလ်တွေက တစ်စက္ကန့်ကို တစ်သန်းနှုန်းလောက်နဲ့ ချိတ်ဆက်မှုတွေ ဖြစ်ပါတယ်။ ၂-နှစ် ၃-နှစ်သားအရွယ်မှာဆိုရင် နျူရွန်ဆက်ထုံး ပမာဏက လူကြီးတစ်ဦးမှာ ရှိသင့်တာထက် ၂-ဆလောက် ပိုပြီး ရှိနေပါတယ်။

၃-နှစ်ကနေ ၅-နှစ်အရွယ် ကလေးတွေရဲ့ ဦးနှောက်က တက္ကသိုလ်ကျောင်းသား တယောက်ထက် ၂-ဆလောက် ပိုပြီးအလုပ်လုပ်ရတယ်လို့ ဆိုနိုင်ပါတယ်။

အသက် ၃-နှစ်ကနေ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်တဲ့ အရွယ်အတွင်းမှာ အသုံးမပြုတဲ့ နျူရွန်ဆက်ထုံးတွေက ပြန်ပျောက်ကုန်ကာ၊ အသုံးများတဲ့ နျူရွန်ဆက်ထုံးက ပိုပြီး အသားကျခိုင်မာသွားပါတယ်။

ဒါကြောင့် ၃-နှစ်ကနေ ၅-နှစ်အရွယ်ကလေးတွေကို သူတို့အရွယ်နဲ့ သင့်တော်ပြီး အဓိပ္ပါယ်ရှိတဲ့ ကစားနည်းတွေ၊ ကဗျာရွတ်ဆို ကခုန်မှုတွေ၊ ပုံပြင်နားထောင်တာတွေနဲ့ သင်ယူစေတာက သူတို့ အနာဂတ် ပညာရေးအတွက် အကျိုးသက်ရောက်မှု အများကြီး ဖြစ်စေပါတယ်။

မွေးကင်းစကနေ အသက် ၅-နှစ်အထိ အရွယ်ကို ကလေးတွေရဲ့ ဖက်စုံဖွံ့ဖြိုးမှုအတွက် ပွင့်နေတဲ့ အခွင့်အလမ်း ပြူတင်းပေါက်များ (Windows of Opportunity) လို့ သတ်မှတ်ပါတယ်။

ဒီအချိန်မှာ ကလေးတွေရဲ့ ပညာရေးအတွက် ရင်းနှီးမြုတ်နှံခဲ့ရင် ရည်ရှည် အကျိုးဖြစ်ထွန်းမှု ပိုရနိုင်သလို၊ ဒီအခွင့်အလမ်း ပြူတင်းတံခါးတွေပိတ်သွားရင် ပိုပြီးခက်ခဲသွားနိုင်ပါတယ်။ စင်္ကာပူ၊ ဂျပန်၊ ဖင်လန်စတဲ့ နိုင်ငံတွေက ပညာရေးထိပ်တန်းရောက်နေရတဲ့ အကြောင်းရင်းတွေထဲမှာ အရေအသွေးမှီတဲ့ မူကြိုပညာရေးကို ရခဲ့ကြတာလည်း ပါပါတယ်။

ဒါကြောင့် အချို့နိုင်ငံတွေမှာဆိုရင် အစိုးရကနေ ဦးဆောင်ပြီး Early Child Care & Development လုပ်ငန်းတွေကို အလေးတယူဆောင်ရွက်လာတာ တွေ့ရပါတယ်။

စနစ်တကျ စီမံဖန်တီးထားသည့် သင်ယူမှု ပတ်ဝန်းကျင်
---------------------------------------------------------

၃-နှစ်ကနေ ၅-နှစ်အရွယ် ကလေးငယ်တွေက မူကြိုမထားဘဲ ကိုယ့်အိမ်မှာကိုယ် သင်ယူမှုတွေ လုပ်နိုင်ကြတယ် ဆိုပေမယ့်၊ မူကြိုထားတဲ့ ကလေးတွေမှာ ပိုပြီး အားသာတဲ့ အချက်တွေ ရှိပါတယ်။

အဓိကအားဖြင့်ကတော့ မူကြိုကျောင်းတွေက သူတို့ အရွယ်နဲ့ သင့်လျော်ပြီး သင်ယူမှုကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးထားနိုင်လို့ပါပဲ။

ရောင်စုံ ရုပ်ပုံကားချပ်တွေ၊ အသံတွေ၊ ကစားစရာတွေကို ကိုယ့်အိမ်မှာ ဖန်တီးပေးထားနိုင်တယ် ဆိုပေမယ့်လည်း၊ အခြားကလေးငယ်တွေနဲ့ အတူ ထိတွေ့ဆက်ဆံပြီး စနစ်တကျ စီမံထားတဲ့ စုပေါင်းကစားနည်းမျိုးတွေ၊ အုပ်စုဖွဲ့ သင်ယူမှုမျိုးတွေကိုတော့ မူကြိုကျောင်းတွေမှာပဲ ရနိုင်ပါလိမ့်မယ်။

ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု
------------------------------------------------------------

အခြားကလေးတွေ၊ ဆရာမတွေနဲ့ အတူ ရဲရဲဝံ့ဝံ့ ချိုချိုသာသာ စကားပြောဆက်ဆံတတ်ဖို့၊ တဖက်သားကို လေးလေးစားစား ဆက်ဆံတတ်ဖို့၊ ကိုယ်ချင်းစာတရား ရှိဖို့၊ ကစားစရာ စတဲ့ ပစ္စည်းတွေကို အတူမျှဝေ သုံးစွဲတတ်ဖို့ စတဲ့ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကိုလည်း မူကြိုကျောင်းတွေမှာ ရနိုင်ပါတယ်။

မိမိရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တာ၊ တစုံတခုကို အာရုံစိုက်ပြီး စိတ်ပါဝင်စားစွာ သင်ယူနိုင်တာစတဲ့ အရည်အသွေးတွေကလည်း ဒီအရွယ်မှာကတည်းက စနစ်တကျ လေ့ကျင့် သင်ယူထားသင့်ပါတယ်။

ဦးနှောက် ဖွံ့ဖြိုးမှုနှင့် လိုက်ဖက်သည့် သင်ခန်းစာ
--------------------------------------------------

အသက် ၃-နှစ် မတိုင်မီ ကလေးငယ်တွေက မှတ်ဉာဏ်ကို ကောင်းကောင်း အသုံး မချနိုင်သေးပါဘူး။ ၃-နှစ်ကျော်မှ မှတ်ဉာဏ်ကို အသုံးချနိုင်လာပါတယ်။ သင်္ကေတတွေနဲ့ စဉ်းစားနိုင်လာပါတယ်။ ဝါကျပြည့်အောင် စကားပြောနိုင်လာပါတယ်။ ကိန်းဂဏန်းတွေကို မှတ်မိ နားလည်လာပြီး၊ ပတ်ဝန်းကျင်ကိုလည်း စူးစမ်းလေ့လာ မှတ်သားလာနိုင်ပါတယ်။

ဒါပေမယ့် ဒီအရွယ်မှာ ဒြဗ်မဲ့သဘောတရားတွေကို စတင်နားလည်စ ပြုလာတာဖြစ်ပြီး၊ ယုတ္တိနည်းကျ မစဉ်းစားတတ်သေးပါဘူး။ ဒါကြောင့် မူလတန်းကျောင်းတွေမှာ သင်ကြားသလို သင်ကြားရတာမျိုး မဟုတ်ဘဲ၊ ပျော်ရွှင်ဖွယ် ကစားနည်းတွေ၊ ကဗျာရွတ်ဆို ကခုန်မှုတွေ၊ ပုံပြင်တွေနဲ့ သင်ကြားရပါတယ်။

မူကြိုဆရာမတွေက ဘာသာရပ်ကို သာမက ကလေးတွေရဲ့ အရွယ်အလျောက် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို နားလည်ထားကြသူများ ဖြစ်ကြပါတယ်။ မူကြိုကျောင်းတွေက ကလေးငယ်တွေကို ပတ်ဝန်းကျင်လောကနဲ့ ထိတွေ့မိတ်ဆက်ပေးပြီး၊ သူတို့ရဲ့ စူးစမ်းလိုမှုကို နှိုးဆွပေးရုံသာမက၊ သူတို့ သိလိုတဲ့ မေးခွန်းတွေရဲ့ အဖြေကိုလည်း သူတို့ဉာဏ်ရည် အလျောက် နားလည်နိုင်အောင် စနစ်တကျ စီမံပေးပါတယ်။

ဆော့ကစားခြင်းဟာ ကလေးတိုင်းအတွက် ကိုယ်ပိုင် အခွင့်အရေးတစ်ခုပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့်တစ်ခုပါ။ ကလေးတိုင်းရဲ့ ကိုယ်ပိုင်လွပ...
17/05/2022

ဆော့ကစားခြင်းဟာ ကလေးတိုင်းအတွက် ကိုယ်ပိုင် အခွင့်အရေးတစ်ခုပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့်တစ်ခုပါ။ ကလေးတိုင်းရဲ့ ကိုယ်ပိုင်လွပ်လပ်ခွင့် ကိုယ်ပိုင်အခွင့်အရေးများကို ဖေဖေမေမေနှင့် မိသားစုဝင်များက ဖော်ဆောင်ပေးမယ်ဆိုရင် ကလေးများဟာ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်လေးများဖြင့် မိမိကိုယ်ကိုယုံကြည်ချက် ရှိလာစေမှာပါ။

ကလေးတိုင်းဟာ ဆော့ကစားဖို့အတွက် အစဥ်အမြဲတတ်ကြွနေတတ်သလို ဆော့ကစားဖို့အတွက်ကိုလဲ အစဥ်အမြဲ ရှာကြံစဥ်းစားနေကြဆဲပါ။

အသက်(၃)နှစ်မှ (၆)နှစ်အရွယ် သားသားမီးမီးတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်အခွင့်အရေးများကို ဆော့ကစားရင်းဖြင့် ကိုယ်ပိုင်အတွေးအခေါ်လေးများ သားသားမီးမီးတို့ကိုယ်တိုင် ယုံကြည်မှုရှိလာစေရန် ကျွန်မတို့ရဲ့
➡➡➡ Yadanarpon Academy ⬅⬅⬅ မှ International Preschool အတွေ့အကြုံရှိ ဝါရင့်ဆရာမကြီးများက သားသားတို့မီးမီးတို့ကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။

Address

No. 1041(B) Nawarat Lan Kyal 9 Quarter Tharkayra. (Near Ka Mar Kyi Bridge)
Yangon

Opening Hours

Monday 20:30 - 14:30
Tuesday 20:30 - 14:30
Wednesday 08:30 - 14:30
Thursday 08:30 - 14:30
Friday 08:30 - 14:30

Telephone

+959774123707

Website

Alerts

Be the first to know and let us send you an email when Yadanarpon Academy Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category