AI နဲ့ သားသားလေးကို လုပ်ထားတာ
အဆင်ပြေနေရော😁😁😁
Shine Htet Aung - Mathematics
ကလေးတွေအတွက် သင်္ချာတော်စေရန်အတွက်ပါ
#ရုံးဒေါင့်
Grade-2 ကလေးတွေကို ကဗျာလေးနဲ့သင်
မိဘ တစ်ယောက် လာမေးတယ်
ယောင်္ကျားလေး ဆရာဆိုတော့ ကလေးကို ချစ်တက်ပါမလားတဲ့။
ကျွန်တော်က ပြန် ဖြေလိုက်ပါတယ်
ချစ်လားမချစ်လားမသိပါဘူးအကို ရယ်
သူတို့ကို ဘယ်တော့မှ ဆရာတစ်ယောက်လို သဘောမထားခိုင်းဘူး
သူတို့လေးတွေကို အကြောက်တရားနဲ့ လွှမ်းမိုးမထားဘူး
သူတို့အိမ်လိုမျိုး လွတ်လပ်ခွင့်ပေးတယ်
စာသင်ရင်တောင် ကလေးတွေ ကိုယ်သင်ရင် ဘယ်လိုလေးပျော်ရွှင်မလဲ ဆိုတာပဲ အဓိကထားတယ်
သူတို့နဲ့ ကိုယ်က ဆရာချစ်ဖြစ်ရမယ် မိဘလည်းဖြစ်ရမယ် သူငယ်ချင်းလည်းဖြစ်ရတယ်
အဲ့တာကြောင့် ချစ်လားလာမေးရင်မဖြေတက်လို့ပါ
😁😁😁😁😁😁😁
31/05/2023
မူကြိုတက် မဲ့ကလေးတွေ
#သင့်ကလေးအသက် ၃နှစ်ပြည့်ပြီးနောက်ပိုင်းမှာတော့ မူကြိုထားဖို့အဆင်ပြေတဲ့ အရွယ်တစ်ခုလို့ပြောလို့ရနေပါပြီ။
#မူကြိုမပို့ခင် ကျောင်းမှာဆရာမတွေက ဘယ်လိုဂရုစိုက်မှာ ချစ်မှာဆိုတာရယ် သူငယ်ချင်းတွေရှိနေမှာရယ်။ တခြားကလေးတွေကို ဘယ်လိုမိတ်ဖွဲ့ရမယ်ဆိုတာလေးတွေရယ် စတဲ့အကြောင်းအရာလေးတွေကို ကြိုပြီးတော့ ပုံပြင်လေးတွေပြောပြထားပေးလို့ရပါတယ်။
#သူတို့လေးတွေကို မူကြိုမထားခင် ထားချင်တဲ့ မူကြိုကျောင်းတွေကို ကြိုတင်စုံစမ်းလေ့လာသုံးသပ်ပါ။ အကြိုက်ဆုံးကျောင်း ၂ကျောင်းေလာက်ရွေးပြီး သူနှင့်အတူတူသွားလည်ပါ။လေ့လာပါ။ကျောင်းကိုမိတ်ဆက်ပါ။ ကလေးအကြိုက်ကိုရွေးခြယ်ပြီး သူရွေးခြယ်တဲ့ကျောင်းကိုတက်ပါစေ။
#သူတို့ရွေးခြယ်ထားတာဆိုရင်တောင်မှ အခက်အခဲလေးတွေရှိလာနိုင်ပါသေးတယ်။ ဥပမာ ကျောင်းမှာပထမနေ့ကမငိုဘူး။ နောက်ရက်မှမသွားချင်တော့လို့ငိုတာမျိုးပါ။
အဲ့ဒီလိုအချိန်မျိုးမှာ မေမေတွေအနေနဲ့ ကလေးကဘာကိုအဆင်မပြေဖြစ်တာလဲ မေးနိုင်ပါတယ်။ဖြေရှင်းချက် (ဥပမာ ကျောင်းမှာမအိပ်ချင်ဘူး။ သူငယ်ချင်းတွေကအရမ်းအသံဆူတယ်။)စသဖြင့်အဖြေရလာခဲ့ရင် ဆရာမနှင့်ဆွေးနွေးတိုင်ပင်ပါ။ တကယ်လို့ အကြောင်းပြချက်ကလေးကကောင်းကောင်းမပြပေးနိုင်ပါက သူကိုဆရာမတွေ၊သူငယ်ချင်းတွေနှင့် သံယောစဉ်တွယ်နိုင်စေဖို့ ရင်နှီးစေဖို့ အချိန်ပေးရပါမယ်။ အနည်းဆုံး ၁ပါတ် အများဆုံး၁လလောက်ပါ။
#ဒါကြောင့်မူကြိုထားဖို့ ဆုံးဖြတ်ပြီးရင်တော့ စပို့ပြီးတဲ့နေ့ကစပြီး ပုံမှန်ပို့နိုင်ရန်ကြိုးစားပါ။ကလေးငိုလို့ ပျက်တောင်းပျက်တောင်းပို့ရင် ဆရာမတွေအနေနဲ့ ရင်းနှီးမှုယူရတာ ခက်ခဲတတ်ပါတယ်။
#ပို့ရတာခက်ခဲရင်လည်း ကြိုးစားပို့ပေးဖို့လိုပါတယ်။ သူ့ရဲ့လက်ကလေးမှာ အသည်းပုံလေး ဆွဲပေးလိုက်ပြီး မေမေ့ကိုယ်စားအဖော်ကလေးထည့်ပေးလိုက်တယ်ဆိုတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။
#ဆရာမတွေကို ယုံကြည်ကြောင်း စိတ်ချကြောင်းပြသပါ။မိဘတွေအနေနဲ့ စိတ်ထဲစိုးရိမ်ပူပန်မှုတွေရှိနေရင် ကလေးအတွက် ကျောင်းပျော်ရန်ကြာတတ်ပါတယ်။
#မေမေတို့လည်း ငယ်ငယ်ကကျောင်းတက်ခဲ့ရပြီး သူငယ်ချင်းတွေနဲ့မခခင်သေးတုန်း ခုလိုပဲ အိမ်ကိုသတိရခဲ့ဖူးကြောင်းပြောပြနိုင်ပါတယ်။ ကျောင်းမှာ တဖြည်းဖြည်းနဲ့ ပျော်လာမှာဖြစ်တဲ့အကြောင်းပြောပြပါ။
#ကလေးတွေကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့ဆိုတာ မိဘတွေသူတို့ဘယ်လောက်ထိ ယုံကြည်လက်ခံပေးတယ်ဆိုတာပေါ်မှာလည်း မူတည်ပါတယ်။
သားလုပ်နိုင်တယ်လို့များများပြောပေးပါ။
#ကလေးကို တနေ့တာကျောင်းမှာ ဘာလုပ်ရတာ အကြိုက်ဆုံးလဲ။အပျော်ဆုံးလဲမေးမေးပေးပါ။ သူ့မှာဖြေဖို့စကားလုံးတွေရှိနေခဲ့ရင် သေချာတယ် သူမကြာမီမှာကျောင်းပျော်လာတော့မှာပါ။
#ကလေးတွေဟာ မိသားစုတစ်စုချင်းစီတိုင်းရဲ့ အလေးပေးခံရသူတွေဖြစ်ကြတဲ့အတွက် ကျောင်းရောက်ရောက်ချင်းအများနဲ့ နေရတာသူတို့အတွက်ခက်ခဲပါသေးတယ်။
#ပြီးတော့ မူကြိုမှာ Sharing လုပ်တတ်ဖို့အချိန်ယူရပါမယ်။မူကြိုထားစမှာ ကလေးနှင့်မူကြိုပတ်ဝန်းကျင်ရင်းနှီးမှု ရလာစေဖို့က ပထမဆုံးအရေးကြီးဆုံးအချက်ပါ။ တခြားသင်ယူရန်ကိစ္စအချို့အတွက် အချိန်ယူရပါဦးမည်။ မေလာစေချင်ပါ။
ဘယ်လိုဘဲဖြစ်ဖြစ် မိမိရဲ့သားသမီးတစ်ယောက်တကယ်ပဲ ဝမ်းနည်းပြီးငိုနေရင် မိဘတိုင်းရဲ့ရင်ထဲမှာ ဘယ်လောက်တောင်ခံရခက်တယ်ဆိုတာ မေမေတစ်ယောက်အနေနှင့် ကျွန်မကိုယ်ချင်းစာပါတယ်။
ဒါကြောင့်အရာရာတိုင်းမှာ အချိန်တစ်ခုပေးရပါမယ်။
ခုကျောင်းပို့ နောက်နေ့ကျောင်းပျော်တဲ့ ကလေးမရှိသလောက်ရှားလှပါတယ်။
CREDIT
မေမေများအားလုံး Fighting!
Tr မေသူ (M.K.Z pre school)
17/05/2023
မူကြိုမှာ ဘာတွေသင်တာလဲ
ဝလုံးဆွဲတာ သင်တာလား
ကကြီး ခခွေး ရေးတာ သင်တာလား
ဒီမေးခွန်းကို မိဘတော်တော်များများ
မူကြိုအပ်တဲ့အခါ မေးဖူးကြမှာပါ 💬💬
ဒီ post ကို အဆုံးထိ ဖတ်ပြီးရင်တော့ မူကြိုမှာ
ဘာတွေသင်လည်း သိသွားပါမယ်ရှင့်💁🏻♀️💁🏻♀️💁🏻♀️
ကလေးငယ်တွေရဲ့ ဦးနှောက်မှတ်ဉာဏ်🧠ဟာ မွေးစကနေ ငါးနှစ်အတွင်းမှာ ၉၀% လောက် ဖွံ့ဖြိုးပါတယ်
၅ နှစ်ကျော်သွားရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုက ၁၀% လောက်ပဲ ရှိပါတော့တယ်
မူကြို ကလေးအရွယ်တွေဖြစ်တဲ့
၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံး 🌻အချိန်ဖြစ်တဲ့အတွက် သင်ယူမှု နည်းလမ်းစနစ် မှန်ကန်ဖို့က အရေးကြီးပါတယ်
၃/၄ နှစ်အရွယ် ကလေးများရဲ့ လက်ချောင်းကြွက်သားများ၊ အရိုးများဟာ ပြည့်စုံကောင်းမွန်အောင် သန်မာတဲ့ အဆင့်ထိ မရောက်ရှ်ိသေးပါဘူး
ဒါကြောင့် မို့လို့ ၃/၄ နှစ်အရွယ် ကလေးတွေကို မူကြိုသင်ကြားတဲ့ အခါမှာ စာအရေးအသား(၀လုံး၊ ကကြီး၊ခခွေးစသဖြင့်) ကို စတင်ရေးသား၍ သင်ကြားခြင်းမျိုး မပြုလုပ်ရပါဘူး
စာမရေးခင်မှာ ကလေးတွေရဲ့ လက်ချောင်းကြွက်သားတွေ သန်မာအောင်
&Craft တွေ ပြုလုပ်ပေးတာမျိုး🎨🖌️
ကလေးတွေကို သင်ခန်းမသင်ကြားခင်မှာ အဲ့ဒီ့သင်ခန်းစာနဲ့ ပတ်သက်တဲ့
&movement 🎹🎤🎧🎵တွေပြုလုပ်ပေးခြင်းဖြင့်လည်း ကလေးတွေတက်ကြွပျော်ရွှင်အောင် ဆောင်ရွက်ပေးရပါတယ် 💁🏻♀️
📖 တွေလုပ်ပေးခြင်းဖြင့် ကလေးတွေရဲ့ စိတ်၀င်စားမူရရှိအောင် ဆောင်ရွက်ပေးရပါတယ်
ဒါဆိုရင် မူကြိုစာတွေချည်းသင်နေယုံနဲ့ ပြီးပြီလားဆိုတောာ့ မဟုတ်သေးပါဘူး
မူကြိုအရွယ် ကလေးငယ်တွေအတွက်
နယ်ပယ်ငါးရပ်လုံးဖွံ့ဖြိုးအောင်
#ကစားချိန်
#ထမင်းစားချိန်
#အဆာပြေစားချိန်
#အိပ်ချိန်
#စာဖတ်ချိန်
စသဖြင့် အမျိုးမျိုးသော သင်ခန်းစာတွေကို အမျိုးမျိုးသော သင်ကြားနည်းစနစ်တွေနဲ့ သင်ကြားပေးရပါတယ်
ကဲ ဒါဆိုရင်တော့ မူကြိုမှာဘာတွေသင်လဲ ဆိုတာသိရှိသွားလောက်ပါပြီနော်🥰🥰🥰🥰
16/05/2023
ကလေးကိုမနာလိုစိတ်ကင်းအောင် ပျိုးထောင်ပါ။ 🍃
ရှင်သန်လာတဲ့တစ်လျှောက်မှာ မနာလိုစိတ်ရှိတဲ့သူတွေက ကြောက်စရာအကောင်းဆုံးပဲ။
မုန်းတယ်ဆိုတဲ့ခံစားချက်ထက် မနာလိုစိတ်က
ပိုပူလောင်ပြီး တစ်ပါးသူပျက်စီးရာပျက်စီးကြောင်းပဲဖြစ်စေချင်တယ်။ မနာလိုစိတ်သည်
အားကျရာကနေ သိမ်ငယ်စိတ်
အငုံ့စိတ်ဝင်လာရင် ဖြစ်တတ်ပါတယ်။
သူတစ်ပါးအဆင်မပြေချိန်ဝမ်းသာနေရင်
မနာလိုစိတ်ကြီးမားနေလို့ပါပဲ။
ကျွန်မတို့ Generation မှာ ကလေးတွေကို
အငုံ့စိတ် မနာလိုမှု သိမ်ငယ်စိတ်တွေမရှိအောင်
ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်တတ်အောင်
မွေးမြူပျိုးထောင်ပေးရမယ်။ ဒါမှ ပိုလှတဲ့နိုင်ငံ
အသိုင်းအဝိုင်းဖြစ်လာမယ်။
မနာလိုစိတ်ရှိသူက အမြဲ သူတစ်ပါးကိုချိုးနှိမ်
အောင်ပြောပြီး သူကပဲအကောင်းဆုံးလို့
ဟန်ဆောင်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်မလုံခြုံနေတာမို့။
သူများကိုကြည့် အားကျတယ်။ သူများလို
လိုက်မလုပ်နိုင်တော့ ဒေါသထွက်ရတယ်။
ပြီးရင်အပြစ်တင်ဝေဖန်တိုက်ခိုက်တယ်။
ဒါကြောင့် ရောင့်ရဲတတ်တဲ့စိတ်နဲ့အရှိကို
အရှိအတိုင်းလက်ခံတတ်အောင် သင်ပေးရမယ်။
မနာလိုမှုရှိရင် သေသည်အထိ ပူလောင်ပြီး
စိတ်မငြိမ်းချမ်းနိုင်ဘူး။ လူတွေမှာ
မနာလိုစိတ်အားကြီးလာရင် ပျက်စီးတတ်တယ်။
မပြည့်တဲ့အိုးတွေက ဘောင်ဘင်ခတ်တယ်။ 🏺
အကြွေစေ့တွေက အသံကျယ်တယ်။ 🪙
15/05/2023
⏳⏳Sand play⌛️⌛️
🤾♀️ကစားခြင်းဖြင့်သင်ယူခြင်းသည် ကလေးငယ်များစာသင်ကြားရာတွင် ပိုမိုမှတ်မိလွယ်စေပါသည်။
👐လက်ချောင်းလေးများသန်မာလာခြင်းဖြင့် စာရေးရာတွင်ပိုမိုအထောက်အကူပြုစေသော နည်းလမ်းဖြစ်ပါသည်။
👯♂️စိတ်ကူးဥာဏ်ကွန့်မြူးလာခြင်း ၊ သူငယ်ချင်းများနှင့် ပိုမိုရင်းနှီးလာပြီး ကျောင်းနေပျော်၍ စာတော်သော ကလေးများ ဖြစ်လာစေရန် ပြုစုပျိုးထောင်သောနည်းကို Bright Preschoolမှ လက်တွေ့အသုံးချလေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
✋👩🎓ဖွံဖြိုးမှုငါးရပ်နှင့်အညီသင်ကြားပေးသော အတွေ့အကြုံရင့် ECCD certificate များ ကိုင်ဆောင်ထားသော ဆရာမများမှ စေတနာ မေတ္တာ အပြည့်အဝဖြင့် လုံခြုံအေးဆေးစွာတက်ရောက်နိုင်ရန်အတွက် လာရောက်လေ့လာ အပ်နှံနိုင်ပါသည်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon
၁၁၁၁၁