GEC-Gemstone Education Center

GEC-Gemstone Education Center Education

လူများစု ဆုံးဖြတ်တိုင်း အမြဲတမ်း မှန်ကန်ပါသလားလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ကျော်က အေသင်မြို့ရဲ့ "တိုက်ရိုက်ဒီမိုကရေစီ" (Di...
23/04/2026

လူများစု ဆုံးဖြတ်တိုင်း အမြဲတမ်း မှန်ကန်ပါသလား

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ကျော်က အေသင်မြို့ရဲ့ "တိုက်ရိုက်ဒီမိုကရေစီ" (Direct Democracy) စနစ်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ကမ္ဘာကျော် ဒဿနိကဗေဒပညာရှင် "ဆော့ကရေးတီး" (Socrates) ကို လူထုက မဲခွဲပြီး သေဒဏ်ပေးခဲ့တာပဲဖြစ်ပါတယ်။
အေသင်ရဲ့ Direct Democracy မှာ ပြည်သူတွေဟာ ဥပဒေတွေကို ကိုယ်တိုင် မဲခွဲဆုံးဖြတ်ခွင့် ရှိသလို၊
အေသင်မြို့ပြရဲ့ လူထုတွေဟာ ဥပဒေတွေကို ကိုယ်တိုင် မဲခွဲဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ Direct Democracy ကို ကျင့်သုံးခဲ့ကြပါတယ်။ ဒါ့အပြင် တရားခွင်မှာလည်း လူထုဂျူရီအဖွဲ့ကပဲ အဆုံးအဖြတ် ပေးပါတယ်။ ဆော့ကရေးတီးဟာ လူငယ်တွေကို မေးခွန်းထုတ်တတ်အောင် သင်ကြားပေးခဲ့လို့ အစဉ်အလာသမားတွေရဲ့ အမြင်စောင်းတာကို ခံခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ အေသင် မြို့သူ မြို့သားများက မဲခွဲပြီး သူ့ကို သေဒဏ်ပေးခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ လူများစုရဲ့ ဖိနှိပ်မှု (Tyranny of the Majority) လုပ်ခဲ့တယ်ဆိုတာ အထင်ရှားဆုံး သက်သေတခုဖြစ် လာခဲ့ပါတယ်။
ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ကို ဘာသင်ခန်းစာပေးလဲဆိုရင် - ဒီမိုကရေစီဟာ "လူများစုဆန္ဒ" ဖြစ်ပေမဲ့၊ အဲ့ဒီလူများစုဟာ အသိပညာနဲ့ ဆင်ခြင်တုံတရား မရှိဘူးဆိုရင်တော့ အမှန်တရားကို သတ်မိနိုင်တယ်ဆိုတာပါပဲ။

Representative Democracy………………………………………….ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy) ဆိုတာ လွှတ်တော်ထဲကို သွားရောက်...
20/04/2026

Representative Democracy
………………………………………….

ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy) ဆိုတာ လွှတ်တော်ထဲကို သွားရောက်တာဝန်ယူဖို့အတွက် လူထုက သူတို့ကိုယ်စားရွေးချယ်ပြီး ကိုယ်စားလှယ်အဖြစ်သွားရောက် တာဝန်ယူရတဲ့ စနစ်မျိုးဖြစ်ပါတယ်။

ဒီစနစ်ဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုက်ရိုက်ပါဝင် ဆုံးဖြတ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားသလို ရှိပေမဲ့၊ လက်တွေ့မှာတော့ နိုင်ငံရေးပါတီတွေကို အဓိကမဏ္ဍိုင်အဖြစ် အားထားရတာကို တွေ့ရမှာပါ။

ဒီစနစ်ကို နိုင်ငံအသီးသီးမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကျင့်သုံးနေကြပါတယ်။ ဥပမာ - ဗြိတိန် (UK) နဲ့ အိန္ဒိယ တို့လို နိုင်ငံတွေမှာ ပါလီမန်စနစ် (Parliamentary System) အနေနဲ့ ကျင့်သုံးပြီး၊ အမေရိကန်ပြည်ထောင်စု (USA) နဲ့ ဘရာဇီး တို့လို နိုင်ငံတွေမှာတော့ သမ္မတစနစ် (Presidential System) နဲ့ လုပ်ဆောင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

Representative Democracy ဟာ နိုင်ငံသားအားလုံး တိုက်ရိုက်မပါဝင်နိုင်ပေမယ့်၊ ကြီးမားကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံသားအားလုံးရဲ့ အသံကို စနစ်တကျစုစည်းပေးနိုင်တဲ့အတွက် အထိရောက်ဆုံး အုပ်ချုပ်ရေး ယန္တရားတခု ဖြစ်လာပါတယ်။

ဒီစနစ်မှာ အဓိကကျတာက ကိုယ်စားလှယ်တွေဟာ သူတို့ကို ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ဆန္ဒကို လေးစားဖို့နဲ့ နောက်တစ်ကြိမ် ရွေးကောက်ပွဲတွေမှာ
ပြည်သူ့ဆီ ပြန်လည်တာဝန်ခံဖို့ပဲ ဖြစ်ပါတယ်။

Monarchy - ဘုရင်စနစ်Monarchy ဆိုတာ လူတဦးတစ်ယောက်တည်းက အမြင့်ဆုံးအာဏာဖြင့် အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ပဲဖြစ်ပါတယ်။ Mon...
11/04/2026

Monarchy - ဘုရင်စနစ်

Monarchy ဆိုတာ လူတဦးတစ်ယောက်တည်းက အမြင့်ဆုံးအာဏာဖြင့် အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ပဲဖြစ်ပါတယ်။ Monarch အုပ်ချုပ်ရေးစနစ််ရဲ့ ထူးခြားချက်က မျိုးရိုးအလိုက် အုပ်ချုပ်ခွင့်ဆက်ခံရတာဖြစ်ပြီး၊ ဘုရင် တပါးဟာ နန်းစွန့်တာ ဒါမှမဟုတ် နတ်ရွာစံတာ ကလွှဲရင် အာဏာကို တသတ်တာ အုပ်ချုပ်ခွင့်ရှိသူများဖြစ်တယ်လို့ ဒီစနစ်က သတ်မှတ်ထားပါတယ်။

ကမ္ဘာရဲ့ နိုင််ငံတိုင်းမှာ Monarchy စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်တွေပဲဖြစ်ကြပါတယ်။ ဒါပေမယ့် Monarch ကို အကြမ်းဖျဥ်း နည်းလမ်း(၂)ခုနဲ့ ကျင့်သုံးခဲ့ကြပါတယ်။ အဆိုပါ နည်းလမ်းနှစ်ခုကတော့ Absolute Monarchyနဲ့ Constitutional Monarchy ဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။

Absolute Monarchy ကတော့ ဘုရင််မှာ အာဏာကန့်သတ်ချက်မရှိပဲ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး အားလုံးကို ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။

Constitutional Monarchy ကတော့ ဘုရင်ဟာ နိုင်ငံရဲ့ အထိမ်းအမှတ် (Symbol)ဖြစ်ပြီး အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို လွှတ်တော်နဲ့ အစိုးရ အဖွဲ့ကပဲ လုပ်ရတာမျိုးဖြစ်ပါတယ်။

ယနေ့ချိန်ထိတော့ Monarchy စနစ်နဲ့ လည်ပတ်နေသေးတာတွေရှိနေပါသေးတယ်။ သို့သော် ခေတ်ရေစီးကြောင်းအရ ဒီမိုကရေစီလှိုင်းတွေ ပိုမိုကကျယ်ပြန့်လာတာနဲ့အမျှ Monarchy စနစ်က အားနည်းလာနေတာပဲဖြစ်ပါတယ်။

သမိုင်းပညာရှင်တွေရဲ့ အဆိုရ ဘုရင်စနစ်ကို အီဂျစ်နိုင်ငံနဲ့ ဆူမားရီးယန်း မြို့ပြနိုင်ငံတွေမှာ စတင်ခဲ့တာလို့ဆိုပါတယ်။

SovereigntySovereignty အချုပ်အခြာအာဏာဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမြင့်ဆုံးအာဏာပါပဲ။ အလုံးစုံ၊ အကြွင်းမဲ့ အသုံးပြုနိုင်လောက...
09/04/2026

Sovereignty

Sovereignty အချုပ်အခြာအာဏာဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမြင့်ဆုံးအာဏာပါပဲ။ အလုံးစုံ၊ အကြွင်းမဲ့ အသုံးပြုနိုင်လောက်အောင်အထိ အမြင့်မားဆုံးဖြစ်ပါတယ်။
ခေတ်သစ်နိုင်ငံတော် အယူအဆမှာလည်း နိုင်ငံတနိုင်ငံဖြစ်ဖို့ဆိုရင် အင်္ဂါရပ်(၄)ရပ် ပြည့်ညီနေမှ ရမယ်လို့ဆို ပါတယ်။ ထို့အတူပဲ ၁၉၃၃ ခုနှစ် မွန်တီဗီဒီယို ကွန်ဗင်းရှင်း Article (၁)မှာလည်း ဒီ (၄)ရပ်ကို ပြဌာန်းထားပါတယ်။ အဆိုပါ (၄) ချက်ကတော့…..

(၁) အမြဲတမ်း နေထိုင်သော လူဦးရေ (Permanent Population)
(၂) သတ်မှတ်ထားသော နယ်နိမိတ် (defined territory)
(၃) အစိုးရ (Government)
(၄) အချုပ်အခြာအာဏာ (Sovereignty) တို့ပဲဖြစ်ပါတယ်။

အကယ်၍သာ အဆိုပါ (၄) ချက်ထဲမှာ (၁)ချက် အားနည်းခဲ့ရင် နိုင်ငံတကာဥပဒေအရ နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒီထဲမှာမှ Sovereignty အကြောင်းကလည်း အရေးပါတဲ့ အချက်နေနဲ့ ပါဝင်ပါတယ်။

Sovereignty ကိုကြည့်တဲ့အခါမှာလည်း အပိုင်း(၂)ပိုင်းနဲ့ ခွဲကြည့်တက်ဖို့လိုပါတယ်။ အချုပ်အခြာအာဏာသည် ပြည်တွင်းရှိ နယ်နိမိတ်သတ်မှတ်ထားတဲ့ အခြေအနေတခုမှာတင် အာဏာသက်ရောက်ခြင်းတခုတင်မကပဲ၊ တခြားနိုင်ငံများနဲ့ ဆက်ဆံတဲ့အခါမှာလည်း အကျိုးသက်ရောက်ရှိနေကြပါတယ်။ ဒါကြောင့် ပြည်တွင်းနယ်နိမိတ် ထိသက်ရောက်တဲ့ အချုပ်အခြာအာဏာကို Internal Sovereignty လို့ ခေါ်ဆိုကြပြီး၊ နိုင်ငံတကာ ဆက်ဆံရေးမှာ ဘယ်သူ့ရဲ့ ကြိုးကိုင်မှုမှမရှိပဲ လွတ်လပ်စွာ ရပ်တည်နိုင်တဲ့ အခြေအနေကို External Sovereignty လို့ခေါ်ဆိုကြပါတယ်။

ယနေ့ခေတ်မှာတော့ ဒီမိုကရေစီစနစ်တွေမှာ "Popular Sovereignty" ဆိုတဲ့ အယူအဆက အရေးပါလာပါတယ်။ ဆိုလိုတာကတော့ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဟာ "ပြည်သူ" ဖြစ်ပြီး အစိုးရဆိုတာ ပြည်သူက ခေတ္တအပ်နှင်းထားတဲ့ အာဏာကို ကျင့်သုံးရသူသာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အမေရိကန်တော်လှန်ရေးစခဲ့တဲ့ ကိုလိုနီနယ် ၁၃ ခု၁၇၇၆ ခုနှစ် ဇူလိုင် ၄ ရက်နေ့မှာ အမေရိကန်တော်လှန်ရေးစတင်ခဲ့ပါတယ်။ ဒီတော်လှန်ရ...
05/04/2026

အမေရိကန်တော်လှန်ရေးစခဲ့တဲ့ ကိုလိုနီနယ် ၁၃ ခု

၁၇၇၆ ခုနှစ် ဇူလိုင် ၄ ရက်နေ့မှာ အမေရိကန်တော်လှန်ရေးစတင်ခဲ့ပါတယ်။ ဒီတော်လှန်ရေးကို စတင်ခဲ့တာကတော့ မြောက်အမေရိကတိုက်ရဲ့ အရှေ့ဘက်က အတ္တလန္တိတ်သမုဒ္ဒရာကမ်းရိုးတန်းတစ်လျှောက်မှာတည်ရှိတဲ့ အင်္ဂလန်ရဲ့ကိုလိုနီနယ် ၁၃ ခုကပဲ အင်္ဂလန်ကို ပြန်လည်တော်လှန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်တော်လှန်ရေးမတိုင်ခင်ကတည်းက ဒီကိုလိုနီနယ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိ ရှိခဲ့ကြပါတယ်။ အင်္ဂလန်နဲ့ပြင်သစ်တို့ရဲ့ အင်အားပြိုင်ဆိုင်မှုတွေကြောင့် အင်္ဂလန်ဟာ စစ်စရိတ်တွေကာမိဖို့ ကိုလိုနီနယ်တွေကို အခွန်တွေတိုးကောက်ခဲ့သလို ဗဟိုချုပ်ကိုင်မှုတင်းကျပ်ဖို့လည်း ကြိုးပမ်းလာပါတယ်။ သူတို့သဘောဆန္ဒမပါဘဲ အခွန်တွေတိုးကောက်တာနဲ့ ဗဟိုချုပ်ကိုင်မှုတင်းကျပ်ဖို့ကြိုးပမ်းတာကို မကျေနပ်တဲ့အတွက် ကိုလိုနီနယ် ၁၃ ခုဟာ ၁၇၇၆ မှာ အင်္ဂလန်အစိုးရကို တရားဝင်ပုန်ကန်တော်လှန်ခဲ့ကြပါတယ်။ အောက်ကမြေပုံမှာ ဒီကိုလိုနီနယ် ၁၃ ခုကို ပြထားပေးပါတယ်။ ဒီမြေပုံကိုကြည့်ပြီး အဲဒီကိုလိုနီနယ်တွေက ဘယ်နယ်တွေလဲဆိုတာကို ပြောပြသွားကြပါဦး။ GED Social Studies မှာ မေးတဲ့ မြေပုံဖတ်နည်းကို လေ့ကျင့်ကြည့်တာပေါ့။

ဒီမိုကရေစီက စနစ်လား…….အုပ်ချုပ်ရေးလားဒီမိုကရေစီကို လူတော်တော်များများ မှားနကျေတာက အုပ်ချုပ်ရေးစနစ်လို့ဘဲ ယူဆနေကြတာပါပဲ။ ...
02/04/2026

ဒီမိုကရေစီက စနစ်လား…….အုပ်ချုပ်ရေးလား

ဒီမိုကရေစီကို လူတော်တော်များများ မှားနကျေတာက အုပ်ချုပ်ရေးစနစ်လို့ဘဲ ယူဆနေကြတာပါပဲ။ တကယ်တမ်းတော့ ဒီမိုကရေစီဆိုတာ နိုင်ငံတခုရဲ့ စနစ်ပဲဖြစ်ပြီး အာဏာကို ဘယ်သူပိုင်တာလဲဆိုတဲ့ “စည်းမျဉ်း”ကို ချပေးတာပါ။ ဆိုလိုတာကတော့ ပြည်သူက အုပ်ချုပ်မယ့်သူကို လွတ်လပ်စွာ ရွေးခြယ်ခွင့်ရှိရမယ်၊ လွတ်လပ်စွာပြောဆိုခွင့်၊ တရားဥပဒေအရ အကာအကွယ်ပေးရမယ်ဆိုတဲ့ မူဘောင်ကြီးပဲဖြစ်ပါတယ်။

အုပ်ချုပ်ရေးဆိုတာကတော့ ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရက နိုင်ငံကိုလက်တွေ့ ဘယ်လို လည်ပတ်မလဲဆိုတဲ့ စီမံခန့်ခွဲမှုကို လုပ်ဆောင်တာပဲဖြစ်ပါတယ်။ ဥပမာ ပညာရေးစနစ်မြှင့်တင်တာတွေ၊ ဥပဒေတွေကို အကောင်အထည်ဖော်ကြရတာပဲဖြစ်ပါတယ်။

ဒီနှစ်ခုက သီးသန့်စီခွဲထားလို့တော့ မရဘူး၊ ဘာလို့ဆို စနစ်ခိုင်မာမှလည်း အုပ်ချုပ်ရေးယန္တရားက ပြည်သူအပေါ်တာဝန်ခံမှုရှိမှာဖြစ်သလို၊ အုပ်ချုပ်ရေး ယန္တရားကောင်းမှလည်း ဒီမိုကရေစီရဲ့ အသိီးအပွင့်ကို ပြည်သူတွေ တကယ် ခံစားရမှာဖြစ်တယ်။

သင်ကရော….ဒီနှစ်ခုထဲမှာ ဘယ်အချက်က နိုင်ငံတစ်ခုအတွက် ပိုအရေးကြီးတယ်ထင်ပါသလဲ…….

GED Social Studies မေးတဲ့ မြေပုံနှင့်မေးခွန်းများGED Social Studies မှာမေးတဲ့ မေးခွန်းပုံစံတစ်ခုကတော့ မြေပုံတွေပဲဖြစ်ပါတ...
31/03/2026

GED Social Studies မေးတဲ့ မြေပုံနှင့်မေးခွန်းများ

GED Social Studies မှာမေးတဲ့ မေးခွန်းပုံစံတစ်ခုကတော့ မြေပုံတွေပဲဖြစ်ပါတယ်။ ကျောင်းသားတွေကို မြေပုံတစ်ခုခုပြပြီး အဲဒီမြေပုံကို ကျောင်းသား/သူတွေ နားလည်မလည် စစ်ဆေးတဲ့ မေးခွန်းတွေမေးတာပဲဖြစ်ပါတယ်။ မြေပုံကိုနားလည်ဖို့အတွက် မြေပုံတိုင်းမှာလည်း မြေပုံအညွှန်း (Legend) ထည့်ထားပေးပါတယ်။ တစ်နည်းအားဖြင့် မြေပုံနဲ့ အဲဒီမြေပုံမှာပါတဲ့ မြေပုံအညွှန်း (Legend) တို့ကို ကြည့်ပြီး အဲဒီမြေပုံကို အဓိပ္ပာယ်ကောက်ယူ (interpret) ခိုင်းတာပဲဖြစ်ပါတယ်။ GED Social Studies ဟာ ခုနှစ်တွေကို အလွတ်ကျက်ခိုင်းတာထက် ဒီလိုမျိုး စဉ်းစားဆင်ခြင်မှု (Reasoning) ကို လုပ်ရတဲ့ မေးခွန်းမျိုးတွေ မေးတာဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းအနေနဲ့ အောက်ကမြေပုံကို ကြည့်ပြီး မေးခွန်းလေးတွေကို ဖြေကြည့်ကြပါဦး။ မြေပုံကတော့ အလယ်ပိုင်းအမေရိကနဲ့ တောင်အမေရိကတိုက်တို့မှာ ၁၅ ရာစု နှောင်းပိုင်းကစပြီး တည်ထောင်ခဲ့တဲ့ စပိန်နဲ့ ပေါ်တူဂီအင်ပါယာတို့ရဲ့ မြေပုံပဲဖြစ်ပါတယ်။ မြေပုံအညွှန်းကို အဖြူကွက်ထဲမှာ ကြည့်နိုင်ပါတယ်။

မေးခွန်းများ

(၁) ဘယ်သဘာဝသယံဇာတအရင်းအမြစ်တွေကို လိုချင်လို့ စပိန်တွေနဲ့ ပေါ်တူဂီတွေဟာ အဆိုပါနေရာတွေမှာ ကိုလိုနီတွေထူထောင်ခဲ့ကြတာလဲ။

(၂) အဲဒီကိုလိုနီနယ်တွေကနေတင်ပို့ခဲ့တဲ့ အဓိကပို့ကုန်ပစ္စည်းတွေ (export commodities) က ဘာတွေလဲ။

(၃) ဥရောပသားတွေမရောက်ခင်ကတည်းက အမေရိကတိုက်မှာရှိနှင့်ပြီးဖြစ်တဲ့ ဘယ်အင်ပါယာတွေကို စပိန်တွေက သိမ်းပိုက်ပြီး ကိုလိုနီပြုခဲ့သလဲ။

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (US Constitution) ဟာ ကမ္ဘာမှာ အခုထိ အသုံးပြုနေဆဲ ဥပဒေတွေထဲမှာ "သက်တမ်းအရှည်...
28/03/2026

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (US Constitution) ဟာ ကမ္ဘာမှာ အခုထိ အသုံးပြုနေဆဲ ဥပဒေတွေထဲမှာ "သက်တမ်းအရှည်ဆုံး" ဖြစ်သလို "စာလုံးရေအနည်းဆုံး" လည်း ဖြစ်နေတာကိုပါ။

အံ့သြဖို့ကောင်းတဲ့ အချက် (၃) ချက်ကို ကြည့်လိုက်ရအောင်။

၁။ အတိုဆုံးဆိုတာ တကယ်လား?

ဟုတ်ပါတယ်။ သူ့မှာ စာလုံးရေ ၄,၄၀၀ (နောက်ပိုင်းပြင်ဆင်ချက်တွေပေါင်းရင်တောင် ၇,၆၀၀ ခန့်) ပဲ ရှိတယ်။ စာမျက်နှာအားဖြင့် ၄ မျက်နှာပဲ ရှိတာပါ။

၂။ ဘာလို့ အတိုလေး ရေးထားတာလဲ?

တည်ထောင်သူတွေက အသေးစိတ် စည်းမျဉ်းတွေထက် "အခြေခံမူဝါဒ" တွေကိုပဲ ရေးခဲ့လို့ပါ။ အသေးစိတ်တွေ အကုန်လိုက်ရေးမယ့်အစား "အစိုးရရဲ့ အာဏာကို ဘယ်လိုကန့်သတ်မလဲ" ဆိုတဲ့ မူဘောင်ကိုပဲ ခိုင်ခိုင်မာမာ ချပေးခဲ့တာ။

၃။ ဘယ်လိုလုပ် နှစ်ပေါင်း ၂၃၀ ကျော် ခံနေတာလဲ?

သူက "Living Constitution" (အသက်ရှိနေတဲ့ ဥပဒေ) ဖြစ်လို့ပါ။ စာသားတွေက တိုပေမဲ့ ခေတ်အဆက်ဆက် တရားရုံးတွေက အခြေအနေနဲ့အညီ အဓိပ္ပာယ်ဖွင့်ဆိုပြီး Update လုပ်လာခဲ့ကြတယ်။ ခေတ်နောက်ကျမသွားအောင် ပုံသေကားကျ မလုပ်ထားတာကပဲ သူ့ရဲ့ လျှို့ဝှက်ချက်ပါပဲ။

အမေရိကတွင် ပထမဆုံးအင်္ဂလိပ်ကိုလိုနီတည်ထောင်ခဲ့သော ဗာဂျီးနီးယားကုမ္ပဏီ (Virginia Company)အမေရိကတိုက်တွင် အင်္ဂလိပ်တို့ပထမ...
26/03/2026

အမေရိကတွင် ပထမဆုံးအင်္ဂလိပ်ကိုလိုနီတည်ထောင်ခဲ့သော ဗာဂျီးနီးယားကုမ္ပဏီ (Virginia Company)

အမေရိကတိုက်တွင် အင်္ဂလိပ်တို့ပထမဆုံးတည်ထောင်ခဲ့သော ကိုလိုနီသည် အစိုးရကတည်ထောင်ခဲ့ခြင်းမဟုတ်ပေ။ ဗာဂျီးနီးယားကုမ္ပဏီ (Virginia Company) ဆိုသည့် ပုဂ္ဂလိကပိုင်အစုစပ်ကုမ္ပဏီက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကတိုက်တွင် ယနေ့ခေတ် ဗာဂျီးနီးယားပြည်နယ်ဖြစ်လာမည့်ဒေသတွင် ကိုလိုနီနယ်တည်ထောင်ရန် ထိုကုမ္ပဏီကို အင်္ဂလန်ဘုရင်က ၁၆၀၆ ခုနှစ်တွင် လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ကိုလိုနီအခြေချသူများသည် ခရစ်ယာန်သာသနာကို အင်ဒီးယန်းများ (ဌာနေ အမေရိကန်များ) ထံ ပြန်ပွားအောင်လုပ်ရမည်ဟု အင်္ဂလန်ဘုရင် ဂျိမ်းစ် (James) က အမိန့်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့သောကုမ္ပဏီများ စီးပွားရေးအကျိုးအမြတ်ရရှိရေးကို အဓိကရည်ရွယ်ခဲ့သည်။ ထိုသို့ကိုလိုနီနယ်ချဲ့ခြင်းအားဖြင့် ရွှေနှင့် အခြားတန်ဖိုးကြီးသတ္တုများကိုရော အင်္ဂလန်နိုင်ငံအတွက်လိုအပ်သည့် အခြားကုန်စည်များကိုရော ရရှိနိုင်လိမ့်မည်ဟု အစကနဦးတွင် ယူဆခဲ့ကြသောကြောင့်သာ ထိုသို့ကုမ္ပဏီထောင်၍ ကိုလိုနီနယ်ချဲခဲ့ကြခြင်းဖြစ်သည်။ သို့သော် ထင်သလိုဖြစ်မလာခဲ့ဘဲ ကိုလိုနီအခြေချသူများသည် ရာသီဥတုဒဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီး ဌာနေအမေရိကန်များနှင့် ကုန်သွယ်မှုတချို့သာလုပ်နိုင်ခဲ့သည်။ သူတို့သည် မြစ်တစ်စင်းအနီးတွင် အခြေချခဲ့ကြပြီး ထိုမြစ်ကို ဂျိမ်းမြစ် (James River) ဟု အမည်ပေးကာ သူတို့ ပထမဆုံးတည်ထောင်ခဲ့သည့် ကိုလိုနီကိုလည်း ဂျိမ်းစ်မြို့ (James Town) ဟု အမည်ပေးခဲ့သည်။ ဗာဂျီးနီးယားရှိ ကိုလိုနီများသည် အစပိုင်းတွင် စီးပွားရေးအရ အကျိုးအမြတ် သိပ်မရှိခဲ့သော်လည်း ၇ နှစ်အကြာတွင် အကျိုးအမြတ်များသည့်ပို့ကုန်ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ ဆေးရွက်ကြီးဖြစ်သည်။ ဆေးရွက်ကြီးကို အင်္ဂလိပ်တို့သည် ဌာနေအမေရိကန်တို့ဆီမှ သိရှိခဲ့ရခြင်းဖြစ်သည်။

ဒီမိုကရေစီ အကြောင်း အထင်မှားနေတဲ့ အချက် (၃)ချက်လူတိုင်းက "ဒီမိုကရေစီ" အကြောင်း သိတယ်လို့ ထင်ကြပေမဲ့၊ တကယ်တမ်းမှာတော့ လွဲ...
24/03/2026

ဒီမိုကရေစီ အကြောင်း အထင်မှားနေတဲ့ အချက် (၃)ချက်

လူတိုင်းက "ဒီမိုကရေစီ" အကြောင်း သိတယ်လို့ ထင်ကြပေမဲ့၊ တကယ်တမ်းမှာတော့ လွဲမှားနေတဲ့ အယူအဆတွေက ပိုများနေတတ်ပါတယ်။

ဒီမိုကရေစီဆိုတာ အများစုရဲ့ အုပ်ချုပ်မှုသက်သက်ပဲလား
လူများတဲ့ဘက်က အမြဲနိုင်တာကို ဒီမိုကရေစီလို့ မခေါ်ပါဘူး။ တကယ့်ဒီမိုကရေစီဆိုတာ အများစုက ဆုံးဖြတ်ပေမဲ့ "အနည်းစုရဲ့ အခွင့်အရေး" (Minority Rights) ကိုပါ အပြည့်အဝ အကာအကွယ်ပေးထားတာကို ဆိုလိုတာပါ။ လူများစုက သဘောတူတိုင်း လူနည်းစုကို ဖိနှိပ်လို့ မရပါဘူး။

မဲပေးပြီးရင် နိုင်ငံသားတာဝန် ပြီးဆုံးပြီလား

တကယ်တော့ မပြီးဆုံးသေးပါဘူး၊ ဒါဟာ ဒီမိုကရေစီရဲ့ အစဘဲ ရှိပါသေးတယ်။ မဲပေးပြီး အိမ်မှာ ထိုင်နေရုံနဲ့ မရပါဘူး။ ကိုယ်တင်မြှောက်လိုက်တဲ့သူတွေ ဘာလုပ်နေလဲဆိုတာ "စောင့်ကြည့်ခြင်း" (Accountability) နဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်တွေမှာ "ပါဝင်ဆွေးနွေးခြင်း" ကမှ ဒီမိုကရေစီကို သက်ဝင်လှုပ်ရှားစေတာပါ။

ဒီမိုကရေစီက အရာရာကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်လား

ဒါဟာ လွဲမှားတဲ့ အယူအဆပါ၊ တကယ့်လက်တွေ့မှာ တခြား စနစ်တွေထက် "ပိုနှေး"ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဦးတစ်ယောက်တည်းက အမိန့်ပေးတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းပေါင်းစုံက အပြန်အလှန် ဆွေးနွေး၊ ညှိနှိုင်း၊ ထိန်းကျောင်း (Check & Balance) နေရလို့ပါ။ ဒါပေမဲ့ အဲဒီလို နှေးကွေးခြင်းကပဲ "မှားယွင်းတဲ့ ဆုံးဖြတ်ချက်" တွေ မချမိအောင် ကာကွယ်ပေးထားလို့ပဲ ဖြစ်ပါတယ်။

အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခြင်းဘယ်သူရှာဖွေတွေ့ရှိခဲ့သလဲ?သမိုင်းမတင်မီခေတ်က အမေရိကတိုက်သို့ လူသားများရွှေ့ပြောင်းအခြေချ...
21/03/2026

အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခြင်း
ဘယ်သူရှာဖွေတွေ့ရှိခဲ့သလဲ?
သမိုင်းမတင်မီခေတ်က အမေရိကတိုက်သို့ လူသားများရွှေ့ပြောင်းအခြေချခဲ့ပြီးနောက်ပိုင်း အမေရိကတိုက်သည် ကျန်ကမ္ဘာ့အစိတ်အပိုင်းများနှင့် နှစ်ပေါင်းထောင်ချီကြာအောင် အဆက်အသွယ်ပြတ်သွားခဲ့သည်။ ပင်လယ်ရေကြောင်းစူးစမ်းသွားလာသူ ခရစ္စတိုဖာကိုလံဘတ်စ် (Christopher Columbus) က အမေရိကတိုက်ကို မတွေ့ရှိခင်အထိ ကျန်ကမ္ဘာ့ဒေသများရှိလူတို့သည် အမေရိကတိုက်ရှိမှန်းပင် မသိခဲ့ကြပေ။
၁၅ ရာစုက ဥရောပသားတို့သည် အာရှတိုက်မှ ချမ်းသာကြွယ်ဝမှုများကို ရယူလိုသည့်အလျောက် အာရှတိုက်သို့သွားရာ ပင်လယ်ရေကြောင်းခရီးလမ်းများကို စူးစမ်းရှာဖွေခဲ့ကြသည်။ ကိုလံဘတ်စ်သည်လည်း ထိုကဲ့သို့သောသူများထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။ သူသည် ပေါ်တူဂီတွင် ပင်လယ်ရေကြောင်းအတတ်ပညာကို လေ့လာခဲ့သည်။ စပိန်ဘုရင်နှင့် မိဖုရားတို့၏ အထောက်အပံ့ဖြင့် သူသည် ၁၄၉၂ ခုနှစ် ဩဂတ်စ် ၃ ရက်နေ့တွင် စပိန်နိုင်ငံ ပါးလို့စ် (Palos) ဆိပ်ကမ်းမှ အနောက်အရပ်သို့ သင်္ဘော ၃ စီး ဖြင့် စတင်ထွက်ခွာခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ အနောက်အရပ်သို့ ရွက်လွှင့်၍ အာရှတိုက်သို့အရောက်သွားရန်ဖြစ်သည်။

ဘယ်အချိန်မှာ တွေ့ခဲ့တာလဲ?
အောက်တိုဘာ ၁၂ တွင် သူနှင့်သူ့အဖွဲ့တို့သည် ဘဟားမားစ်ကျွန်းစု (The Bahamas) ရှိ ဆန်ဆာလ်ဗဒေါ (San Salvador) ကျွန်းသို့ ရောက်ရှိခဲ့သည်။ ကိုလံဘတ်စ်က သူသည် အာရှတိုက်သို့ရောက်ပြီဟု အထင်မှားကာ ဒေသခံလူမျိုးစုများကို အိန္ဒိယ/အင်ဒီးယန်းလူမျိုးများ (Indians) မှားယွင်းစွာ သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။ ထိုအချိန်မှစ၍ ဥရောပသားတို့သည် သူတို့မရောက်ခင်ကတည်းက ရောက်ရှိအခြေချနှင့်ပြီးသော မြောက်အမေရိကတိုက်ရှိ လူမျိုးများကို အင်ဒီးယန်းများဟု၍ ခေါ်ဆိုခဲ့ကြသည်။ ယနေ့ခေတ်တွင်တော့ ဌာနေအမေရိကန်များ (Native Americans) ဟု ပြောင်းလဲခေါ်ဆိုနေကြပြီဖြစ်သည်။ ထို့နောက် ကိုလံဘတ်စ်သည် ယနေ့ခေတ် ဟေတီ (Haiti) နှင့် ဒိုမီနီကန် (The Dominican Republic) နိုင်ငံတို့တည်ရှိသောကျွန်းပေါ်တွင် သူ၏ ပထမဆုံးကိုလိုနီကို တည်ထောင်ခဲ့သည်။ ထိုကျွန်းကို သူက ဟစ္စပန်နီယိုလာ (Hispaniola) ဟု အမည်ပေးခဲ့သည်။ ကိုလံဘတ်စ်သည် ဌာနေလူမျိုးစုများနှင့်တွေ့တိုင်း သူတို့ထံမှ ရွှေငွေရတနာများကို သိမ်းယူခြင်း (သို့မဟုတ်) ရွှေများကို အတင်းအကျပ်ရှာခိုင်းခြင်းတို့ ပြုလုပ်ခဲ့သည်။ ကိုလံဘတ်စ်သည် ထိုနှစ်ကုန်ပိုင်းတွင် စပိန်သို့ ပြန်သွားခဲ့သည်။ ထို့နောက် ကိုလံဘတ်စ်သည် အမေရိကတိုက်သို့ နောက်ထပ် ၃ ကြိမ်တိုင်တိုင် (၁၄၉၃၊ ၁၄၉၈ နှင့် ၁၅၀၂ ခုနှစ်) ရွက်လွှင့်သွားလာခဲ့ပြီး အိန္ဒိယသို့သွားရာလမ်းကို ရှာဖွေခဲ့သည်။

ဘာကြောင့် အမေရိကတိုက်လို့သတ်မှတ်ခဲ့တာလဲ?
ကိုလံဘတ်စ်သည် သူသေဆုံးသည်အထိ အမေရိကတိုက်ကို အာရှတိုက်၏အစွန်အဖျားဒေသများဟုသာ အထင်မှားခဲ့သည်။ အီတလီလူမျိုး စူးစမ်းသွားလာသူ အမေရီဂိုဗက်စပူချီ (Amerigo Vespucci) က ၁၄၉၉ တွင် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းသွားလာခဲ့ပြီး တောင်အမေရိကတိုက်သို့ရောက်ရှိခဲ့သည်။ သူကမူ ဤမျှကြီးမားသောဒေသသည် တိုက်အသစ်ဖြစ်ရမည်ဟု ယူဆခဲ့သည်။ ထိုအချိန်မှစ၍ ဥရောပသားတို့သည် အမေရိကတိုက်ကို ကမ္ဘာသစ် (The New World) ဟု စတင်ခေါ်ဝေါ်လာခဲ့ပြီး တိုက်အသစ်ကိုလည်း အမေရီဂိုဗက်စပူချီကို အစွဲပြု၍ အမေရိကတိုက်ဟု အမည်ပေးခဲ့ကြသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when GEC-Gemstone Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share