Sharing Life & Learning

Sharing Life & Learning

Share

knowledge share

11/02/2026

10/02/2026
15/01/2026

KATSUO-JI TEMPLE
Osaka မြို့ရဲ့ မြောက်ဘက် Minoh တောင်ပေါ်မှာရှိတဲ့ Katsuo-ji (ခတ်ဆုအိုးဂျိ) ဘုရားကျောင်းဟာ အောင်မြင်ခြင်းကို ပေးစွမ်းနိုင်တဲ့ "Winning Luck" ဘုရားကျောင်းအဖြစ် ကျော်ကြားပြီး Daruma အရုပ်လေးတွေကြောင့် အရမ်းလှပတဲ့ နေရာတစ်ခုပါ
ဆောင်းဦးရာသီ (နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလဆန်း): ဒါဟာ Katsuo-ji အတွက် အကောင်းဆုံးအချိန် ပါပဲ။ သစ်ရွက်တွေ နီရဲနေပြီး ဘုရားကျောင်း တစ်ခုလုံး မှော်ဆန်နေတတ်ပါတယ်။ ဒီအချိန်မှာ ညဘက် မီးအလင်းရောင် (Illumination) တွေပါ ပြသလေ့ရှိပါတယ်။
• နွေဦးရာသီ (ဧပြီလလယ်): ချယ်ရီပန်း (Sakura) တွေ ပွင့်တဲ့အချိန်ဖြစ်ပါတယ်။ တောင်ပေါ်မှာရှိလို့ မြို့ထဲကထက် ပန်းပွင့်ချိန် နည်းနည်းနောက်ကျတတ်ပါတယ်။
• နွေရာသီ (ဇွန်လ/ဇူလိုင်လ): Hydrangea (အာဂျိဆိုင်) ပန်းလေးတွေ ပွင့်တဲ့အချိန်ဖြစ်ပြီး စိမ်းစိုနေပါတယ်။
• အချိန်: လူရှောင်ချင်ရင်တော့ မနက် ၈ နာရီ ဖွင့်ဖွင့်ချင်းသွားဖို့ အကြံပြုပါတယ်။ ညနေ ၅ နာရီ (စနေနေ့ဆို ၅:၃၀၊ တနင်္ဂနွေဆို ၆:၀၀) မှာ ပိတ်တတ်ပါတယ်။
၂။ ဘာတွေပြင်ဆင်သွားသင့်လဲ (Preparation)
• အဝတ်အစား: ဘုရားကျောင်းက တောင်ပေါ်မှာရှိတာကြောင့် မြို့ထဲထက် အပူချိန် ၃-၄ ဒီဂရီလောက် ပိုအေးပါတယ်။ ဒါကြောင့် အနွေးထည် ခပ်ပါးပါး တစ်ထည် ယူသွားသင့်ပါတယ်။
• ဖိနပ်: ဘုရားကျောင်းဝင်းက အကျယ်ကြီးဖြစ်ပြီး လှေကားတွေ၊ ကုန်းတက်ကုန်းဆင်းတွေ များတာကြောင့် လမ်းလျှောက်လို့ကောင်းတဲ့ ဖိနပ် (Sneakers) ကိုပဲ စီးသွားပါ။
• ငွေသား (Cash): ဝင်ကြေး (လူကြီး ၅၀၀ ယန်း) နဲ့ Daruma အရုပ်လေးတွေ ဝယ်ဖို့အတွက် ငွေသားအကြွေလေးတွေ ဆောင်သွားတာ ပိုအဆင်ပြေပါတယ်။
• အချိန်ဇယားစစ်ဆေးရန်: ဘတ်စ်ကား (Hankyu Bus) ဟာ တစ်နာရီမှာ တစ်စီး ဒါမှမဟုတ် နှစ်စီးလောက်ပဲ လာတတ်တာကြောင့် အသွားအပြန် ကားအချိန်ကို ကြိုစစ်ထားဖို့ အရမ်းအရေးကြီးပါတယ်။
၃။ သွားလာရေး (How to Get There)
အလွယ်ဆုံးနည်းလမ်း (၂) မျိုး ရှိပါတယ် -
1. ရထား + ဘတ်စ်ကား: Osaka Metro (Midosuji Line) နဲ့ အဆုံးမှတ်ဖြစ်တဲ့ Minoh-Kayano Station အထိသွားပါ။ အဲဒီကမှတစ်ဆင့် Hankyu Bus (စင်္ကြံအမှတ် ၄) ကိုစီးပြီး Katsuo-ji ကို သွားနိုင်ပါတယ်။ (၂၅ မိနစ်ခန့် ကြာပါတယ်)
2. တက္ကစီ: အချိန်ကုန်သက်သာချင်ရင်တော့ Minoh-Kayano Station ကနေ တက္ကစီစီးရင် ၂၀ မိနစ်လောက်ပဲ ကြာပြီး ၃၅၀၀ ယန်းဝန်းကျင် ကျသင့်ပါလိမ့်မယ်။
၄။ မဖြစ်မနေ လုပ်ဆောင်သင့်သည်များ
• Daruma Mikuji: ၅၀၀ ယန်းပေးပြီး ကံစမ်းစာလိပ်ပါတဲ့ Daruma အရုပ်လေး ဝယ်ပါ။ စာဖတ်ပြီးရင် အရုပ်လေးကို ကိုယ်ကြိုက်တဲ့ နေရာမှာ ထားခဲ့လို့ရသလို အမှတ်တရ အိမ်ပြန်ယူသွားလို့လည်း ရပါတယ်။
• Minoh Waterfall: အချိန်ရရင်တော့ အနီးနားမှာရှိတဲ့ Minoh ရေတံခွန်ကိုပါ တစ်ခါတည်း တွဲသွားဖို့ အကြံပြုချင်ပါတယ်။

&learning

-jitemple

#15/1/2026

29/05/2025

လူရဲ့သဘောက အရေးကြီးတာကိုသိပေမယ့်လည်း
တကယ်လုပ်ဖို့ နှောင့်နှေးနေကြတယ်

01/09/2024

Ⓜ️Page messenger မှာ “service “နဲ့ပတ်သက်ပြီး

လာမေးမြန်းထားတာလေးတွေ “reply “မပြန်မိတဲ့

အတွက် admin team မှ တောင်းပန်ပါတယ်😍😍

🇯🇵JFT နဲ့ JLPT Service လက်ခံဆောင်ရွက်ခြင်း

မရှိတော့ပေမယ့် page မှ ကိုယ်တိုင်form

တင်ချင်တဲ့သူတွေအတွက် တင်ပေးထားတဲ့ post

လေးတွေ မဖျက်ဘဲ ထားပေးထားပါတယ်☺️

🎌admin တို့ကိုယ်တိုင်လည်း နယ်ကနေJapan

စာသင်တန်းတက် form တွေ ကိုယ်တိုင်တင်ပြီး

🗾Japan မြေခြေချနိုင်ခဲ့ပြီမို့ လာဖို့ကြိုးစားနေတဲ့

သူတွေလည်း အစစအရာရာ အခက်အခဲမရှိ

အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေ။🙏🙏🙏

Photos from JFT, Kaigoနှင့် JLPT form services's post 21/02/2024

7 လပိုင်းJLPT အတွက် online system ဖြင့်form တင်ရန် အချိန်ခက်ခဲနေသူများအား form ရရှိရန်အတွက် ဝန်ဆောင်မှုပေးပါသည်။





# ပုံများကိုMaja Page မှ ကူးယူဖော်ပြသည်

30/11/2023

- Visa card ထဲ ပိုက်ဆံထည့်ပြီးပြီလား😍
- Visa Card အမျိုးအစား(eg. AYA,UAB,…)
- Visa Card No နဲ့ Date ချရေးပြီးပြီလား😍
- ID No နဲ့ Password 😍
- Email Account 😍
- Wi-Fi လိုင်းမကောင်းရင် Mobile Data ပြောင်းသုံး
ရအောင်Phone Bill ပါ ထည့်ထားပါ😍
- Phone တစ်လုံးက အလုပ်မဖြစ်ရင် ချက်ချင်း
ပြောင်းသုံးနိုင်အောင် စီစဉ်ထားပါ😍
- ဖြေဆိုမည့်နေရာ သေချာရွေးပါ
(နိုင်ငံခြားတွေရွေးမိတတ်တယ်😊)
- Kaigo တစ်ပိုင်းထဲဖြေမည့်သူက မြန်မာပိုင်းမိနစ်၆၀
နဲ့ ဂျပန်ပိုင်း မိနစ်၃၀ သေချာရွေးပါ

အားလုံးအဆင်ပြေပါစေလို့ ဆန္ဒပြုလျှက်🧡🧡🧡




18/11/2023

📌 Tokutei စာမေးပွဲများဝင်ဖြေရန် အတွက် formတင်ရမည့် prometric website စာမျက်နှာ (user interface)သည် အရင်ပုံစံမဟုတ်တော့ဘဲ ပြောင်းလဲထားတာကြောင့် ပုံစံအသစ်မှာ login အထိ ဝင်နည်းလေး video တင်ပေးလိုက်ပါတယ်။ ဖောင်မတင်ခင် တစ်ခါလောက်ကြိုတင်ပြီး အစမ်းဝင်ကြည့်သင့်ပါတယ်။💛

📌Tokutei ဖောင်အသီးသီး၏ login နေရာအထိ တန်းရောက်မည့် link များ💛

📌စာမေးပွဲကြေး ကိုတော့ comment မှာကြည့်ပါ။

💚💛🧡❤️🩷

ID creation

https://j6.prometric-jp.com/IdGet/IdNew?CN=NC&LC=MY

https://j6.prometric-jp.com/IdGet/IdEmail?doui=Yes

JFT

https://j6.prometric-jp.com/Reserve/Login?CN=JL&LC=MY

Kaigo

https://j6.prometric-jp.com/Reserve/Login?CN=JH&LC=EN

Food Service

https://j6.prometric-jp.com/Reserve/Login?CN=FF&PC=T1&LC=EN

Agriculture

https://j6.prometric-jp.com/Reserve/Login?CN=NC&LC=JA

,Kaigo

Photos from JFT, Kaigoနှင့် JLPT form services's post 12/11/2023

Tokutei form တင်ရန် လိုအပ်တဲ့ ပြင်ဆင်မှုအပိုင်းကို ရှေ့မှာ post 3 ခု တင်ထားပါတယ်။
ဒီနေ့မှာတော့ ကျန်နေတဲ့အချက်အချို့ကို share ပေးချင်ပါတယ်
💧 ဖောင်တင်တဲ့အခါ browser ရွေးချယ်တတ်ဖို့ လည်းလိုပါတယ်
❄️ chrome browser
❄️ kiwi browser စသည်ဖြင့် အများကြီးရှိပါတယ်
(ဖောင်ရဖို့က လိုင်းကြပ်ရင် ဝင်လိုက်ထွက်လိုက်ဖြစ်တဲ့အတွက် kiwi browser က ထည့်သွင်းထားတဲ့ ကိုယ့်ရဲ့အချက်အလက်တွေကို မှတ်ထားပေးပြီးdata ခဏခဏ ပြန်ရိုက်ထည့်စရာမလိုဘဲ Tokutei formရနိုင်ဖို့ များပါတယ်)
🍀kiwi browser logoနဲ့ အသုံးပြုနည်းကို ပုံနဲ့ပြထားပါတယ်။ နောက်ထပ်data တွေလည်း ထည့်ပြီးတာနဲ့ပုံထဲကအတိုင်း အသုံးပြုနိုင်ပါတယ်🍀
💧 "ဖုန်း"အရေးကြီးပါတယ် တစ်ချို့ဖုန်းတွေနဲ့ကျတော့ login တောင် ဝင်မရတာမျိုးလည်းရှိပါတယ်( အချိန်အကြာကြီး ပေတေပြီးစောင့်မနေဘဲနဲ့ အခြားဖုန်းနဲ့ တင်ကြည့်ပါ)android phone နဲ့က ပိုအဆင်ပြေပါတယ်
💧 မိမိဖြေမည့်ရက်နှင့်နေရာကို စာရွက်မှာ ချရေးပါ။ ရက်ရွေးရာမှာ တစ်ရက်တည်း မဟုတ်ဘဲ မိမိနှင့်အဆင်ပြေမည့် ရက် အနည်းဆုံး ၁၀ ရက်လောက်ကို (prometric center မှ ချပေးသောစာဖြေရက်ထဲမှ ရွေးပြီး) ချရေးထားပါ။ ၁၂ လပိုင်းအတွက်စာဖြေရက် page မှာ တင်ထားပါတယ်
💧ငွေပေးချေမည့် Visa Card No / Card အမျိုးအစား/ Date တွေကို စာရွက်မှာ ချရေးထားပါ။ငွေပေးချေရင် visa ကတ်ထည့်ထားတဲ့ ph no ထဲကို code ချပေးပါတယ်၊အဲ့ဒီ code ကိုလည်း မြန်မြန်ထည့်ပေးရင် ပိုအဆင်ပြေပါတယ်။
🌸မတင်တတ်တဲ့သူတွေအတွက် သိနေတာလေး ပြန်share ချင်းဖြစ်ပါတယ်🌸

❤️ခက်ခက်ခဲခဲနဲ့ ကိုယ်တိုင်ဖောင်တင်ပြီးရလာတဲ့
ခံစားချက်က စာမေးပွဲအောင်ဖို့ပါ Moti ရပါတယ်။
ကိုယ်တိုင်ကြိုးစားပြီးတင်ကြည့်ပါ fighting!❤️


/kaigo

Specified Skilled Worker Tests|Prometric 03/11/2023

12 လပိုင်း 1 ရက်နေ့ Tokutei စာမေးပွဲ(JFT, Kaigo, စားသောက်ဆိုင်,….)ဖောင်တင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့်အချက်များ🔔🔔🔔

⛔️ ဖောင်မတင်တတ်သူများအတွက် ရည်ရွယ်ပြီး
Share ခြင်းသာ

1️⃣ email account

2️⃣ Prometric ID

ID ဝင်ယူလျှင် အောက်က link ကို နှိပ်ပြီး ကိုယ်တင်မယ့် ခေါင်းစဉ် ရွေးပြီး ဝင်ယူပါ။
Tokutei စာမေးပွဲတိုင်းအတွက် ID တစ်ခုပဲလိုအပ်ပါ
သည်။
ID ဝင်ယူရန် link 👇
📎 https://j6.prometric-jp.com/IdGet/IdEmail?doui=Yes

https://j6.prometric-jp.com/IdGet/IdNew?CN=NC&LC=MY 📎 ( comment မှာ prometric 🆔 ယူနည်းပြထားပါတယ်)
3️⃣ VISA card (AYA,…..)ငွေချေရန်
ဖောင်တင်ရက်မတိုင်ခင် ကြိုတင်ပြီး ဘဏ်သွားလုပ်ရန် လိုအပ်ပါသည် Visa card confirm ဖြစ်ရန် အချိန် ၃ ရက်စောင့်ပြီးမှ ငွေထည့်ရတဲ့အတွက်ဖြစ်ပါသည်။
▶️JFT 22$ ကို လက်ရှိ dollarပေါက်စျေးနဲ့မြှောက်ပြီး ၅၀၀၀ လောက်အပိုဆောင်းထည့်ထားပါ။
(ခန့်မှန်းခြေ ၇၃၀၀၀-၈၀၀၀၀)
▶️ Kaigo တစ်ပိုင်း 7$ / နှစ်ပိုင်း14$
(ခန့်မှန်းခြေ46500-55000)
ပိုပိုလိုလိုထည့်တွက်ထားတဲ့အတွက် dollar ပေါက်စျေးပေါ်မူတည်ပြီး အတိုးအလျှော့ရှိနိုင်သည်။
4️⃣. အထက်ပါအချက်တွေပြည့်စုံပါက သတ်မှတ်ထားတဲ့ရက်မှာ form တင်နိုင်ပါပြီ။

Specified Skilled Worker Tests|Prometric

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon