Korean Language Self Study

Korean Language Self Study

Share

Your Korean Husband

07/05/2024

Lol တစ်ချို့တွေပေါ့

07/05/2024
19/03/2023

뒤에서 자신을 안 좋게
နောက်ကွယ်ကနေကိုယ့်ကိုမကောင်းပြောနေတဲ့

말하는 사람들이 있다면
လူတွေရှိရင်

처음엔 어렵겠지만
စစချင်းတော့ခံရခက်နိုင်ပေမဲ့

사실이 아니니까 반응하고 동요하지마요..
အမှန်တွေမဟုတ်တာကြောင့်တုန်ပြန့်ပြီးစိတ်မလှုပ်ရှားပါနဲ့..

당신을 아는 사람들은
မင်းကိုသိတဲ့လူတွေက

진실이 무엇인지 다 알고
အမှန်တရားကဘာလဲဆိုတာအကုန်သိပြီး

당신을 아끼는 사람들은
မင်းကိုတန်ဖိုးထားတဲ့သူတွေက

언제나 당신 편이니까요..
ဘယ်ချိန်ဖြစ်ဖြစ်မင်းဘက်မှာဖြစ်တာမို့ပဲ..

- 평범히 살고 싶어 열심히 살고 있다

26/01/2023

내가 좋아하는 사람은 나를 좋아하지 않고..
မင်းသဘောကျတဲ့သူက မင်းကိုသဘောမကျဘဲ..

나가 좋아하지 않는 사람이 나를 좋아하더라..
မင်းသဘောမကျတဲ့သူက မင်းကိုသဘောကျနေတတ်တယ်..

그래서 사랑은 기적이라고 하나 봐..
အဲ့တာကြောင့် အချစ်ဆိုတာ အံ့ဖွယ်လေးလို့ပြောကြတာထင်ပါတယ်..

수많은 사람 중에서..
လူတွေအများကြီးထဲမှာမှ..

사랑해주고 사랑 받고 싶은 사람으로..
ကိုယ်ကချစ်နေတဲ့သူနဲ့ ကိုယ့်ကိုချစ်နေတဲ့သူက..

서로를 택한다는 것..
အပြန်အလှန် ရွေးချယ်မိတယ်ဆိုတာ..

정말 기적 같은 일이지..
တကယ့်ကို အံ့ဖွယ်‌လေးနဲ့တူတဲ့အရာပါ..

그러니 그런 상태를 만난다면..
အဲ့တာကြောင့် အဲ့လိုအခြေအနေမျိုးလေး ကြုံတွေ့ရပြီဆိုရင်..

정말 소중히 여기고 감사해야 해..
တကယ် အမြတ်တနိုးထားပြီး ကျေးဇူးတင်ရမယ်နော်..

02/01/2023

시간이 참 빠르게 지났다...
အချိန်တွေကတအားမြန်မြန်ကုန်ဆုံးသွားတယ်...

2022년에 나는 눈물이 많았었는지...
2022နှစ်မှာငါက မျက်ရည်တွေအများကြီးကျခဲ့ရလားဆိုတာ...

웃음이 많았었는지...
အပြုံးတွေအများကြီးပြုံးခဲ့ရလားဆိုတာ...

다시 생각하지마..
ပြန်ပြီးစဥ်းစားမနေနဲ့..

정말로 우리가 생각해야하는게
တကယ်ကိုငါတို့စဥ်းစားရမှာက

2022년의 "나" 보다
2022နှစ်ရဲ့ "ငါ" ထက်

2023년의 "나" 는 더 행복하길..
2023နှစ်ရဲ့ "ငါ" ကပိုပြီးပျော်ရွှင်ဖို့..

-pic from pinterest

21/11/2022

나를 만나 너도 행복하니
ငါနဲ့တွေ့ဆုံပြီးတော့ နင်ရော ပျော်ရွှင်ရရဲ့လား

못 해준 게 더 많아서 미안해
မလုပ်ပေးနိုင်ခဲ့တာတွေက ပိုများလို့ တောင်းပန်ပါတယ်
이기적이고 불안한 내가
တစ်ကိုယ်ကောင်းဆန်ပြီးတော့ ပူပန်နေတတ်တဲ့ငါက
너에게만은 잘하고 싶었어
နင့်တစ်ယောက်တည်းကိုတော့ ကောင်းပေးချင်မိခဲ့တယ်

오랫동안 나 기다려온
အချိန်အကြာကြီး ငါစောင့်မျှော်လာခဲ့တဲ့
완벽한 사랑을 찾은 것 같아
ပြီးပြည့်စုံတဲ့ အချစ်ကို ရှာတွေ့ပြီထင်ပါရဲ့

날 잡아줘서 힘이 되줘서
ငါ့ကို ဖမ်းဆုပ်ထားပေးလို့ အားအင်ဖြစ်ပေးလို့
소중한 배려로 날 안아줘서
တန်ဖိုးရှိတဲ့ ဂရုစိုက်မှုတွေနဲ့ ငါ့ကို ထွေးပွေ့ပေးထားလို့

너를 만나
မင်းနဲ့ တွေ့ဆုံပြီးတဲ့နောက်...

♫︎ 𝑷𝒂𝒖𝒍 𝑲𝒊𝒎 - 𝑀𝑒 𝐴𝑓𝑡𝑒𝑟 𝑌𝑜𝑢 ♫︎

16/11/2022

그런 날 있지.
ဒီလိုနေ့မျိုး ရှိတယ်မလား
사는게 재미없고
အသက်ရှင်နေရတာက စိတ်ဝင်စားစရာမရှိဘဲ
나 없어도 세상은 여전히 잘 돌아가는 같을 때
ငါမရှိလည်းပဲ လောကကြီးကပုံမှန်အတိုင်း ကောင်းကောင်းလည်ပတ်နေတယ်လို့ ထင်ရတဲ့အခါ

우리 마지막으로 웃었던 날이 언제였을까?
ငါတို့နောက်ဆုံး ရယ်မောခဲ့တဲ့နေ့က ဘယ်အချိန်ဖြစ်ခဲ့မလဲ
걱정없이 꿈을 꿀 수 있는 날이 다시 올까?
အပူအပင်မရှိ အိမ်မက်မက်နိုင်တဲ့ နေ့ရက်တွေက တဖန်ပြန်လာပါဦးမလား

요즘은 바쁘게 뭔가를 하다가도
အခုတစ်လော မအားမနေတစ်ခုခုကိုလုပ်နေရင်းတောင်
밥을 잘 먹디가도 운다.
ထမင်း‌ကောင်းကောင်း စားနေရင်းတောင်မှ ငိုမိတယ်
자다가도 베개가 짖어 깬다.
အိပ်နေရင်း‌တောင်ခေါင်းအုံးကစိုစွတ်လာလို့နိုးလာမိတယ်
다시 들지 않는 잠에 노래를 들으려는데
ပြန်ပြီးအိပ်မပျော်တဲ့အိပ်စက်ခြင်းမှာ သီချင်းနားထောင်မလို့လုပ်ပေမဲ့
그노래가 너무 슬퍼서 또 우는 거 있잖아.
အဲ့ဒီသီချင်းက အရမ်းဝမ်းနည်းစရာကောင်းလို့ ထပ်ပြီးငိုမိတာလဲရှိတယ်မလား

모두 고민을 안고 산다는데
အကုန်လုံးက စိုးရိမ်ပူပန်မှုတွေကို ထွေးပိုက်ပြီးနေနေကြပေမဲ့
내가 보기엔 다들 행복해 보이는 거 있잖아.
ငါ့အမြင်မှာတော့ လူတိုင်းပျော်နေတဲ့ပုံပေါ်နေတာမျိုး ရှိတယ်မလား
그럴때.
အဲ့လိုအခါမျိုး

박지영
번역가-혜린

14/11/2022

우린 모두 사랑 받고 싶어 한다
ငါတို့ အကုန်လုံး အချစ်ခံချင်ကြတယ်
그래서 타인의 시선을 많이 의식 한다
အဲ့ဒါကြောင့်မို့လို့ အခြားသူတွေရဲ့ အကြည့်ကို အများကြီး ဂရုပြုကြတယ်

함께 있을 땐 사람들이 눈치 보느라 힘들고
အတူတူ ရှိတဲ့အချိန် လူတွေရဲ့ အရိပ်အကဲကိုကြည့်နေရတာနဲ့ ပင်ပန်းပြီး
혼자 있을 땐 잘하지 못했을 까 생각에 힘들다.
တစ်ယောက်တည်း ရှိတဲ့အချိန်ဆို ကောင်ကောင်းမလုပ်နိုင်ခဲ့တာများလားဆိုတဲ့ အတွေးနဲ့ ပင်ပန်းရတယ်

그 생활이 계속 반복되면,
အဲ့လို နေထိုင်မှုက ဆက်တိုက် ထပ်တလဲလဲဖြစ်လာရင်
잘 못 한것 하나 없는데도
မှားထားတာ တစ်ခုမှ မရှိရင်တောင်
사람들 관계에서 도망치고 숨는 건 언제나 나다
လူတွေရဲ့ ဆက်ဆံရေးကနေ ထွက်ပြေးပြီး ပုန်းနေမိတာ အမြဲ ငါပဲ

내가 나를 조건없이 사랑해야 한다.
ငါက ငါ့ကို ဘယ်အခြေအနေမှာမဆို ချစ်နေပေးရမယ်
그래야 진짜 내 모습으로 사람들을 만날 수 있고
အဲ့လိုမှ တကယ့် ငါ့ရဲ့ ပုံစံအတိုင်း လူတွေကို တွေ့နိုင်ပြီးတော့

나에게도 진심으로 다가오는 사람을 만날 수 있다
ငါ့ဆီကိုလည်း စိတ်ရင်းနဲ့ ရောက်လာပေးတဲ့ သူတွေကို တွေ့နိင်မှာ

11/11/2022

매일 고민만 하면 어떡해요
နေ့တိုင်း စိတ်ပူပန်ပဲနေရင် ဘယ်လိုဖြစ်မလဲ

맛있는 것도 먹고
အရသာရှိတာလည်း စားပြီး
좋아하는 길도 걷고
သဘောကျတဲ့ လမ်းကို လျှောက်ပြီး
보고 싶은 친구와 수다도 떨어요
သတိရနေတဲ့ သူငယ်ချင်းနဲ့လည်း စကားပြောကြည့်ပါ

예쁜 옷도 입고
အကျီလှလှလေးလည်း ဝတ်ပြီးတော့
카페 창가 자리에 앉아
ကော်ဖီဆိုင် ပြတင်းပေါက်နေရာမှာ ထိုင်ရင်း
좋아하는 노래도 들어요.
သဘောကျတဲ့ သီချင်းကိုလည်း နားထောင်ကြည့်ပါ

특별한 하루는 아니어도
ထူးခြားတဲ့ နေ့တစ်ရက်မဟုတ်ရင်တောင်မှ
이렇게,
ဒီလိုမျိုး
내가 좋아하는 하루가 만들어질 거예요.
ကိုယ် သဘောကျရတဲ့ တစ်ရက်တာကို ဖန်တီးနိုင်မှာပါ

글배우

31/12/2021

Lol😂🙄

31/12/2021

Use your brain😊😂😂

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon