Tr.Ra

Tr.Ra

Share

Sharing is caring.

19/05/2026

ခေါင်းဆောင်မှု နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း။

ခေါင်းဆောင်တစ်ယောက်က ဆုံးဖြတ်ချက် ချမှတ်တဲ့ နေရာမှာ ခိုင်မာပြတ်သားရပါတယ်။

အချို့သော ဆုံးဖြတ်ချက်ကိုမူဝါဒ နှင့် လမ်းညွှန်ချက်ပေါ် မှီငြမ်းပြီး ချမှတ်ရတာရှိတတ်ပါတယ်။

အချို့သော ဆုံးဖြတ်ချက်ကို အရေးပေါ် တာဝန်ယူ ဆုံးဖြတ်ချက် ချမှတ်ရပါတယ်။

အချို့သော ဆုံးဖြတ်ချက်ကို အားလုံးပါဝင်ပြီး ဆုံးဖြတ်ချက် ချနိုင်အောင် ဦးဆောင်ရပါတယ်။

ဘယ်လိုချမှတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါစေ အချိန်မီဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ အရေးကြီးပါတယ်။

#လအုန်းလွမ်ရာ

#ယနေ့အတွက်မှတ်စုတို



18/05/2026

ခေါင်းဆောင်မှု (Leadership) နှင့် ဆက်သွယ်ဆက်ဆံရေး (Communication)။

ခေါင်းဆောင်တစ်ယောက်က လူမှုပေါင်းသင်းဆက်ဆံရေး၊ ထက်အောက် ဆက်ဆံရေး၊ ပြင်ပ အဖွဲ့အစည်း အစရှိသော မိမိနှင့် ပတ်သက်ဆက်နွယ်သူများအကြား ဆက်ဆံရေး ကောင်းမွန်နေရပါမယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ရေရှည်တည်ဆောက်ထားနိုင်ဖို့လိုပါတယ်။

#လအုန်းလွမ်ရာ

#ယနေ့အတွက်မှတ်စုတို



16/05/2026

ခေါင်းဆောင်မှုနှင့် ကတိကဝတ်ပြုခြင်း။

ခေါင်းဆောင်တစ်ယောက်သည် ကတိစကားတစ်ခုကိုမဆို မပျက်မကွက် တည်တံ့စွာ ထားရှိရမည်ဖြစ်သည်။

နှုတ်ကတိ၊ စာကတိ မည်သည့်အကြောင်းအရာကိုမဆို ကတိကဝတ်ကြေစွာ ထားရှိရမည်။

တစ်စုံတစ်ခုသော အကြောင်းတရားကြောင့်ကတိ ပျက်ကွက်ရန်ကိစ္စပေါ်ပေါက်လာပါကလည်း ကတိပျက်ကွက်ရမည်ဖြစ်ကြောင်း ကျိုးကြောင်းညီညွှတ်စွာ ဆွေးနွေးဖော်ပြရန် လိုအပ်မည်ဖြစ်ပါသည်။

ကတိမတည်သော ခေါင်းဆောင်‌အား မည်သူမှ လေးစားမည်မဟုတ်ပါ။

#လအုန်းလွမ်ရာ

#ယနေ့အတွက်မှတ်စုတို



10/05/2026

ခေါင်းဆောင်မှုနှင့် ကတိသစ္စာ။

ခေါင်းဆောင်တစ်ယောက်က မိမိပေးခဲ့တဲ့ ကတိ သေးသေးလေးက အစ အလေးထားရမှာဖြစ်ပါတယ်။

ကတိမတည်သော ခေါင်းဆောင်ကို ဘယ်အဖွဲ့ဝင်၊ နောက်လိုက်မှ တန်ဖိုးမထားပါဘူး။

#လအုန်းလွမ်ရာ

#ယနေ့အတွက်မှတ်စုတို



08/05/2026

နားထောင်ခြင်း လက်ဆောင် (Listening Gift)

အခုကာလမှာ ကိုယ်ပေးနိုင်တဲ့ လက်ဆောင်ကတော့ နားထောင်ခြင်း ဖြစ်တယ်

ခုကာလကို ဖြတ်သန်းဖို့ မိသားစုစားဝတ်နေရေးကအစ စိတ်ပိုင်းဆိုင်ရာပါ ခံနိုင်ရည်စွမ်းအားတွေ မရှိတော့သလောက် စိတ်ဖိစီးနေသူအတွက်-
နားထောင်ခြင်း လက်ဆောင် (Listening Gift) ပေးရအောင်

အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးပြီး ပညာတစ်ပိုင်းတစနဲ့ လမ်းပျောက်နေသူအတွက်- နားထောင်ခြင်း လက်ဆောင် (Listening Gift)ပေးရအောင်။

လွမ်ရာ

၂၀၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်

08/05/2026

ခေါင်ဆောင်တစ်ယောက်က အချိန်လေးစားဖို့၊ အချိန်ကို ကောင်းစွာ စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။

ကိုယ်တက်ရောက်ဖို့လိုအပ်တဲ့ အချိန် အချိန်မီပွဲတက်တာမျိုး။

လုပ်ငန်းအစီအစဉ်ကို အချိန်မီ စီမံခန့်ခွဲတာမျိုး။

အချိန်နဲ့ပတ်သက်ပြီး တိတိကျကျစီမံခန့်ခွဲကာမှ အများရဲ့ ယုံကြည်မှု လေးစားမှုလည်း တဖြည်းဖြည်းရလာမှာဖြစ်ပါတယ်။

#လအုန်းလွမ်ရာ

#ယနေ့အတွက်မှတ်စုတို



06/05/2026

ခေါင်းဆောင်ကောင်း (Good leader) တစ်ယောက်ဆိုတာ ကိုယ်ဘယ်လောက်တော်ကြောင်း ပြနေဖို့မလိုပါဘူး။

🤗 ကိုယ့်လုပ်ဖော်ဆောင်ဖက်၊ ကိုယ့်လက်အောက်ငယ်သားတွေ ကိုယ်လုပ်မယ့် လုပ်ငန်းရည်ရွယ်ချက်၊ ပန်းတိုင်ကို ဘယ်လောက်အထိနားလည်ပြီး ကိုယ်နဲ့ပန်းတိုင်ရောက်‌‌အောင် အတူတူလျောက်နေလဲဆိုတာကို သိနေရပါမယ်။

🤗အောင်မြင်မှု၊ အခက်အခဲမှန်သမျှကို တာဝန်ခံ၊ တာဝန်ယူမှုအပြည့်နဲ့ လမ်းကြောင်းတည့်မတ်ပေးနေရပါမယ်။

🤗ကိုယ်မရှိရင် လုပ်ငန်းပန်းတိုင်ကိုရောက်‌အောင် ဆက်လက်ဦးဆောင်နိုင်ဖို့ ဒုတိယခေါင်းဆောင်ကို အဆင်သင့် ပြုစုပျိုးထောင်ထားနိုင်ရပါမယ်။

#လအုန်းလွမ်ရာ

#ယနေ့အတွက်မှတ်စုတို



05/05/2026

ခေါင်းဆောင်တစ်ဦးဟာ စစ်မှန်သောနားထောင်ခြင်းဖြင့် နားထောင်တတ်သောသူ (Authentic Listener) ဖြစ်ဖို့လိုပါတယ်။

ကိုယ့်ရဲ့လုပ်ငန်းခွင်၊ မိသားစု အစရှိသောနယ်ပယ်တွေမှာ စစ်မှန်သော နားထောင်မှုပြုဖို့ အားနည်းတတ်ကြပါတယ်။ ပြောသူက မဆုံးသေးဘူး။ "နင် ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ သိပြီးသား" ဆိုပြီး ဆုံးအောင်တောင် ပြောခွင့်မ‌ပေး တစ်ခါတည်း အပိတ် ကိုယ်ပြောချင်တာ၊ မြင်တာကို ပြောတတ်ပါတယ်။

တစ်ခါတစ်လေ ပြောသူက တစ်မျိုး ပြောချင်တာ ကိုယ်မှာရှိတဲ့ သတင်းအချက်အလက်ကို အခြေပြုပြီး တုန့်ပြန်မိတာမျိုး။

တကယ်တမ်းတော့ နှလုံးသားနဲ့ နားထောင်တတ်ဖို့ လိုပါတယ်။ ခံစားချက်၊ သတင်းအချက်အလက် အတိအကျ နားထောင်ပြီး၊ နားမလည်တာရှိရင် မေးမြန်းအတည်ပြုပြီးမှ ဆက်လက်ဆွေးနွေးမယ်ဆိုရင် ပဋိပက္ခလျော့နည်းတဲ့ လူမှုအတိုင်းအဝိုင်းကို ဆက်လက် တည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။

#လအုန်းလွမ်ရာ

#ယနေ့အတွက်မှတ်စုတို



29/04/2026

ကျင့်ဝတ် (Ethic)

ခေါင်းဆောင်တစ်ယောက်ရဲ့ ကျင့်ဝတ်တွေထဲက တစ်ခုဖော်ပြရရင် "ရိုးသားဖြောင့်မတ်ခြင်း" အရေးကြီးပါတယ်။

အခြားသူရဲ့ အတွေ့အကြုံကို ကိုယ်က ကြုံတွေ့ဖူးသလို မရိုးမသားဖော်ပြခြင်းထက်
ကိုယ့်ရဲ့အတွေ့အကြုံတွေကို မျှဝေခြင်းက ပိုကောင်းပါတယ်။

ငွေကြေးဆိုင်ရာ အလွဲသုံးစားမှုမပြုခြင်း။

တမာသမတ်ကျစွာ ဆုံးဖြတ်ချက်ချခြင်း။

အစရှိသော အကြောင်းအရာများက ခေါင်းဆောင်တစ်ယောက်အတွက် လိုက်နာမယ့်ကျင့်ဝတ်တွေမှာ အရေးကြီးတဲ့ အချက်အဖြစ်ပါဝင်ပါတယ်။

#လအုန်းလွမ်ရာ

#ယနေ့အတွက်မှတ်စုတို



27/04/2026

အမျှော်အမြင်ကြီးမားစော ခေါင်းဆောင်မှု (Visionary leadership)

နောင် ၁၀ နှစ်၊ ၂၀ နှစ်၊ ၃၀ နှစ် ... ဘာဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတွေးထားနိုင်တယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်ပြီး ဦးဆောင် စီမံခန့်ခွဲထားနိုင်တယ်။ ဒေသအခြေအနေတွေကို ရှုဒေါင့်ပေါင်းစုံတွေးနိုင်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေကိုပါ လျော့ချ စီမံနိုင်သူဖြစ်ပါတယ်။

#လအုန်းလွမ်ရာ

#ယနေ့အတွက်မှတ်စုတို



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon